Thursday, April 16, 2015

ပိရမစ်များဆီသို့ အလည်တစ်ခေါက် ( ၄ )

 ထိုအခန်းတွင် နတ်ဘုရားပုံစံ ရုပ်ထုများကိုလည်း တွေ့ရပါသည်။ ထိုအခန်းမှ ပြန်ထွက်လာသောအခါ အခြားပိရပစ်တစ်ခု၏ အောက်ခြေသို့ သွားရောက်လေ့လာကြပါသည်။ ထိုနေရာသည် မြေပြင်မှ ၁၀ မီတာ အနက်တွင် တည်ရှိပါသည်။ မာမီများထည့်ထားသော မြေအောက်ရှိ သင်းချိုင်းဖြစ်ကြောင်း ရှင်းပြပါသည်။ 

           ကျွန်တော့်အတွက်တော့ သဲကန္တာရ၏ ရှင်းလင်းသော မြင်ကွင်း၊ ဟင်းလင်းပြင်ထဲတွင် မြေပြင်မှ တောင်ကြီးများကဲ့သို့ ထိုးထွက်နေသော ပိရမစ်ကြီးများ၊ နှစ်ပေါင်း ၅၀၀၀ သက်တမ်းရှိ လူလုပ်ပိရပစ်ကြီးများ၏ အလယ်မှ ကျွန်တော်တို့ လူသားများ၏ တည်ရှိနေမှုများကိုသာ တွေးနေမိပါသည်။ နှစ် ၅၀၀၀ သက်တမ်းကို မည်သည့်ကြံခိုင်မှုမျိုးဖြင့် ဖြတ်ကျော်ခဲ့ပါသလဲ။ သဲကန္တရ၏ ပြင်းထန်သော ရာသီဥတုနှင့် သဲမုန်တိုင်းများကို ဆန့်ကျင်တွန်းလှန်နိုင်ခဲ့သော ပိရပစ်များကို တည်ဆောက်ခဲ့သည့် အတတ်ပညာနှင့် စည်းလုံးမှု၊ ထိုကာလက သက်ဦးဆံပိုင်ဘုရင်စနစ် စသည်တို့ကိုသာ တွေးတောနေမိသည်။ 

        တည်ဆောက်ရမည့်နှစ်ကာလမှာ အကြာကြီး ဖြစ်သည်။ ထိုကာလအတွင်း နိုင်ငံ၏ စီးပွါးရေး နိုင်ငံရေးစနစ်များကို တည်ငြိမ်နေစေရန် မည်သို့ထိန်းထားခဲ့ပါသလဲ..စသည့် အတွေးပင်လယ်ထဲတွင် မျှော်နေမိတော့သည်။ ထိုသို့ ရှေးဟောင်းမြို့ပြများ၊ နေရာဋ္ဌာနများတွင် ခိုင်မာသောယဉ်ကျေးမှုနှင့် သမိုင်း ရှိကြပါသည်။ နိုင်ငံခြားသားများ ထိုသို့သောနေရာများသို့ သွားရောက် လေ့လာလည်ပတ်လျှင် အရင်ဆုံး သွားရောက်မည့်ဒေသနှင့် ပတ်သက်သော စာအုပ်များကို ဖတ်ကြသည်။ 

         ထိုနေရာများသို့ ရောက်သောအခါ ဘယ်နှစ်ခုနှစ်၊ ဘယ်နှစ်ရာစုတုန်းက ဒီနေရာမှာ ဘယ်ဘုရင်ကြီးက ဘာလုပ်တာ စသည်ဖြင့် စိတ်ကူးခံစားကြသည်ဟု မှတ်သားရဖူးပါသည်။ ဥပမာ..အာနန္ဒာဘုရားသို့ ရောက်လျှင် ကျန်စစ်သားမင်းကြီးက လွန်ခဲ့သောနှစ်ပေါင်း ၁၂၀၀ ခန့်က ဒီနေရာကို ဘာကြောင့် လာတယ်..စသည် စိတ်ကူးကြပါသည်တဲ့။ 

        ထို့နောက် နာမည်ကျော် စဖင့်ရုပ်ထုကြီးဆီသို့လည်း သွားရောက်ကြပါသည်။ ထိုရုပ်ထုကြီးမှာ ပိရမစ်များ နှင့် မလှမ်းမကမ်းတွင် ရှိပါသည်။ တကယ်တော့ ရုပ်ထုကြီးမှာ မြေကြီးထဲတွင် နစ်နေခြင်း ဖြစ်သည်။ နောက်မှလူများက တူးဖေါ်ထားခြင်း ဖြစ်သည်။ ကျွန်တော်တို့က ချိုင့်ကြီး၏ နှုတ်ခမ်းမှ လှမ်းကြည့်ရခြင်း ဖြစ်သည်။ ထိုရုပ်ထုကြီး ရှိရာသို့ သွားရောက်သော လမ်းရှိသော်လည်း ခရီးသွားများကို သွားရောက်ခွင့်မပြုပေ။ ထိုရုပ်ထုကြီး၏ ရှေ့တွင် ထိုင်ခုံများ တန်းစီချထားပါသည်။ မီးစလိုက်များလည်း ဆင်ကာ ရုပ်ထုကြီးကို ထိုးထားပါသည်။ ရုပ်ထုကြီး၏ ညဘက် အလှအပကို ခံစားနိုင်ရန် လုပ်ထားခြင်းဖြစ်သည်ဟု ထင်မိပါသည်။


( Zawgyi )
           ထိုအခန္းတြင္ နတ္ဘုရားပုံစံ ရုပ္ထုမ်ားကိုလည္း ေတြ႔ရပါသည္။ ထိုအခန္းမွ ျပန္ထြက္လာေသာအခါ အျခားပိရပစ္တစ္ခု၏ ေအာက္ေျခသို႔ သြားေရာက္ေလ႔လာၾကပါသည္။ ထိုေနရာသည္ ေျမျပင္မွ ၁၀ မီတာ အနက္တြင္ တည္ရိွပါသည္။ မာမီမ်ားထည္႔ထားေသာ ေျမေအာက္ရိွ သင္းခ်ိဳင္းျဖစ္ေၾကာင္း ရွင္းျပပါသည္။ 

           ကၽြန္ေတာ္႔အတြက္ေတာ႔ သဲကႏၱာရ၏ ရွင္းလင္းေသာ ျမင္ကြင္း၊ ဟင္းလင္းျပင္ထဲတြင္ ေျမျပင္မွ ေတာင္ႀကီးမ်ားကဲ႔သို႔ ထိုးထြက္ေနေသာ ပိရမစ္ႀကီးမ်ား၊ ႏွစ္ေပါင္း ၅၀၀၀ သက္တမ္းရိွ လူလုပ္ပိရပစ္ႀကီးမ်ား၏ အလယ္မွ ကၽြန္ေတာ္တို႔ လူသားမ်ား၏ တည္ရိွေနမႈမ်ားကိုသာ ေတြးေနမိပါသည္။ ႏွစ္ ၅၀၀၀ သက္တမ္းကို မည္သည္႔ႀကံခိုင္မႈမ်ိဳးျဖင္႔ ျဖတ္ေက်ာ္ခဲ႔ပါသလဲ။ သဲကႏၱရ၏ ျပင္းထန္ေသာ ရာသီဥတုႏွင္႔ သဲမုန္တိုင္းမ်ားကို ဆန္႔က်င္တြန္းလွန္ႏိုင္ခဲ႔ေသာ ပိရပစ္မ်ားကို တည္ေဆာက္ခဲ႔သည္႔ အတတ္ပညာႏွင္႔ စည္းလုံးမႈ၊ ထိုကာလက သက္ဦးဆံပိုင္ဘုရင္စနစ္ စသည္တို႔ကိုသာ ေတြးေတာေနမိသည္။ 

        တည္ေဆာက္ရမည္႔ႏွစ္ကာလမွာ အၾကာႀကီး ျဖစ္သည္။ ထိုကာလအတြင္း ႏိုင္ငံ၏ စီးပြါးေရး ႏိုင္ငံေရးစနစ္မ်ားကို တည္ၿငိမ္ေနေစရန္ မည္သို႔ထိန္းထားခဲ႔ပါသလဲ..စသည္႔ အေတြးပင္လယ္ထဲတြင္ ေမွ်ာ္ေနမိေတာ႔သည္။ ထိုသို႔ ေရွးေဟာင္းၿမိဳ႕ျပမ်ား၊ ေနရာ႒ာနမ်ားတြင္ ခုိင္မာေသာယဥ္ေက်းမႈႏွင္႔ သမိုင္း ရိွၾကပါသည္။ ႏိုင္ငံျခားသားမ်ား ထိုသို႔ေသာေနရာမ်ားသို႔ သြားေရာက္ ေလ႔လာလည္ပတ္လွ်င္ အရင္ဆုံး သြားေရာက္မည္႔ေဒသႏွင္႔ ပတ္သက္ေသာ စာအုပ္မ်ားကို ဖတ္ၾကသည္။ 

         ထိုေနရာမ်ားသို႔ ေရာက္ေသာအခါ ဘယ္ႏွစ္ခုႏွစ္၊ ဘယ္ႏွစ္ရာစုတုန္းက ဒီေနရာမွာ ဘယ္ဘုရင္ႀကီးက ဘာလုပ္တာ စသည္ျဖင္႔ စိတ္ကူးခံစားၾကသည္ဟု မွတ္သားရဖူးပါသည္။ ဥပမာ..အာနႏၵာဘုရားသို႔ ေရာက္လွ်င္ က်န္စစ္သားမင္းႀကီးက လြန္ခဲ႔ေသာႏွစ္ေပါင္း ၁၂၀၀ ခန္႔က ဒီေနရာကို ဘာေၾကာင္႔ လာတယ္..စသည္ စိတ္ကူးၾကပါသည္တဲ႔။ 

        ထို႔ေနာက္ နာမည္ေက်ာ္ စဖင္႔ရုပ္ထုႀကီးဆီသို႔လည္း သြားေရာက္ၾကပါသည္။ ထိုရုပ္ထုႀကီးမွာ ပိရမစ္မ်ား ႏွင္႔ မလွမ္းမကမ္းတြင္ ရိွပါသည္။ တကယ္ေတာ႔ ရုပ္ထုႀကီးမွာ ေျမႀကီးထဲတြင္ နစ္ေနျခင္း ျဖစ္သည္။ ေနာက္မွလူမ်ားက တူးေဖၚထားျခင္း ျဖစ္သည္။ ကၽြန္ေတာ္တို႔က ခ်ိဳင္႔ႀကီး၏ ႏႈတ္ခမ္းမွ လွမ္းၾကည္႔ရျခင္း ျဖစ္သည္။ ထိုရုပ္ထုႀကီး ရိွရာသို႔ သြားေရာက္ေသာ လမ္းရိွေသာ္လည္း ခရီးသြားမ်ားကို သြားေရာက္ခြင္႔မျပဳေပ။ ထိုရုပ္ထုႀကီး၏ ေရွ႕တြင္ ထိုင္ခုံမ်ား တန္းစီခ်ထားပါသည္။ မီးစလိုက္မ်ားလည္း ဆင္ကာ ရုပ္ထုႀကီးကို ထိုးထားပါသည္။ ရုပ္ထုႀကီး၏ ညဘက္ အလွအပကို ခံစားႏိုင္ရန္ လုပ္ထားျခင္းျဖစ္သည္ဟု ထင္မိပါသည္။

ပိရမစ်များဆီသို့ အလည်တစ်ခေါက် ( ၃ )

ထို့ကြောင့် ပိရပစ်များကို လေ့လာချက်အရ ထိုခေတ် နည်းပညာ တည်ဆောက်မှုနှင့် စီးပွါးရေးကောင်းမွန်မှုမှာ အံ့မခန်း ဖြစ်ခဲ့ပုံရသည်ဟု ကောက်ချက်ချခဲ့ပါသည်။ တကယ်တော့ ယနေ့လူသားတို့၏ ယဉ်ကျေးမှုသည် တက်လိုက်ကျလိုက်၊ တည်ဆောက်လိုက် ဖျက်ဆီးလိုက် ဖြင့် နှစ်ပေါင်းထောင်ချီ ခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ ပျက်စီးသွားသော ယဉ်ကျေးမှုကို စဉ်းစားမိသောအခါ မိမိတို့၏ ယနေ့တည်ရှိမှုမှာ အလွန်မှုံဝါးလှပါသည်။ 

ယနေ့ကာလ၏ ထူးခြားချက်သည် အရာဝတ္ထုများ ပျက်စီးရုံသာမက လူသားမျိုးနွယ်ပါ ပျက်စီးသွားနိုင်သည့် အနုမြူဗုံး၊ ဟိုက်ဒရိုဂျက်ဗုံးများကို ပိုင်ဆိုင်ခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင်း သိပ္ပံပညာရှင် အိုင်းစတိုင်းက တတိယကမ္ဘာစစ် ဘယ်တော့ဖြစ်မလဲ ဆိုတာ မပြောတတ်ပါဘူး။ သေချာတာက စတုတ္ထကမ္ဘာစစ်ကြီး ဖြစ်ရင် လူသားတွေ ကျောက်လက်နက်တွေနှင့် တိုက်ခိုက်ကြမှာ….လို့ အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့လေသည်။

       ထိုအနုမြူလက်နက်များကြောင့် ယဉ်ကျေးမှုစနစ်တစ်ခုလုံး ပျက်သုန်းသွားနိုင်ပုံကို ပြောခြင်းပင် ဖြစ်သည်။ ပိရမစ်ကြီးများ အောက်ခြေတွင် ဓါတ်ပုံရိုက်ပြီးသွားသောအခါ၊ ပိရမစ်အောက်ခြေရှိ အဆောက်အဦးတစ်ခု အတွင်းသို့ သွားကြမည်ဟု တိုးဂိုက်က ပြောသည်။ ထိုအဆောက်အဦးသည် ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားပါသည်။ 

          ထိုအဆောက်အဦးထဲတွင် နတ်ကွန်းပုံစံနှင့် နတ်များအား ဆက်သရန် ကျောက်စားပွဲတစ်ခု ရှိသည်။ ထို့နောက် ရေချိုးဇလုံပုံစံချိုင့်တစ်ခုကို အခန်း၏ ကြမ်းပြင်တွင် တွေ့ရသည်။ ထို ချိုင့်ခွက်သည် ခြောက်ပေခန့် ရှည်၍ ၊ နှစ်ပေခန့်ကျယ်ပါသည်။ ခေါင်းတလားတစ်ခု အတိုင်းပင် ဖြစ်သည်။ ထိုချိုင့်ထဲတွင် မာမီ ပြုလုပ်စီမံသည်ဟု ဆိုသည် ။ ထိုသို့လျှင် ချိုင့်၏ အကျယ်အဝန်းအရ ထိုလွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်မှ လူများ၏ အရွယ်အစားသည်လည်း ကျွန်တော်တို့ ယခုခေတ် လူများ၏ အလွယ်အစားအတိုင်းပင် ဖြစ်ပါသည်။ ဤသို့ပင် အမှန်ဖြစ်ပါလိမ့်မည်။

        ယခုခေတ် စာများတွင် တွေ့ရသော ဗုဒ္ဓဘုရားရှင်၏ ကိုယ်ခန္ဓာအရွယ်အစား  စဉ်းစားစရာကောင်းပါသည်။ အတွင်းတွင် ကျောက်တိုင်ပုံစံများကိုလည်း တွေ့ရသည်။ ထိုကျောက်တိုင်များမှာ တဆက်တည်း ချောနေကာ၊ ဆက်ရာ လုံးဝ မရှိပါ။

        နံရံတွင် ထွင်းထုထားသော တံခါးပုံတစ်ခု အနီးသို့ ရောက်သောအခါ တိုးဂိုက်က ထိုတံခါးသည် ပထမတံခါး ဟု ခေါ်ပါသည်ဟု ရှင်းပြသည်။ တံခါး၏ အောက်ခြေတွင် လူဝင်နိုင်သောအပေါက်နှင့် လှေကားတစ်များ ရှိပါသည်။ ထို တံခါးပုံ ထွင်းထုထားသော်လည်း ၊ အမှန်တကယ်ဝင်ပေါက်မှာ တံခါး၏အောက်ခြေ ရှိ အပေါက်သာ ဖြစ်သည် ။ ရှာဖွေသူများ မျက်စိလည်စေရန် တည်ဆောက်ထားခြင်းပင် ဖြစ်သည်။ ထိုအောက်ခြေရှိ လှေကားထစ်များ အတိုင်း ဆင်းသွားသောအခါ အောက်ဘက်တွင် အခန်းငယ်တစ်ခု ရှိပါသည်။ 

      ထိုအခန်းငယ်၏ အဝင်ပေါက်နှင့် တည့်တည့်ခန့်တွင် ကျောက်တလားတစ်ခု ရှိပြီး၊ ထိုကျောက်တလားထဲတွင် မံမီကို ထည့်ထားသည် ဟု တိုးဂိုက်က ရှင်းပြသည်။ ကျောက်တလားသည် ခြောက်ပေခန့် ရှိပြီး၊ အဖုံးဖြင့် ဖုံးထားသည်။ ယခုခေတ်လူများက အဖုံးကို ဟပြီး ကျောက်ခဲများဖြင့် ခုထား၏။ အခုအချိန်တွင် မံမီကို  ကိုင်ရိုပြတိုက်သို့ ရွေ့ထားလိုက်ပါပြီ။ ထူးဆန်းသည်မှာ ကျောက်တလား အဖုံးမှာ တသားထဲ ဖြစ်သော ကျောက်ဖျာချပ်ကြီး ဖြစ်သည်။ ထိုအခန်းငယ်သည် လူပေါက်များစွာ ဝင်ရောက်လုပ်ကိုင်နိုင်ရန် ကျယ်ဝန်းခြင်း မရှိပါ။ 

        ထိုကျောက်ဖျာသည် ၆ တန်ခန့်လေးသည် ။ ကျောက်တလားသည် နံရံတွင် ထွင်းထားသော ချိုင့်ထဲတွင် ထည့်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် အဖုံးကို မပြီး ဖုံးလျှင် တဘက်ထဲတွင်သာ လူများ မနိုင်မည် ဖြစ်သည်။ ထိုသို့ လေးသော ကျောက်ဖျာကြီးကို ခက်ခက်ခဲခဲ မရမည့် အလုပ်မှာ မလွယ်သောအလုပ် ဖြစ်သည်။ 

         မည်သို့ပင်ဖြစ်စေ လွန်ခဲ့သောထောင်စုနှစ်များက ယဉ်ကျေးမှုများ၏ အချို့အစိတ်အပိုင်းများသည် ယနေ့ခေတ်လူများအား အံ့သြစေခဲ့သည်။ ထိုသို့သော အကြောင်းအရာနှင့် ပတ်သက်၍ သင်္ဘောကပ္ပတိန်နှင့် ကျနော် စကားပြောဖြစ်ပါသည်။ သူငယ်စဉ်အချိန်က နေခဲ့သော ပါကစ္စတန်တွင်လည်း နှစ်ပေါင်း ၅၀၀၀ သက်တမ်းရှိ မြို့ပျက်နှစ်ခုကို ရှာဖွေတွေ ရှိသည်ဟု ပြောပါသည်။ ထူးခြားမှုကား မြို့တည်ဆောက်မှုသည် ယနေ့ခေတ်မြို့တော်များကဲ့သို့ ခေတ်မှီသည်။ မိလ္လာစနစ်အတွက် မြောင်းကို စနစ်တကျ ဖေါက်ထားပါသည် ။ ကျွန်တော်တို့ မြန်မာနိုင်ငံ ရှိသရေခေတ္တာမြို့ဟောင်းသည် မည်သို့ တည်ဆောက်ထားသလဲ အဆင်သင့်လျှင်တော့ သွားရောက်၍ လေ့လာသင့်ပေသည်။

( Zawgyi )  

   ထို႔ေၾကာင္႔ ပိရပစ္မ်ားကို ေလ႔လာခ်က္အရ ထိုေခတ္ နည္းပညာ တည္ေဆာက္မႈႏွင္႔ စီးပြါးေရးေကာင္းမြန္မႈမွာ အံ့မခန္း ျဖစ္ခဲ႔ပုံရသည္ဟု ေကာက္ခ်က္ခ်ခဲ႔ပါသည္။ တကယ္ေတာ႔ ယေန႔လူသားတို႔၏ ယဥ္ေက်းမႈသည္ တက္လိုက္က်လိုက္၊ တည္ေဆာက္လိုက္ ဖ်က္ဆီးလိုက္ ျဖင္႔ ႏွစ္ေပါင္းေထာင္ခ်ီ ခဲ႔ၿပီ ျဖစ္သည္။ ထိုကဲ႔သို႔ ပ်က္စီးသြားေသာ ယဥ္ေက်းမႈကို စဥ္းစားမိေသာအခါ မိမိတို႔၏ ယေန႔တည္ရိွမႈမွာ အလြန္မႈံဝါးလွပါသည္။ 

ယေန႔ကာလ၏ ထူးျခားခ်က္သည္ အရာဝတၳဳမ်ား ပ်က္စီးရုံသာမက လူသားမ်ိဳးႏြယ္ပါ ပ်က္စီးသြားႏိုင္သည္႔ အႏုျမဴဗံုး၊ ဟုိက္ဒရိုဂ်က္ဗုံးမ်ားကို ပိုင္ဆိုင္ျခင္းပင္ ျဖစ္ပါသည္။ ထို႔ေၾကာင္း သိပၸံပညာရွင္ အိုင္းစတိုင္းက တတိယကမာၻစစ္ ဘယ္ေတာ႔ျဖစ္မလဲ ဆိုတာ မေျပာတတ္ပါဘူး။ ေသခ်ာတာက စတုတၳကမာၻစစ္ႀကီး ျဖစ္ရင္ လူသားေတြ ေက်ာက္လက္နက္ေတြႏွင္႔ တိုက္ခိုက္ၾကမွာ….လို႔ အင္တာဗ်ဴးတစ္ခုတြင္ ေျပာၾကားခဲ႔ေလသည္။

       ထိုအႏုျမဴလက္နက္မ်ားေၾကာင္႔ ယဥ္ေက်းမႈစနစ္တစ္ခုလံုး ပ်က္သုန္းသြားႏုိင္ပံုကို ေျပာျခင္းပင္ ျဖစ္သည္။ ပိရမစ္ႀကီးမ်ား ေအာက္ေျခတြင္ ဓါတ္ပုံရိုက္ၿပီးသြားေသာအခါ၊ ပိရမစ္ေအာက္ေျခရိွ အေဆာက္အဦးတစ္ခု အတြင္းသို႔ သြားၾကမည္ဟု တိုးဂိုက္က ေျပာသည္။ ထိုအေဆာက္အဦးသည္ ေက်ာက္တုံးႀကီးမ်ားျဖင္႔ တည္ေဆာက္ထားပါသည္။ 

          ထိုအေဆာက္အဦးထဲတြင္ နတ္ကြန္းပံုစံႏွင္႔ နတ္မ်ားအား ဆက္သရန္ ေက်ာက္စားပြဲတစ္ခု ရိွသည္။ ထို႔ေနာက္ ေရခ်ိဳးဇလံုပံုစံခ်ိဳင္႔တစ္ခုကို အခန္း၏ ၾကမ္းျပင္တြင္ ေတြ႕ရသည္။ ထို ခ်ိဳင္႔ခြက္သည္ ေျခာက္ေပခန္႔ ရွည္၍ ၊ ႏွစ္ေပခန္႔က်ယ္ပါသည္။ ေခါင္းတလားတစ္ခု အတိုင္းပင္ ျဖစ္သည္။ ထိုခ်ိဳင္႔ထဲတြင္ မာမီ ျပဳလုပ္စီမံသည္ဟု ဆိုသည္ ။ ထိုသို႔လွ်င္ ခ်ိဳင္႔၏ အက်ယ္အဝန္းအရ ထိုလြန္ခဲ႔ေသာ ႏွစ္ေပါင္း ၅၀၀၀ ခန္႔မွ လူမ်ား၏ အရြယ္အစားသည္လည္း ကၽြန္ေတာ္တို႔ ယခုေခတ္ လူမ်ား၏ အလြယ္အစားအတိုင္းပင္ ျဖစ္ပါသည္။ ဤသို႔ပင္ အမွန္ျဖစ္ပါလိမ္႔မည္။

        ယခုေခတ္ စာမ်ားတြင္ ေတြ႔ရေသာ ဗုဒၶဘုရားရွင္၏ ကိုယ္ခႏၶာအရြယ္အစား  စဥ္းစားစရာေကာင္းပါသည္။ အတြင္းတြင္ ေက်ာက္တိုင္ပံုစံမ်ားကိုလည္း ေတြ႔ရသည္။ ထိုေက်ာက္တိုင္မ်ားမွာ တဆက္တည္း ေခ်ာေနကာ၊ ဆက္ရာ လုံးဝ မရိွပါ။

        နံရံတြင္ ထြင္းထုထားေသာ တံခါးပံုတစ္ခု အနီးသို႔ ေရာက္ေသာအခါ တိုးဂိုက္က ထိုတံခါးသည္ ပထမတံခါး ဟု ေခၚပါသည္ဟု ရွင္းျပသည္။ တံခါး၏ ေအာက္ေျခတြင္ လူဝင္ႏိုင္ေသာအေပါက္ႏွင္႔ ေလွကားတစ္မ်ား ရိွပါသည္။ ထို တံခါးပံု ထြင္းထုထားေသာ္လည္း ၊ အမွန္တကယ္ဝင္ေပါက္မွာ တံခါး၏ေအာက္ေျခ ရိွ အေပါက္သာ ျဖစ္သည္ ။ ရွာေဖြသူမ်ား မ်က္စိလည္ေစရန္ တည္ေဆာက္ထားျခင္းပင္ ျဖစ္သည္။ ထိုေအာက္ေျခရိွ ေလွကားထစ္မ်ား အတိုင္း ဆင္းသြားေသာအခါ ေအာက္ဘက္တြင္ အခန္းငယ္တစ္ခု ရိွပါသည္။ 

      ထိုအခန္းငယ္၏ အဝင္ေပါက္ႏွင္႔ တည္႔တည္႔ခန္႔တြင္ ေက်ာက္တလားတစ္ခု ရိွၿပီး၊ ထိုေက်ာက္တလားထဲတြင္ မံမီကို ထည္႔ထားသည္ ဟု တိုးဂိုက္က ရွင္းျပသည္။ ေက်ာက္တလားသည္ ေျခာက္ေပခန္႔ ရိွၿပီး၊ အဖံုးျဖင္႔ ဖုံးထားသည္။ ယခုေခတ္လူမ်ားက အဖံုးကို ဟၿပီး ေက်ာက္ခဲမ်ားျဖင္႔ ခုထား၏။ အခုအခ်ိန္တြင္ မံမီကို  ကိုင္ရိုျပတိုက္သို႔ ေရြ႕ထားလိုက္ပါၿပီ။ ထူးဆန္းသည္မွာ ေက်ာက္တလား အဖုံးမွာ တသားထဲ ျဖစ္ေသာ ေက်ာက္ဖ်ာခ်ပ္ႀကီး ျဖစ္သည္။ ထုိအခန္းငယ္သည္ လူေပါက္မ်ားစြာ ဝင္ေရာက္လုပ္ကိုင္ႏုိင္ရန္ က်ယ္ဝန္းျခင္း မရိွပါ။ 

        ထုိေက်ာက္ဖ်ာသည္ ၆ တန္ခန္႔ေလးသည္ ။ ေက်ာက္တလားသည္ နံရံတြင္ ထြင္းထားေသာ ခ်ိဳင္႔ထဲတြင္ ထည္႔ထားျခင္း ျဖစ္သည္။ ထို႔ေၾကာင္႔ အဖုံးကို မၿပီး ဖံုးလွ်င္ တဘက္ထဲတြင္သာ လူမ်ား မႏိုင္မည္ ျဖစ္သည္။ ထိုသို႔ ေလးေသာ ေက်ာက္ဖ်ာႀကီးကို ခက္ခက္ခဲခဲ မရမည္႔ အလုပ္မွာ မလြယ္ေသာအလုပ္ ျဖစ္သည္။ 

         မည္သို႔ပင္ျဖစ္ေစ လြန္ခ႔ဲေသာေထာင္စုႏွစ္မ်ားက ယဥ္ေက်းမႈမ်ား၏ အခ်ိဳ႕အစိတ္အပိုင္းမ်ားသည္ ယေန႔ေခတ္လူမ်ားအား အံ႔ၾသေစခဲ႔သည္။ ထိုသို႔ေသာ အေၾကာင္းအရာႏွင္႔ ပတ္သက္၍ သေဘၤာကပၸတိန္ႏွင္႔ က်ေနာ္ စကားေျပာျဖစ္ပါသည္။ သူငယ္စဥ္အခ်ိန္က ေနခဲ႔ေသာ ပါကစၥတန္တြင္လည္း ႏွစ္ေပါင္း ၅၀၀၀ သက္တမ္းရိွ ၿမိဳ႕ပ်က္ႏွစ္ခုကို ရွာေဖြေတြ ရိွသည္ဟု ေျပာပါသည္။ ထူးျခားမႈကား ၿမိဳ႕တည္ေဆာက္မႈသည္ ယေန႔ေခတ္ၿမိဳ႕ေတာ္မ်ားကဲ႔သို႔ ေခတ္မွီသည္။ မိလႅာစနစ္အတြက္ ေျမာင္းကို စနစ္တက် ေဖါက္ထားပါသည္ ။ ကၽြန္ေတာ္တို႔ ျမန္မာႏိုင္ငံ ရိွသေရေခတၱာၿမိဳ႕ေဟာင္းသည္ မည္သို႔ တည္ေဆာက္ထားသလဲ အဆင္သင္႔လွ်င္ေတာ႔ သြားေရာက္၍ ေလ႔လာသင္႔ေပသည္။

တာဝန်ရှိခြင်း နှင့် တာဝန်သိခြင်း

SMS ( Safety Management System ) ဆိုရင် သင်္ဘောသားတွေ တရင်းတနှီး သိကြပါလိမ့်မယ်။ အဲဒီစာအုပ်ထူကြီးထဲမှာ သင်္ဘောပေါ်ရှိ ရာထူးတိုင်းအတွက် တာဝန်ဝတ္တရားနှင့် တာဝန်ရှိခြင်း ( Duty & Responsibility ) ကို ရေးထားပါသည်။

        သင်္ဘောသားတစ်ဦးစီရဲ့ ကိုယ်ပိုင်တာဝန်များနှင့် တာဝန်ရှိသောအလုပ်များကို စနစ်တကျ မှားယွင်းမှုမရှိရအောင် ရေးထားပါသည်။ ဒီလို ရေးဆွဲပြဌာန်းထားခြင်းကို သင်္ဘောပေါ်တွင် သာမက ကုန်းပေါ်ရှိကုမ္ပဏီများတွင်လည်း ပြုလုပ်ထား တတ်ကြပါသည်။ မိမိတာဝန်ရှိသောအလုပ်အကိုင်ကို ပြဌာန်းထားခြင်းကြောင့် တာဝန်နှင့် ဆိုင်သောအမှားများ နည်းပါးစေရန်ဖြစ်ပါသည်။ 

        တာဝန်ရှိသော ဘောင်ကိုကျော်၍ လုပ်ကိုင်ခြင်း၊ တာဝန်ရှိသည်ကို မသိကျိုးနွံပြုပြီး ရှောင်ဖယ်ခြင်း မရှိစေရန်ဖြစ်သည်။ Duty & Responsibility ကို ပြဌာန်းခြင်းကို management ပြုလုပ်သော ပင်မကုမ္ပဏီမှ ရေးဆွဲခြင်းဖြစ်သည်။
        အထက်မှ အလုပ်သမားများ လုပ်ကိုင်ရန်အတွက် ပြဌာန်ထားသော တာဝန်၊ ဝတ္တရားကို Duty & Responsibility ဟုခေါ်ပါသည်။

        ထို့ပြင် အခြားစိတ်ဝင်စားစရာကောင်းသော စကားလုံးတစ်ခု ရှိပါသေးသည်။ Accountability - တာဝန်သိခြင်း ဖြစ်ပါသည်။ မိမိလက်ခံကျင့်သုံးသော ကျင့်ဝတ်အရ မိမိလုပ်ကိုင်သင့်သောတာဝန်ဝတ္တရားကို မိမိစိတ်တွင်းမှသိခြင်းကို ဆိုလိုပါသည်။ အထက်လူကြီးများမှ ခိုင်းစေသောတာဝန် မဟုတ်ပါ။ မိမိကိုယ်တိုင်သိ၍ လုပ်ကိုင်ခြင်း၊ တာဝန်ယူခြင်း စသည့်အဓိပ္ပါယ်များ ပါဝင်ပါသည်။

        မိမိ၏တာဝန်ကို သိထားဖို့ ပထမဆုံး အရေးကြီးပါသည်။ ထို့ထက်ပို့၍ တာဝန်ကို ကိုယ်ပိုင်သိစိတ်ဖြင့် လုပ်ကိုင်ခြင်း၊ လုံခြုံဘေးကင်းရေးအတွက် တာဝန်သိမှုဖြင့် ကြိုတင်ကာကွယ်ခြင်း အစရှိသည့် ကျင့်ဝတ်ပိုင်းဆိုင်ရာ အဆင့် အထိမြှင့်တင်သွားရန် လိုအပ်ပါသည်။

        ကျနော့်အတွေ့အကြုံအရ တာဝန်သိစိတ်ရှိသော သင်္ဘောသားတစ်ဦးသည် လုပ်ငန်းခွင်တွင် အောက်ငယ်သား၊ အထက်လူကြီး တို့နှင့် အဆင်ပြေလေ့ရှိပြီး၊ ထိုသူ့ကို လုပ်ငန်းခွင်အတွင်း အားကိုးတကြီး ရှိတတ်ကြပါသည်။ 

        မည်သို့သေးငယ်သောအလုပ်မဆို ငါနှင့်မဆိုင်၊ ဟိုဒီလွှဲချတတ်သူများနှင့် တွဲ၍ဆက်ဆံလုပ်ကိုင်ရသူများမှာ အလွန်စိတ်မချမ်းသာစရာကောင်းလှပါသည်။
        တာဝန်ကို သိသောလူအဆင့်မှ တာဝန်ကို မိမိဘာသာသိသောလူ အဆင့်သို့ တဖြေးဖြေး မြှင့်တင်သွားနိုင်ကြပါစေဟု ဆုတောင်းရင်း….
လေးစားလျှက်
အလင်းသစ်

( Zawgyi )

SMS ( Safety Management System ) ဆိုရင္ သေဘၤာသားေတြ တရင္းတႏွီး သိၾကပါလိမ္႔မယ္။ အဲဒီစာအုပ္ထူႀကီးထဲမွာ သေဘၤာေပၚရိွ ရာထူးတိုင္းအတြက္ တာဝန္ဝတၱရားႏွင္႔ တာဝန္ရိွျခင္း ( Duty & Responsibility ) ကို ေရးထားပါသည္။

        သေဘၤာသားတစ္ဦးစီရဲ႕ ကိုယ္ပိုင္တာဝန္မ်ားႏွင္႔ တာဝန္ရိွေသာအလုပ္မ်ားကို စနစ္တက် မွားယြင္းမႈမရိွရေအာင္ ေရးထားပါသည္။ ဒီလို ေရးဆြဲျပဌာန္းထားျခင္းကို သေဘၤာေပၚတြင္ သာမက ကုန္းေပၚရိွကုမၸဏီမ်ားတြင္လည္း ျပဳလုပ္ထား တတ္ၾကပါသည္။ မိမိတာဝန္ရိွေသာအလုပ္အကိုင္ကို ျပဌာန္းထားျခင္းေၾကာင္႔ တာဝန္ႏွင္႔ ဆိုင္ေသာအမွားမ်ား နည္းပါးေစရန္ျဖစ္ပါသည္။ 

        တာဝန္ရိွေသာ ေဘာင္ကိုေက်ာ္၍ လုပ္ကိုင္ျခင္း၊ တာဝန္ရိွသည္ကို မသိက်ဳိးႏြံျပဳၿပီး ေရွာင္ဖယ္ျခင္း မရိွေစရန္ျဖစ္သည္။ Duty & Responsibility ကို ျပဌာန္းျခင္းကို management ျပဳလုပ္ေသာ ပင္မကုမၸဏီမွ ေရးဆြဲျခင္းျဖစ္သည္။
        အထက္မွ အလုပ္သမားမ်ား လုပ္ကိုင္ရန္အတြက္ ျပဌာန္ထားေသာ တာဝန္၊ ဝတၱရားကို Duty & Responsibility ဟုေခၚပါသည္။

        ထို႔ျပင္ အျခားစိတ္ဝင္စားစရာေကာင္းေသာ စကားလုံးတစ္ခု ရိွပါေသးသည္။ Accountability - တာဝန္သိျခင္း ျဖစ္ပါသည္။ မိမိလက္ခံက်င္႔သုံးေသာ က်င္႔ဝတ္အရ မိမိလုပ္ကိုင္သင္႔ေသာတာဝန္ဝတၱရားကို မိမိစိတ္တြင္းမွသိျခင္းကို ဆိုလိုပါသည္။ အထက္လူႀကီးမ်ားမွ ခိုင္းေစေသာတာဝန္ မဟုတ္ပါ။ မိမိကိုယ္တိုင္သိ၍ လုပ္ကိုင္ျခင္း၊ တာဝန္ယူျခင္း စသည္႔အဓိပၸါယ္မ်ား ပါဝင္ပါသည္။

        မိမိ၏တာဝန္ကို သိထားဖို႔ ပထမဆုံး အေရးႀကီးပါသည္။ ထို႔ထက္ပို႔၍ တာဝန္ကို ကိုယ္ပိုင္သိစိတ္ျဖင္႔ လုပ္ကိုင္ျခင္း၊ လုံၿခံဳေဘးကင္းေရးအတြက္ တာဝန္သိမႈျဖင္႔ ႀကိဳတင္ကာကြယ္ျခင္း အစရိွသည္႔ က်င္႔ဝတ္ပိုင္းဆိုင္ရာ အဆင္႔ အထိျမွင္႔တင္သြားရန္ လိုအပ္ပါသည္။

        က်ေနာ္႔အေတြ႔အႀကံဳအရ တာဝန္သိစိတ္ရိွေသာ သေဘၤာသားတစ္ဦးသည္ လုပ္ငန္းခြင္တြင္ ေအာက္ငယ္သား၊ အထက္လူႀကီး တို႔ႏွင္႔ အဆင္ေျပေလ႔ရိွၿပီး၊ ထိုသူ႔ကို လုပ္ငန္းခြင္အတြင္း အားကိုးတႀကီး ရိွတတ္ၾကပါသည္။ 

        မည္သို႔ေသးငယ္ေသာအလုပ္မဆို ငါႏွင္႔မဆိုင္၊ ဟိုဒီလႊဲခ်တတ္သူမ်ားႏွင္႔ တြဲ၍ဆက္ဆံလုပ္ကိုင္ရသူမ်ားမွာ အလြန္စိတ္မခ်မ္းသာစရာေကာင္းလွပါသည္။
        တာဝန္ကို သိေသာလူအဆင္႔မွ တာဝန္ကို မိမိဘာသာသိေသာလူ အဆင္႔သို႔ တေျဖးေျဖး ျမွင္႔တင္သြားႏိုင္ၾကပါေစဟု ဆုေတာင္းရင္း….
ေလးစားလွ်က္
အလင္းသစ္

Wednesday, April 15, 2015

ပိရမစ်များဆီသို့ အလည်တစ်ခေါက် ( ၂ )

 နာမည်ကျော် စဖင့်ရုပ်ထုကြီးသည်လည်း ထိုပိရမစ်၂ခု ၏ အနီးအနားတွင် တည်ရှိသည်ဟု တိုးဂိုက်က ရှင်းပြပါသည်။ ပိရမစ်များရှိရာ ကို အသွားတွင် ခြံဝန်းသဖွယ် နံရံတစ်ခု နားဆီသို့ အရောက်တွင် ကားကို ရပ်လိုက်ပြီးနောက်၊ ရောက်ရှိပြီ ဖြစ်ကြောင်း ပြောလိုက်ပါ သည်။ ကားနှင့် မလှမ်းမကမ်း နံရံဘေးတွင် ကုလားအုတ်နှင့် မြင်းများ ကိုတွေ့ရပါတော့သည်။ မိမိတို့ရောက်ရှိသော အချိန်သည် နေ့လည် ၂ နာရီ ခန့် ဖြစ်သော်လည်း အလွန်အမင်း မပူပြင်းလှပါ။ ရန်ကုန်တွင် နေ့လည် ထိုအချိန်လောက် ဦးခေါင်းပေါ်တွင် အကာမရှိပဲ ထွက်ပါက ခဏအတွင်းပင် ခေါင်းကိုက်နိုင်ပါသည်။ မိမိတို့ ရောက်ရှိနေသည့်အချိန် ရှိ ရာသီဥတု နှင့်လည်း သက်ဆိုင် ပါလိမ့်မည်။ 

      တိုးဂိုက်က ကုလားအုတ်များဆီ သို့ ခေါ်လာခြင်းသည် မိမိတို့ကို ပိရမစ်များဆီသို့ ကုလားအုတ်များ စီးကာ လည့်လည်ကြည့်ရှုရန် ဖြစ်ပါသည်။ တိုးဂိုက်က ကုလားအုတ်ငှားခကို အကြမ်းဖြင်းပြောပြထားသော်လည်း အသေးစိတ် ဈေးနှုန်းကို မူ ကုလားအုတ် ပိုင်ရှင် နှင့်သာ တိုက်ရိုက် စကားပြောကြပါ။ သူ ကြားဝင်၍ ပြောကြားခြင်း မပြုလိုပါ။ ထိုကုလားအုတ်ငှားခ အပေါ်မှ မည်သည့်တန်ကြေးကိုမျှ သူ ရယူလိုခြင်း မရှိပါ။ ထိုကြောင့် ဈေးစကား ပြောကြပါသည်။

         ပိုင်ရှင်က ခရီးတိုနှင့် ခရီးရှည် နှစ်မျိုးရှိကြောင်း ၊ ခရီးတိုကို ဒေါ်လာ ၂၅၊ ခရီးရှည် ကို ဒေါ်လာ ၄၀ ယူသည့် အကြောင်းပြောပါသည်။ မိမိတို့ က ခရီးရှည်ဖြင့် သွားလိုပါသည် ။သို့သော် ပေးနိုင်သော ငွေကြေးမှာ ဒေါ်လာ ၂၅ သာ ဖြစ်သဖြင့် ရမည်လားဟု မေးကာဈေးဆစ်ကြပါသည်။ နောက်ဆုံးတွင် ခရီးရှည် အတွက် ဒေါ်လာ ၂၅ ဖြင့် ဈေးတည့် ပါသည်။ ဈေးတည့်သော အခါ ငွေ ကို လက်ငင်း ရှင်းပေးရန် တောင်းဆိုပါသည်။ ထိုကြောင့် ငွေကို ရှင်းပေးလိုက်ပြီးသောအခါ ကုလားအုတ်ပေါ်သို့ တက်ကြရန် ပြောပါသည်။ 

     မိမိတို့လူဦးရေမှာ ၈ ယောက် ဖြစ်သောကြောင့် ကုလားအုတ်တစ်ကောင်ကို လူ ၂ယောက် တက်၍ ၊ကုလားအုတ် ၃ ကောင် ၊ မြင်း ၂ ကောင် ဖြင့် ထွက်ခွါခဲ့ပါသည်။ ကုလားအုတ်အပေါ်သို့ တက်ထိုင်ပြီးသော အခါ ပိတ်စတစ်စ နှင့် သားရေစီးလေးများ ဖြင့် လူတိုင်း ခေါင်းပေါ် သို့ လာဆောင်းပေးပါသည်။ မိမိတို့လည်း သွားရမည့် ခရီးသည် နေပူသောကြောင့် လာပေးခြင်း ဟု ထင်မိပါသည်။ ကုလားအုတ်သည် ဝပ်၍ ထိုင်နေသော အခါ ၊ လူသည် ကျောကုန်းရှိ ဘုကြားသို့ တက်ထိုင်ရပါသည်။ ထိုင်ပြီးသောအခါ ကုလားအုတ်ကို မတ်တပ်ရပ်ရန် အချက်ပေးပါသည်။ 

       ကုလားအုတ်သည် ထလိုက်သောအခါ ကျောပေါ်ရှိလူများသည် ရှေ့တိုးလိုက် နောက်လန် သွားလိုက်ဖြစ်ပါသည်။ ကုလားအုတ်ပေါ်တက်ပြီးသော အခါ ထို ကုလားအုတ် ၃ ကောင် နှင့် မြင်း ၂ ကောင် ကို ထိန်းသိမ်းရန် ၊ အဖေါ် လူတစ်ယောက်သည် မြင်းစီး ၍ လိုက်လာပါသည်။ လမ်းကြားတစ်ခုမှ ဖြတ်လာရင်း တစ်နေရာ တွင် ရပ်လိုက်ပါသည်။ ထိုအခါ ကုလားအုတ်များကို ဆွဲလာသော လူငယ်က မိမိတို့ ကို ပေးဆောင်းသော ခေါင်းဆောင်းများ အတွက် အခကြေးငွေ တောင်းပါသည်။

         ခေါင်းဆောင်းတစ်ခု လျှင် ၂ ဒေါ်လာပေးရမည်ဟု တောင်းပါသည်။ မိမိတို့က ထိုခရီးအတွက် အခမဲ့ပေးသည် ဟုထင်ကြောင်း ပြောသည်။ ထိုအခါ လူငယ်က အခမဲ့မဟုတ်ပါ။ ပိုက်ဆံပေးရမည် ဟု တောင်းပါသည်။ မိမိတို့က မိမိတို့ ဆောင်းရန် တောင်းဆိုခြင်း မဟုတ်၊ ကုလားအုတ် ပိုင်ရှင်က လာဆောင်းပေးခြင်း ကြောင့် လက်ခံ လိုက်ခြင်း ဖြစ်၍ ပိုက်ဆံ မပေးနိုင်ပါဟု ပြန်လည် တောင်းဆိုပါသည်။ ထိုလူငယ်က ပိုက်ဆံ မပေးလျှင် ခေါင်းဆောင်း ကို ပြန်ပေးပါ လို့ တောင်းဆိုသောကြောင့် ပြန်ပေးလိုက်ပါသည်။ 

          အကယ်၍ သာ ထိုသို့ မလိမ့်တပတ် မဟုတ်ပဲ၊ ကုလားအုတ်ပေါ် မတက်ခင်တွင် လာရောက် ရောင်းချခြင်း မျိုး ဖြစ် ပါက ၊လူ အကုန်လုံး မဟုတ်တောင် လူ အချို့ က သင့်တင့်သော ဈေးနှုန်းနှင့် ဝယ်မည် ဖြစ်သည်။ ထို့သို့ လုပ်လိုက်သောကြောင့် မည်သူမျှ မဝယ်လိုက်တော့ပါ။ 

        အမှန်တကယ်ကတော့ ပိရမစ်ဆီသို့ သွားသောလမ်းသည် ဖြောင့်နေသော်လည်း တည့်တည့် မသွားပဲ လမ်းကြားမှ ပတ်သွားသော ရည်ရွယ်ချက်သည် ထိုခေါင်းဆောင်း အတွက် ပိုက်ဆံတောင်းရန်သာ ဖြစ်ကြောင်း သဘောပေါက်ပါတော့သည်။ ပိရမစ်များတည်ရှိသော နေရာသည် ကုန်းပြင်မြင့်တစ်ခု ဖြစ်သည်။ ထို ကုန်းပြင်မြင့် နှင့် သဲကန္တာရ သည် တဆက်တည်းဖြစ်ပြီး၊ ဆာဟာရ သဲကန္တာရ နှင့် ဆက်သွားပါသည် ဟု တိုးဂိုက်က ရှင်းပြပါသည်။ ပိရမစ်အကြီး ၂ ခု နှင့် အသေးတစ်ခု တို့သည် ထိုနေရာတွင် တည်ရှိသည်။ ထိုနေရာရှိ ပိရမစ်သည် အကြီးဆုံးဖြစ်ကာ ၁၄၀၀ မီတာကျော် မြင့်သည် ဟု ဆိုပါသည်။ ပိရမစ် ၂ ခုသည် အတူတူလို ရှိသော်လည်း တစ်ခုမှာ တောင်ကုန်းပေါ်တွင် တည်ထားသောကြောင့် အခြားတစ်ခု နှင့် အတူတူလို ဖြစ်ရပါသည် ဟု ဆိုသည်။ 

         အနီးသို့ ရောက်သွားသော အခါ ထိုကဲ့သို့ ကျောက်တုံးအကြီးကြီးများကို ပိရမစ် ပုံစံတည်ဆောက်ရန် ဆိုလျှင် ယနေ့ခေတ် နည်းပညာ နှင့်ပင် အတော်တည်ဆောက်ရမည်။ ထို့ကြောင့် လွန်ခဲ့သော နှစ် ၅၀၀၀ ကျော်က တစ်တုံးလျှင် ၂ တန်ခန့် လေးသော ကျောက်တုံးမှာ တစ်နေရာမှ တစ်နေရာ ရွေ့ရန်ပင် တော်တော်အားထုတ်ရမည်။
( Zawgyi )

       နာမည္ေက်ာ္ စဖင္႔ရုပ္ထုႀကီးသည္လည္း ထိုပိရမစ္၂ခု ၏ အနီးအနားတြင္ တည္ရိွသည္ဟု တိုးဂိုက္က ရွင္းျပပါသည္။ ပိရမစ္မ်ားရိွရာ ကို အသြားတြင္ ျခံဝန္းသဖြယ္ နံရံတစ္ခု နားဆီသို႔ အေရာက္တြင္ ကားကို ရပ္လိုက္ၿပီးေနာက္၊ ေရာက္ရိွၿပီ ျဖစ္ေၾကာင္း ေျပာလိုက္ပါ သည္။ ကားႏွင္႔ မလွမ္းမကမ္း နံရံေဘးတြင္ ကုလားအုတ္ႏွင္႔ ျမင္းမ်ား ကိုေတြ႔ရပါေတာ႔သည္။ မိမိတို႔ေရာက္ရိွေသာ အခ်ိန္သည္ ေန႔လည္ ၂ နာရီ ခန္႔ ျဖစ္ေသာ္လည္း အလြန္အမင္း မပူျပင္းလွပါ။ ရန္ကုန္တြင္ ေန႔လည္ ထုိအခ်ိန္ေလာက္ ဦးေခါင္းေပၚတြင္ အကာမရိွပဲ ထြက္ပါက ခဏအတြင္းပင္ ေခါင္းကိုက္ႏိုင္ပါသည္။ မိမိတို႔ ေရာက္ရိွေနသည္႔အခ်ိန္ ရိွ ရာသီဥတု ႏွင္႔လည္း သက္ဆိုင္ ပါလိမ္႔မည္။ 

      တိုးဂိုက္က ကုလားအုတ္မ်ားဆီ သို႔ ေခၚလာျခင္းသည္ မိမိတို႔ကို ပိရမစ္မ်ားဆီသို႔ ကုလားအုတ္မ်ား စီးကာ လည္႔လည္ၾကည္႔ရွုရန္ ျဖစ္ပါသည္။ တိုးဂိုက္က ကုလားအုတ္ငွားခကို အၾကမ္းျဖင္းေျပာျပထားေသာ္လည္း အေသးစိတ္ ေစ်းႏွုန္းကို မူ ကုလားအုတ္ ပိုင္ရွင္ ႏွင္႔သာ တိုက္ရိုက္ စကားေျပာၾကပါ။ သူ ၾကားဝင္၍ ေျပာၾကားျခင္း မျပဳလိုပါ။ ထိုကုလားအုတ္ငွားခ အေပၚမွ မည္သည္႔တန္ေၾကးကိုမွ် သူ ရယူလိုျခင္း မရိွပါ။ ထိုေၾကာင္႔ ေစ်းစကား ေျပာၾကပါသည္။

         ပိုင္ရွင္က ခရီးတိုႏွင္႔ ခရီးရွည္ ႏွစ္မ်ိဳးရိွေၾကာင္း ၊ ခရီးတိုကို ေဒၚလာ ၂၅၊ ခရီးရွည္ ကို ေဒၚလာ ၄၀ ယူသည္႔ အေၾကာင္းေျပာပါသည္။ မိမိတို႔ က ခရီးရွည္ျဖင္႔ သြားလိုပါသည္ ။သို႔ေသာ္ ေပးႏိုင္ေသာ ေငြေၾကးမွာ ေဒၚလာ ၂၅ သာ ျဖစ္သျဖင္႔ ရမည္လားဟု ေမးကာေစ်းဆစ္ၾကပါသည္။ ေနာက္ဆံုးတြင္ ခရီးရွည္ အတြက္ ေဒၚလာ ၂၅ ျဖင္႔ ေစ်းတည္႔ ပါသည္။ ေစ်းတည္႔ေသာ အခါ ေငြ ကို လက္ငင္း ရွင္းေပးရန္ ေတာင္းဆိုပါသည္။ ထိုေၾကာင္႔ ေငြကို ရွင္းေပးလိုက္ၿပီးေသာအခါ ကုလားအုတ္္ေပၚသို႔ တက္ၾကရန္ ေျပာပါသည္။ 

     မိမိတို႔လူဦးေရမွာ ၈ ေယာက္ ျဖစ္ေသာေၾကာင္႔ ကုလားအုတ္တစ္ေကာင္ကို လူ ၂ေယာက္ တက္၍ ၊ကုလားအုတ္ ၃ ေကာင္ ၊ ျမင္း ၂ ေကာင္ ျဖင္႔ ထြက္ခြါခဲ႔ပါသည္။ ကုလားအုတ္အေပၚသို႔ တက္ထိုင္ၿပီးေသာ အခါ ပိတ္စတစ္စ ႏွင္႔ သားေရစီးေလးမ်ား ျဖင္႔ လူတိုင္း ေခါင္းေပၚ သို႔ လာေဆာင္းေပးပါသည္။ မိမိတို႔လည္း သြားရမည္႔ ခရီးသည္ ေနပူေသာေၾကာင္႔ လာေပးျခင္း ဟု ထင္မိပါသည္။ ကုလားအုတ္သည္ ဝပ္၍ ထိုင္ေနေသာ အခါ ၊ လူသည္ ေက်ာကုန္းရိွ ဘုၾကားသို႔ တက္ထိုင္ရပါသည္။ ထိုင္ၿပီးေသာအခါ ကုလားအုတ္ကို မတ္တပ္ရပ္ရန္ အခ်က္ေပးပါသည္။ 

       ကုလားအုတ္သည္ ထလိုက္ေသာအခါ ေက်ာေပၚရိွလူမ်ားသည္ ေရွ႕တိုးလိုက္ ေနာက္လန္ သြားလိုက္ျဖစ္ပါသည္။ ကုလားအုတ္ေပၚတက္ၿပီးေသာ အခါ ထို ကုလားအုတ္ ၃ ေကာင္ ႏွင္႔ ျမင္း ၂ ေကာင္ ကို ထိန္းသိမ္းရန္ ၊ အေဖၚ လူတစ္ေယာက္သည္ ျမင္းစီး ၍ လိုက္လာပါသည္။ လမ္းၾကားတစ္ခုမွ ျဖတ္လာရင္း တစ္ေနရာ တြင္ ရပ္လိုက္ပါသည္။ ထိုအခါ ကုလားအုတ္မ်ားကို ဆြဲလာေသာ လူငယ္က မိမိတို႔ ကို ေပးေဆာင္းေသာ ေခါင္းေဆာင္းမ်ား အတြက္ အခေၾကးေငြ ေတာင္းပါသည္။

         ေခါင္းေဆာင္းတစ္ခု လွ်င္ ၂ ေဒၚလာေပးရမည္ဟု ေတာင္းပါသည္။ မိမိတို႔က ထိုခရီးအတြက္ အခမဲ႔ေပးသည္ ဟုထင္ေၾကာင္း ေျပာသည္။ ထိုအခါ လူငယ္က အခမဲ႔မဟုတ္ပါ။ ပိုက္ဆံေပးရမည္ ဟု ေတာင္းပါသည္။ မိမိတို႔က မိမိတို႔ ေဆာင္းရန္ ေတာင္းဆိုျခင္း မဟုတ္၊ ကုလားအုတ္ ပိုင္ရွင္က လာေဆာင္းေပးျခင္း ေၾကာင္႔ လက္ခံ လုိက္ျခင္း ျဖစ္၍ ပိုက္ဆံ မေပးႏိုင္ပါဟု ျပန္လည္ ေတာင္းဆိုပါသည္။ ထိုလူငယ္က ပိုက္ဆံ မေပးလွ်င္ ေခါင္းေဆာင္း ကို ျပန္ေပးပါ လို႔ ေတာင္းဆိုေသာေၾကာင္႔ ျပန္ေပးလိုက္ပါသည္။ 

          အကယ္၍ သာ ထိုသို႔ မလိမ္႔တပတ္ မဟုတ္ပဲ၊ ကုလားအုတ္ေပၚ မတက္ခင္တြင္ လာေရာက္ ေရာင္းခ်ျခင္း မ်ိဳး ျဖစ္ ပါက ၊လူ အကုန္လံုး မဟုတ္ေတာင္ လူ အခ်ိဳ႕ က သင္႔တင္႔ေသာ ေစ်းႏႈန္းႏွင္႔ ဝယ္မည္ ျဖစ္သည္။ ထို႔သို႔ လုပ္လိုက္ေသာေၾကာင္႔ မည္သူမွ် မဝယ္လိုက္ေတာ႔ပါ။ 

     အမွန္တကယ္ကေတာ႔ ပိရမစ္ဆီသို႔ သြားေသာလမ္းသည္ ေျဖာင္႔ေနေသာ္လည္း တည္႔တည္႔ မသြားပဲ လမ္းၾကားမွ ပတ္သြားေသာ ရည္ရြယ္ခ်က္သည္ ထိုေခါင္းေဆာင္း အတြက္ ပိုက္ဆံေတာင္းရန္သာ ျဖစ္ေၾကာင္း သေဘာေပါက္ပါေတာ႔သည္။ ပိရမစ္မ်ားတည္ရိွေသာ ေနရာသည္ ကုန္းျပင္ျမင္႔တစ္ခု ျဖစ္သည္။ ထို ကုန္းျပင္ျမင္႔ ႏွင္႔ သဲကႏၱာရ သည္ တဆက္တည္းျဖစ္ၿပီး၊ ဆာဟာရ သဲကႏၱာရ ႏွင္႔ ဆက္သြားပါသည္ ဟု တိုးဂိုက္က ရွင္းျပပါသည္။ ပိရမစ္အႀကီး ၂ ခု ႏွင္႔ အေသးတစ္ခု တို႔သည္ ထိုေနရာတြင္ တည္ရိွသည္။ ထိုေနရာရိွ ပိရမစ္သည္ အႀကီးဆံုးျဖစ္ကာ ၁၄၀၀ မီတာေက်ာ္ ျမင္႔သည္ ဟု ဆိုပါသည္။ ပိရမစ္ ၂ ခုသည္ အတူတူလို ရိွေသာ္လည္း တစ္ခုမွာ ေတာင္ကုန္းေပၚတြင္ တည္ထားေသာေၾကာင္႔ အျခားတစ္ခု ႏွင္႔ အတူတူလို ျဖစ္ရပါသည္ ဟု ဆိုသည္။ 

         အနီးသို႔ ေရာက္သြားေသာ အခါ ထိုကဲ႔သို႔ ေက်ာက္တံုးအႀကီးႀကီးမ်ားကို ပိရမစ္ ပံုစံတည္ေဆာက္ရန္ ဆိုလွ်င္ ယေန႔ေခတ္ နည္းပညာ ႏွင္႔ပင္ အေတာ္တည္ေဆာက္ရမည္။ ထို႔ေၾကာင္႔ လြန္ခဲ႔ေသာ ႏွစ္ ၅၀၀၀ ေက်ာ္က တစ္တုံးလွ်င္ ၂ တန္ခန္႔ ေလးေသာ ေက်ာက္တုံးမွာ တစ္ေနရာမွ တစ္ေနရာ ေရြ႕ရန္ပင္ ေတာ္ေတာ္အားထုတ္ရမည္။