Thursday, October 1, 2015

ဖြည်းဖြည်းချင်းပါကွယ်….


                    မိုးရွာနေစဉ် လှေကားထစ်မှာ ထိုင်ပြီး အိမ်ရှေ့က ရေတိုင်ကီကို ကြည့်ဖူးပါလိမ့်မယ်။ မိုးရေစက်လေးတွေ တဖြည်းဖြည်း ဖြည့်သွားတော့ တချိန်မှာ လျှံကျသွားတာပါပဲ..။
      ခပ်ငယ်ငယ်တုန်းက ဆရာဖေမြင့် ဘာသာပြန်ထားတဲ့ နှလုံးသားအာဟာရ စာအုပ်တွဲလေးတွေ ဖတ်ဖူးတယ်။ အဲဒီအထဲက အပုဒ်လေးတစ်ပုဒ်မှာ ဒီလို ရေးထားတယ်။
      အသက် ၂၀ အရွယ်လောက်မှာ သူ့ဘဝမှာ ရောက်ဖူးချင်တဲ့နေရာတွေကို အမှတ်စဉ်ထိုးပြီး ချရေးထားသတဲ့..
     အသက် ၆၀ အရွယ်ရောက်လို့ စာရင်းကို ပြန်စစ်ဆေးကြည့်တဲ့အခါ… ၇၅ ရာခိုင်နှုန်း လောက်ကို ဖြည့်ဆည်းခဲ့ပြီးပါပြီတဲ့…
     ရည်မှန်းချက်ချပါ…
     ဘာပဲဖြစ်ဖြစ် အိပ်မက်တွေကို လက်တွေ့အကောင်အထည် ဖော်ပါ..
     မင်းရဲ့ ရင်ထဲမှာ ငယ်အိပ်မက်တွေ နိုးနေအောင် နိုးထားလိုက်စမ်းပါ..
     တဖြည်းဖြည်းချင်း ဖြစ်သွားပါလိမ့်မယ်…
     အိုး…
အောင်မြင်မှု၊ ရှုံးနိမ့်မှုတွေဟာ နေ့ချင်း၊ ညချင်း ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး..
အောင်မြင်စေတဲ့ အမူအကျင့်တွေ ဖြည့်ဆည်းမှုတွေကို တစ်ခုပြီး တစ်ခု ဖြည့်ဆည်းလို့ အောင်မြင်ခြင်းတွေ ဖြစ်ပေါ်လာတာ..
ထို့အတူ ကျဆုံးစေမယ့် အမူအကျင့်တွေကို သတိမထား တနေ့တခြားများများ လာစေလို့ ကျဆုံးသွားတာ…
အဲဒါကြောင့် ဘယ်အမူကိစ္စကို ဖြစ်ဖြစ် ကိုယ်တိုင်သတိမထားခဲ့ရင် ကျဆုံးမှုတွေ မတိုးတက်မှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် မိမိတို့ရဲ့ဘဝလမ်းကြောင်းကို အမြဲသတိထား သုံးသပ်နေဖို့ လိုအပ်ပါတယ်…
         အောင်မြင်သူတွေရဲ့ အောင်မြင်မှု၊ အောင်မြင်ချိန်ကိုသာ ရှုမြင်ပြီး အားကျတတ်ခြင်းဟာ လူ့သဘာဝပါ..
        တောင်ပေါ်ကို တလှမ်းချင်းတက်နေသူတွေ တွေ့အောင်ရှာပြီး… အားအင်စိုက်ထုတ် ဖြည့်ဆည်းခြင်းကို မြင်အောင် ကြည့်ပါ…
       မိမိရဲ့ဘဝလှမ်းခရီးကို အမြဲသုံးသပ်တည့်မတ်ပါ…
       ဖြည့်ဆည်းပါ..
       တချိန်ကျရင် သင့်ရဲ့အောင်မြင်မှုကို လက်ဝယ်ပိုင်ဆိုင်နိုင်ပါလိမ့်မယ်….
( တွေးမိသမျှ ရေးသားခြင်းပါ။ )
လေးစားလျှက်
အလင်းသစ်



( Zawgyi ) 
မိုးရြာေနစဥ္ ေလွကားထစ္မွာ ထိုင္ၿပီး အိမ္ေရွ႕က ေရတိုင္ကီကို ၾကည္႔ဖူးပါလိမ္႔မယ္။ မိုးေရစက္ေလးေတြ တျဖည္းျဖည္း ျဖည္႔သြားေတာ႔ တခ်ိန္မွာ လွ်ံက်သြားတာပါပဲ..။
      ခပ္ငယ္ငယ္တုန္းက ဆရာေဖျမင္႔ ဘာသာျပန္ထားတဲ႔ ႏွလုံးသားအာဟာရ စာအုပ္တြဲေလးေတြ ဖတ္ဖူးတယ္။ အဲဒီအထဲက အပုဒ္ေလးတစ္ပုဒ္မွာ ဒီလို ေရးထားတယ္။
      အသက္ ၂၀ အရြယ္ေလာက္မွာ သူ႔ဘဝမွာ ေရာက္ဖူးခ်င္တဲ႔ေနရာေတြကို အမွတ္စဥ္ထိုးၿပီး ခ်ေရးထားသတဲ႔..
     အသက္ ၆၀ အရြယ္ေရာက္လို႔ စာရင္းကို ျပန္စစ္ေဆးၾကည္႔တဲ႔အခါ… ၇၅ ရာခိုင္ႏႈန္း ေလာက္ကို ျဖည္႔ဆည္းခဲ႔ၿပီးပါၿပီတဲ႔…
     ရည္မွန္းခ်က္ခ်ပါ…
     ဘာပဲျဖစ္ျဖစ္ အိပ္မက္ေတြကို လက္ေတြ႔အေကာင္အထည္ ေဖာ္ပါ..
     မင္းရဲ႕ ရင္ထဲမွာ ငယ္အိပ္မက္ေတြ ႏိုးေနေအာင္ ႏိုးထားလိုက္စမ္းပါ..
     တျဖည္းျဖည္းခ်င္း ျဖစ္သြားပါလိမ္႔မယ္…
     အိုး…
ေအာင္ျမင္မႈ၊ ရႈံးနိမ္႔မႈေတြဟာ ေန႔ခ်င္း၊ ညခ်င္း ျဖစ္ေပၚလာတာ မဟုတ္ပါဘူး..
ေအာင္ျမင္ေစတဲ႔ အမူအက်င္႔ေတြ ျဖည္႔ဆည္းမႈေတြကို တစ္ခုၿပီး တစ္ခု ျဖည္႔ဆည္းလို႔ ေအာင္ျမင္ျခင္းေတြ ျဖစ္ေပၚလာတာ..
ထို႔အတူ က်ဆုံးေစမယ္႔ အမူအက်င္႔ေတြကို သတိမထား တေန႔တျခားမ်ားမ်ား လာေစလို႔ က်ဆုံးသြားတာ…
အဲဒါေၾကာင္႔ ဘယ္အမူကိစၥကို ျဖစ္ျဖစ္ ကိုယ္တိုင္သတိမထားခဲ႔ရင္ က်ဆုံးမႈေတြ မတိုးတက္မႈေတြ ျဖစ္ေပၚလာႏိုင္တာေၾကာင္႔ မိမိတို႔ရဲ႕ဘဝလမ္းေၾကာင္းကို အၿမဲသတိထား သုံးသပ္ေနဖို႔ လိုအပ္ပါတယ္…
         ေအာင္ျမင္သူေတြရဲ႕ ေအာင္ျမင္မႈ၊ ေအာင္ျမင္ခ်ိန္ကိုသာ ရႈျမင္ၿပီး အားက်တတ္ျခင္းဟာ လူ႔သဘာဝပါ..
        ေတာင္ေပၚကို တလွမ္းခ်င္းတက္ေနသူေတြ ေတြ႔ေအာင္ရွာၿပီး… အားအင္စိုက္ထုတ္ ျဖည္႔ဆည္းျခင္းကို ျမင္ေအာင္ ၾကည္႔ပါ…
       မိမိရဲ႕ဘဝလွမ္းခရီးကို အၿမဲသုံးသပ္တည္႔မတ္ပါ…
       ျဖည္႔ဆည္းပါ..
       တခ်ိန္က်ရင္ သင္႔ရဲ႕ေအာင္ျမင္မႈကို လက္ဝယ္ပိုင္ဆိုင္ႏိုင္ပါလိမ္႔မယ္….
( ေတြးမိသမွ် ေရးသားျခင္းပါ။ )
ေလးစားလွ်က္
အလင္းသစ္

ကျနော်နှင့် Fuzzy Logic

Fuzzy Logic ဆိုပြီး သင်္ချာပါမောက္ခဒေါက်တာခင်မောင်ဝင်း ရေးတဲ့ စာအုပ်လေးတစ်ခု ဖတ်ဖူးပါတယ်။ အဲဒီစာလုံးလေးကို မြန်မာလို ဘယ်လိုခေါ်လဲ ဆိုတာတော့ မမှတ်မိတော့ပါဘူး။
     Fuzzy Logic theory ပေါ်လာတော့ သင်္ချာသမားတွေ တော်တော်နဲ့ လက်မခံကြပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ အစဉ်အလာ Logic မှာ " သုည" မဟုတ်ရင် "တစ်" ( 0  or  1 ) ပဲ။ ရှင်းတယ်။
     ဒါပေမဲ့ Fuzzy Logic theory မှာတော့ "zero" or "one" အပြင် အဲဒီကြားထဲက တန်ဖိုးတွေကို ထည့်စဉ်းစားပါတယ်။
ဥပမာ.... 0,1/4,1/2,3/4,1

         အဲဒါလေးဖတ်ပြီးတော့ ကျနော်ဆက်တွေးမိတယ်ဗျာ။ လောကနိယာမ အမှုကိစ္စတွေမှာ ဒီလောက် မရိုးရှင်းဘူး။ မကောင်းဘူး၊ ကောင်းတယ် ( သုည နဲ့ တစ် ) လို့ လွယ်လွယ်ရွေးလို့ မရတော့ဘူး။
          ကောင်းတာက နည်းနည်း၊ မကောင်းတာ များများ၊ ဒါမှမဟုတ် အကောင်းအဆိုးမျှခြေ၊ ဒါမှမဟုတ် မကောင်းတာများများ၊ ကောင်းတာ နည်းနည်း.... စသည့် အချိုးပေါင်းများစွာ ရှိပါတယ်။
          အဲဒီအပြင်ထပ်စဉ်းစားစရာ လိုတာကတော့ အကောင်းအဆိုးကို ဘယ်ပေတံနဲ့ တိုင်းမလဲ။  နောက်ခံသမိုင်းနဲ့လား၊ ခေတ်ပြိုင်အယူအဆနဲ့လား... အစရှိသည့် "လား" ပေါင်းများစွာ မေးခွန်းတွေလည်း ရှိနိုင်ပါတော့တယ်။

           တော်တော်ရှုပ်တဲ့ ခေတ်ကြီးမှာ တိုင်းတာရလွယ်စေဖို့ လုံးဝ အကောင်း၊ လုံးဝအဆိုးထက် မကောင်း၊ မဆိုးတွေ ... အများဆုံးပါပဲလို့ ပြောပါရစေတော့...

           အဲဒါကြောင့် အရမ်းကြိုက်တာပဲ "သဲသဲလှုပ်" ၊ လုံးဝကို မုန်း.. "ခါးခါးသီးသီး"   အစား... သူနဲ့ကိုယ် ဘယ်လိုပေါင်းစပ်လို့ ရမလဲ စဉ်းစားရင်း ခရီးသွားကြရင်ဖြင့်တော့ ခရီးဖေါ်တွေ ဖြစ်ကြပါလိမ့်မယ်။
           တစ်ဦး တစ်ယောက် ပြိုင်ဆိုင်ကြတယ့်ခေတ်မဟုတ်တော့တဲ့ ဒီခေတ်ကြီးမှာ ကုမ္ပဏီကြီးတွေ တစ်ခုနဲ့တစ်ခုပေါင်း၊ တစ်ယောက်အား၊ တစ်ယောက်ယူပြီး အပြိုင်အဆိုင် လုပ်နေကြတာကို ဖတ်ဖူးပါလိမ့်မယ်။

           အများနဲ့ပူးပေါင်း အားယူလုပ်ကိုင်ကြတဲ့ ဒီခေတ်မှာဖြင့် တစ်ဦးနဲ့ တစ်ဦး အမြင်တူ ကြည်ဖြူစေဖို့ လုံးဝအကောင်း၊ လုံးဝအဆိုး စိတ်ဓါတ်တွေနဲ့တော့ သွားလို့ မဖြစ်တော့ပါဘူး။

           ပူးပေါင်းလို့ရမယ့် ဘုံအကျိုးစီးပွါးကို ကြည့်ရင်း စိတ်ဓါတ်လေးတွေ ပြင်ကြပါအုံးစို့။

( တွေးမိတာလေး ရေးကြည့်တာပါ။ မည်သူ့ကိုမျှ မရည်ရွယ်ပါကြောင်း....)

 ( Zawgyi ) 
Fuzzy Logic ဆိုၿပီး သခ်ၤာပါေမာကၡေဒါက္တာခင္ေမာင္ဝင္း ေရးတဲ႔ စာအုပ္ေလးတစ္ခု ဖတ္ဖူးပါတယ္။ အဲဒီစာလုံးေလးကို ျမန္မာလို ဘယ္လိုေခၚလဲ ဆိုတာေတာ႔ မမွတ္မိေတာ႔ပါဘူး။
     Fuzzy Logic theory ေပၚလာေတာ႔ သခ်ၤာသမားေတြ ေတာ္ေတာ္နဲ႔ လက္မခံၾကပါဘူးတဲ႔။ ဘာေၾကာင္႔လဲဆိုေတာ႔ အစဥ္အလာ Logic မွာ " သုည" မဟုတ္ရင္ "တစ္" ( 0  or  1 ) ပဲ။ ရွင္းတယ္။
     ဒါေပမဲ႔ Fuzzy Logic theory မွာေတာ႔ "zero" or "one" အျပင္ အဲဒီၾကားထဲက တန္ဖိုးေတြကို ထည္႔စဥ္းစားပါတယ္။
ဥပမာ.... 0,1/4,1/2,3/4,1

         အဲဒါေလးဖတ္ၿပီးေတာ႔ က်ေနာ္ဆက္ေတြးမိတယ္ဗ်ာ။ ေလာကနိယာမ အမႈကိစၥေတြမွာ ဒီေလာက္ မရိုးရွင္းဘူး။ မေကာင္းဘူး၊ ေကာင္းတယ္ ( သုည နဲ႔ တစ္ ) လို႔ လြယ္လြယ္ေရြးလို႔ မရေတာ႔ဘူး။
          ေကာင္းတာက နည္းနည္း၊ မေကာင္းတာ မ်ားမ်ား၊ ဒါမွမဟုတ္ အေကာင္းအဆိုးမွ်ေျခ၊ ဒါမွမဟုတ္ မေကာင္းတာမ်ားမ်ား၊ ေကာင္းတာ နည္းနည္း.... စသည္႔ အခ်ဳိးေပါင္းမ်ားစြာ ရိွပါတယ္။
          အဲဒီအျပင္ထပ္စဥ္းစားစရာ လိုတာကေတာ႔ အေကာင္းအဆိုးကို ဘယ္ေပတံနဲ႔ တိုင္းမလဲ။  ေနာက္ခံသမိုင္းနဲ႔လား၊ ေခတ္ၿပိဳင္အယူအဆနဲ႔လား... အစရိွသည္႔ "လား" ေပါင္းမ်ားစြာ ေမးခြန္းေတြလည္း ရိွႏိုင္ပါေတာ႔တယ္။

           ေတာ္ေတာ္ရႈပ္တဲ႔ ေခတ္ႀကီးမွာ တိုင္းတာရလြယ္ေစဖို႔ လုံးဝ အေကာင္း၊ လုံးဝအဆိုးထက္ မေကာင္း၊ မဆိုးေတြ ... အမ်ားဆုံးပါပဲလို႔ ေျပာပါရေစေတာ႔...

           အဲဒါေၾကာင္႔ အရမ္းႀကိဳက္တာပဲ "သဲသဲလႈပ္" ၊ လုံးဝကို မုန္း.. "ခါးခါးသီးသီး"   အစား... သူနဲ႔ကိုယ္ ဘယ္လိုေပါင္းစပ္လို႔ ရမလဲ စဥ္းစားရင္း ခရီးသြားၾကရင္ျဖင္႔ေတာ႔ ခရီးေဖၚေတြ ျဖစ္ၾကပါလိမ္႔မယ္။
           တစ္ဦး တစ္ေယာက္ ၿပိဳင္ဆိုင္ၾကတယ္႔ေခတ္မဟုတ္ေတာ႔တဲ႔ ဒီေခတ္ႀကီးမွာ ကုမၸဏီႀကီးေတြ တစ္ခုနဲ႔တစ္ခုေပါင္း၊ တစ္ေယာက္အား၊ တစ္ေယာက္ယူၿပီး အၿပိဳင္အဆိုင္ လုပ္ေနၾကတာကို ဖတ္ဖူးပါလိမ္႔မယ္။

           အမ်ားနဲ႔ပူးေပါင္း အားယူလုပ္ကိုင္ၾကတဲ႔ ဒီေခတ္မွာျဖင္႔ တစ္ဦးနဲ႔ တစ္ဦး အျမင္တူ ၾကည္ျဖဴေစဖို႔ လုံးဝအေကာင္း၊ လုံးဝအဆိုး စိတ္ဓါတ္ေတြနဲ႔ေတာ႔ သြားလို႔ မျဖစ္ေတာ႔ပါဘူး။

           ပူးေပါင္းလို႔ရမယ္႔ ဘုံအက်ဳိးစီးပြါးကို ၾကည္႔ရင္း စိတ္ဓါတ္ေလးေတြ ျပင္ၾကပါအုံးစို႔။

( ေတြးမိတာေလး ေရးၾကည္႔တာပါ။ မည္သူ႔ကိုမွ် မရည္ရြယ္ပါေၾကာင္း....)

အလုပ်တွေ အဆင်ချောစေဖို့


ကျနော့်ညီငယ်တစ်ယောက် ဂျပန်နိုင်ငံက ကူညီထားတဲ့ အင်ဂျင်နီယာသင်တန်းတစ်ခုမှာ တက်နေပါတယ်။ သင်တန်းအပြီး အလုပ်ခန့်ဖို့ မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်ကုမ္ပဏီတစ်ခုမှ ကျောင်းသားတွေကို ရွေးချယ်ခေါ်ယူပါတယ်။ ရွေးချယ်ခံရတဲ့လူစာရင်းမှာ အတန်းထဲရှိ အတော်ဆုံးကျောင်းသား မပါဝင်ပါဘူး။ 
ဘယ်ကျောင်းသားတွေကို ရွေးချယ်လိုက်သလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

        ကျောင်းတက်အမှန်ဆုံးကျောင်းသားတွေကို ရွေးချယ်လိုက်ပါသတဲ့။ ရွေးချယ်ခဲ့တဲ့ဂျပန်က ဒီလိုပြန်ရှင်းပြပါတယ်။
“ ငါတို့ဂျပန်မှာ စည်းကမ်းလိုက်နာခြင်း- ၅၀%၊ အင်ဂျင်နီယာရင်း- ၅၀ % ပါတဲ့။ မတတ်တဲ့လူကို တတ်အောင်သင်ဖို့ ဖြစ်နိုင်ပေမယ့်၊ စည်းကမ်းမလိုက်နာသူကို လိုက်နာအောင် လုပ်ဖို့ဆိုတာ ခက်တယ်”

        နေရာအတော်များများမှာ ကြားရတတ်တဲ့စကားတွေက
“ငါတို့ ရွှေတွေက လက်ပါတယ်။ တကယ်လုပ်နိုင်တယ်။ ဖါးတွေက ဘာမှ လုပ်တာ မဟုတ်ဘူး။ ဟိုကောင်တွေက …. မတတ်ဘူး။ ….တွေက စကားပဲ ပြောတတ်တာ…”
        အစရှိသည့် တတ်ကြောင်း၊ လုပ်နိုင်ကြောင်း စကားလုံးတွေပါပဲ။
“ငါတို့ ရွှေတွေ ညီညွတ်ကြတယ်။ …” လို့ ပြောတာ ကြားဖူးကြမှာ မဟုတ်ပါဘူး။

        တကယ်တော့ ယနေ့ခေတ်ဆိုတာ ပူးပေါင်းပြီး ယှဉ်ပြိုင်ကြတဲ့ခေတ်ပါ။ တစ်ဦးချင်း တစ်ယောက်ချင်း လုပ်ဆောင်နိုင်ကြတဲ့ခေတ် မဟုတ်ပါဘူး။ လူတွေ အတူတကွ ပူးပေါင်းလုပ်ကိုင်ကြမယ်ဆိုရင် ဆောင်မြင်ဖို့အတွက် အဓိကအကျဆုံး ကိစ္စဟာ ကိုယ့်အကျိုးထက် ကိုယ့်အဖွဲ့အစည်း အကျိုးစီးပွါးကို ဦးစားပေးရပါမယ်။

        ကိုယ့်အတ္တလေးကို ကွက်ပြီး ရှေ့တန်းတင်နေရင် အဖွဲ့အစည်းရဲ့ပန်းတိုင် အောင်မြင်မှာ မဟုတ်ပါဘူး။ သင်္ဘောသားအလုပ်ဆိုတာဟာ ပူးပေါင်းလုပ်ဆောင်ရမယ့် အလုပ်တွေပါ။ မိမိကျရာတာဝန်ကို လုပ်ကိုင်ရင်း၊ အခြားသင်္ဘောသားတွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်လို့ ပင်လယ်ပြင်မှာ ရုန်းကန်လှုပ်ရှားနေရတာပါ။

        လုပ်ကိုင်ရာမှာ ထိရောက်မှုရှိဖို့ ကိုယ်ပိုင်တာဝန်တွေကို ပေးထားသော်လည်း အခြားအလုပ်တွေဆိုတာလည်း မိမိနှင့် ပတ်သက်နေတယ်ဆိုတာ မေ့ထားလို့ မရပါဘူး။

        ဘေးအန္တရာယ်ဖြစ်နိုင်တဲ့ကိစ္စတွေ တွေ့ခဲ့ရင် မိမိရဲ့တာဝန်ချိန် မဟုတ်သော်လည်း ကူညီလုပ်ကိုင်ပေးရပါမယ်။ တခုခုဖြစ်လာခဲ့ရင် ပြေးစရာ မြေမရှိတဲ့သင်္ဘောသားဘဝပါ။
        အပြန်အလှန်ပူးပေါင်းဆောင်ရွက်လေ့ မရှိဘဲ ကိုယ့်ကျိုးကို ရှေ့တန်းတင်ကြတဲ့အခါ၊ ခိုက်ရန်ဖြစ်ပွါးမှုများ ၊ အဆင်မပြေမှုများ ရှိလာတတ်ပါတယ်။ 

        ဒါကြောင့် အပြန်အလှန် နားလည်မှုပေးပြီး၊ ပိုမိုလုပ်ကိုင်လေ့ရှိကြမယ်ဆိုရင် ကျနော်တို့ ဒီထက်ပိုပြီး အလုပ်ဝေစုတွေရပါလိမ့်မယ်။ ခိုက်ရန်ဖြစ်ပွါးမှုတွေ လျှော့ချနိုင်ပြီး ကောင်းသတင်းတွေ ပိုမိုဝေဖြာပါလိမ့်မယ်။
        တွေးမိသမျှလေးပါ…
လေးစားလျှက်
အလင်းသစ်

( Zawgyi )
က်ေနာ္႔ညီငယ္တစ္ေယာက္ ဂ်ပန္ႏိုင္ငံက ကူညီထားတဲ႔ အင္ဂ်င္နီယာသင္တန္းတစ္ခုမွာ တက္ေနပါတယ္။ သင္တန္းအၿပီး အလုပ္ခန္႔ဖို႔ ျမန္မာႏိုင္ငံမွာရိွတဲ႔ ဂ်ပန္ကုမၸဏီတစ္ခုမွ ေက်ာင္းသားေတြကို ေရြးခ်ယ္ေခၚယူပါတယ္။ ေရြးခ်ယ္ခံရတဲ႔လူစာရင္းမွာ အတန္းထဲရိွ အေတာ္ဆုံးေက်ာင္းသား မပါဝင္ပါဘူး။ 
ဘယ္ေက်ာင္းသားေတြကို ေရြးခ်ယ္လိုက္သလဲ ဆိုတာကေတာ႔ စိတ္ဝင္စားစရာပါပဲ။

        ေက်ာင္းတက္အမွန္ဆုံးေက်ာင္းသားေတြကို ေရြးခ်ယ္လိုက္ပါသတဲ႔။ ေရြးခ်ယ္ခဲ႔တဲ႔ဂ်ပန္က ဒီလိုျပန္ရွင္းျပပါတယ္။
“ ငါတို႔ဂ်ပန္မွာ စည္းကမ္းလိုက္နာျခင္း- ၅၀%၊ အင္ဂ်င္နီယာရင္း- ၅၀ % ပါတဲ႔။ မတတ္တဲ႔လူကို တတ္ေအာင္သင္ဖို႔ ျဖစ္ႏိုင္ေပမယ္႔၊ စည္းကမ္းမလိုက္နာသူကို လိုက္နာေအာင္ လုပ္ဖို႔ဆိုတာ ခက္တယ္”

        ေနရာအေတာ္မ်ားမ်ားမွာ ၾကားရတတ္တဲ႔စကားေတြက
“ငါတို႔ ေရႊေတြက လက္ပါတယ္။ တကယ္လုပ္ႏိုင္တယ္။ ဖါးေတြက ဘာမွ လုပ္တာ မဟုတ္ဘူး။ ဟိုေကာင္ေတြက …. မတတ္ဘူး။ ….ေတြက စကားပဲ ေျပာတတ္တာ…”
        အစရိွသည္႔ တတ္ေၾကာင္း၊ လုပ္ႏိုင္ေၾကာင္း စကားလုံးေတြပါပဲ။
“ငါတို႔ ေရႊေတြ ညီညြတ္ၾကတယ္။ …” လို႔ ေျပာတာ ၾကားဖူးၾကမွာ မဟုတ္ပါဘူး။

        တကယ္ေတာ႔ ယေန႔ေခတ္ဆိုတာ ပူးေပါင္းၿပီး ယွဥ္ၿပိဳင္ၾကတဲ႔ေခတ္ပါ။ တစ္ဦးခ်င္း တစ္ေယာက္ခ်င္း လုပ္ေဆာင္ႏိုင္ၾကတဲ႔ေခတ္ မဟုတ္ပါဘူး။ လူေတြ အတူတကြ ပူးေပါင္းလုပ္ကိုင္ၾကမယ္ဆိုရင္ ေဆာင္ျမင္ဖို႔အတြက္ အဓိကအက်ဆုံး ကိစၥဟာ ကိုယ္႔အက်ဳိးထက္ ကိုယ္႔အဖြဲ႔အစည္း အက်ဳိးစီးပြါးကို ဦးစားေပးရပါမယ္။

        ကိုယ္႔အတၱေလးကို ကြက္ၿပီး ေရွ႕တန္းတင္ေနရင္ အဖြဲ႔အစည္းရဲ႕ပန္းတိုင္ ေအာင္ျမင္မွာ မဟုတ္ပါဘူး။ သေဘၤာသားအလုပ္ဆိုတာဟာ ပူးေပါင္းလုပ္ေဆာင္ရမယ္႔ အလုပ္ေတြပါ။ မိမိက်ရာတာဝန္ကို လုပ္ကိုင္ရင္း၊ အျခားသေဘၤာသားေတြနဲ႔ အတူတကြ ပူးေပါင္းေဆာင္ရြက္လို႔ ပင္လယ္ျပင္မွာ ရုန္းကန္လႈပ္ရွားေနရတာပါ။

        လုပ္ကိုင္ရာမွာ ထိေရာက္မႈရိွဖို႔ ကိုယ္ပိုင္တာဝန္ေတြကို ေပးထားေသာ္လည္း အျခားအလုပ္ေတြဆိုတာလည္း မိမိႏွင္႔ ပတ္သက္ေနတယ္ဆိုတာ ေမ႔ထားလို႔ မရပါဘူး။

        ေဘးအႏၱရာယ္ျဖစ္ႏိုင္တဲ႔ကိစၥေတြ ေတြ႔ခဲ႔ရင္ မိမိရဲ႕တာဝန္ခ်ိန္ မဟုတ္ေသာ္လည္း ကူညီလုပ္ကိုင္ေပးရပါမယ္။ တခုခုျဖစ္လာခဲ႔ရင္ ေျပးစရာ ေျမမရိွတဲ႔သေဘၤာသားဘဝပါ။
        အျပန္အလွန္ပူးေပါင္းေဆာင္ရြက္ေလ႔ မရိွဘဲ ကိုယ္႔က်ဳိးကို ေရွ႕တန္းတင္ၾကတဲ႔အခါ၊ ခိုက္ရန္ျဖစ္ပြါးမႈမ်ား ၊ အဆင္မေျပမႈမ်ား ရိွလာတတ္ပါတယ္။ 

        ဒါေၾကာင္႔ အျပန္အလွန္ နားလည္မႈေပးၿပီး၊ ပိုမိုလုပ္ကိုင္ေလ႔ရိွၾကမယ္ဆိုရင္ က်ေနာ္တို႔ ဒီထက္ပိုၿပီး အလုပ္ေဝစုေတြရပါလိမ္႔မယ္။ ခိုက္ရန္ျဖစ္ပြါးမႈေတြ ေလွ်ာ႔ခ်ႏိုင္ၿပီး ေကာင္းသတင္းေတြ ပိုမိုေဝျဖာပါလိမ္႔မယ္။
        ေတြးမိသမွ်ေလးပါ…
ေလးစားလွ်က္
အလင္းသစ္