Sunday, September 30, 2012

ရိုးသားၿခင္းႏွင့္ အေယာင္ေဆာင္ၿခင္းမ်ား


 “ကၽြန္ေတာ္တို႔ ဘယ္ေလာက္ရုိးသားႀကသလဲ” ဟူေသာ Reader Digest မဂၢဇင္းမွ ၿပဳလုပ္ေသာရိုးသားမႈ စမ္းသပ္ပြဲတစ္ခုအေႀကာင္း ဖတ္ဖူးပါသည္။ မတူညီေသာႏိုင္ငံ အသီးသီးတြင္ ပိုက္ဆံအိတ္မ်ား လမ္းေပၚတြင္ က်ေပ်ာက္သလုိ ဟန္ေဆာင္ကာ၊ ပိုက္ဆံအိတ္ ေကာက္ယူရရွိသူတို႔ ဘယ္ေလာက္ ရိုးသားသလဲ စမ္းသပ္ၿခင္း ၿဖစ္ပါသည္။ ေကာက္ရသူတို႔သည္ ပစၥည္းေပ်ာက္ဌာနသို႔ လာေရာက္ အပ္ႏွံသလား။ ဌာနသို႔အပ္ႏွံၿခင္းမရွိဘဲ မသိခ်င္ေယာင္ေဆာင္ကာ အေပ်ာက္ရွင္းႀကသလား စသည္ တို႔ကို ႏိုင္ငံအလိုက္ ရာခိုင္ႏႈန္းၿဖင္႔တြက္၍ စစ္ေဆးႀကည္႔ႀကၿခင္း ၿဖစ္ပါသည္။
     ပစၥည္းေပ်ာက္ဌာနသို႔ လာေရာက္အပ္ႏွံသူေတြကို ဆုေပးၿခင္း မလုပ္သလို၊ အေပ်ာက္ရွင္းသြားသူမ်ား အတြက္လည္း အမႈအခင္းေတြ မၿပဳလုပ္ပါ။ ဆုေပး၊ ဒဏ္ေပးၿခင္းမ်ား မၿပဳလုပ္ေသာကိစၥ၊ ကိုယ္ တစ္ေယာက္ထဲသာ သိေသာကိစၥမ်ားတြင္ မည္မွ် အက်င္႔သီလကို စစ္ေဆးႀကည္႔ၿခင္းၿဖစ္ပါသည္။
     ထုိသို႔အလားတူၿဖစ္ရပ္မ်ိဳးကို A.J Cronin ၏ ကိုယ္တိုင္ေရးအတၳဳပၸတၱိ ႏွစ္ေလာက (Adventure in two world) တြင္ဖတ္ဖူးပါသည္။ ဆရာႀကီး A.J Cronin သည္ အထူးကုဆရာဝန္ "စာေမးပဲြတြင္ ႏႈတ္ေၿဖစာေမးပြဲကို ေၿဖရပါသည္။ စာစစ္ဆရာဝန္ႀကီးက ဘာေႀကာင္႔ ဆရာဝန္ အလုပ္ကို ေရြးခ်ယ္ရပါသလဲ" ဟူေသာ အလြန္ရိုးရွင္းေသာေမးခြန္းကို ေမးပါသည္။ A.J Cronin က "ဝင္ေငြအသင့္အတင့္ေကာင္းမြန္ၿပီး သက္ေတာင့္သက္သာရွိတဲ႔ အလုပ္တခုလုိ႔ ထင္လို႔ပါ" ဟု ေၿဖဆို ေသာအခါ စာစစ္ဆရာက အေအာင္ ေပးလုိက္ပါသည္။ စာစစ္သူက "အကယ္၍ မင္းကသာ သူမ်ားအသက္ကို ကယ္တင္ခ်င္လို႔၊ ၿမင့္ၿမတ္တဲ႔အလုပ္ၿဖစ္လုိ႔ စတဲ႔ ေပါက္ကရ အေၿဖေတြေၿဖရင္ ငါကမင္းကို စာေမးပဲြခ်လိုက္ဖို႔ ဆံုးၿဖတ္ၿပီးၿပီ"
လို႔ A.J Cronin ကိုေၿပာေလသည္။
    တခ်ိဳ႕ေသာ ရုပ္ရွင္၊ဝတၳဳဇာတ္လမ္းမ်ားသည္ ၿဖစ္ႏိ္ုင္ေၿခအလြန္နည္းေသာ အၿဖစ္အပ်က္မ်ားကို
ခ်ဲ႕ကား၍ ေရးႀက၊ရိုက္ႀကသည္။ ဥပမာ…အလြန္ဒုကၡေရာက္ခ်ိန္တြင္ ဖခင္အရင္းဟု ေၿပာကာ သူေဌးႀကီးတစ္ေယာက္ ေရာက္လာေသာဇာတ္လမ္းမ်ိဳးၿဖစ္သည္။
   တိုင္းၿပည္ကို အသက္ေပးၿပီးကာကြယ္ခ်င္လို႔ လူေတြရဲ႕အသက္ကိုကယ္တင္ခ်င္လို႔ တိုင္းၿပည္ရဲ႕
လမ္း တံတားေတြကို အဆင္႔ၿမွင္႔တည္ေဆာက္ခ်င္လို႔ ကမာၻပတ္ခ်င္လို႔  စတဲ႔ကိုယ္ေရြးခ်ယ္တဲ႔ အသက္ေမြးဝမ္းေက်ာင္းနဲ႔ ပတ္သက္တဲ႔ မႀကာခဏ ႀကားမိ ပါသည္။ ထိုသို႔ႀကားမိလိုက္တိုင္း ၿဖစ္ႏိုင္ေခ်
နည္းေသာ ရာခိုင္ႏႈန္းတစ္ခုကို ရိုးသားမႈမရွိပဲ ခ်ဲ႕ကားေၿပာဆိုသည္ဟု ခံစားရပါသည္။ ထိုသို႔ေသာကိစၥ
မ်ားတြင္ မွန္ကန္မႈမည္မွ် ရွိသနည္း ကိုစစ္ေဆးၿခင္းမွာမိမိ ကိုယ္တိုင္သာၿဖစ္၍ မိမိသည္သာ အသိဆံုးၿဖစ္ပါသည္။
     ရာထူးအသီးသီးတြင္ တိက်စြာ ၿပဌာန္းထားေသာ တာဝန္မ်ားရွိသလို၊မိမိ၏ ကိုယ္တိုင္သာရွိေသာ တာဝန္ယူစိတ္ၿဖင္႔လုပ္ရေသာ အလုပ္မ်ားရွိရပါမည္။ ဥပမာ…ေက်ာင္းဆရာတစ္ေယာက္အတြက္ ေက်ာင္းသားမ်ားကို စာသင္ႀကားရၿခင္းသည္ ၿပဌာန္းထားေသာ အလုပ္ၿဖစ္ေသာ္လည္း၊ တတ္ေၿမာက္ေအာင္ နည္းလမ္းမ်ိဳးစံုသံုးကာ ေစတနာၿဖင္႔ သင္ႀကားၿခင္းကေတာ့ ကိုယ္တိုင္သာသိရွိေသာတာဝန္ယူစိတ္ပင္ၿဖစ္ပါသည္။
     ရုိးသားစြာၿဖင္႔ မိမိကိုယ္ကို စမ္းစစ္ႀကည္႔မွသာ မိမိ၏ ရိုးသားမႈကို သိႏိုင္မည္ၿဖစ္သည္။ သို႔ေသာ္ ထိုသို႔ မိမိ ကိုယ္ကို ဆန္းစစ္ၿခင္းကိုေရာ လုပ္မိႀကရဲ႕လားဟူေသာ ေမးခြန္းမွာ အေၿဖခက္ေသာ ေမးခြန္း ၿဖစ္သည္။ေမးၿမန္းႀကည္႔လိုက္လွ်င္လည္း လူ႔သဘာ၀ဆန္စြာ ငါတစ္ေယာက္ထဲ မရိုးသားမႈကို လုပ္တာမဟုတ္တာ ဆိုေသာ အေၿဖသာ ေပးမိမည္ ၿဖစ္သည္။ ေဘးမွ ပတ္၀န္းက်င္ကလည္း အလွဴ မွတ္တမ္းတြင္ မည္မွ် လွဴဒါန္းသည္ကိုသာ သတိထားပါသည္။ ထိုေငြေႀကးမ်ားကို မည္သို႔ရရိွသည္ကုိ ဂရုစိုက္ မေနၿခင္းသည္က ကၽြန္ေတာ္တို႔၏ အေလ႔အထ လိုပင္ၿဖစ္ပါသည္။
    တခါတေလတြင္ ကံေကာင္းလိုက္တာ ဟုခ်ီးက်ဳးကာ အိမ္ဦးခန္းတြင္ ေနရာေပးၿခင္းေတာင္ ခံရႏိုင္ေသးသည္။
    ကၽြန္ေတာ္တို႔ လူေနမႈတြင္ ႀကိဳတင္ ကာကြယ္မႈထက္၊ ၿဖစ္ရပ္မ်ားၿဖစ္ပြားၿပီးမွ အေရးယူ ေဆာင္ရြက္ရၿခင္းသည္ အေလ႔အထတစ္ခုလို ၿဖစ္ေနပါၿပီ။ ထိုၿဖစ္ရပ္မ်ားသည္ တာ၀န္ယူသူ မ်ား၏ ကိုယ္တိုင္ တာ၀န္သိစိတ္ၿဖင္႔ မတားဆီးေသာေႀကာင္႔ ၿဖစ္ပြါးရၿခင္းမ်ား ၿဖစ္ပါသည္။
    အေလ့အထဆိုးတစ္ခုကေတာ့ တာ၀န္ဆိုသည့္ စကားရပ္ကို မိမိ၏ ပင္ကိုယ္သိစိတ္ၿဖင္႔ ေဆာင္ရြက္ရမည့္အစား၊ မိမိ၏ ရာထူးတည္ၿမဲေနရုံ အေပၚယံေဆာင္ရြက္ေနႀကၿခင္း ၿဖစ္သည္။ ထုိ႔ေႀကာင့္ ကုိယ္တိုင္ တာ၀န္ရွိသူ၏ တာ၀န္ယူစိတ္နဲပါးမႈ၊ မကၽြမ္းက်င္မႈမ်ားေႀကာင္႔ မလုိအပ္ေသာ ကိစၥရပ္မ်ားၿဖစ္ပြားရပါသည္။ ထိုကိစၥရပ္မ်ားကို ကာကြယ္ရန္ ေၿမာက္ၿမားစြာေသာ စည္းမ်ဥ္းမ်ားကို ထုတ္ၿပန္ရပါေတာ႔သည္။
    ထို႔ေႀကာင့္ ရိုးသား၍ တာ၀န္ယူစိတ္ ၿပည့္၀ေသာစိတ္ဓါတ္ ပိုင္ရွင္မ်ားကို ေမြးထုတ္ေပးႏုိင္ေသာ၊ ထုိကဲ႔သို႔ေသာ လူမ်ားကို အေလးထားေသာ လူ႔အဖြဲ႔အစည္းရိွမွသာ ကၽြန္ေတာ္တို႔ လိုအပ္ေသာ ပန္းတိုင္သို႔ ၿမန္ၿမန္ဆန္ဆန္ ေရာက္ရိွမည္ ၿဖစ္သည္။


စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်း

နိုင်ငံရပ်ခြားတွင် အလုပ်လုပ်သော သူငယ်ချင်းများ၏အတွက် အသုံးဝင်မည်ဟု ထင်မြင်ပါသည်။
စိတ်ဖိစီးမှုကို သက်သာအောင် ဆောင်ရွက်နည်းများ
-Think positive.You are what you think
-အကောင်းဘက်မှ တွေးတောပါ။ သင်သည် သင်စဉ်းစားတွေးခေါ်သည့်အတိုင်းပင် ဖြစ်သည်။
#မည်သည့် အမှုကိစ္စကိုမဆို ကောင်းသည့်ဘက်မှ ရှုမြင်နိုင်သလို မကောင်းသည့်ဘက်မှလည်း ရှုမြင်နိုင်သည်။ မကောင်းသည့်ဘက်မှကြည့်လျှင် သတိထားစရာများကို မြင်နိုင်သည်။ သို့သော်လည်း မိမိ၏ရှေသို့တိုးကာ လုပ်ကိုင်ချင်စိတ်သည် တွေးကြည့်မိသော အပျက်တရားများနှင့် ပဋိပက္ခဖြစ်ကာ စိတ်ဖိစီးမှု များတတ်သည်။ သင်၏စိတ်ခံစားမှုသည် သင်တွေးတောသည့်အတိုင်း ဖြစ်သောကြောင့် အကောင်းဖက်မှ တွေးတောခြင်းဖြင့် စိတ်ဖိစီးမှုကို သက်သာစေပါလိမ့်မည်။
-Examine what type of a person.What are your strengths and weakness.
-သင်သည် မည်သည့်လူစားမျိုး ဖြစ်သည်ကို ဆန်းစစ်ပါ။ သင်၏ အားနည်းချက်နှင့် အားသာချက်များကို ဆန်းစစ်ပါ။
#သင်ကိုယ်ပိုင် အယူအဆ အတွေးအခေါ်များ၊ ယုံကြည်ချက်များကို အသိဆုံးမှာ သင်ကိုယ်တိုင် သည်သာဖြစ်သည်။ ထိုသို့ ကိုယ်ပိုင် အယူအဆများကို ဆန်းစစ်နိုင်ပါက၊ သင်ရောက်ရှိနေသော အခြေနေနှင့် သင်သည် အံဝင်မှု ရှိမရှိကို စဉ်းစားနိုင်သည်။ သင်၏ အားနည်းချက်နှင့် အားသားချက်များကို သိရှိထားပါက လက်ရှိအခြေအနေနှင့် အကိုက်ညီဆုံးသော ဆောင်ရွက်ချက်များကို စဉ်းစားနိုင်မည်။ အပြောင်းအလဲများကို လုပ်ကိုင်နိုင်သောကြောင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်မည်။
-Pay attention to your weakness.
-သင်၏ အားနည်းချက်များကို ဂရုစိုက်ပါ။
#မိမိ၏ အားနည်းချက်ကို သတိထားမိလျှင် ထိုအားနည်းချက်ကို ပြုပြင်နိုင်မည် သို့မဟုတ် အားနည်းချက်ကို ရှောင်၍ ကိစ္စများကို ဆောင်ရွက်နိုင်မည်။
-Discuss your problems with your boss,colleagues,family members or friends.
-သင်ကြုံတွေ့နေရသော ပြဿနာများကို သင်၏ အထက်အရာရှိ၊ လုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအား တိုင်ပင်ပါ။
#ပြဿနာတစ်ခုကို တစ်ယောက်ထဲ စဉ်းစားသည်ထက် အများနှင့်ပူးပေါင်း၍ စဉ်းစားသည်က အဖြေရှာရ လွယ်သည်။ မိမိ၏ ပူပင်သောကများသည် တစ်ခါတစ်ရံ ကိုယ်တစ်ယောက်ထဲ ကြုံနေရသည် မဟုတ်ပါ။ ကိုယ်၏ လုပ်ဖော်ကိုင်ဖက်၊ အပေါင်းအသင်းများက တွေ့ကြုံဖူးလျှင် အလွယ်တကူ အဖြေရှာရလွယ်သည်။ ရင်းနှီးသူများကို တိုင်ပင်လိုက်ရသောကြောင့် အဖြေရှာ မရသေးသည့်တိုင် စိတ်ပေါ့သွားကာ စိတ်ဖိစီးမှုကို သက်သာစေမည် ဖြစ်သည်။ တိုင်ပင်သော မိတ်ဆွေကတော့ မိတ်ဆွေကောင်းဖြစ်ဖို့လိုပါသည်။ သို့မဟုတ်ပဲ အချွန်နှင့်မသော အကြံဉာဏ်များပေးလျှင် ဒုက္ခရောက်နိုင်သည်။
-Review your priorities regularly.
-သင်၏ ဦးစားပေးသောအရာများကို ပုံမှန် ပြန်လည်သုံးသပ်ပါ။
#သင်၏စိတ်တွင် သင်တန်ဖိုးထားသော  စည်းကမ်းများ၊ စိတ်ခံစားမှုများ၊ ရုပ်ဝတ္ထုများက ရှိပြီးဖြစ်သည်။ ထိုအရာများ၏ ဦးစားပေးမှု အဆင့်ကိုလည်း သင်၏ စိတ်တွင်ပြဋ္ဌာန်းပြီး ဖြစ်သည်။ သင်က ဦးစားပေးသော အရာများကို သုံးသပ်ကာ အခြေအနေနှင့်အညီ ပြုပြင်နိုင်သည်။တွေ့ကြုံရသော ကိစ္စများသည် သင်၏ ဦးစားပေးရသော အရာများတွင် မပါဝင်ပါက စိတ်ဖိစီးနေသော အခြေအနေမှ ရှောင်လွဲနိုင်ပေလိမ့် မည်။
-Plan your time effectively.
-သင်၏ အချိန်ကို ထိရောက်စွာ စီမံခန့်ခွဲပါ။
#အချိန်မှီ ပြီးစီးရန်ရှိသောကိစ္စများ မပြီးစီးပါက မလိုလားအပ်သော စိတ်ဖိစီးမှု ဖြစ်နိုင်သောကြောင့် အချိန်ကို စီမံခန့်ခွဲတတ်ခြင်းသည် စိတ်ဖိစီးမှုကို သက်သာစေသော အကြောင်းရင်း တစ်ခုဖြစ်နိုင်ပါသည်။
-Identify your’stressors’ and think what you can do to minimize or eliminate them.
-သင့်ကို စိတ်ဖိစီးနေသောအရာများကို တိကျစွာဖော်ထုတ်ပါ။ ထိုအရာများကို လျှော့နည်းသွားအောင် သို့မဟုတ် ပျောက်ပျက်သွားအောင် သင်မည်သို့ လုပ်နိုင်သည်လဲ စဉ်းစားပါ။
#သင်၏ အားနည်းချက်၊ အားသာချက်များကို သင်သေချာစွာ သိထားသင့်သလို၊ သင်စိတ်ကို အနှောက်အယှက်ပေးနေသော အရာများကို သင်သိသင့်သည်။ မသိသေးလျှင် သေချာစွာ ဖော်ထုတ်ထားသင့်သည်။ ပြီးလျှင် ထိုစိတ်ဖိစီးစေသောအရာများကို လျှော့နည်းအောင်သို့ ပပျောက်အောင် မည်သို့လုပ်ရမည်ကို စဉ်းစားနိုင်သည်။
-Watch your diet.
-သင်၏ စားသောက်မှုကို သတိထားပါ။
#အစားအသောက် မကောင်းခြင်း၊ အစာမကြေခြင်းများကလည်း သင်၏စိတ်ကို အနှောက်အယှက် ပေးနိုင်ပါသည်။ စိတ်ဖိစီးမှုကို တိုးပွားစေနိုင်သည်။
-Do regular exercise.
-လေ့ကျင့်ခန်းမှန်မှန် လုပ်ပါ။
#လေ့ကျင်ခန်းမှန်မှန် လုပ်ခြင်းသည် သွေးလည်ပတ်မှုအားကောင်းကာ ကိုယ်စိတ်နှလုံးကို ကြည်လင် လန်းဆန်းစေသည်။ ကိုယ်ခန္ဓာကို ပေါ့ပါးသွက်လက် စေသည်။


( Zawgyi ) 

ႏိုင္ငံရပ္ၿခားတြင္ အလုပ္လုပ္ေသာ သူငယ္ခ်င္းမ်ား၏အတြက္ အသံုး၀င္မည္ဟု ထင္ၿမင္ပါသည္။
စိတ္ဖိစီးမႈကို သက္သာေအာင္ ေဆာင္ရြက္နည္းမ်ား
-Think positive.You are what you think
-အေကာင္းဘက္မွ ေတြးေတာပါ။ သင္သည္ သင္စဥ္းစားေတြးေခၚသည့္အတိုင္းပင္ ၿဖစ္သည္။
#မည္သည့္ အမႈကိစၥကိုမဆို ေကာင္းသည့္ဘက္မွ ရႈၿမင္ႏိုင္သလို မေကာင္းသည့္ဘက္မွလည္း ရႈၿမင္ႏိုင္သည္။ မေကာင္းသည့္ဘက္မွႀကည့္လွ်င္ သတိထားစရာမ်ားကို ၿမင္ႏိုင္သည္။ သို႔ေသာ္လည္း မိမိ၏ေရွသို႔တိုးကာ လုပ္ကိုင္ခ်င္စိတ္သည္ ေတြးႀကည့္မိေသာ အပ်က္တရားမ်ားႏွင့္ ပဋိပကၡၿဖစ္ကာ စိတ္ဖိစီးမႈ မ်ားတတ္သည္။ သင္၏စိတ္ခံစားမႈသည္ သင္ေတြးေတာသည့္အတိုင္း ၿဖစ္ေသာေႀကာင့္ အေကာင္းဖက္မွ ေတြးေတာၿခင္းၿဖင့္ စိတ္ဖိစီးမႈကို သက္သာေစပါလိမ့္မည္။
-Examine what type of a person.What are your strengths and weakness.
-သင္သည္ မည္သည့္လူစားမ်ိဳး ၿဖစ္သည္ကို ဆန္းစစ္ပါ။ သင္၏ အားနည္းခ်က္ႏွင့္ အားသာခ်က္မ်ားကို ဆန္းစစ္ပါ။
#သင္ကိုယ္ပိုင္ အယူအဆ အေတြးအေခၚမ်ား၊ ယံုႀကည္ခ်က္မ်ားကို အသိဆံုးမွာ သင္ကိုယ္တိုင္ သည္သာၿဖစ္သည္။ ထိုသို႔ ကိုယ္ပိုင္ အယူအဆမ်ားကို ဆန္းစစ္ႏိုင္ပါက၊ သင္ေရာက္ရိွေနေသာ အေၿခေနႏွင့္ သင္သည္ အံ၀င္မႈ ရိွမရိွကို စဥ္းစားႏိုင္သည္။ သင္၏ အားနည္းခ်က္ႏွင့္ အားသားခ်က္မ်ားကို သိရွိထားပါက လက္ရိွအေၿခအေနႏွင့္ အကိုက္ညီဆံုးေသာ ေဆာင္ရြက္ခ်က္မ်ားကို စဥ္းစားႏိုင္မည္။ အေၿပာင္းအလဲမ်ားကို လုပ္ကိုင္ႏိုင္ေသာေႀကာင့္ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ႏိုင္မည္။
-Pay attention to your weakness.
-သင္၏ အားနည္းခ်က္မ်ားကို ဂရုစိုက္ပါ။
#မိမိ၏ အားနည္းခ်က္ကို သတိထားမိလွ်င္ ထိုအားနည္းခ်က္ကို ၿပဳၿပင္ႏိုင္မည္ သို႔မဟုတ္ အားနည္းခ်က္ကို ေရွာင္၍ ကိစၥမ်ားကို ေဆာင္ရြက္ႏိုင္မည္။
-Discuss your problems with your boss,colleagues,family members or friends.
-သင္ႀကံဳေတြ႕ေနရေသာ ၿပႆနာမ်ားကို သင္၏ အထက္အရာရိွ၊ လုပ္ေဖာ္ကိုင္ဖက္၊ မိသားစု၀င္မ်ားႏွင့္ သူငယ္ခ်င္းမ်ားအား တိုင္ပင္ပါ။
#ၿပႆနာတစ္ခုကို တစ္ေယာက္ထဲ စဥ္းစားသည္ထက္ အမ်ားႏွင့္ပူးေပါင္း၍ စဥ္းစားသည္က အေၿဖရွာရ လြယ္သည္။ မိမိ၏ ပူပင္ေသာကမ်ားသည္ တစ္ခါတစ္ရံ ကိုယ္တစ္ေယာက္ထဲ ႀကံဳေနရသည္ မဟုတ္ပါ။ ကိုယ္၏ လုပ္ေဖာ္ကိုင္ဖက္၊ အေပါင္းအသင္းမ်ားက ေတြ႔ႀကံဳဖူးလွ်င္ အလြယ္တကူ အေၿဖရွာရလြယ္သည္။ ရင္းႏွီးသူမ်ားကို တိုင္ပင္လိုက္ရေသာေႀကာင့္ အေၿဖရွာ မရေသးသည့္တိုင္ စိတ္ေပါ့သြားကာ စိတ္ဖိစီးမႈကို သက္သာေစမည္ ၿဖစ္သည္။ တုိင္ပင္ေသာ မိတ္ေဆြကေတာ့ မိတ္ေဆြေကာင္းၿဖစ္ဖို႔လိုပါသည္။ သို႔မဟုတ္ပဲ အခၽြန္ႏွင့္မေသာ အႀကံဥာဏ္မ်ားေပးလွ်င္ ဒုကၡေရာက္ႏိုင္သည္။
-Review your priorities regularly.
-သင္၏ ဦးစားေပးေသာအရာမ်ားကို ပံုမွန္ ၿပန္လည္သံုးသပ္ပါ။
#သင္၏စိတ္တြင္ သင္တန္ဖိုးထားေသာ  စည္းကမ္းမ်ား၊ စိတ္ခံစားမႈမ်ား၊ ရုပ္၀တၳဳမ်ားက ရိွၿပီးၿဖစ္သည္။ ထိုအရာမ်ား၏ ဦးစားေပးမႈ အဆင့္ကိုလည္း သင္၏ စိတ္တြင္ၿပ႒ာန္းၿပီး ၿဖစ္သည္။ သင္က ဦးစားေပးေသာ အရာမ်ားကို သံုးသပ္ကာ အေၿခအေနႏွင့္အညီ ၿပဳၿပင္ႏိုင္သည္။ေတြ႔ႀကံဳရေသာ ကိစၥမ်ားသည္ သင္၏ ဦးစားေပးရေသာ အရာမ်ားတြင္ မပါ၀င္ပါက စိတ္ဖိစီးေနေသာ အေၿခအေနမွ ေရွာင္လြဲႏိုင္ေပလိမ့္ မည္။
-Plan your time effectively.
-သင္၏ အခ်ိန္ကို ထိေရာက္စြာ စီမံခန္႔ခြဲပါ။
#အခ်ိန္မွီ ၿပီးစီးရန္ရိွေသာကိစၥမ်ား မၿပီးစီးပါက မလိုလားအပ္ေသာ စိတ္ဖိစီးမႈ ၿဖစ္ႏိုင္ေသာေႀကာင့္ အခ်ိန္ကို စီမံခန့္ခြဲတတ္ၿခင္းသည္ စိတ္ဖိစီးမႈကို သက္သာေစေသာ အေႀကာင္းရင္း တစ္ခုၿဖစ္ႏိုင္ပါသည္။
-Identify your’stressors’ and think what you can do to minimize or eliminate them.
-သင့္ကို စိတ္ဖိစီးေနေသာအရာမ်ားကို တိက်စြာေဖာ္ထုတ္ပါ။ ထိုအရာမ်ားကို ေလွ်ာ့နည္းသြားေအာင္ သို့မဟုတ္ ေပ်ာက္ပ်က္သြားေအာင္ သင္မည္သို႔ လုပ္ႏိုင္သည္လဲ စဥ္းစားပါ။
#သင္၏ အားနည္းခ်က္၊ အားသာခ်က္မ်ားကို သင္ေသခ်ာစြာ သိထားသင့္သလို၊ သင္စိတ္ကို အေႏွာက္အယွက္ေပးေနေသာ အရာမ်ားကို သင္သိသင့္သည္။ မသိေသးလွ်င္ ေသခ်ာစြာ ေဖာ္ထုတ္ထားသင့္သည္။ ၿပီးလွ်င္ ထုိစိတ္ဖိစီးေစေသာအရာမ်ားကို ေလွ်ာ့နည္းေအာင္သို႔ ပေပ်ာက္ေအာင္ မည္သို႔လုပ္ရမည္ကို စဥ္းစားႏုိင္သည္။
-Watch your diet.
-သင္၏ စားေသာက္မႈကို သတိထားပါ။
#အစားအေသာက္ မေကာင္းၿခင္း၊ အစာမေႀကၿခင္းမ်ားကလည္း သင္၏စိတ္ကို အေႏွာက္အယွက္ ေပးႏုိင္ပါသည္။ စိတ္ဖိစီးမႈကို တိုးပြားေစႏိုင္သည္။
-Do regular exercise.
-ေလ့က်င့္ခန္းမွန္မွန္ လုပ္ပါ။
#ေလ့က်င္ခန္းမွန္မွန္ လုပ္ၿခင္းသည္ ေသြးလည္ပတ္မႈအားေကာင္းကာ ကိုယ္စိတ္ႏွလံုးကို ႀကည္လင္ လန္းဆန္းေစသည္။ ကိုယ္ခႏၶာကို ေပါ့ပါးသြက္လက္ ေစသည္။

ဆံုးၿဖတ္ခ်က္ေကာင္းေတြ ခ်မွတ္ရေအာင္


ေန႔စဥ္ဘ၀ေတြမွာ အနည္းႏွင့္အမ်ား စိတ္အေႏွာက္အယွက္ ေပးေသာ ကိစၥမ်ားတြင္ ဆံုးၿဖတ္ခ်က္ ခ်ရေသာ ကိစၥသည္လည္း အပါအ၀င္ ၿဖစ္သည္။ ဆံုးၿဖတ္ခ်က္တစ္ခု မွားယြင္းသြားလွ်င္ တစ္ခါတစ္ရံ မိမိ ကိုယ္တိုင္၏ ဘ၀သည္သာမက အၿခားသူမ်ား၏ ဘ၀ေတြအထိ ထိခိုက္မိေစသည္အထိ ၿဖစ္ႏိုင္သည္။ ထို႔ေႀကာင့္ ကိစၥအႀကီး၊ အေသးအေလွ်ာက္ တာ၀န္ယူမွု အႀကီးအေသးကလည္း ကြာၿခားသည္။ ေနာင္ အနာဂါတ္ ဆိုသည္ကား မေသခ်ာပါ။ ယခုရရိွေသာ အခ်က္အလက္မ်ားကိုသံုးကာ အေကာင္းဆံုးေသာ ဆံုးၿဖတ္ခ်က္မ်ား ရရိွရန္ ႀကိဳးစားရမည္။
1.State what problem you are facing.
၁။  ။မည္သို႔ေသာ ၿပႆနာေတြ႕ႀကံဳေန ရသည္ ကို ေဖၚၿပပါ။
#အရင္ဆံုး ေတြ႕ႀကံဳေနရသည္ ကို ေသေသခ်ာခ်ာသိမွသာ ေနာက္ဆက္လုပ္ရမည္ကို စဥ္းစားလို႔ရပါမည္။
2.Diagnose and analyse the causes of this problem.
၂။  ။ၿပႆနာ ကို ခြဲၿခမ္းစိတ္ၿဖာပါ။ အေၿဖရွာပါ။
#ေသေသခ်ာခ်ာ အဆင့္လိုက္ ခြဲၿခမ္းလိုက္ရင္ ၿပႆနာရဲ႕ အေၿဖကိုရွာေတြ႕ဖို႔ နီးစပ္သြားလိမ့္မယ္။ အေၿဖကို ေတြ႔ေအာင္လဲ ဆက္ရွာ ပါ။
3.Develop alternative solutions.
၃။  ။ ကြဲၿပားတဲ့ ေၿဖရွင္းနည္းေတြကို စဥ္းစားပါ။ မတူညီတဲ့ အေၿဖေတြလည္း ရိွႏိုင္ပါတယ္။ အေၿဖက တစ္ခုမက ရိွႏိုင္တယ္ဆိုတာ လက္ခံထားသင္႔ပါတယ္။
4.Write down pros and cons of each alternative.
၄။  ။မတူညီတဲ႔ ေၿဖရွင္းနည္းေတြ ေတြ႔ၿပီဆိုရင္လည္း ထိုေၿဖရွင္းနည္းေတြရဲ႕ အားနည္းခ်က္၊ အားသာခ်က္ ေတြကို ခ်ေရးထားပါ။
#ေတြ႔လာတဲ့နည္းလမ္းေတြရဲ႕ အားသာခ်က္၊ အားနည္းခ်က္ေတြကို ခ်ေရးၿပီး၊ စဥ္းစားရင္ ေရြးခ်ယ္ရတာ၊ သင့္ မသင့္ စဥ္းစားရတာ ပိုလြယ္ပါလိမ္႔မယ္။
5.Select the solution that meets your current need.Remember the alternative you choose does not have to be the one with the most ‘pros’.
၅။  ။ယခု လိုအပ္ခ်က္ကို ၿပည့္မွီေစမည္ပ အေၿဖကို ေရြးပါ။ ေရြးမယ္ဆိုရင္လည္း အေကာင္းဆံုး ေတြ ခ်ည္းပဲရိွတဲ႔ အၿခားနည္းလမ္း မရွိဘူးဆိုတာကို သတိရပါ။
#လက္ရွိ အေၿခအေနနဲ႔ ကိုက္ညီမယ့္ အေၿဖကိုပဲေရြးပါ။ အားသာခ်က္ေတြခ်ည္းပဲရိွတဲ႔ နည္းလမ္းဆိုတာ မရွိဘူး။ အားနည္းခ်က္ေတြလည္း ပါႏိုင္တယ္။
6.If you cannot have the best solution make the best of what you have.
၆။  ။အေကာင္းဆံုးေသာ အေၿဖကို မရွိရင္ေတာ့ ၊ရွိတဲ့အထဲက အေကာင္းဆံုးကို ေရြးပါ။
#အေကာင္းဆံုးကို ေတာ့လိုခ်င္တာေပါ႔။ မရွိေတာ့လဲ ရွိတဲ့အထဲက အေကာင္းဆံုးလို႔ ထင္တာကို ေရြးရမွာေပါ႔။
7.Implement the chosen solution.
၇။  ။ ေရြးခ်ယ္ၿပီးတဲ့ ေၿဖရွင္းနည္းအတိုင္း ေဆာင္ရြက္ပါ။
#ေရြးၿပီးၿပီဆိုမွေတာ့ အဲဒီ အတိုင္းလုပ္ႀကည္႔ေပါ႔။
8.Get feedback to assess the results of your implementation.
၈။  ။သင္႔ရဲ႕ အေကာင္အထည္ ေဖာ္ေဆာင္မႈ ေနာက္က ရလဒ္ေတြအေပၚ တုန္႔ျပန္သံကို နားေထာင္ပါ။
#feedback ဆိုတဲ့ တံု႔ၿပန္မႈကို သင္ရရိွမွ သင့္ရဲ႕ အေကာင္အထည္ ေဖာ္မႈရဲ႕ ရလဒ္ေတြကို တန္ဖိုးၿဖတ္ သံုးသပ္ႏိုင္မယ္။
9.Has the solution produced desired result?If yes, you have resolved your problem.If not,you have to take corrective action.
၉။  ။သင့္ရည္မွန္းထားတဲ့ ရလဒ္ေတြကို ရရိွရဲ႕လား။ ရခဲ့တယ္ဆိုရင္ေတာ့ သင္လိုအပ္ေသာ အေၿဖကို ရခဲ့ၿပီး။ မရခဲ့ဘူး ဆိုရင္ေတာ့ မွားယြင္းမႈေတြကို ၿပင္ဆင္ဖို႔လိုအပ္ပါၿပီ။

Friday, September 28, 2012

ရိွခိုးၿခင္း(၂) မ်ိဳး

     ရိွခိုးၿခင္း( worship )ဟူသည္ တစ္မ်ိဳးတည္း မဟုတ္ပါ။ ႏွစ္မ်ိဳးရိွပါသည္။ ဤ ရိွခိုးပံု(၂) မ်ိဳးရိွသည္မွာ ရိွခိုးမႈကို ခံယူေသာ တန္ခိုးရွင္ႏွင့္ သက္ဆိုင္ပါသည္။ တန္ခိုးရွင္တစ္မ်ိဳးမွာ ေလာကႀကီးတစ္ခုလံုးအား ဖန္ဆင္းေတာ္မႈေသာ တန္ခိုးရွင္ ၿဖစ္ပါသည္။ သက္ရိွသက္မဲ့အားလံုးကို တန္ခိုးရွင္က ဖန္တီး၍ ယင္းတို႔သည္ တန္ခိုးရွင္ အလိုေတာ္ အတိုင္းၿဖစ္ပ်က္ေနႀကသည္။ ထို႔ေႀကာင့္ ဤသို႔ တန္ခိုးရွင္အားရိွခိုးသည္ ဆိုသည္မွာ တန္ခိုးရွင္၏ ေမတၱာေတာ္ကို ခံယူ၍ မိမိဘ၀တြင္ သာယာ၀ေၿပာေရးကို ဖန္တီးရန္ ၿဖစ္သည္။ ဤအယူအဆတြင္ အဓိက အက်ဆံုးေသာအရာမွာ ရိွခိုးၿခင္းကို ခံယူေတာ္မႈေသာ တန္ခိုးရွင္ပင္ ၿဖစ္သည္။ ဤသို႔ ရိွခိုးၿခင္းကို Objective worship ဟုေခၚသည္။
   ဒုတိယ အမ်ိဳးအစားၿဖစ္ေသာ ရိွခိုးၿခင္းကိုမႈ Subjective worship ဟုေခၚ၏။ ဤ ရိွခိုးၿခင္း၏အဓိကမွာ မိမိ ၿဖစ္သည္။ ရိွခိုးၿခင္းကို ခံယူေတာ္မႈေသာ တန္ခိုးရွင္မွာ မိမိအား လမ္းၿပေပးေသာ ပုဂၢိဳလ္ႀကီးၿဖစ္၏။ တကယ္တမ္း ဒုကၡအေပါင္းမွ လႊတ္ေၿမာက္ေအာင္ လုပ္ရမည့္သူမွာမိမိသာ ၿဖစ္၏။ ရိွခိုးၿခင္း၏ ရည္ရြယ္ခ်က္မွာ တန္ခိုးရွင္က မိမိအား ဒုကၡအေပါင္းမွ လြတ္ေၿမာက္ရာသို႔ သယ္ေဆာင္ သြား၍မဟုတ္၊      လြတ္ေၿမာက္ရာလမ္းကိုၿပ၍ မိမိကိုယ္တိုင္က ထိုလမ္းကိုေလွ်ာက္၍ သြားမွသာ လြတ္ေၿမာက္ရာ သို႔ ေရာက္မည္ ၿဖစ္၏။
    တစ္နည္းဆိုရေသာ္ Subject worship ၏ ရည္ရြယ္ခ်က္မွာ မိမိကိုယ္မိမိ စိတ္ထားမွန္ကို ရရိွ၍ ထိုစိတ္ထားမွန္ အတိုင္း စိတ္တက္တက္ႀကြႀကြ ရိွလာရန္ၿဖစ္သည္။ ထို႔ေႀကာင့္ ဗုဒၶရုပ္ပြါးေတာ္အား ရိွခိုးေသာအခါ ဗုဒၶအား သက္ေတာ္ ထင္ရွား ရိွစဥ္က ကဲ့သို႔ မိမိကိုယ္တြင္း ယံုႀကည္မႈမ်ားပြားမ်ားကာ မိမိကိုယ္မိမိ အားေပးၿခင္း ၿဖစ္၏။
                                                     ကၽြန္ေတာ္နားလည္ေသာ အေရွ႕တိုင္း အေတြးအေခၚ
                                                      ေဒါက္တာ ခင္ေမာင္၀င္း(ဒႆနိက)

Amateur ,Mercenary and Professional

လွန်ခဲ့သောရက်က စာအုပ်အဟောင်းများကို လှန်လှောကြည့်ရှုရင်း English For All magazine အဟောင်းတစ်ခုမှ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ကြည့်မိပါသည်။ ဆောင်းပါးတွင် ဆရာမကြီးဒေါ်ခင်မျိုးချစ်က Amateur, Mecenary နှင့် Professional ဟူသော စကားလုံး ၃လုံး၏ အဓိပ္ပါယ်ကို ရှင်းပြထားခြင်း ဖြစ်ပါသည်။
Amateur—အလုပ်တစ်ခုကို ငွေကြေးအတွက် မဟုတ်ဘဲ အပျော်တမ်း လုပ်ကိုင်သူ။…….သူ ၏ ကျွမ်းကျင်မှုသည် ဝါသနာအရ လုပ်ဆောင်ချက်သာ ဖြစ်သောကြောင့် အားနည်းသည်။ ထိုသူတွင် လူအများကောင်းကျိုးအတွက် ဆောင်ရွက်မည်ဟူသော ကျင့်ဝတ်ပိုင်းတွင် တာဝန်ယူမှု မရှိပါ။ အများအားဖြင့် ကျင့်ဝတ်ပိုင်းတွင် ကောင်းမွန်သည်ဟူသော ဘက်တွင်ရှိသည်။
 Mercenary--ငွေကြေး၏ လွှမ်းမိုးခြင်းကို ခံရသောသူ။…အလုပ်အကိုင်ကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်သည်။ ငွေကြေးကို ထိုသို့ လုပ်ကိုင်ခြင်းမှ ရရှိသည်။ သို့သော် ငွေကြေး၏ လွှမ်းမိုးမှုကြောင့် ကျင့်ဝတ်ပိုင်းတွင် အားနည်းသည်။ ကျင့်ဝတ်ပိုင်းတွင် ငွေရလျှင်ဘာမဆို လုပ်မည် ဟူသော စိတ်ထားရှိသည်။
 Professional--လုပ်ကိုင်ရာတွင် အဆင့်မြင့်စွာ လုပ်ကိုင်နိုင်သူ။။….အလုပ်အကိုင်ပိုင်းတွင် ကျွမ်းကျင်မှု မြင့်မားသည်။ ကျင့်ဝတ်ပိုင်း တွင်လည်းစောင့်ထိန်းရမည့် ကျင့်ဝတ်များကို စောင့်ထိန်းသည်။
    ထိုသို့ဖတ်မိသောအခါ ကျွန်တော်တို့ လုပ်ကိုင်နေသော အလုပ်အကိုင်များကို ထိုသို့ကျင့်ဝတ်နှင့် ကျွမ်းကျင်မှု ဟူသော ပေတံနှစ်ချောင်းဖြင့် တိုင်းတာကြည့်မိပါသည်။
    စိတ်မကောင်းစရာတွေ ရှိရမှုကား ကျွန်တော်တို့ တိုင်းပြည်တွင် Professional များ၏ အရေအတွက်မှာ အထူးပင် နည်းပါးလျှက်ရှိပါသည်။ အကယ်၍ ရှိခဲ့လျှင်လည်း ဆက်လက်ရှင်သန်လုပ်ကိုင်ရန် အခွင့်အလမ်း နည်းပါးခြင်းဖြစ်သည်။
     ကျွန်တော်သည် တစ်ခါက သူငယ်ချင်းတစ်ဦးနှင့် အဖော်လိုက်သွားကား ခရီးတစ်ခုကို သွားမိပါသည်။ ကျွန်တော်တို့သည် တောင်ငူမြို့အနီးမှ ရေအားလျှပ်စစ်စီမံကိန်းတစ်ခုရှိ အင်ဂျင်နီယာတစ်ဦးထံသို့ သွားရောက် တွေ့ဆုံခြင်း ဖြစ်ပါသည်။ ထိုအနီးနားတဝိုက်တွင် အစိုးရ၏ဝန်ကြီးဌာနကြီး ၃ခုရုံးစိုက်၍ ထားပါသည်။ ကျွန်တော်တို့နှင့် အင်ဂျင်နီယာသူငယ်ချင်း စကားပြောဆိုကြသောအခါ သူက ကျွန်တော်တို့အလုပ်က မလွယ်ဘူးဗျ။ အထက်အရာရှိက လက်အောက်ငယ်သားကို အဆင်မပြေရင် ငါနဲ့ ကိုင်တုတ်ပြီး ဆဲချင်ဆဲတာ၊ တစ်ခါတစ်လေ ကိုယ်ထိလက်ရောက်တောင်ပါတယ်လို့  ပြောပါတယ်။
    ကျွန်တော်သည် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်သောသူ ဖြစ်ခြင်းကြောင့် ထိုစကားကို ကြားရသောအခါ အံသြမိပါသည်။ အင်ဂျင်နီယာ ပညာရှင်တစ်ဦး၏ ဂုဏ်သိက္ခာ ထိခိုက်စေမည့် အပြောအဆိုခံရခြင်းမျိုးကို လုံး၀ လက်ခံနိုင်စရာမရှိဟု မိမိ၏စိတ်ထဲတွင် ထင်မြင်ယူဆခဲ့ပါသည်။
     ထိုအင်ဂျင်နီယာ သူငယ်ချင်းကလည်း ခက်ခဲသော အင်ဂျင်နီယာ အတတ်ပညာဖြင့် မည်သို့ တည်ဆောက်လိုက်သည်ထက် လူကြီးများ လာရောက်ကြည့်ရှုပါက ဆောင်ရွက်ရသော ပြင်ဆင်မှုများ၊ လောလောဆယ် စိုက်သုံးထားရသော ငွေကြေးများအတွက် အကွက်ရွေ့ထားမှု များကို ပြောပြနေသေးသည်။
      ထိုသို့ စိတ်ထဲတွင် မရှင်းလင်းခြင်းများကို ရှင်းလင်းသွားစေသည့် အဖြစ်မှာ- ဆေးလိပ်သောက် ချင်၍ ဆေးလိပ်သွားဝယ်ရာ ထမင်းဆိုင်တွင် ပြည်တွင်းထုတ် တံဆိပ်များမရှိပဲ ငါးသုံးလုံး၊ မာဘိုရို-စသော နိုင်ငံခြား တံဆိပ် များသာရှိပါသည်။ ထိုဆေးလိပ်များသည်လည်း အလိပ်လိုက် မရောင်းပဲ၊ ဗူးလိုက်သာ ရောင်းပါသည်ဟု ဆိုင်ရှင် ဖြေကြားချက် ဖြစ်ပါသည်။ သူငယ်ချင်း၏ တပည့်လေးကို မေးကြည့်သောအခါ ထို တောထဲတွင် မာဆတ် တောင်ရှိပါသေးသည် ဟုပြောပါသည်။
    အင်း....ဒါကြောင့် တတ်မြောက်သည့် အတတ်ပညာတွေထက် ငွေကြေးအကွက်ရွေ့မှုများကိုပြောကာ၊ ကိုယ့် သိက္ခာကို မေ့ထားကာ အသက်ရှင်နိုင်ခြင် ပေဟု သိလိုက်ရတော့သည်။ အခုတော့ နိုင်ငံခြားဒေါ်လာစား ဟု အမည်တပ်ခြင်းခံရသော ကျွန်တော်မှာ တိုက်ခန်းလေး တစ်ခန်းတောင် မပိုင်ပါ။ အင်ဂျင်နီယာ သူငယ်ချင်း ကတော့ သိန်းထောင်ကျော် လုံးချင်းတိုက်ဖြင့် နေပါသည်။
  ယခုတလော ကျွန်တော်တို့ကြားသိနေရသော ဆရာဝန်များ၏ မှားယွင်း မှုများ၊ ပေါ့ဆ မှုများသည် ကောင်းမွန်စွာ ဆောင်ရွက်ချင်သော်လည်း၊ ကျွမ်းကျင်မှု မပြည့်ဝသော Amateur များ၊ သို့မဟုတ် ငွေကြေးမျက်နှာ ကိုသာကြည့်၍ မိမိ၏လုပ်ဆောင်ချက်ပေါ်တွင် တာဝန်ယူစိတ်နည်း သော Mercenary များကြောင့် ဖြစ်နိုင်သည်။ မမှားသောရှေ့နေ၊ မသေသောဆေးသမား မရှိဟူသောကြောင့် တခါတလေ မှားယွင်းမိသော Professional များလည်းဖြစ်နိုင်ပေမည်။
   သို့ရာတွင် တိုကင်နံပါတ် အများကြီးပေးထားသော ဆရာဝန်ကြီးသည် သူပေးလိုက်သော အချိန်က လူနာ၏ ရောဂါစစ်တမ်းအတွက် လုံလောက်ပါ ရဲ့လားကတော့ သံသယဝင်စရာပင်ဖြစ်သည်။
    ထိုအင်ဂျင်နီယာသူငယ်ချင်းနေရာတွင် အတတ်ပညာနှင့် ကျင့်ဝတ်ကို လေးစားသော Professional တစ်ဦးရှင်သန် နိုင်မည်လားဟု ကျွန်တော်ကို မေးလာပါက ရှင်သန်နိုင်မည်မထင်ပါဟုသာ ပြောချင်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ကျင့်ဝတ်များကို စောင့်ထိန်းနိုင်မည်ဟု အာမ မခံနိုင်ပါ။ ကျွန်တော်လည်း လောကီ လူသားတစ်ဦး ပင်ဖြစ်ပါသည်။
      ကျွန်တော်တို့ လူနေမှုအသိုင်းအဝိုင်းကလည်း Professional များ ရှင်သန်ရန် အားမထားထိုက် သေးပါ ဟုလည်း စောဒက တက်ချင်မိပါသည်။ အလုပ်အကိုင်အတွက် ရရှိသော ရိက္ခာ-လစာ မှာလည်း လုံလောက်မှု မရှိဟု ဆိုချင်ပါသည်။
      လူနေမှုပတ်ဝန်းကျင်ကလည်း တာဝန်နှင့် ကျင့်ဝတ်ကို လေးစားလိုက်နာကြသော Professional ကို တန်ဖိုးထားမှု အားနည်းလျှက်  ရှိသည်။ နေရာတကာတွင် ကိုယ်လုပ်သော အလုပ်က ကိုယ့်ကို ထမင်းကျွေးသည်ဟူသော အလုပ်အပေါ် တန်ဖိုးထားမှုထက် အထက်အရာရှိက ကိုယ့်၏ တိုးတက်ရေးအတွက် အရေးပါသည် ဟူသော စိတ်ဓါတ်များသည် စိတ်မကောင်းဖွယ်ရာ ထွန်းကားလျှက် ရှိပါသည်။
    ထိုသို့သော စိတ်ဓါတ်ပိုင်ရှင်များသည် မိမိတို့ အသိုင်းအဝိုင်းတွင် ကျင်လည်နေပါက၊ သိပ်မထင်ရှားသော် လည်း၊ နိုင်ငံရပ်ခြားတွင် လုပ်ကိုင်ရသော အခါတွင်လည်း အကျင့်ပါကာ အလုပ်ထက်၊ အထက်အရာရှိကို ကပ်ဖါးသောကြောင့် လူမျိုးခြားများ အလယ်တွင် ကိုယ့်လူမျိုးမျက်နှာငယ်ရသော ဖြစ်ရပ်များကို လည်းေတွေ့ကြုံဖူးပါသည်။
       ကျွန်တော်တို့ နိုင်ငံ၏ နှမြောစရာ ဦးနှောက်ယိုစီးမှုများသည် Professional ပီသစွာ နေထိုင်ရန် ခက်ခဲခြင်းနှင့်လည်း သက်ဆိုင်ပါသည်။ နှစ်ပေါင်းများစွာ ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက် ခဲ့ပါသော်လည်း၊ နောက်တစ်ဆင့် ရာထူးကို မိုးပေါ်မှ ကျလာသည့် မိုးကျရွှေကိုယ်များက ယူသွားသောကြောင့် အရည်အချင်းနှင့် အတွေ့အကြုံရှိသော လူကောင်းများကို ဆုံးရှုံးခဲ့ပေါင်းလည်း များလှပြီ ဖြစ်သည်။
           ထို့ကြောင့်  ယနေ့ကာလတွင် စာပေနှင့် အနုပညာဘက်တွင် သိက္ခာနှင့်ဝါ ကြီးမားသော ဆရာကြီးများ ဆုံးပါးသွားကာ အစားထိုးစရာ လက်သစ်များ ရှားပါးလျှက်ရှိသည်ကို တွေ့မြင်နိုင်ပေမည်။
       မည်သည့်ပညာရပ်မဆို အခြေခံများကို ကျေညှက်စွာ မလေ့လာပါက အဆင့်တစ်နေရာ အရောက်တွင် ထပ်တိုး၍မရဘဲ ဖြစ်သကဲ့သို့  “လူမှန် နေရာ မှန်’’ ဟူသော အခြေခံအဆင့်ကို မလိုက်နာပါက တိုးတက်မှုများတွင် နှောင့်နှေးနေရန် အကြောင်းများ ဖြစ်လာနိုင် ပါသည်။
     ထိုကြောင့် ကျင့်ဝတ်များကို လိုက်နာစေရန် ဥပဒေများ၊ စည်းကမ်းချက်များဖြင့် ထိန်းကြောင်းရန်လိုသကဲ့သို့ သိက္ခာစောင့်ထိန်းရန်မှာ ကျွန်တော်တို့၏ လူ့အဖွဲ့အစည်းကို လူ့ဂုဏ်သိက္ခာ ကိုလေးစားသော လူ့အဖွဲ့အစည်း ဖြစ်ရန် ပြုစုပျိုးထောင်ရန် လိုအပ်သည် ဟု ထင်မြင်မိပါသည်။

Note--Amateur—person who does something for enjoyment and without being paid
          Mercenary—adj-influenced by the wish for money
          Professional—adj-showing high standard of work

( Zawgyi ) 

လြန္ခဲ့ေသာရက္က စာအုပ္အေဟာင္းမ်ားကို လွန္ေလွာႀကည့္ရႈရင္း English For All magazine အေဟာင္းတစ္ခုမွ ေဆာင္းပါးတစ္ပုဒ္ကို ဖတ္ႀကည့္မိပါသည္။ ေဆာင္းပါးတြင္ ဆရာမႀကီးေဒၚခင္မ်ိဳးခ်စ္က Amateur, Mecenary ႏွင့္ Professional ဟူေသာ စကားလံုး ၃လံုး၏ အဓိပၸါယ္ကို ရွင္းၿပထားၿခင္း ၿဖစ္ပါသည္။
Amateurအလုပ္တစ္ခုကို ေငြေႀကးအတြက္ မဟုတ္ဘဲ အေပ်ာ္တမ္း လုပ္ကိုင္သူ။…….သူ ၏ ကၽြမ္းက်င္မႈသည္ ၀ါသနာအရ လုပ္ေဆာင္ခ်က္သာ ၿဖစ္ေသာေႀကာင့္ အားနည္းသည္။ ထိုသူတြင္ လူအမ်ားေကာင္းက်ိဳးအတြက္ ေဆာင္ရြက္မည္ဟူေသာ က်င့္၀တ္ပိုင္းတြင္ တာ၀န္ယူမႈ မရွိပါ။ အမ်ားအားၿဖင့္ က်င့္၀တ္ပိုင္းတြင္ ေကာင္းမြန္သည္ဟူေသာ ဘက္တြင္ရိွသည္။
 Mercenary--ေငြေႀကး၏ လႊမ္းမိုးၿခင္းကို ခံရေသာသူ။…အလုပ္အကိုင္ကို ကၽြမ္းက်င္စြာ ေဆာင္ရြက္ႏိုင္သည္။ ေငြေႀကးကို ထိုသို႔ လုပ္ကိုင္ၿခင္းမွ ရရိွသည္။ သို႔ေသာ္ ေငြေႀကး၏ လႊမ္းမိုးမႈေႀကာင့္ က်င့္၀တ္ပိုင္းတြင္ အားနည္းသည္။ က်င့္၀တ္ပိုင္းတြင္ ေငြရလွ်င္ဘာမဆို လုပ္မည္ ဟူေသာ စိတ္ထားရွိသည္။
 Professional--လုပ္ကိုင္ရာတြင္ အဆင့္ၿမင့္စြာ လုပ္ကိုင္ႏိုင္သူ။။….အလုပ္အကိုင္ပိုင္းတြင္ ကၽြမ္းက်င္မႈ ၿမင့္မားသည္။ က်င့္၀တ္ပိုင္း တြင္လည္းေစာင့္ထိန္းရမည့္ က်င့္၀တ္မ်ားကို ေစာင့္ထိန္းသည္။
    ထုိသို႔ဖတ္မိေသာအခါ ကၽြန္ေတာ္တို႔ လုပ္ကိုင္ေနေသာ အလုပ္အကိုင္မ်ားကို ထုိသို႔က်င့္၀တ္ႏွင့္ ကၽြမ္းက်င္မႈ ဟူေသာ ေပတံႏွစ္ေခ်ာင္းၿဖင့္ တိုင္းတာႀကည့္မိပါသည္။
    စိတ္မေကာင္းစရာေတြ ရိွရမႈကား ကၽြန္ေတာ္တို႔ တိုင္းၿပည္တြင္ Professional မ်ား၏ အေရအတြက္မွာ အထူးပင္ နည္းပါးလွ်က္ရိွပါသည္။ အကယ္၍ ရွိခဲ့လွ်င္လည္း ဆက္လက္ရွင္သန္လုပ္ကိုင္ရန္ အခြင့္အလမ္း နည္းပါးၿခင္းၿဖစ္သည္။
     ကၽြန္ေတာ္သည္ တစ္ခါက သူငယ္ခ်င္းတစ္ဦးႏွင့္ အေဖာ္လိုက္သြားကား ခရီးတစ္ခုကို သြားမိပါသည္။ ကၽြန္ေတာ္တို႔သည္ ေတာင္ငူၿမိဳ႕အနီးမွ ေရအားလွ်ပ္စစ္စီမံကိန္းတစ္ခုရိွ အင္ဂ်င္နီယာတစ္ဦးထံသို႔ သြားေရာက္ ေတြ႕ဆံုၿခင္း ၿဖစ္ပါသည္။ ထုိအနီးနားတ၀ိုက္တြင္ အစိုးရ၏၀န္ႀကီးဌာနႀကီး ၃ခုရံုးစိုက္၍ ထားပါသည္။ ကၽြန္ေတာ္တို႔ႏွင့္ အင္ဂ်င္နီယာသူငယ္ခ်င္း စကားေၿပာဆိုႀကေသာအခါ သူက ကၽြန္ေတာ္တို႔အလုပ္က မလြယ္ဘူးဗ်။ အထက္အရာရိွက လက္ေအာက္ငယ္သားကို အဆင္မေၿပရင္ ငါနဲ႔ ကိုင္တုတ္ၿပီး ဆဲခ်င္ဆဲတာ၊ တစ္ခါတစ္ေလ ကိုယ္ထိလက္ေရာက္ေတာင္ပါတယ္လို႔  ေၿပာပါတယ္။
    ကၽြန္ေတာ္သည္ ႏိုင္ငံရပ္ၿခားတြင္ အလုပ္လုပ္ေသာသူ ၿဖစ္ၿခင္းေႀကာင့္ ထိုစကားကို ႀကားရေသာအခါ အံႀသမိပါသည္။ အင္ဂ်င္နီယာ ပညာရွင္တစ္ဦး၏ ဂုဏ္သိကၡာ ထိခိုက္ေစမည့္ အေၿပာအဆိုခံရၿခင္းမ်ိဳးကို လံုး၀ လက္ခံႏုိင္စရာမရိွဟု မိမိ၏စိတ္ထဲတြင္ ထင္ၿမင္ယူဆခဲ့ပါသည္။
     ထုိအင္ဂ်င္နီယာ သူငယ္ခ်င္းကလည္း ခက္ခဲေသာ အင္ဂ်င္နီယာ အတတ္ပညာၿဖင့္ မည္သို႔ တည္ေဆာက္လိုက္သည္ထက္ လူႀကီးမ်ား လာေရာက္ႀကည့္ရႈပါက ေဆာင္ရြက္ရေသာ ၿပင္ဆင္မႈမ်ား၊ ေလာေလာဆယ္ စိုက္သံုးထားရေသာ ေငြေႀကးမ်ားအတြက္ အကြက္ေရြ႕ထားမႈ မ်ားကို ေၿပာၿပေနေသးသည္။
      ထိုသို႔ စိတ္ထဲတြင္ မရွင္းလင္းၿခင္းမ်ားကို ရွင္းလင္းသြားေစသည့္ အၿဖစ္မွာ- ေဆးလိပ္ေသာက္ ခ်င္၍ ေဆးလိပ္သြား၀ယ္ရာ ထမင္းဆိုင္တြင္ ၿပည္တြင္းထုတ္ တံဆိပ္မ်ားမရိွပဲ ငါးသံုးလံုး၊ မာဘုိရုိ-စေသာ ႏိုင္ငံၿခား တံဆိပ္ မ်ားသာရိွပါသည္။ ထိုေဆးလိပ္မ်ားသည္လည္း အလိပ္လိုက္ မေရာင္းပဲ၊ ဗူးလိုက္သာ ေရာင္းပါသည္ဟု ဆိုင္ရွင္ ေၿဖႀကားခ်က္ ၿဖစ္ပါသည္။ သူငယ္ခ်င္း၏ တပည့္ေလးကို ေမးႀကည့္ေသာအခါ ထို ေတာထဲတြင္ မာဆတ္ ေတာင္ရိွပါေသးသည္ ဟုေၿပာပါသည္။
    အင္း....ဒါေႀကာင့္ တတ္ေၿမာက္သည့္ အတတ္ပညာေတြထက္ ေငြေႀကးအကြက္ေရြ႕မႈမ်ားကိုေၿပာကာ၊ ကိုယ့္ သိကၡာကို ေမ့ထားကာ အသက္ရွင္ႏိုင္ၿခင္ ေပဟု သိလိုက္ရေတာ့သည္။ အခုေတာ့ ႏိုင္ငံၿခားေဒၚလာစား ဟု အမည္တပ္ၿခင္းခံရေသာ ကၽြန္ေတာ္မွာ တိုက္ခန္းေလး တစ္ခန္းေတာင္ မပိုင္ပါ။ အင္ဂ်င္နီယာ သူငယ္ခ်င္း ကေတာ့ သိန္းေထာင္ေက်ာ္ လံုးခ်င္းတိုက္ၿဖင့္ ေနပါသည္။
  ယခုတေလာ ကၽြန္ေတာ္တို႔ႀကားသိေနရေသာ ဆရာ၀န္မ်ား၏ မွားယြင္း မႈမ်ား၊ ေပါ့ဆ မႈမ်ားသည္ ေကာင္းမြန္စြာ ေဆာင္ရြက္ခ်င္ေသာ္လည္း၊ ကၽြမ္းက်င္မႈ မၿပည့္၀ေသာ Amateur မ်ား၊ သို႔မဟုတ္ ေငြေႀကးမ်က္ႏွာ ကိုသာႀကည့္၍ မိမိ၏လုပ္ေဆာင္ခ်က္ေပၚတြင္ တာ၀န္ယူစိတ္နည္း ေသာ Mercenary မ်ားေႀကာင့္ ၿဖစ္ႏုိင္သည္။ မမွားေသာေရွ႕ေန၊ မေသေသာေဆးသမား မရိွဟူေသာေႀကာင့္ တခါတေလ မွားယြင္းမိေသာ Professional မ်ားလည္းၿဖစ္ႏိုင္ေပမည္။
   သို႔ရာတြင္ တိုကင္နံပါတ္ အမ်ားႀကီးေပးထားေသာ ဆရာ၀န္ႀကီးသည္ သူေပးလိုက္ေသာ အခ်ိန္က လူနာ၏ ေရာဂါစစ္တမ္းအတြက္ လံုေလာက္ပါ ရဲ႕လားကေတာ့ သံသယ၀င္စရာပင္ၿဖစ္သည္။
    ထိုအင္ဂ်င္နီယာသူငယ္ခ်င္းေနရာတြင္ အတတ္ပညာႏွင့္ က်င့္၀တ္ကို ေလးစားေသာ Professional တစ္ဦးရွင္သန္ ႏိုင္မည္လားဟု ကၽြန္ေတာ္ကို ေမးလာပါက ရွင္သန္ႏုိင္မည္မထင္ပါဟုသာ ေၿပာခ်င္ပါသည္။ ကၽြန္ေတာ္ကိုယ္တိုင္လည္း က်င့္၀တ္မ်ားကို ေစာင့္ထိန္းႏုိင္မည္ဟု အာမ မခံႏိုင္ပါ။ ကၽြန္ေတာ္လည္း ေလာကီ လူသားတစ္ဦး ပင္ၿဖစ္ပါသည္။
      ကၽြန္ေတာ္တို႔ လူေနမႈအသိုင္းအ၀ိုင္းကလည္း Professional မ်ား ရွင္သန္ရန္ အားမထားထိုက္ ေသးပါ ဟုလည္း ေစာဒက တက္ခ်င္မိပါသည္။ အလုပ္အကိုင္အတြက္ ရရိွေသာ ရိကၡာ-လစာ မွာလည္း လံုေလာက္မႈ မရိွဟု ဆိုခ်င္ပါသည္။
      လူေနမႈပတ္၀န္းက်င္ကလည္း တာ၀န္ႏွင့္ က်င့္၀တ္ကို ေလးစားလိုက္နာႀကေသာ Professional ကို တန္ဖိုးထားမႈ အားနည္းလွ်က္  ရိွသည္။ ေနရာတကာတြင္ ကိုယ္လုပ္ေသာ အလုပ္က ကုိယ့္ကို ထမင္းေကၽြးသည္ဟူေသာ အလုပ္အေပၚ တန္ဖိုးထားမႈထက္ အထက္အရာရိွက ကုိယ့္၏ တိုးတက္ေရးအတြက္ အေရးပါသည္ ဟူေသာ စိတ္ဓါတ္မ်ားသည္ စိတ္မေကာင္းဖြယ္ရာ ထြန္းကားလွ်က္ ရိွပါသည္။
    ထိုသို႔ေသာ စိတ္ဓါတ္ပိုင္ရွင္မ်ားသည္ မိမိတို႔ အသိုင္းအ၀ိုင္းတြင္ က်င္လည္ေနပါက၊ သိပ္မထင္ရွားေသာ္ လည္း၊ ႏုိင္ငံရပ္ၿခားတြင္ လုပ္ကိုင္ရေသာ အခါတြင္လည္း အက်င့္ပါကာ အလုပ္ထက္၊ အထက္အရာရိွကို ကပ္ဖါးေသာေႀကာင့္ လူမ်ိဳးၿခားမ်ား အလယ္တြင္ ကုိယ့္လူမ်ိဳးမ်က္ႏွာငယ္ရေသာ ၿဖစ္ရပ္မ်ားကို လည္းေေတြ႔ႀကံဳဖူးပါသည္။
       ကၽြန္ေတာ္တို႔ ႏုိင္ငံ၏ ႏွေၿမာစရာ ဦးေႏွာက္ယိုစီးမႈမ်ားသည္ Professional ပီသစြာ ေနထိုင္ရန္ ခက္ခဲၿခင္းႏွင့္လည္း သက္ဆိုင္ပါသည္။ ႏွစ္ေပါင္းမ်ားစြာ ကၽြမ္းက်င္စြာ လုပ္ကိုင္ေဆာင္ရြက္ ခဲ့ပါေသာ္လည္း၊ ေနာက္တစ္ဆင့္ ရာထူးကို မိုးေပၚမွ က်လာသည့္ မိုးက်ေရႊကိုယ္မ်ားက ယူသြားေသာေႀကာင့္ အရည္အခ်င္းႏွင့္ အေတြ႕အႀကံဳရိွေသာ လူေကာင္းမ်ားကို ဆံုးရွဳံးခဲ့ေပါင္းလည္း မ်ားလွၿပီ ၿဖစ္သည္။
           ထို႔ေႀကာင့္  ယေန႕ကာလတြင္ စာေပႏွင့္ အႏုပညာဘက္တြင္ သိကၡာႏွင့္၀ါ ႀကီးမားေသာ ဆရာႀကီးမ်ား ဆံုးပါးသြားကာ အစားထိုးစရာ လက္သစ္မ်ား ရွားပါးလွ်က္ရိွသည္ကို ေတြ႕ျမင္ႏိုင္ေပမည္။
       မည္သည့္ပညာရပ္မဆို အေၿခခံမ်ားကို ေက်ညွက္စြာ မေလ့လာပါက အဆင့္တစ္ေနရာ အေရာက္တြင္ ထပ္တုိး၍မရဘဲ ၿဖစ္သကဲ့သို႔  “လူမွန္ ေနရာ မွန္’’ ဟူေသာ အေၿခခံအဆင့္ကို မလိုက္နာပါက တိုးတက္မႈမ်ားတြင္ ေႏွာင့္ေႏွးေနရန္ အေႀကာင္းမ်ား ၿဖစ္လာႏုိင္ ပါသည္။
     ထိုေႀကာင့္ က်င့္၀တ္မ်ားကို လိုက္နာေစရန္ ဥပေဒမ်ား၊ စည္းကမ္းခ်က္မ်ားၿဖင့္ ထိန္းေၾကာင္းရန္လိုသကဲ့သို႔ သိကၡာေစာင့္ထိန္းရန္မွာ ကၽြန္ေတာ္တို႔၏ လူ့အဖြဲ႕အစည္းကို လူ့ဂုဏ္သိကၡာ ကိုေလးစားေသာ လူ့အဖြဲ႕အစည္း ၿဖစ္ရန္ ၿပဳစုပိ်ဳးေထာင္ရန္ လိုအပ္သည္ ဟု ထင္ၿမင္မိပါသည္။

Note--Amateur—person who does something for enjoyment and without being paid
          Mercenary—adj-influenced by the wish for money
          Professional—adj-showing high standard of work