Sunday, October 26, 2014

အသစ်..အသစ်များ

အသစ်..အသစ်များလို့ ခေါင်းစဉ်တပ်ပြီး၊ စာဖတ်သူကို မျက်စိပြူးသွားအောင် လုပ်လိုက်ပါပြီ။  နောက်ဆက်ဖတ်တော့မှ ထင်တဲ့အတိုင်း မဟုတ်ပါလားဆိုပြီး မေတ္တာမပို့ကြပါနဲ့။ လိုင်းကြောင်သွားပြီဆိုပြီး ကျွန်တော့်ကို မထင်ကြပါနဲ့။ 

အသစ်၊ အသစ်ကို အမြဲတောင်းတနေတဲ့ ကျွန်တော်တို့ခေတ်ရဲ့ယဉ်ကျေးမှုအကြောင်းကို ရေးချင်တာပါ။ ဒါတောင် ကျွန်တော်တို့နိုင်ငံဆိုတာ နောက်ဆုံးနေရာရောက်နေလို့ အသစ်၊ အသစ်ကို လူတိုင်း လက်လှမ်းမမှီလို့ပါ။ အဲဒီအသစ်တွေထုတ် အကြွေးရောင်းပြီး၊ ကမ္ဘာစီးပွါးရေးကို လည်ပတ်အောင်လုပ်ထားတာလို့ ပညာရှင်တွေပြောပါတယ်။ အမေရိကန်မှာ စီးပွါးရေးကျရင် လူတွေကို ပစ္စည်းတွေပိုဝယ်၊ ပိုသုံးဖို့ အားပေးတဲ့အစီအစဉ်တွေ လုပ်တယ်လို့ ဖတ်ဖူးပါတယ်။

အခု အနီးစပ်ဆုံးပြောရရင် တယ်လီဖုန်းမော်ဒယ်အသစ်တွေက ကုမ္ပဏီအလိုက် အမြဲအသစ်တွေ ထုတ်နေပါတယ်။ တစ်ခုထက်တစ်ခု ဆန်းသစ်ပြီး၊ တခါတလေပါဝင်တဲ့ features တွေကို သိဖို့တောင် တော်တော်လေ့လာယူရပါတယ်။ 

ကျွန်တော့်ညီလေးတစ်ယောက်ဆို တယ်လီဖုန်းမော်ဒယ် အသစ်လေးတွေကို တော်တော် စိတ်ဝင်စားပါတယ်။ လခရတဲ့ငွေတွေကို စုပြီး၊ တယ်လီဖုန်းမကြာခဏ အသစ်လဲပါတယ်။ အဟောင်းကို အရှုံးခံပြီး၊ ပြန်ရောင်းပါတယ်။ အဲဒီအလုပ်အတွက် သူ တော်တော်အားထုတ်ပြီး၊ သူ့ကိုယ်သူလည်း တော်တော် ဟုတ်လှပြီလို့ ထင်ပါတယ်။ ထိုဖုန်းတွေကို တယ်လီဖုန်းပြော၊ fb သုံးတဲ့ အလုပ်လောက်ကိုပဲ သူ သုံးတတ်ပါတယ်။ ဒီလို Smart phone တစ်လုံးကို အစွမ်းကုန် ဘယ်လို အသုံးချရမလဲ သူ မသိပါဘူး။ မစဉ်းစားပါဘူး။ သူ့လုပ်ပုံက ကားအကောင်းစားကြီးကို လမ်းအကြမ်းပေါ်လျှောက်မောင်းနေသလိုပါ။

Smart phone တစ်လုံးကို မြောက်မြားစွာ အသုံးချလို့ရပါတယ်။ ဖုန်းပြောဆိုခြင်း၊ အင်တာနက် အသုံးပြုခြင်း၊ ဂိမ်းကစားခြင်း..စတဲ့ အလုပ်တွေအပြင် ဝါသနာပါရာ လေ့လာမှုများစွာအတွက် Application များ၊ အလုပ်အကိုင် အထောက်အကူပြု  Application များ၊ လေ့လာမှုအတွက် E-book များ..စသည့် လုပ်ငန်းများစွာမှာ အသုံးပြုလို့ရပါတယ်။ Application တွေကို Google Play Store မှာ အခမဲ့ Download လုပ်လို့ရပါတယ်။ Apple Store မှာ ပိုကောင်းတဲ့ Professional Application တွေကို ဝယ်လို့ရပါတယ်။ 

Engineering Application, Language application, Office application, Music Learning application… စသည့် Application ပေါင်းမြောက်များစွာဟာ အသင့်ရှိနေပါတယ်။ ဒါကို ကျွန်တော်တို့ အသုံးမချကြပါဘူး။ မိမိ သိသလောက်လေးနဲ့ တင်းတိမ်နေကြပါတယ်။ ဈေးကြီးပေးရတဲ့ ဘဲကင်တစ်ကောင် ကို မှာထားပြီး၊ ကျွန်တော်တို့စားနိုင်တာဟာ ခြေထောက်၊ ခေါင်း စတဲ့ အပိုင်းလေးတွေပဲ ဖြစ်နေပါတယ်။ တကယ့်အရသာရှိတဲ့ ကိုယ်လုံးကို မစားနိုင်ပါဘူး။ 

တကယ်တော့ ကျွန်တော်တို့ လူ့ဘဝဟာလည်း ကိုယ်ပိုင်ဆိုင်ရတဲ့ Smart phone တစ်လုံးလိုပါပဲ။ အဲဒီ Smart phone ကို အဆုံးအစမရှိ ကိုယ့်လိုအင်အတွက် သုံးသလို သုံးနိုင်ပါတယ်။ မျက်စိအမြင် အာရုံကို ရနေတဲ့အခါ အမြင်အာရုံရဲ့ တန်ဖိုးတွေကို မေ့နေပါတယ်။ ကမ္ဘာကျော်မျက်မမြင်စာရေးဆရာမ ဟယ်လင်ကဲလားရဲ့ “သုံးရက်တာ မျက်စိမြင်ခွင့်ရခဲ့ရင်..” ဆောင်းပါးဖတ်ဖူးပါတယ်။ ဟယ်လင်ကဲလား ဟာ မွေးရာပါမျက်မမြင်ပါ။

 ဆောင်းပါးထဲမှာ သုံးရက်ကို ဘယ်လိုအသုံးချပြီး မျက်စိနဲ့ ကြည့်မြင်ခံစားမယ်ဆိုတာ အသေးစိတ်အစီအစဉ် ဆွဲထားပြီး၊ တချိန်မှာ အကြောင်းအရာတစ်ခုစီကို ဘယ်လိုမြင်တွေ့ချင်တယ် ဆိုတာကို ဖတ်ရတော့ ကျွန်တော်တို့ဟာ မျက်စိမြင်နေသော်လည်း မြင်အောင် မကြည့်တတ်ကြသေးပါလားဆိုတာ နားလည်လာရပါတယ်။

ကောင်းမွန်တဲ့အာရုံငါးပါးကို ပိုင်ဆိုင်သော်လည်း ကျွန်တော်တို့ အပြည့်အဝအသုံးမပြုဖြစ်ကြပါဘူး။ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေ ရဖို့အတွက် အသုံးပြုခြင်းအပြင် လေ့လာခြင်း၊ လေ့ကျင့်ခြင်းတွေ ပါဝင်ပါတယ်။ ပန်းချီကားတစ်ချပ်ကို ကောင်းမွန်စွာခံစားနိုင်ဖို့ မျက်စိဟာ အရောင်တွေရဲ့သဘာဝ၊ ပြင်းထန်မှု၊ စူးရှမှု၊ ကောက်ကြောင်းများရဲ့ အထူအပါး၊ ပျော့ပြောင်းမှု၊ ကွက်လပ်များရဲ့ကြားလွတ်တန်ဖိုး…အစရှိတဲ့ ပန်းချီနည်းစနစ်တွေကို သိဖို့လိုအပ်ပါတယ်။ ထိုစနစ်တွေကို သိနားလည်ထားသူ၊ သူ့မျက်စိတွေကို လေ့ကျင့်ထားသူဟာ ကမ္ဘာလောကကြီးကို ပန်းချီဆရာပေးအပ်တဲ့ အလှတရားတွေကို မြင်တွေ့နိုင်ပါလိမ့်မယ်။ 

ပန်းချီကားတစ်ချပ်ကို သိမြင်ဖို့ အများကြီးလေ့လာနေရမယ်လို့ ကျွန်တော်ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့နေ့စဉ်အချိန်တွေထဲမှ နည်းနည်းပေးပြီး၊ လေ့လာရင်၊ လေ့ကျင်ရင် ဖြစ်ပါတယ်။ ပန်းချီဆရာတစ်ဦးဖြစ်ဖို့ အချိန်များစွာပေးပြီး လေ့ကျင်ဖို့လိုအပ်သော်လည်း၊ ခံစားသူတစ်ဦးဖြစ်ဖို့ အချိန်များစွာမလိုပါဘူး။

ရခဲလှတဲ့လူ့ဘဝကို သေချာစွာအသုံးပြုဖို့လိုပါတယ်။ ကောင်းမွန်တဲ့အာရုံငါးပါးကို အသုံးပြုပြီး စာပေ၊ ဂီတ၊ အနုပညာတွေကို ခံစားနိုင်ပါတယ်။ ထိုအတူ မိမိပိုင်ဆိုင်ထားတဲ့ အသိဉာဏ်၊ ဥစ္စာပစ္စည်းကို အတ္တ၊ ပရ အကျိုးအတွက် ဆောင်ရွက်နိုင်ပါတယ်။ မိမိရဲ့လက်ရှိဘဝရဲ့ အားသာချက်တွေကို မြင်အောင်ကြည့်တတ်ဖို့ပဲလိုတာပါ။ အသုံးချချင်စိတ်ရှိဖို့ပဲ လိုတာပါ။ မိမိ မပိုင်ဆိုင်တာသေးတဲ့ ဥစ္စာတွေ၊ ပစ္စည်းအသစ်တွေ အနောက်ကို အရူးအမူးပြေးလိုက်နေမယ့်အစား ယခုလက်ရှိပိုင်ဆိုင်တဲ့ ဘဝလေးကို စေ့စပ်စွာ ရှုမြင်ပြီး၊ ကျေနပ်တတ်မယ်၊ အသုံးချတတ်မယ်ဆိုရင် ယခုထက်ပိုပြီး လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေ နည်းပါးသွားလိမ့်မယ်လို့ ယုံကြည်မိပါတယ်ခင်ဗျား။

ကျွန်တော် တွေးမိသမျှလေးပါ..


( Zawgyi )
အသစ္..အသစ္မ်ားလို႔ ေခါင္းစဥ္တပ္ၿပီး၊ စာဖတ္သူကို မ်က္စိျပဴးသြားေအာင္ လုပ္လိုက္ပါၿပီ။  ေနာက္ဆက္ဖတ္ေတာ႔မွ ထင္တဲ႔အတိုင္း မဟုတ္ပါလားဆိုၿပီး ေမတၱာမပို႔ၾကပါနဲ႔။ လိုင္းေၾကာင္သြားၿပီဆိုၿပီး ကၽြန္ေတာ္႔ကို မထင္ၾကပါနဲ႔။ 

အသစ္၊ အသစ္ကို အၿမဲေတာင္းတေနတဲ႔ ကၽြန္ေတာ္တို႔ေခတ္ရဲ႕ယဥ္ေက်းမႈအေၾကာင္းကို ေရးခ်င္တာပါ။ ဒါေတာင္ ကၽြန္ေတာ္တို႔ႏိုင္ငံဆိုတာ ေနာက္ဆုံးေနရာေရာက္ေနလို႔ အသစ္၊ အသစ္ကို လူတိုင္း လက္လွမ္းမမွီလို႔ပါ။ အဲဒီအသစ္ေတြထုတ္ အေၾကြးေရာင္းၿပီး၊ ကမာၻစီးပြါးေရးကို လည္ပတ္ေအာင္လုပ္ထားတာလို႔ ပညာရွင္ေတြေျပာပါတယ္။ အေမရိကန္မွာ စီးပြါးေရးက်ရင္ လူေတြကို ပစၥည္းေတြပိုဝယ္၊ ပိုသုံးဖို႔ အားေပးတဲ႔အစီအစဥ္ေတြ လုပ္တယ္လို႔ ဖတ္ဖူးပါတယ္။

အခု အနီးစပ္ဆုံးေျပာရရင္ တယ္လီဖုန္းေမာ္ဒယ္အသစ္ေတြက ကုမၸဏီအလိုက္ အၿမဲအသစ္ေတြ ထုတ္ေနပါတယ္။ တစ္ခုထက္တစ္ခု ဆန္းသစ္ၿပီး၊ တခါတေလပါဝင္တဲ႔ features ေတြကို သိဖို႔ေတာင္ ေတာ္ေတာ္ေလ႔လာယူရပါတယ္။ 

ကၽြန္ေတာ္႔ညီေလးတစ္ေယာက္ဆို တယ္လီဖုန္းေမာ္ဒယ္ အသစ္ေလးေတြကို ေတာ္ေတာ္ စိတ္ဝင္စားပါတယ္။ လခရတဲ႔ေငြေတြကို စုၿပီး၊ တယ္လီဖုန္းမၾကာခဏ အသစ္လဲပါတယ္။ အေဟာင္းကို အရႈံးခံၿပီး၊ ျပန္ေရာင္းပါတယ္။ အဲဒီအလုပ္အတြက္ သူ ေတာ္ေတာ္အားထုတ္ၿပီး၊ သူ႔ကိုယ္သူလည္း ေတာ္ေတာ္ ဟုတ္လွၿပီလို႔ ထင္ပါတယ္။ ထိုဖုန္းေတြကို တယ္လီဖုန္းေျပာ၊ fb သုံးတဲ႔ အလုပ္ေလာက္ကိုပဲ သူ သုံးတတ္ပါတယ္။ ဒီလို Smart phone တစ္လုံးကို အစြမ္းကုန္ ဘယ္လို အသုံးခ်ရမလဲ သူ မသိပါဘူး။ မစဥ္းစားပါဘူး။ သူ႔လုပ္ပုံက ကားအေကာင္းစားႀကီးကို လမ္းအၾကမ္းေပၚေလွ်ာက္ေမာင္းေနသလိုပါ။

Smart phone တစ္လုံးကို ေျမာက္ျမားစြာ အသုံးခ်လို႔ရပါတယ္။ ဖုန္းေျပာဆိုျခင္း၊ အင္တာနက္ အသုံးျပဳျခင္း၊ ဂိမ္းကစားျခင္း..စတဲ႔ အလုပ္ေတြအျပင္ ဝါသနာပါရာ ေလ႔လာမႈမ်ားစြာအတြက္ Application မ်ား၊ အလုပ္အကိုင္ အေထာက္အကူျပဳ  Application မ်ား၊ ေလ႔လာမႈအတြက္ E-book မ်ား..စသည္႔ လုပ္ငန္းမ်ားစြာမွာ အသုံးျပဳလို႔ရပါတယ္။ Application ေတြကို Google Play Store မွာ အခမဲ႔ Download လုပ္လို႔ရပါတယ္။ Apple Store မွာ ပိုေကာင္းတဲ႔ Professional Application ေတြကို ဝယ္လို႔ရပါတယ္။ 

Engineering Application, Language application, Office application, Music Learning application… စသည္႔ Application ေပါင္းေျမာက္မ်ားစြာဟာ အသင္႔ရိွေနပါတယ္။ ဒါကို ကၽြန္ေတာ္တို႔ အသုံးမခ်ၾကပါဘူး။ မိမိ သိသေလာက္ေလးနဲ႔ တင္းတိမ္ေနၾကပါတယ္။ ေစ်းႀကီးေပးရတဲ႔ ဘဲကင္တစ္ေကာင္ ကို မွာထားၿပီး၊ ကၽြန္ေတာ္တို႔စားႏိုင္တာဟာ ေျခေထာက္၊ ေခါင္း စတဲ႔ အပိုင္းေလးေတြပဲ ျဖစ္ေနပါတယ္။ တကယ္႔အရသာရိွတဲ႔ ကိုယ္လုံးကို မစားႏိုင္ပါဘူး။ 

တကယ္ေတာ႔ ကၽြန္ေတာ္တို႔ လူ႔ဘဝဟာလည္း ကိုယ္ပိုင္ဆိုင္ရတဲ႔ Smart phone တစ္လုံးလိုပါပဲ။ အဲဒီ Smart phone ကို အဆုံးအစမရိွ ကိုယ္႔လိုအင္အတြက္ သုံးသလို သုံးႏိုင္ပါတယ္။ မ်က္စိအျမင္ အာရုံကို ရေနတဲ႔အခါ အျမင္အာရုံရဲ႕ တန္ဖိုးေတြကို ေမ႔ေနပါတယ္။ ကမာၻေက်ာ္မ်က္မျမင္စာေရးဆရာမ ဟယ္လင္ကဲလားရဲ႕ “သုံးရက္တာ မ်က္စိျမင္ခြင္႔ရခဲ႔ရင္..” ေဆာင္းပါးဖတ္ဖူးပါတယ္။ ဟယ္လင္ကဲလား ဟာ ေမြးရာပါမ်က္မျမင္ပါ။

 ေဆာင္းပါးထဲမွာ သုံးရက္ကို ဘယ္လိုအသုံးခ်ၿပီး မ်က္စိနဲ႔ ၾကည္႔ျမင္ခံစားမယ္ဆိုတာ အေသးစိတ္အစီအစဥ္ ဆြဲထားၿပီး၊ တခ်ိန္မွာ အေၾကာင္းအရာတစ္ခုစီကို ဘယ္လိုျမင္ေတြ႔ခ်င္တယ္ ဆိုတာကို ဖတ္ရေတာ႔ ကၽြန္ေတာ္တို႔ဟာ မ်က္စိျမင္ေနေသာ္လည္း ျမင္ေအာင္ မၾကည္႔တတ္ၾကေသးပါလားဆိုတာ နားလည္လာရပါတယ္။

ေကာင္းမြန္တဲ႔အာရုံငါးပါးကို ပိုင္ဆိုင္ေသာ္လည္း ကၽြန္ေတာ္တို႔ အျပည္႔အဝအသုံးမျပဳျဖစ္ၾကပါဘူး။ ပိုမိုေကာင္းမြန္တဲ႔ရလဒ္ေတြ ရဖို႔အတြက္ အသုံးျပဳျခင္းအျပင္ ေလ႔လာျခင္း၊ ေလ႔က်င္႔ျခင္းေတြ ပါဝင္ပါတယ္။ ပန္းခ်ီကားတစ္ခ်ပ္ကို ေကာင္းမြန္စြာခံစားႏိုင္ဖို႔ မ်က္စိဟာ အေရာင္ေတြရဲ႕သဘာဝ၊ ျပင္းထန္မႈ၊ စူးရွမႈ၊ ေကာက္ေၾကာင္းမ်ားရဲ႕ အထူအပါး၊ ေပ်ာ႔ေျပာင္းမႈ၊ ကြက္လပ္မ်ားရဲ႕ၾကားလြတ္တန္ဖိုး…အစရိွတဲ႔ ပန္းခ်ီနည္းစနစ္ေတြကို သိဖို႔လိုအပ္ပါတယ္။ ထိုစနစ္ေတြကို သိနားလည္ထားသူ၊ သူ႔မ်က္စိေတြကို ေလ႔က်င္႔ထားသူဟာ ကမာၻေလာကႀကီးကို ပန္းခ်ီဆရာေပးအပ္တဲ႔ အလွတရားေတြကို ျမင္ေတြ႔ႏိုင္ပါလိမ္႔မယ္။ 

ပန္းခ်ီကားတစ္ခ်ပ္ကို သိျမင္ဖို႔ အမ်ားႀကီးေလ႔လာေနရမယ္လို႔ ကၽြန္ေတာ္ဆိုလိုတာ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ရဲ႕ေန႔စဥ္အခ်ိန္ေတြထဲမွ နည္းနည္းေပးၿပီး၊ ေလ႔လာရင္၊ ေလ႔က်င္ရင္ ျဖစ္ပါတယ္။ ပန္းခ်ီဆရာတစ္ဦးျဖစ္ဖို႔ အခ်ိန္မ်ားစြာေပးၿပီး ေလ႔က်င္ဖို႔လိုအပ္ေသာ္လည္း၊ ခံစားသူတစ္ဦးျဖစ္ဖို႔ အခ်ိန္မ်ားစြာမလိုပါဘူး။

ရခဲလွတဲ႔လူ႔ဘဝကို ေသခ်ာစြာအသုံးျပဳဖို႔လိုပါတယ္။ ေကာင္းမြန္တ႔ဲအာရုံငါးပါးကို အသုံးျပဳၿပီး စာေပ၊ ဂီတ၊ အႏုပညာေတြကို ခံစားႏိုင္ပါတယ္။ ထိုအတူ မိမိပိုင္ဆိုင္ထားတဲ႔ အသိဥာဏ္၊ ဥစၥာပစၥည္းကို အတၱ၊ ပရ အက်ဳိးအတြက္ ေဆာင္ရြက္ႏိုင္ပါတယ္။ မိမိရဲ႕လက္ရိွဘဝရဲ႕ အားသာခ်က္ေတြကို ျမင္ေအာင္ၾကည္႔တတ္ဖို႔ပဲလိုတာပါ။ အသုံးခ်ခ်င္စိတ္ရိွဖို႔ပဲ လိုတာပါ။ မိမိ မပိုင္ဆိုင္တာေသးတဲ႔ ဥစၥာေတြ၊ ပစၥည္းအသစ္ေတြ အေနာက္ကို အရူးအမူးေျပးလိုက္ေနမယ္႔အစား ယခုလက္ရိွပိုင္ဆိုင္တဲ႔ ဘဝေလးကို ေစ႔စပ္စြာ ရႈျမင္ၿပီး၊ ေက်နပ္တတ္မယ္၊ အသုံးခ်တတ္မယ္ဆိုရင္ ယခုထက္ပိုၿပီး ေလာဘ၊ ေဒါသ၊ ေမာဟ၊ မာန္မာနေတြ နည္းပါးသြားလိမ္႔မယ္လို႔ ယုံၾကည္မိပါတယ္ခင္ဗ်ား။

ကၽြန္ေတာ္ ေတြးမိသမွ်ေလးပါ..


Monday, October 13, 2014

တော်ကြပါသည်… သို့သော်


သရဝဏ်(ပြည်) ရဲ့fb တွင်ရေးထားသောဆောင်းပါးလေးဖတ်လိုက်ရပါသည်။ ထိုဆောင်းပါးလေးမှာ စင်ကာပူမှကျောင်းသားလေးများ၏ မြန်မာပြည်လေ့လာရေးကို လိုက်ပါဆောင်ရွက်ရင်း တွေ့ကြုံရသောကိုယ်တွေ့အတွေ့အကြုံလေးကို ရေးထားခြင်းဖြစ်ပါသည်။ Crown education နှင့် အခြားနေရာများသို့ ရောက်သာအခါတွင် ထိုနေရာများတွင် သင်တန်းတက်နေသည့် မြန်မာကျောင်းသားများမှ စင်ကာပူမှ လူငယ်လေးများ အင်္ဂလိပ်လို မေးမြန်းသည်ကို သွက်လက်ချက်ချာစွာ ပြန်ဖြေဆိုကြပါသည်။ ဆရာသရဝဏ်ရဲ့အဓိကရည်ရွယ်ချက်မှာ ကျွန်တော်တို့မြန်မာတွေလည်း တော်ပါတယ်..ဆိုသည့် ဆိုလိုရင်း ဖြစ်ပါသည်။

        ဆရာသရဝဏ်(ပြည်) ဆိုလိုသည့် စကားကို ကျွန်တော်တို့ မကြာခဏ အလုပ်ထဲတွင် ကြားမိကြပါသည်။ အထူးသဖြင့် နိုင်ငံခြားသားများနှင့် ဆက်ဆံလုပ်ကိုင်ရသော အလုပ်များထဲတွင် ကြားရပါသည်။ ထို့ပြင် တခါတရံ ဂျာနယ်နှင့် အင်တာနက်စာမျက်နှာများတွင်လည်း ဖတ်ရှုရတတ်ပါသည်။ NASA မှာ အလုပ်လုပ်တဲ့ဒေါက်တာဦးဘယ်သူ၊ မိုက်ကရိုဆော့မှာတော့ ဘယ်သူလေ၊ ဆီလီကွန်ဘယ်လီမှာလဲ မြန်မာတွေရှိတာပဲ။ ဒီစာမေးပွဲကို ကမ္ဘာ့အမှတ်အများဆုံးရရှိသူကတော့ မြန်မာနိုင်ငံမှ မောင်ဘယ်သူ၊ မဘယ်ဝါ… အစရှိသော စကားလုံးများ၊ စာပိုဒ်များစွာကို ဖတ်ဖူးကြပါလိမ့်မည်။

        ကမ္ဘာပေါ်ရှိစစ်တမ်းထဲတွင် နောက်ဆုံးနေရာယူထားတတ်သောနိုင်ငံရှိ ကျွန်တော်တို့၏မျိုးချစ်စိတ်ကို ထင်ဟပ်ပြသောစကားများဖြစ်ပါလိမ့်မည်။ လာဘ်အစားဆုံးစာရင်းမှာ ဘယ်နိုင်ငံမြောက်၊ ကျန်းမာရေး၊ ပညာရေးအသုံးစရိတ်အနည်းဆုံးမှာ ဘယ်နိုင်ငံမြောက်၊ ကြွေးမှီတွေ တနင့်တပိုးထမ်းရထားတဲ့နိုင်ငံ… အစရှိသည့် မဆုံးနိုင်သောဂုဏ်တွေရှိတဲ့ နိုင်ငံသားတွေဟာ ဒီလောက်တော့ မျိုးချစ်စိတ်ကို ပြရမှာပါ။

        ကျွန်တော်တို့တွေဟာ ပညာရေးစနစ်တွေ မကောင်းလို့ အခြားနိုင်ငံတွေလောက် လူတော်အရေအတွက်မများပါဘူး။ နိုင်ငံရေးအခြေအနေကြောင့် လူတော်တွေ နိုင်ငံခြားမှာအခြေချကုန်ကျပါပြီ။ အဲဒါဆိုရှိတဲ့လူတွေနဲ ဘယ်လိုလုပ်ကြမလဲ။ ဘာတွေပြုပြင်ပြီး အမှီလိုက်ကြမလဲ။ စနစ်ကြီးတစ်ခုကို ပြုပြင်ပြီးမှထွက်လာမယ့်လူတွေကို စောင့်ရတာကြာလွန်းပါတယ်။

        အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော့်အမြင်လေးတွေကို တင်ပြလိုပါတယ်။ ကျွန်တော်တို့ စည်းလုံးကြဖို့ပါ။ ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး၊ အရာရာလုပ်ကိုင်မှုအစား ကိုယ့်အဖွဲ့အစည်းနဲ့ ပတ်ဝန်းကျင်ကို ငဲ့ဖို့ပါ။ စစ်အာဏာရှင်အောက်မှာ နှစ်ပေါင်းများစွာနေထိုင်မှုကြောင့် ကျွန်တော်တို့အဖွဲ့အစည်းထဲမှာ စည်းလုံးစွာ အလုပ်မလုပ်တတ်ကြဘူး။ 
အဖွဲ့ရဲ့ဂုဏ်သိက္ခာအစား ကိုယ့်အကျိုးအမြတ်ကို အရင်ဆုံးကြည့်ကြပါတယ်။ 

        အဲဒါဟာလည်း တိုင်းပြည်ကိုတောင် ရောင်းစားခဲ့တဲ့ခေါင်းဆောင်တွေဆီမှ ကူးစက်ခဲ့တာဖြစ်ပါလိမ့်မယ်။ ကိုယ့်အတ္တနဲ့ မတိုက်ဆိုင်လျှင် အခြားလူက ဘယ်လောက်အရေအချင်းရှိရှိ သွားပုပ်လေလွင့်ပြောတတ်ပါတယ်။ နိုင်ငံခြားသားဟာ လူကြီးဆိုခဲ့ရင် သူလျှိုလုပ်ပြီး သတင်းရောင်းစားဖို့ လူတွေ တန်းစီနေပါတယ်။

        သင်းကွဲကြတာ၊ ဂိုဏ်းခွဲကြတာ ယခုမှ မဟုတ်ပါဘူး။ အင်္ဂလိပ်ခေတ် သမိုင်းတွေ၊ ယခုခေတ်သမိုင်းတွေကို ဖတ်ကြည့်လို့ရပါတယ်။ ဘာဖြစ်လို့ခွဲကြ၊ ကွဲကြတာလဲ.. ကိုယ့်အတ္တအကျိုးစီးပွါးလေးကို ထိခိုက်လို့၊ ကိုယ့်အဖွဲ့အသေးလေးအကျိုးစီးပွါးအတွက် အဖွဲ့အကြီးကြီးထဲမှ ခွဲထွက်လိုက်တာပါ။ 

        ဒီလိုလုပ်မှုတွေဟာ ကျွန်တော်တို့လူမျိုးတွေရဲ့အကျင့်စရိုက်တွေ ဖြစ်လာပါပြီ။ အဲဒီလို အကျင့်စရိုက်တွေကို နည်းအောင်ကြိုးစားပြီး၊ ကိုယ့်အတ္တကို ရှေ့တန်းမတင်ပဲ၊ လူမှန်နေရာမှန် ခေါင်းဆောင်ကို ရွေးချယ်လုပ်ကိုင်ကြဖို့ စဉ်းစားမိမယ်ဆိုရင် ယနေ့အဆင့်တစ်ခု တက်သွားပါပြီ။
        တွေးမိသမျှလေးပါခင်ဗျာ။
( Zawgyi )

                  သရဝဏ္(ျပည္) ရဲ႕fb တြင္ေရးထားေသာေဆာင္းပါးေလးဖတ္လိုက္ရပါသည္။ ထိုေဆာင္းပါးေလးမွာ စင္ကာပူမွေက်ာင္းသားေလးမ်ား၏ ျမန္မာျပည္ေလ႔လာေရးကို လိုက္ပါေဆာင္ရြက္ရင္း ေတြ႔ႀကံဳရေသာကိုယ္ေတြ႔အေတြ႔အႀကံဳေလးကို ေရးထားျခင္းျဖစ္ပါသည္။ Crown education ႏွင္႔ အျခားေနရာမ်ားသို႔ ေရာက္သာအခါတြင္ ထိုေနရာမ်ားတြင္ သင္တန္းတက္ေနသည္႔ ျမန္မာေက်ာင္းသားမ်ားမွ စင္ကာပူမွ လူငယ္ေလးမ်ား အဂၤလိပ္လို ေမးျမန္းသည္ကို သြက္လက္ခ်က္ခ်ာစြာ ျပန္ေျဖဆိုၾကပါသည္။ ဆရာသရဝဏ္ရဲ႕အဓိကရည္ရြယ္ခ်က္မွာ ကၽြန္ေတာ္တို႔ျမန္မာေတြလည္း ေတာ္ပါတယ္..ဆိုသည္႔ ဆိုလိုရင္း ျဖစ္ပါသည္။

        ဆရာသရဝဏ္(ျပည္) ဆိုလိုသည္႔ စကားကို ကၽြန္ေတာ္တို႔ မၾကာခဏ အလုပ္ထဲတြင္ ၾကားမိၾကပါသည္။ အထူးသျဖင္႔ ႏိုင္ငံျခားသားမ်ားႏွင္႔ ဆက္ဆံလုပ္ကိုင္ရေသာ အလုပ္မ်ားထဲတြင္ ၾကားရပါသည္။ ထို႔ျပင္ တခါတရံ ဂ်ာနယ္ႏွင္႔ အင္တာနက္စာမ်က္ႏွာမ်ားတြင္လည္း ဖတ္ရႈရတတ္ပါသည္။ NASA မွာ အလုပ္လုပ္တဲ႔ေဒါက္တာဦးဘယ္သူ၊ မိုက္ကရိုေဆာ႔မွာေတာ႔ ဘယ္သူေလ၊ ဆီလီကြန္ဘယ္လီမွာလဲ ျမန္မာေတြရိွတာပဲ။ ဒီစာေမးပြဲကို ကမာၻ႔အမွတ္အမ်ားဆုံးရရိွသူကေတာ႔ ျမန္မာႏိုင္ငံမွ ေမာင္ဘယ္သူ၊ မဘယ္ဝါ… အစရိွေသာ စကားလုံးမ်ား၊ စာပိုဒ္မ်ားစြာကို ဖတ္ဖူးၾကပါလိမ္႔မည္။

        ကမာၻေပၚရိွစစ္တမ္းထဲတြင္ ေနာက္ဆုံးေနရာယူထားတတ္ေသာႏိုင္ငံရိွ ကၽြန္ေတာ္တို႔၏မ်ဳိးခ်စ္စိတ္ကို ထင္ဟပ္ျပေသာစကားမ်ားျဖစ္ပါလိမ္႔မည္။ လာဘ္အစားဆုံးစာရင္းမွာ ဘယ္ႏိုင္ငံေျမာက္၊ က်န္းမာေရး၊ ပညာေရးအသုံးစရိတ္အနည္းဆုံးမွာ ဘယ္ႏိုင္ငံေျမာက္၊ ေၾကြးမွီေတြ တနင္႔တပိုးထမ္းရထားတဲ႔ႏိုင္ငံ… အစရိွသည္႔ မဆုံးႏိုင္ေသာဂုဏ္ေတြရိွတဲ႔ ႏိုင္ငံသားေတြဟာ ဒီေလာက္ေတာ႔ မ်ဳိးခ်စ္စိတ္ကို ျပရမွာပါ။

        ကၽြန္ေတာ္တို႔ေတြဟာ ပညာေရးစနစ္ေတြ မေကာင္းလို႔ အျခားႏိုင္ငံေတြေလာက္ လူေတာ္အေရအတြက္မမ်ားပါဘူး။ ႏိုင္ငံေရးအေျခအေနေၾကာင္႔ လူေတာ္ေတြ ႏိုင္ငံျခားမွာအေျခခ်ကုန္က်ပါၿပီ။ အဲဒါဆိုရိွတဲ႔လူေတြနဲ ဘယ္လိုလုပ္ၾကမလဲ။ ဘာေတြျပဳျပင္ၿပီး အမွီလိုက္ၾကမလဲ။ စနစ္ႀကီးတစ္ခုကို ျပဳျပင္ၿပီးမွထြက္လာမယ္႔လူေတြကို ေစာင္႔ရတာၾကာလြန္းပါတယ္။

        အဲဒါနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္႔အျမင္ေလးေတြကို တင္ျပလိုပါတယ္။ ကၽြန္ေတာ္တို႔ စည္းလုံးၾကဖို႔ပါ။ ကိုယ္႔အတၱကို ေရွ႕တန္းတင္ၿပီး၊ အရာရာလုပ္ကိုင္မႈအစား ကိုယ္႔အဖြဲ႔အစည္းနဲ႔ ပတ္ဝန္းက်င္ကို ငဲ႔ဖို႔ပါ။ စစ္အာဏာရွင္ေအာက္မွာ ႏွစ္ေပါင္းမ်ားစြာေနထိုင္မႈေၾကာင္႔ ကၽြန္ေတာ္တို႔အဖြဲ႔အစည္းထဲမွာ စည္းလုံးစြာ အလုပ္မလုပ္တတ္ၾကဘူး။ 
အဖြဲ႔ရဲ႕ဂုဏ္သိကၡာအစား ကိုယ္႔အက်ဳိးအျမတ္ကို အရင္ဆုံးၾကည္႔ၾကပါတယ္။ 

        အဲဒါဟာလည္း တိုင္းျပည္ကိုေတာင္ ေရာင္းစားခဲ႔တဲ႔ေခါင္းေဆာင္ေတြဆီမွ ကူးစက္ခဲ႔တာျဖစ္ပါလိမ္႔မယ္။ ကိုယ္႔အတၱနဲ႔ မတိုက္ဆုိင္လွ်င္ အျခားလူက ဘယ္ေလာက္အေရအခ်င္းရိွရိွ သြားပုပ္ေလလြင္႔ေျပာတတ္ပါတယ္။ ႏိုင္ငံျခားသားဟာ လူႀကီးဆိုခဲ႔ရင္ သူလွ်ိဳလုပ္ၿပီး သတင္းေရာင္းစားဖို႔ လူေတြ တန္းစီေနပါတယ္။

        သင္းကြဲၾကတာ၊ ဂုိဏ္းခြဲၾကတာ ယခုမွ မဟုတ္ပါဘူး။ အဂၤလိပ္ေခတ္ သမိုင္းေတြ၊ ယခုေခတ္သမိုင္းေတြကို ဖတ္ၾကည္႔လို႔ရပါတယ္။ ဘာျဖစ္လို႔ခြဲၾက၊ ကြဲၾကတာလဲ.. ကိုယ္႔အတၱအက်ဳိးစီးပြါးေလးကို ထိခိုက္လို႔၊ ကိုယ္႔အဖြဲ႔အေသးေလးအက်ဳိးစီးပြါးအတြက္ အဖြဲ႔အႀကီးႀကီးထဲမွ ခြဲထြက္လိုက္တာပါ။ 

        ဒီလိုလုပ္မႈေတြဟာ ကၽြန္ေတာ္တို႔လူမ်ဳိးေတြရဲ႕အက်င္႔စရိုက္ေတြ ျဖစ္လာပါၿပီ။ အဲဒီလို အက်င္႔စရိုက္ေတြကို နည္းေအာင္ႀကိဳးစားၿပီး၊ ကိုယ္႔အတၱကို ေရွ႕တန္းမတင္ပဲ၊ လူမွန္ေနရာမွန္ ေခါင္းေဆာင္ကို ေရြးခ်ယ္လုပ္ကိုင္ၾကဖို႔ စဥ္းစားမိမယ္ဆိုရင္ ယေန႔အဆင္႔တစ္ခု တက္သြားပါၿပီ။
        ေတြးမိသမွ်ေလးပါခင္ဗ်ာ။
                                                       

Sunday, October 12, 2014

အရာရာ မင်းပါကွယ်

ဒီနေ့ fb မှာ သတင်းလေးတစ်ခုကို ဖတ်လိုက်ရတယ်။ သတင်းကိုတင်တဲ့လူရဲ့ ဆိုလိုရင်းက မြန်မာနိုင်ငံကိုကြက်ခြေထောက်၊ ကြက်ခေါင်းတင်သွင်းခွင့်ပေးတဲ့ သတင်းကို ဝေဖန်ခြင်းပါ။ နိုင်ငံခြားမှာ ကြက်သားဝယ်ရင် ခြေထောက်၊ ခေါင်း မပါဘဲ ရောင်းကြကြောင်း၊ ခြေထောက်၊ ခေါင်း ထည့်ရောင်းရင် ရဲကိုတိုင်နိုင်ကြောင်း သူ့အတွေ့အကြုံကို ရေးသားထားပါတယ်။ မြန်မာပြည်ကို ခြေထောက်၊ ခေါင်း ( သူများနိုင်ငံမှာမစားဘဲလွင့်ပစ်တဲ့အစိတ်အပိုင်း)တွေ တွင်သွင်းခွင့်ပေးခြင်းဖြင့် နိုင်ငံသိက္ခာကျကြောင်း၊ ကိုယ်တိုင်ကျတော့ ကိုယ်လုံးစားပြီး၊  သူများကို ကြက်ခြေထောက်၊ ကြက်ခေါင်းစားခိုင်းခြင်း ဖြစ်ကြောင်းကို ဝေဖန်တဲ့သတင်းပါ။

အောက်မှာတွဲလျှက်ပါလာတာကတော့ ဂျာနယ်လို့ထင်ရတဲ့ သတင်းတိုလေးကို စကင်ဖတ်ထားတင်ထားပါတယ်။ သတင်းတိုလေးမှာ ဖေါ်ပြချက်ကတော့ မြန်မာနိုင်ငံမွေးမြူရေးအသင်းဒုဥက္ကဌမှ မြန်မာနိုင်ငံရှိကြက်သားဈေးသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဈေးကြီးပါတယ်။ ထို့ကြောင့်ဈေးပေါသော ကြက်ခြေထောက်၊ ကြက်ခေါင်း (သူများနိုင်ငံတွင် ဘေးထွက်ကုန်ပစ္စည်း ) ကို မြန်မာနိုင်ငံသို့ ဈေးသက်သာစွာ တင်သွင်းနိုင်ရန် ခွင့်ပြုခြင်းဆိုတာကို ပြောထားပါတယ်။ တင်သွင်းမည့်နိုင်ငံမှာလည်း ဥရောပနိုင်ငံတစ်ခုမှ ဖြစ်ပါတယ်။

     အဲဒီသတင်းလေးနဲ့ ပတ်သက်လို့ ကျွန်တော့်အတွေ့အကြုံအရ ပြောရရင် ဒုဥက္ကဌဒေါ်လှလှသိန်းရဲ့ ဆုံးဖြတ်ချက်မှန်ပါတယ်။ ကြက်သားကိုယ်လုံးသွင်းဖို့ ခွင့်ပြုတာ မဟုတ်ပါဘူး။ ကြက်သားကိုယ်လုံး သွင်းရင် မြန်မာနိုင်ငံမှ ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေ ထိခိုက်သွားမှာပေါ့။ ကြက်ခြံတွေမှာ ကြက်သားဈေးတွေကျလို့ အလုပ်ပြုတ်ကုန်မှာပါ။ တဖက်မှာလဲ အခြားနိုင်ငံနဲ့ယှဉ်ရင် ဈေးကြီးနေတဲ့ကြက်သားကို မစားနိုင်တဲ့ပြည်သူတွေ ကြက်ခြေထောက်၊ ကြက်ခေါင်းကို ဈေးသက်သာစွာ စားဖို့လုပ်တာပါ။

      မှန်တယ်လို့ ပြောရတာ ကျွန်တော့်အတွေ့အကြုံအရပါ။ ကျွန်တော် ကိုယ်တိုင်မွေးမြူရေးလုပ်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ ကြက်သားတွေ ဘာလို့ အခြားနိုင်ငံနဲ့ယှဉ်ရင် ဈေးကြီးပါသလဲ။

        အဖြေကတော့ ရှင်းရှင်းလေးပါ။ ကျွန်တော်တို့ အားလုံးဝယ်သုံးပြီး၊ ကြက်မွေးရလို့ပါ။ ကြက်က နိုင်ငံခြားမျိုး၊ မိဘ၊ ဘိုးဘွားအဆင့်လောက်ကြက်တွေကို နိုင်ငံခြားမှ တင်သွင်းပြီး၊ မြန်မာနိုင်ငံမှာ ပြန်သားဖေါက်ရောင်းကြပါတယ်။ မွေးမြူရေးသမားတွေက အဲဒီကြက်ပေါက်လေးတွေကို ဝယ်ပြီး၊ ကြီးအောင်မွေးရတာပါ။ အဲဒီကြက်အတွက် အစာကို အစာစပ်စက်ရုံတွေမှ ဝယ်ကျွေးရပါတယ်။ အဲဒီအစာထဲမှာပါတဲ့ငါးခြောက်၊ ပြောင်း ကတော့ ပြည်တွင်းထွက်ကုန်ပါ။ ပါဝင်တဲ့ဆေးဝါးတွေက နိုင်ငံခြားမှပါ။

          ခြုံပြောရရင်တော့ နိုင်ငံခြားမျိုးကြက်ပေါက်၊ နိုင်ငံခြားမှဆေး၊ နိုင်ငံခြားမှ မွေးမြူရေးကိရိယာ စတာတွေအားလုံးကို ဝယ်သုံးရတာပါ။ အဲဒီတော့ ဘယ်လိုလုပ်ပြီး၊ ဈေးနှုန်းချိုသာမလဲ။ ကိုယ့်နိုင်ငံထွက်ဆိုလို့ အစာကုန်ကြမ်းနဲ့ ကြက်တဲ ပဲပါတယ်။ 


       နိုင်ငံခြားမျိုးကြက်ကိုသာ စီးပွါးဖြစ်မွေးလို့ရပါတယ်။ ဒေသရင်းကြက်မျိုးတွေက အလုပ်မဖြစ်ပါဘူး။ အခုဆို မြေဈေးတွေ တက်လာတော့ ခြံတွေ ဈေးတက်လာပါတယ်။ 

       ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုအတွက် အစပိုင်းအရင်းအနှီးကို သက်သာအောင်လုပ်ပေးဖို့ဟာ အစိုးရတာဝန်ပါ။ အခြေခံအဆောက်အဦးတွေကို ဈေးသက်သာဖို့လုပ်ပေးရမှာပါ။ အဲဒါမှ ထုတ်လုပ်ရေးလုပ်ငန်းတွေ ကိုယ့်ပြည်တွင်းမှာ အခြေချနေရာရစေပြီး၊ ကိုယ့်လူမျိုးတွေ အလုပ်ရ၊ ထုတ်လုပ်တဲ့ ပစ္စည်းကို ဈေးချိုချိုနဲ့ သုံးနိုင်၊ နည်းပညာတွေ တတ်လာ..စတဲ့ အခြားကျွဲကူးရေပါ အခွင့်အလမ်းပေါင်းများစွာကို ရလာမှာပါ။ 

        အစိုးရကိုယ်တိုင်ရဲ့ စီမံခန့်ခွဲမှုအားနည်း၊ အရည်အချင်း မပြည့်ဝမှုကြောင့် ကုန်ထုတ်လုပ်မှုရင်းနှီးမြုပ်နှံမှုတွေကို ထင်သလောက် မဆွဲဆောင်နိုင်သေးပါဘူး။ အဲဒီလိုအခြေအနေကြောင့် ပြည်တွင်းမှာ ကြိုးစားထုတ်လုပ်ကြည့်ရင်လဲ ဈေးကြီးတော့ ဝယ်သုံးလိုက်တာမှ ဈေးသက်သာတယ် ဆိုတဲ့ အယူအဆဖြစ်လာပါတယ်။ 

        ဝယ်သုံးဖို့အတွက် နှစ်ပေါင်းများစွာမှ ရရှိနိုင်တဲ့ သယံဇာတရောင်းရပါတယ်။ အခုသတင်းအရဆိုရင် ကျွန်တော်တို့နိုင်ငံမှ ဆင်းရဲသားတွေ ကြက်ခြေထောက်၊ ကြက်ခေါင်းဝယ်စားဖို့ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံမှာ သွားအလုပ်လုပ်ရပါလိမ့်မယ်။ ကျွန်းသစ်နဲ့ ကျောက်စိမ်းတွေ ရောင်းရပါလိမ့်မယ်။ ဆိုလိုရင်းကတော့ ဟိုပစ္စည်းတွေ ဝင်လာဖို့ ဒီပစ္စည်းတွေ ရောင်းပြီး ငွေရှာရမယ်လို့ပြောချင်တာပါ။

        တင်းသွင်းဖို့ ခွင့်ပြုပေးတဲ့ မွေးမြူရေးအဖွဲ့ထက် ပိုပြီး အပြစ်တင်သင့်တာ ညံ့ဖျင်းပြီး၊ အရည်အချင်းမရှိတဲ့ အာဏာပိုင်အစိုးရပါ။


        ၁၉၉၇ ခုနှစ် ဝန်းကျင်မှာ သတင်းတစ်ခု ဖတ်ဖူးပါတယ်။ မလေးရှားနိုင်ငံမှ စီးပွါးရေးသမားတစ်ဦးမှ မြန်မာနိုင်ငံတွင် စက်ရုံဆောက်၊ SONY TV ကို  Under licenced နဲ့ ထုတ်လုပ်ဖို့ပါ။ စက်ရုံမဆောက်ဖြစ်ပါဘူး။ အကြောင်းကတော့ ထိုအချိန်ရှိ သွင်းကုန်၊ ထုတ်ကုန်ဥပဒေများကြောင့်ပါ။ မြန်မာနိုင်ငံထဲကို ၁၀၀၀ ကျပ်ဖိုး  Import  လုပ်ချင်ရင်၊ ၁၀၀၀ ကျပ်ဖို့ Export လုပ်ရမယ်လို့ ဆိုလိုပါတယ်။ အခု TV စက်ရုံအတွက် ကုန်ကြမ်းအပါအဝင်အားလုံးကို နိုင်ငံခြားမှ တင်သွင်းမှာပါ။ ဒါပေမဲ့ TV တွေကို မြန်မာနိုင်ငံအတွင်း ရောင်းချပေးမှာပါ။

        နိုင်ငံခြားသားက စက်ရုံဆောက်ပြီး ထုတ်ချင်ပေမဲ့ သူ မကျွမ်းကျင်တဲ့ Export မလုပ်ချင်ပါဘူး။ အဲဒီတော့ ကျွန်တော်တို့ စက်ရုံအတွက်မြေငှားခ၊ အလုပ်သမားတွေအတွက်အလုပ်အကိုင်၊ ဈေးသက်သာတဲ့TV ၊ နည်းပညာတွေ အားလုံးကို လက်လွှတ်လိုက်ရပါတော့တယ်။


        အားလုံးသောအရာရာအတွက် တာဝန်ရှိတာဟာ ကျွန်တော်တို့ရဲ့အာဏာပိုင် အစိုးရပါပဲ။

( Zawgyi )
ဒီေန႔ fb မွာ သတင္းေလးတစ္ခုကို ဖတ္လိုက္ရတယ္။ သတင္းကိုတင္တဲ႔လူရဲ႕ ဆိုလိုရင္းက ျမန္မာႏိုင္ငံကိုၾကက္ေျခေထာက္၊ ၾကက္ေခါင္းတင္သြင္းခြင္႔ေပးတဲ႔ သတင္းကို ေဝဖန္ျခင္းပါ။ ႏိုင္ငံျခားမွာ ၾကက္သားဝယ္ရင္ ေျခေထာက္၊ ေခါင္း မပါဘဲ ေရာင္းၾကေၾကာင္း၊ ေျခေထာက္၊ ေခါင္း ထည္႔ေရာင္းရင္ ရဲကိုတိုင္ႏိုင္ေၾကာင္း သူ႔အေတြ႔အႀကံဳကို ေရးသားထားပါတယ္။ ျမန္မာျပည္ကို ေျခေထာက္၊ ေခါင္း ( သူမ်ားႏိုင္ငံမွာမစားဘဲလြင္႔ပစ္တဲ႔အစိတ္အပိုင္း)ေတြ တြင္သြင္းခြင္႔ေပးျခင္းျဖင္႔ ႏိုင္ငံသိကၡာက်ေၾကာင္း၊ ကိုယ္တိုင္က်ေတာ႔ ကိုယ္လုံးစားၿပီး၊  သူမ်ားကို ၾကက္ေျခေထာက္၊ ၾကက္ေခါင္းစားခိုင္းျခင္း ျဖစ္ေၾကာင္းကို ေဝဖန္တဲ႔သတင္းပါ။

ေအာက္မွာတြဲလွ်က္ပါလာတာကေတာ႔ ဂ်ာနယ္လို႔ထင္ရတဲ႔ သတင္းတိုေလးကို စကင္ဖတ္ထားတင္ထားပါတယ္။ သတင္းတိုေလးမွာ ေဖၚျပခ်က္ကေတာ႔ ျမန္မာႏိုင္ငံေမြးျမဴေရးအသင္းဒုဥကၠဌမွ ျမန္မာႏိုင္ငံရိွၾကက္သားေစ်းသည္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင္႔ ႏႈိင္းယွဥ္လွ်င္ ေစ်းႀကီးပါတယ္။ ထို႔ေၾကာင္႔ေစ်းေပါေသာ ၾကက္ေျခေထာက္၊ ၾကက္ေခါင္း (သူမ်ားႏိုင္ငံတြင္ ေဘးထြက္ကုန္ပစၥည္း ) ကို ျမန္မာႏိုင္ငံသို႔ ေစ်းသက္သာစြာ တင္သြင္းႏိုင္ရန္ ခြင္႔ျပဳျခင္းဆိုတာကို ေျပာထားပါတယ္။ တင္သြင္းမည္႔ႏိုင္ငံမွာလည္း ဥေရာပႏိုင္ငံတစ္ခုမွ ျဖစ္ပါတယ္။

     အဲဒီသတင္းေလးနဲ႔ ပတ္သက္လို႔ ကၽြန္ေတာ္႔အေတြ႔အႀကံဳအရ ေျပာရရင္ ဒုဥကၠဌေဒၚလွလွသိန္းရဲ႕ ဆုံးျဖတ္ခ်က္မွန္ပါတယ္။ ၾကက္သားကိုယ္လုံးသြင္းဖုိ႔ ခြင္႔ျပဳတာ မဟုတ္ပါဘူး။ ၾကက္သားကိုယ္လုံး သြင္းရင္ ျမန္မာႏိုင္ငံမွ ၾကက္ေမြးျမဴေရးလုပ္ငန္းရွင္ေတြ ထိခိုက္သြားမွာေပါ႔။ ၾကက္ၿခံေတြမွာ ၾကက္သားေစ်းေတြက်လို႔ အလုပ္ျပဳတ္ကုန္မွာပါ။ တဖက္မွာလဲ အျခားႏိုင္ငံနဲ႔ယွဥ္ရင္ ေစ်းႀကီးေနတဲ႔ၾကက္သားကို မစားႏိုင္တဲ႔ျပည္သူေတြ ၾကက္ေျခေထာက္၊ ၾကက္ေခါင္းကို ေစ်းသက္သာစြာ စားဖို႔လုပ္တာပါ။

      မွန္တယ္လို႔ ေျပာရတာ ကၽြန္ေတာ္႔အေတြ႔အႀကံဳအရပါ။ ကၽြန္ေတာ္ ကိုယ္တိုင္ေမြးျမဴေရးလုပ္ခဲ႔ဖူးပါတယ္။ ျမန္မာႏိုင္ငံမွာ ၾကက္သားေတြ ဘာလို႔ အျခားႏိုင္ငံနဲ႔ယွဥ္ရင္ ေစ်းႀကီးပါသလဲ။

        အေျဖကေတာ႔ ရွင္းရွင္းေလးပါ။ ကၽြန္ေတာ္တို႔ အားလုံးဝယ္သုံးၿပီး၊ ၾကက္ေမြးရလို႔ပါ။ ၾကက္က ႏိုင္ငံျခားမ်ဳိး၊ မိဘ၊ ဘိုးဘြားအဆင္႔ေလာက္ၾကက္ေတြကို ႏိုင္ငံျခားမွ တင္သြင္းၿပီး၊ ျမန္မာႏိုင္ငံမွာ ျပန္သားေဖါက္ေရာင္းၾကပါတယ္။ ေမြးျမဴေရးသမားေတြက အဲဒီၾကက္ေပါက္ေလးေတြကို ဝယ္ၿပီး၊ ႀကီးေအာင္ေမြးရတာပါ။ အဲဒီၾကက္အတြက္ အစာကို အစာစပ္စက္ရုံေတြမွ ဝယ္ေကၽြးရပါတယ္။ အဲဒီအစာထဲမွာပါတဲ႔ငါးေျခာက္၊ ေျပာင္း ကေတာ႔ ျပည္တြင္းထြက္ကုန္ပါ။ ပါဝင္တဲ႔ေဆးဝါးေတြက ႏိုင္ငံျခားမွပါ။

          ၿခံဳေျပာရရင္ေတာ႔ ႏိုင္ငံျခားမ်ဳိးၾကက္ေပါက္၊ ႏိုင္ငံျခားမွေဆး၊ ႏိုင္ငံျခားမွ ေမြးျမဴေရးကိရိယာ စတာေတြအားလုံးကို ဝယ္သုံးရတာပါ။ အဲဒီေတာ႔ ဘယ္လိုလုပ္ၿပီး၊ ေစ်းႏႈန္းခ်ဳိသာမလဲ။ ကိုယ္႔ႏိုင္ငံထြက္ဆိုလို႔ အစာကုန္ၾကမ္းနဲ႔ ၾကက္တဲ ပဲပါတယ္။ 


       ႏိုင္ငံျခားမ်ဳိးၾကက္ကိုသာ စီးပြါးျဖစ္ေမြးလို႔ရပါတယ္။ ေဒသရင္းၾကက္မ်ဳိးေတြက အလုပ္မျဖစ္ပါဘူး။ အခုဆို ေျမေစ်းေတြ တက္လာေတာ႔ ၿခံေတြ ေစ်းတက္လာပါတယ္။ 

       ထုတ္လုပ္ေရးလုပ္ငန္းတစ္ခုအတြက္ အစပိုင္းအရင္းအႏွီးကို သက္သာေအာင္လုပ္ေပးဖို႔ဟာ အစိုးရတာဝန္ပါ။ အေျခခံအေဆာက္အဦးေတြကို ေစ်းသက္သာဖို႔လုပ္ေပးရမွာပါ။ အဲဒါမွ ထုတ္လုပ္ေရးလုပ္ငန္းေတြ ကိုယ္႔ျပည္တြင္းမွာ အေျခခ်ေနရာရေစၿပီး၊ ကိုယ္႔လူမ်ဳိးေတြ အလုပ္ရ၊ ထုတ္လုပ္တဲ႔ ပစၥည္းကို ေစ်းခ်ဳိခ်ဳိနဲ႔ သုံးႏိုင္၊ နည္းပညာေတြ တတ္လာ..စတဲ႔ အျခားကၽြဲကူးေရပါ အခြင္႔အလမ္းေပါင္းမ်ားစြာကို ရလာမွာပါ။ 

        အစိုးရကိုယ္တိုင္ရဲ႕ စီမံခန္႔ခြဲမႈအားနည္း၊ အရည္အခ်င္း မျပည္႔ဝမႈေၾကာင္႔ ကုန္ထုတ္လုပ္မႈရင္းႏွီးျမဳပ္ႏွံမႈေတြကို ထင္သေလာက္ မဆြဲေဆာင္ႏိုင္ေသးပါဘူး။ အဲဒီလိုအေျခအေနေၾကာင္႔ ျပည္တြင္းမွာ ႀကိဳးစားထုတ္လုပ္ၾကည္႔ရင္လဲ ေစ်းႀကီးေတာ႔ ဝယ္သုံးလိုက္တာမွ ေစ်းသက္သာတယ္ ဆိုတဲ႔ အယူအဆျဖစ္လာပါတယ္။ 

        ဝယ္သုံးဖုိ႔အတြက္ ႏွစ္ေပါင္းမ်ားစြာမွ ရရိွႏိုင္တဲ႔ သယံဇာတေရာင္းရပါတယ္။ အခုသတင္းအရဆိုရင္ ကၽြန္ေတာ္တို႔ႏိုင္ငံမွ ဆင္းရဲသားေတြ ၾကက္ေျခေထာက္၊ ၾကက္ေခါင္းဝယ္စားဖို႔ ထိုင္းႏိုင္ငံ၊ မေလးရွားႏိုင္ငံမွာ သြားအလုပ္လုပ္ရပါလိမ္႔မယ္။ ကၽြန္းသစ္နဲ႔ ေက်ာက္စိမ္းေတြ ေရာင္းရပါလိမ္႔မယ္။ ဆိုလိုရင္းကေတာ႔ ဟိုပစၥည္းေတြ ဝင္လာဖို႔ ဒီပစၥည္းေတြ ေရာင္းၿပီး ေငြရွာရမယ္လို႔ေျပာခ်င္တာပါ။

        တင္းသြင္းဖို႔ ခြင္႔ျပဳေပးတဲ႔ ေမြးျမဴေရးအဖြဲ႔ထက္ ပိုၿပီး အျပစ္တင္သင္႔တာ ညံ႔ဖ်င္းၿပီး၊ အရည္အခ်င္းမရိွတဲ႔ အာဏာပိုင္အစိုးရပါ။


        ၁၉၉၇ ခုႏွစ္ ဝန္းက်င္မွာ သတင္းတစ္ခု ဖတ္ဖူးပါတယ္။ မေလးရွားႏိုင္ငံမွ စီးပြါးေရးသမားတစ္ဦးမွ ျမန္မာႏိုင္ငံတြင္ စက္ရုံေဆာက္၊ SONY TV ကို  Under licenced နဲ႔ ထုတ္လုပ္ဖို႔ပါ။ စက္ရုံမေဆာက္ျဖစ္ပါဘူး။ အေၾကာင္းကေတာ႔ ထိုအခ်ိန္ရိွ သြင္းကုန္၊ ထုတ္ကုန္ဥပေဒမ်ားေၾကာင္႔ပါ။ ျမန္မာႏိုင္ငံထဲကို ၁၀၀၀ က်ပ္ဖိုး  Import  လုပ္ခ်င္ရင္၊ ၁၀၀၀ က်ပ္ဖို႔ Export လုပ္ရမယ္လို႔ ဆိုလိုပါတယ္။ အခု TV စက္ရုံအတြက္ ကုန္ၾကမ္းအပါအဝင္အားလုံးကို ႏိုင္ငံျခားမွ တင္သြင္းမွာပါ။ ဒါေပမဲ႔ TV ေတြကို ျမန္မာႏိုင္ငံအတြင္း ေရာင္းခ်ေပးမွာပါ။

        ႏိုင္ငံျခားသားက စက္ရုံေဆာက္ၿပီး ထုတ္ခ်င္ေပမဲ႔ သူ မကၽြမ္းက်င္တဲ႔ Export မလုပ္ခ်င္ပါဘူး။ အဲဒီေတာ႔ ကၽြန္ေတာ္တို႔ စက္ရုံအတြက္ေျမငွားခ၊ အလုပ္သမားေတြအတြက္အလုပ္အကိုင္၊ ေစ်းသက္သာတဲ႔TV ၊ နည္းပညာေတြ အားလုံးကို လက္လႊတ္လိုက္ရပါေတာ႔တယ္။


        အားလုံးေသာအရာရာအတြက္ တာဝန္ရိွတာဟာ ကၽြန္ေတာ္တို႔ရဲ႕အာဏာပိုင္ အစိုးရပါပဲ။

အလုပ်ထဲက သီလတရား

တစ်ခါတုန်းက ကျွန်တော့်သူငယ်ချင်း မျှဝေပေးတဲ့အတွေးလေးတစ်ခုကို တင်ပြလိုပါတယ်။ သူငယ်ချင်းက သင်္ဘောအင်ဂျင်နီယာတစ်ယောက်ပါ။ သူ့သင်္ဘောပေါ်မှာ တရုတ် စက် ၄ ( 4/E ) နှစ်ယောက်ရှိတယ်။ တယောက်က ဘာသာမဲ့၊ တယောက်ကတော့ ခရစ်ယာန်ဘာသာဝင်ပါ။ အဆင့်တူဆိုတော့ အလုပ်တွေကို ခွဲဝေလုပ်ကြတယ်။ ကျွန်တော့်သူငယ်ချင်းကတော့ သူ့တို့အပေါ်က အင်ဂျင်နီယာပါ။ အလုပ်တွေကိုစစ်ဆေးရတဲ့လူပါ။ 

တခါတော့စကားပြောဆိုကြရင်း ဘာသာမဲ့တရုတ် 4/E က ဒီလိုပြောပါတယ်။
“ငါ့မှာ ဘာသာမရှိဘူး။ ငါ အသက်ရှင်တယ်။ နေထိုင်စားသောက်တယ်။ အဲဒီအတွက်အလုပ်လုပ်ရတယ်။ ငါ့ကို အသက်ရှင်စားသောက်ဖို့ ဒီအလုပ်ကနေပြီး၊ ပိုက်ဆံပေးတယ်။ အဲဒီတော့ အလုပ်ကို ဂရုစိုက်ပြီးလုပ်ရမယ်။” လို့ပြောတယ်။

နောက် 4/E တစ်ယောက်ကတော့ ကျွန်တော့်သူငယ်ချင်းနဲ့တွေ့ရင် စကားတွေအရမ်းပြောတယ်။ သူပြောတဲ့စကားတွေက Bible အကြောင်းတွေချည်းပါတဲ့။ အလုပ်မှာလဲ သိပ်လက်ကြောမတင်းပါဘူး လို့ သူငယ်ချင်းက ပြောပါတယ်။ 

စကားချပ်အနေနဲ့ ခရစ်ယာန်ဘာသာကို ထိခိုက်ပြီးပြောနေတာ မဟုတ်ပါဘူး။ ဘယ်ဘာသာမှာမဆို ရှိနိုင်ကြတဲ့ အဖြစ်အပျက်ပါ။ ဦးတည်ချက်တွေ လွဲနေတာကို ပြောလိုတာပါ။ အတူတကွ အလုပ်လုပ်ကြစဉ်မှာ အလုပ်ကို ကြိုးစားဖို့ပဲ လိုပါတယ်။ မယောင်ရာဆီလူး ကိုယ်ရေးကိုယ်တာတွေ လျှောက်ပြောနေလို့ မရပါဘူး။

အခုလိုယဉ်ကျေးမှုမျိုး ကျွန်တော်တို့ တိုင်းပြည်မှာ တော်တော်ထွန်းကားနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ခြုံပြီးပြောရရင် အရည်အချင်းဦးစားပေးစနစ် မရှိတဲ့နိုင်ငံမို့လို့ပါ။ ကြိုးစားမှု၊ အရည်အချင်းတို့ကြောင့် ရာထူးရတယ်ဆိုတာထက်၊ အထက်လူကြီးကြောင့်ရတယ်လို့ ထင်နေကြတဲ့နိုင်ငံပါ။ အထက်ဖါး၊ အောက်ဖိတွေ အများစုပါ။ ဒီလိုလူတွေ နိုင်ငံခြားရောက်ပြီး အလုပ်လုပ်ကြတဲ့အခါ အရိုးစွဲအစဉ်အလာက ဇာတိပြလာပါတော့တယ်။ နိုင်ငံခြားသားကို ဖါးမယ်။ အထက်လူကြီးကို သူလျှိုလုပ်မယ်။ အချင်းချင်း နင်းမယ်။ နိုင်ငံခြားသားဆို သေမလောက်ကြောက်မယ်။ အစရှိသည်ဖြင့် မဆုံးနိုင်တဲ့ ကိစ္စတွေကို လုပ်တော့တာပါ။

တကယ်၍ နိုင်ငံခြားသားက အထက်လူကြီး၊ ကျန်တာက မြန်မာအများစုဆို ပိုပြီး ဆိုးဆိုးဝါးဝါးဇာတိပြတော့တာပါပဲ။ 

အလုပ်ကို ဂရုစိုက်တယ်ဆိုတာ နောက်ဆုံးမှာပါ။ အုပ်စုဖွဲ့၊ မနာလိုဂျောက်တွန်း၊ နောက်ကွယ်မှာ ပေါက်ကရလျှောက်ပြော..စသည့် မဆုံးနိုင်တဲ့လုပ်ရပ်တွေ လုပ်ပါတော့တယ်။ ကိုယ့်လူမျိုး အချင်းချင်း အပေါ်မှာပါ။ နိုင်ငံခြားသားကိုတော့ ကြောက်လိုက်တာတုန်လို့ပါ။

ဒီလိုဖြစ်စေတဲ့ အခြေခံအကြောင်းရင်း တခုက အာဏာရှင်စနစ်ကြောင့်လို့ ပြောလို့ရပါတယ်။ အခြားအချက်တစ်ခုကိုလဲ ကျွန်တော်စဉ်းစားမိပါတယ်။

ဗုဒ္ဓဘာသာမှာ ဆောက်တည်ရမဲ့သီလ (၂) မျိုးရှိပါတယ်။ တခုက စာရိတ္တသီလနှင့် ဝါရိတ္တသီလပါ။ စာရိတ္တသီလဆိုတာ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ၁၀ ပါးသီလ..စသည့်ဖြင့် မဖြစ်မနေစောင့်ထိန်းရမဲ့သီလပါ။ လူအနေနဲ့ ၅ ပါးသီလကို ကျိုးပေါက်ရင် အပြစ်ရှိတယ်လို့ တိုက်ရိုတ်ပြောပါတယ်။ တနည်းအားဖြင့် လူ့ယဉ်ကျေးမှုကို တည်တံ့စေဖို့ လောကပါလသီလပါ။ ဒီသီလကို စောင့်ထိန်းမှ လူ့အဖွဲ့အစည်း ရည်ရှည်တည်တံ့မယ်။ တစ်ဦးနဲ့တစ်ဦး ဆက်ဆံပေါင်းသင်း   စောင့်ထိန်းအပ်တဲ့ တရားပါ။

နောက်သီလကတော့ ဝါရိတ္တသီလပါ။ မစောင့်ထိန်းရင်လည်း အပြစ်မဖြစ်ဘူးလို့ ဆိုပါတယ်။ မိဘဝတ်၊ ဆရာဝတ်၊ တပည့်ဝတ်.. အစရှိသည့် သက်ဆိုင်ရာနေရာအလိုက် စောင့်ထိန်းသင့်သောသီလပါ။ ဝါရိတ္တသီလတွေကို ဗုဒ္ဓဘာသာမှာ တော်တော်ဖွင့်ဆိုထားပြီးပါပြီ။ လူမှုရေးနယ်ပယ်အလိုက် အတော်ပြည့်ပြည့်စုံစုံရှိပါတယ်။ လင်ဝတ်၊ မယားဝတ်..မှအစရှိပြီး၊ နိုင်ငံအကြီးအကဲတွေအတွက် နာယာကဂုဏ် အထိရှိပါတယ်။ ဒီသီလဟာတော့ မိမိရဲ့အလုပ်အကိုင်နဲ့လည်း ပတ်သက်တဲ့သီလလို့ပြောလို့ရပါတယ်။ ဒီဘက်ခေတ်ကုမ္ပဏီတွေမှာ ရာထူးနဲ့ လုပ်ပိုင်ခွင့်ကို သေသေချာချာပြဌာန်းဖို့ Duty and Responsibility ကို သီးသန့်ရေးထားပါတယ်။ ကိုယ့်ရဲ့တာဝန်ကို ပြဌာန်းချက်အတိုင်း ဆောင်ရွက်ခြင်းဟာ ဝါရိတ္တသီလကိုဆောက်တည်ခြင်းပါ။ 

ထိုသို့သောဝါရိတ္တသီလတရားကို မသိရှိ၊ မစောင့်ထိန်းပဲ ရေလိုက်လွှဲကြသောကြောင့် ရောရောယောင်ယောင်ဘဝနဲ့ ရှိခဲ့ကြတာကြာပါပြီ။ ရေသာများ၍ ငါးမတွေ့ဖြစ်ခဲ့ရတာ ကြာပါပြီဗျာ။

( Zawgyi )
တစ္ခါတုန္းက ကၽြန္ေတာ္႔သူငယ္ခ်င္း မွ်ေဝေပးတဲ႔အေတြးေလးတစ္ခုကို တင္ျပလိုပါတယ္။ သူငယ္ခ်င္းက သေဘၤာအင္ဂ်င္နီယာတစ္ေယာက္ပါ။ သူ႔သေဘၤာေပၚမွာ တရုတ္ စက္ ၄ ( 4/E ) ႏွစ္ေယာက္ရိွတယ္။ တေယာက္က ဘာသာမဲ႔၊ တေယာက္ကေတာ႔ ခရစ္ယာန္ဘာသာဝင္ပါ။ အဆင္႔တူဆိုေတာ႔ အလုပ္ေတြကို ခြဲေဝလုပ္ၾကတယ္။ ကၽြန္ေတာ္႔သူငယ္ခ်င္းကေတာ႔ သူ႔တို႔အေပၚက အင္ဂ်င္နီယာပါ။ အလုပ္ေတြကိုစစ္ေဆးရတဲ႔လူပါ။ 

တခါေတာ႔စကားေျပာဆိုၾကရင္း ဘာသာမဲ႔တရုတ္ 4/E က ဒီလိုေျပာပါတယ္။
“ငါ႔မွာ ဘာသာမရိွဘူး။ ငါ အသက္ရွင္တယ္။ ေနထိုင္စားေသာက္တယ္။ အဲဒီအတြက္အလုပ္လုပ္ရတယ္။ ငါ႔ကို အသက္ရွင္စားေသာက္ဖို႔ ဒီအလုပ္ကေနၿပီး၊ ပိုက္ဆံေပးတယ္။ အဲဒီေတာ႔ အလုပ္ကို ဂရုစိုက္ၿပီးလုပ္ရမယ္။” လို႔ေျပာတယ္။

ေနာက္ 4/E တစ္ေယာက္ကေတာ႔ ကၽြန္ေတာ္႔သူငယ္ခ်င္းနဲ႔ေတြ႔ရင္ စကားေတြအရမ္းေျပာတယ္။ သူေျပာတဲ႔စကားေတြက Bible အေၾကာင္းေတြခ်ည္းပါတဲ႔။ အလုပ္မွာလဲ သိပ္လက္ေၾကာမတင္းပါဘူး လို႔ သူငယ္ခ်င္းက ေျပာပါတယ္။ 

စကားခ်ပ္အေနနဲ႔ ခရစ္ယာန္ဘာသာကို ထိခိုက္ၿပီးေျပာေနတာ မဟုတ္ပါဘူး။ ဘယ္ဘာသာမွာမဆို ရိွႏိုင္ၾကတဲ႔ အျဖစ္အပ်က္ပါ။ ဦးတည္ခ်က္ေတြ လြဲေနတာကို ေျပာလိုတာပါ။ အတူတကြ အလုပ္လုပ္ၾကစဥ္မွာ အလုပ္ကို ႀကိဳးစားဖို႔ပဲ လိုပါတယ္။ မေယာင္ရာဆီလူး ကိုယ္ေရးကိုယ္တာေတြ ေလွ်ာက္ေျပာေနလို႔ မရပါဘူး။

အခုလိုယဥ္ေက်းမႈမ်ဳိး ကၽြန္ေတာ္တို႔ တိုင္းျပည္မွာ ေတာ္ေတာ္ထြန္းကားေနပါတယ္။ ဘာေၾကာင္႔လဲဆိုေတာ႔ ၿခံဳၿပီးေျပာရရင္ အရည္အခ်င္းဦးစားေပးစနစ္ မရိွတဲ႔ႏိုင္ငံမို႔လို႔ပါ။ ႀကိဳးစားမႈ၊ အရည္အခ်င္းတို႔ေၾကာင္႔ ရာထူးရတယ္ဆိုတာထက္၊ အထက္လူႀကီးေၾကာင္႔ရတယ္လို႔ ထင္ေနၾကတဲ႔ႏိုင္ငံပါ။ အထက္ဖါး၊ ေအာက္ဖိေတြ အမ်ားစုပါ။ ဒီလိုလူေတြ ႏိုင္ငံျခားေရာက္ၿပီး အလုပ္လုပ္ၾကတဲ႔အခါ အရိုးစြဲအစဥ္အလာက ဇာတိျပလာပါေတာ႔တယ္။ ႏိုင္ငံျခားသားကို ဖါးမယ္။ အထက္လူႀကီးကို သူလွ်ိဳလုပ္မယ္။ အခ်င္းခ်င္း နင္းမယ္။ ႏိုင္ငံျခားသားဆို ေသမေလာက္ေၾကာက္မယ္။ အစရိွသည္ျဖင္႔ မဆုံးႏိုင္တဲ႔ ကိစၥေတြကို လုပ္ေတာ႔တာပါ။

တကယ္၍ ႏိုင္ငံျခားသားက အထက္လူႀကီး၊ က်န္တာက ျမန္မာအမ်ားစုဆို ပိုၿပီး ဆိုးဆိုးဝါးဝါးဇာတိျပေတာ႔တာပါပဲ။ 

အလုပ္ကို ဂရုစိုက္တယ္ဆိုတာ ေနာက္ဆုံးမွာပါ။ အုပ္စုဖြဲ႔၊ မနာလိုေဂ်ာက္တြန္း၊ ေနာက္ကြယ္မွာ ေပါက္ကရေလွ်ာက္ေျပာ..စသည္႔ မဆုံးႏိုင္တဲ႔လုပ္ရပ္ေတြ လုပ္ပါေတာ႔တယ္။ ကိုယ္႔လူမ်ဳိး အခ်င္းခ်င္း အေပၚမွာပါ။ ႏိုင္ငံျခားသားကိုေတာ႔ ေၾကာက္လိုက္တာတုန္လို႔ပါ။

ဒီလိုျဖစ္ေစတဲ႔ အေျခခံအေၾကာင္းရင္း တခုက အာဏာရွင္စနစ္ေၾကာင္႔လို႔ ေျပာလို႔ရပါတယ္။ အျခားအခ်က္တစ္ခုကိုလဲ ကၽြန္ေတာ္စဥ္းစားမိပါတယ္။

ဗုဒၶဘာသာမွာ ေဆာက္တည္ရမဲ႔သီလ (၂) မ်ဳိးရိွပါတယ္။ တခုက စာရိတၱသီလႏွင္႔ ဝါရိတၱသီလပါ။ စာရိတၱသီလဆိုတာ ငါးပါးသီလ၊ ရွစ္ပါးသီလ၊ ၁၀ ပါးသီလ..စသည္႔ျဖင္႔ မျဖစ္မေနေစာင္႔ထိန္းရမဲ႔သီလပါ။ လူအေနနဲ႔ ၅ ပါးသီလကို က်ဳိးေပါက္ရင္ အျပစ္ရိွတယ္လို႔ တိုက္ရုိတ္ေျပာပါတယ္။ တနည္းအားျဖင္႔ လူ႔ယဥ္ေက်းမႈကို တည္တံ႔ေစဖို႔ ေလာကပါလသီလပါ။ ဒီသီလကို ေစာင္႔ထိန္းမွ လူ႔အဖြဲ႔အစည္း ရည္ရွည္တည္တံ႔မယ္။ တစ္ဦးနဲ႔တစ္ဦး ဆက္ဆံေပါင္းသင္း   ေစာင္႔ထိန္းအပ္တဲ႔ တရားပါ။

ေနာက္သီလကေတာ႔ ဝါရိတၱသီလပါ။ မေစာင္႔ထိန္းရင္လည္း အျပစ္မျဖစ္ဘူးလို႔ ဆိုပါတယ္။ မိဘဝတ္၊ ဆရာဝတ္၊ တပည္႔ဝတ္.. အစရိွသည္႔ သက္ဆိုင္ရာေနရာအလိုက္ ေစာင္႔ထိန္းသင္႔ေသာသီလပါ။ ဝါရိတၱသီလေတြကို ဗုဒၶဘာသာမွာ ေတာ္ေတာ္ဖြင္႔ဆိုထားၿပီးပါၿပီ။ လူမႈေရးနယ္ပယ္အလိုက္ အေတာ္ျပည္႔ျပည္႔စုံစုံရိွပါတယ္။ လင္ဝတ္၊ မယားဝတ္..မွအစရိွၿပီး၊ ႏိုင္ငံအႀကီးအကဲေတြအတြက္ နာယာကဂုဏ္ အထိရိွပါတယ္။ ဒီသီလဟာေတာ႔ မိမိရဲ႕အလုပ္အကိုင္နဲ႔လည္း ပတ္သက္တဲ႔သီလလို႔ေျပာလို႔ရပါတယ္။ ဒီဘက္ေခတ္ကုမၸဏီေတြမွာ ရာထူးနဲ႔ လုပ္ပိုင္ခြင္႔ကို ေသေသခ်ာခ်ာျပဌာန္းဖို႔ Duty and Responsibility ကို သီးသန္႔ေရးထားပါတယ္။ ကိုယ္႔ရဲ႕တာဝန္ကို ျပဌာန္းခ်က္အတိုင္း ေဆာင္ရြက္ျခင္းဟာ ဝါရိတၱသီလကိုေဆာက္တည္ျခင္းပါ။ 

ထိုသို႔ေသာဝါရိတၱသီလတရားကို မသိရိွ၊ မေစာင္႔ထိန္းပဲ ေရလိုက္လႊဲၾကေသာေၾကာင္႔ ေရာေရာေယာင္ေယာင္ဘဝနဲ႔ ရိွခဲ႔ၾကတာၾကာပါၿပီ။ ေရသာမ်ား၍ ငါးမေတြ႔ျဖစ္ခဲ႔ရတာ ၾကာပါၿပီဗ်ာ။