Showing posts with label ကိုယ္တိုင္ေရး. Show all posts
Showing posts with label ကိုယ္တိုင္ေရး. Show all posts

Thursday, October 1, 2015

အလုပ်တွေ အဆင်ချောစေဖို့


ကျနော့်ညီငယ်တစ်ယောက် ဂျပန်နိုင်ငံက ကူညီထားတဲ့ အင်ဂျင်နီယာသင်တန်းတစ်ခုမှာ တက်နေပါတယ်။ သင်တန်းအပြီး အလုပ်ခန့်ဖို့ မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်ကုမ္ပဏီတစ်ခုမှ ကျောင်းသားတွေကို ရွေးချယ်ခေါ်ယူပါတယ်။ ရွေးချယ်ခံရတဲ့လူစာရင်းမှာ အတန်းထဲရှိ အတော်ဆုံးကျောင်းသား မပါဝင်ပါဘူး။ 
ဘယ်ကျောင်းသားတွေကို ရွေးချယ်လိုက်သလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

        ကျောင်းတက်အမှန်ဆုံးကျောင်းသားတွေကို ရွေးချယ်လိုက်ပါသတဲ့။ ရွေးချယ်ခဲ့တဲ့ဂျပန်က ဒီလိုပြန်ရှင်းပြပါတယ်။
“ ငါတို့ဂျပန်မှာ စည်းကမ်းလိုက်နာခြင်း- ၅၀%၊ အင်ဂျင်နီယာရင်း- ၅၀ % ပါတဲ့။ မတတ်တဲ့လူကို တတ်အောင်သင်ဖို့ ဖြစ်နိုင်ပေမယ့်၊ စည်းကမ်းမလိုက်နာသူကို လိုက်နာအောင် လုပ်ဖို့ဆိုတာ ခက်တယ်”

        နေရာအတော်များများမှာ ကြားရတတ်တဲ့စကားတွေက
“ငါတို့ ရွှေတွေက လက်ပါတယ်။ တကယ်လုပ်နိုင်တယ်။ ဖါးတွေက ဘာမှ လုပ်တာ မဟုတ်ဘူး။ ဟိုကောင်တွေက …. မတတ်ဘူး။ ….တွေက စကားပဲ ပြောတတ်တာ…”
        အစရှိသည့် တတ်ကြောင်း၊ လုပ်နိုင်ကြောင်း စကားလုံးတွေပါပဲ။
“ငါတို့ ရွှေတွေ ညီညွတ်ကြတယ်။ …” လို့ ပြောတာ ကြားဖူးကြမှာ မဟုတ်ပါဘူး။

        တကယ်တော့ ယနေ့ခေတ်ဆိုတာ ပူးပေါင်းပြီး ယှဉ်ပြိုင်ကြတဲ့ခေတ်ပါ။ တစ်ဦးချင်း တစ်ယောက်ချင်း လုပ်ဆောင်နိုင်ကြတဲ့ခေတ် မဟုတ်ပါဘူး။ လူတွေ အတူတကွ ပူးပေါင်းလုပ်ကိုင်ကြမယ်ဆိုရင် ဆောင်မြင်ဖို့အတွက် အဓိကအကျဆုံး ကိစ္စဟာ ကိုယ့်အကျိုးထက် ကိုယ့်အဖွဲ့အစည်း အကျိုးစီးပွါးကို ဦးစားပေးရပါမယ်။

        ကိုယ့်အတ္တလေးကို ကွက်ပြီး ရှေ့တန်းတင်နေရင် အဖွဲ့အစည်းရဲ့ပန်းတိုင် အောင်မြင်မှာ မဟုတ်ပါဘူး။ သင်္ဘောသားအလုပ်ဆိုတာဟာ ပူးပေါင်းလုပ်ဆောင်ရမယ့် အလုပ်တွေပါ။ မိမိကျရာတာဝန်ကို လုပ်ကိုင်ရင်း၊ အခြားသင်္ဘောသားတွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်လို့ ပင်လယ်ပြင်မှာ ရုန်းကန်လှုပ်ရှားနေရတာပါ။

        လုပ်ကိုင်ရာမှာ ထိရောက်မှုရှိဖို့ ကိုယ်ပိုင်တာဝန်တွေကို ပေးထားသော်လည်း အခြားအလုပ်တွေဆိုတာလည်း မိမိနှင့် ပတ်သက်နေတယ်ဆိုတာ မေ့ထားလို့ မရပါဘူး။

        ဘေးအန္တရာယ်ဖြစ်နိုင်တဲ့ကိစ္စတွေ တွေ့ခဲ့ရင် မိမိရဲ့တာဝန်ချိန် မဟုတ်သော်လည်း ကူညီလုပ်ကိုင်ပေးရပါမယ်။ တခုခုဖြစ်လာခဲ့ရင် ပြေးစရာ မြေမရှိတဲ့သင်္ဘောသားဘဝပါ။
        အပြန်အလှန်ပူးပေါင်းဆောင်ရွက်လေ့ မရှိဘဲ ကိုယ့်ကျိုးကို ရှေ့တန်းတင်ကြတဲ့အခါ၊ ခိုက်ရန်ဖြစ်ပွါးမှုများ ၊ အဆင်မပြေမှုများ ရှိလာတတ်ပါတယ်။ 

        ဒါကြောင့် အပြန်အလှန် နားလည်မှုပေးပြီး၊ ပိုမိုလုပ်ကိုင်လေ့ရှိကြမယ်ဆိုရင် ကျနော်တို့ ဒီထက်ပိုပြီး အလုပ်ဝေစုတွေရပါလိမ့်မယ်။ ခိုက်ရန်ဖြစ်ပွါးမှုတွေ လျှော့ချနိုင်ပြီး ကောင်းသတင်းတွေ ပိုမိုဝေဖြာပါလိမ့်မယ်။
        တွေးမိသမျှလေးပါ…
လေးစားလျှက်
အလင်းသစ်

( Zawgyi )
က်ေနာ္႔ညီငယ္တစ္ေယာက္ ဂ်ပန္ႏိုင္ငံက ကူညီထားတဲ႔ အင္ဂ်င္နီယာသင္တန္းတစ္ခုမွာ တက္ေနပါတယ္။ သင္တန္းအၿပီး အလုပ္ခန္႔ဖို႔ ျမန္မာႏိုင္ငံမွာရိွတဲ႔ ဂ်ပန္ကုမၸဏီတစ္ခုမွ ေက်ာင္းသားေတြကို ေရြးခ်ယ္ေခၚယူပါတယ္။ ေရြးခ်ယ္ခံရတဲ႔လူစာရင္းမွာ အတန္းထဲရိွ အေတာ္ဆုံးေက်ာင္းသား မပါဝင္ပါဘူး။ 
ဘယ္ေက်ာင္းသားေတြကို ေရြးခ်ယ္လိုက္သလဲ ဆိုတာကေတာ႔ စိတ္ဝင္စားစရာပါပဲ။

        ေက်ာင္းတက္အမွန္ဆုံးေက်ာင္းသားေတြကို ေရြးခ်ယ္လိုက္ပါသတဲ႔။ ေရြးခ်ယ္ခဲ႔တဲ႔ဂ်ပန္က ဒီလိုျပန္ရွင္းျပပါတယ္။
“ ငါတို႔ဂ်ပန္မွာ စည္းကမ္းလိုက္နာျခင္း- ၅၀%၊ အင္ဂ်င္နီယာရင္း- ၅၀ % ပါတဲ႔။ မတတ္တဲ႔လူကို တတ္ေအာင္သင္ဖို႔ ျဖစ္ႏိုင္ေပမယ္႔၊ စည္းကမ္းမလိုက္နာသူကို လိုက္နာေအာင္ လုပ္ဖို႔ဆိုတာ ခက္တယ္”

        ေနရာအေတာ္မ်ားမ်ားမွာ ၾကားရတတ္တဲ႔စကားေတြက
“ငါတို႔ ေရႊေတြက လက္ပါတယ္။ တကယ္လုပ္ႏိုင္တယ္။ ဖါးေတြက ဘာမွ လုပ္တာ မဟုတ္ဘူး။ ဟိုေကာင္ေတြက …. မတတ္ဘူး။ ….ေတြက စကားပဲ ေျပာတတ္တာ…”
        အစရိွသည္႔ တတ္ေၾကာင္း၊ လုပ္ႏိုင္ေၾကာင္း စကားလုံးေတြပါပဲ။
“ငါတို႔ ေရႊေတြ ညီညြတ္ၾကတယ္။ …” လို႔ ေျပာတာ ၾကားဖူးၾကမွာ မဟုတ္ပါဘူး။

        တကယ္ေတာ႔ ယေန႔ေခတ္ဆိုတာ ပူးေပါင္းၿပီး ယွဥ္ၿပိဳင္ၾကတဲ႔ေခတ္ပါ။ တစ္ဦးခ်င္း တစ္ေယာက္ခ်င္း လုပ္ေဆာင္ႏိုင္ၾကတဲ႔ေခတ္ မဟုတ္ပါဘူး။ လူေတြ အတူတကြ ပူးေပါင္းလုပ္ကိုင္ၾကမယ္ဆိုရင္ ေဆာင္ျမင္ဖို႔အတြက္ အဓိကအက်ဆုံး ကိစၥဟာ ကိုယ္႔အက်ဳိးထက္ ကိုယ္႔အဖြဲ႔အစည္း အက်ဳိးစီးပြါးကို ဦးစားေပးရပါမယ္။

        ကိုယ္႔အတၱေလးကို ကြက္ၿပီး ေရွ႕တန္းတင္ေနရင္ အဖြဲ႔အစည္းရဲ႕ပန္းတိုင္ ေအာင္ျမင္မွာ မဟုတ္ပါဘူး။ သေဘၤာသားအလုပ္ဆိုတာဟာ ပူးေပါင္းလုပ္ေဆာင္ရမယ္႔ အလုပ္ေတြပါ။ မိမိက်ရာတာဝန္ကို လုပ္ကိုင္ရင္း၊ အျခားသေဘၤာသားေတြနဲ႔ အတူတကြ ပူးေပါင္းေဆာင္ရြက္လို႔ ပင္လယ္ျပင္မွာ ရုန္းကန္လႈပ္ရွားေနရတာပါ။

        လုပ္ကိုင္ရာမွာ ထိေရာက္မႈရိွဖို႔ ကိုယ္ပိုင္တာဝန္ေတြကို ေပးထားေသာ္လည္း အျခားအလုပ္ေတြဆိုတာလည္း မိမိႏွင္႔ ပတ္သက္ေနတယ္ဆိုတာ ေမ႔ထားလို႔ မရပါဘူး။

        ေဘးအႏၱရာယ္ျဖစ္ႏိုင္တဲ႔ကိစၥေတြ ေတြ႔ခဲ႔ရင္ မိမိရဲ႕တာဝန္ခ်ိန္ မဟုတ္ေသာ္လည္း ကူညီလုပ္ကိုင္ေပးရပါမယ္။ တခုခုျဖစ္လာခဲ႔ရင္ ေျပးစရာ ေျမမရိွတဲ႔သေဘၤာသားဘဝပါ။
        အျပန္အလွန္ပူးေပါင္းေဆာင္ရြက္ေလ႔ မရိွဘဲ ကိုယ္႔က်ဳိးကို ေရွ႕တန္းတင္ၾကတဲ႔အခါ၊ ခိုက္ရန္ျဖစ္ပြါးမႈမ်ား ၊ အဆင္မေျပမႈမ်ား ရိွလာတတ္ပါတယ္။ 

        ဒါေၾကာင္႔ အျပန္အလွန္ နားလည္မႈေပးၿပီး၊ ပိုမိုလုပ္ကိုင္ေလ႔ရိွၾကမယ္ဆိုရင္ က်ေနာ္တို႔ ဒီထက္ပိုၿပီး အလုပ္ေဝစုေတြရပါလိမ္႔မယ္။ ခိုက္ရန္ျဖစ္ပြါးမႈေတြ ေလွ်ာ႔ခ်ႏိုင္ၿပီး ေကာင္းသတင္းေတြ ပိုမိုေဝျဖာပါလိမ္႔မယ္။
        ေတြးမိသမွ်ေလးပါ…
ေလးစားလွ်က္
အလင္းသစ္

Friday, July 4, 2014

ကျွန်တော်တို့ ကိုယ်တွင်းမှ အဆိပ်များ ( 2 )


  ထိုသို့သော သဘောတရားကို ဆရာဖေမြင့် ဘာသာပြန်သော “လူနာဆောင်အမှတ်ခြောက်” စာအုပ်တွင် ရှင်းလင်းစွာ ဖေါ်ပြခဲ့သည်။ မီးဟူသမျှကို မိမိရေတစ်ဖလားနိုင်လျှင် တစ်ဖလား၊ ရေတစ်စည်နိုင်လျှင် ရေတစ်စည် သယ်၍ ငြိမ်းသတ်ဖို့အားထုတ်ရမည်ဖြစ်သည်။ ထိုအချိန်တွင် ကိုယ်နှင့် မဆိုင်သကဲ့သို့ နေထိုင်နေလျှင်၊ မီးတောက်သည် ကြီးမားလာပြီး၊ မိမိကိုယ်ကို လောင်ကျွမ်းသွားပါလိမ့်မည်။

       ကိုယ်ခန္ဓာအတွင်းသို့ ဝင်ရောက်နိုင်သောဓါတုဆေးဝါးအဆိပ်များကို ကျွန်တော်တို့ တတ်နိုင်သမျှ ရှောင်ကြဉ်စားသုံးနိုင်ပါသည်။ သို့သော် သတိပြုမိရန်ခက်ခဲသော အခြားအဆိပ်တစ်မျိုးရှိပါသေးသည်။ ထိုအဆိပ်မှာ မိမိတို့၏ စိတ်အတွင်းဝင်ရောက်နေသောအဆိပ်များ ဖြစ်ပါသည်။ သတိပြုမိရန်ခဲယဉ်းသလို၊ အဆိပ်တက်နေသည်ကိုပင် တခါတရံ အရသာရှိသည်ဟု ထင်မှားမိစေသော စိတ်တွင်းအဆိပ်များ ဖြစ်ပါသည်။

           ကျွန်တော်တို့သည် စစ်အာဏာရှင်များအောက်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပါသည်။ ထို့ကြောင့် စစ်အာဏာရှင်တို့၏ သွေးခွဲဆက်ဆံရေး၊ သွေးခွဲအုပ်ချုပ်ရေးတို့မှာ ကျွန်တော်တို့ မသိလိုက်သော အဆိပ်များပင်ဖြစ်ပါသည်။ တဖက်သားကို အနိုင်ထက်အလွန် အပုတ်ချပြီး၊ မိမိသာလျှင် အလွန်ကောင်းမွန်စွာ နေထိုင်သယောင် ပြုမူပြောဆိုတတ်သောစရိုက်များသည် စစ်အာဏာတို့ တိုက်ကျွေးခဲ့သောအဆိပ်များပင်ဖြစ်ပါသည်။ နေ့စဉ်ထုတ်ဝေသောသတင်းစာနှင့် တီဗွီ၊ ရေဒီယိုတို့မှတဆင့် တစ်နိုင်ငံလုံးသို့ အဆိပ်ဝါဒများဖြန့်ဝေခဲ့ကြဖူးပါသည်။

         မိမိနှင့် အဆင်အပြေလျှင် ထိုသူ၏ ကြီးကျယ်သောလုပ်ဆောင်ချက်များကို မသိကျိုးနွံပြုပြီး၊ ပုဂ္ဂိုလ်ရေးများကို တိုက်ခိုက်တတ်သောအဆိပ်များသည် ကျွန်တော်တို့ကိုယ်တွင်းမှအဆိပ်များပင် ဖြစ်သည်။ နှိုင်းယှဉ်ချိန်ထိုးပြီးပြောဆိုရမည့်အစား အခြားတစ်ဖက်သားကို စွပ်စွဲပုတ်ခတ်၊ ရန်ပြုစော်ကားပြောဆိုတတ်ခြင်းသည် အာဏာရှင်တို့ တိုက်ကျွေးခဲ့သောအဆိပ်များပင် ဖြစ်သည်။ လူမျိုးကြီးဝါဒဆန်ဆန်ပြောဆိုပြီး၊ အခြားလူမျိုးများကို နှိမ်ချခြင်းသည် အာဏာရှင်တို့၏ အဆိပ်များပင် ဖြစ်သည်။ 

       ထေရဝါဗုဒ္ဓဘာသာ ဟု တဖွဖွ ပြောဆိုရင်း ဘာသာရေးခွဲခြားမှုများကို ပြုလုပ်မိနေသူများတွင် ကျွန်တော် အပါအဝင် ဖြစ်ပါသည်။ အဆိပ်အမျိုးပေါင်းများစွာ ကိုယ့်စိတ်အတွင်းရောက်ရှိနေသည်ကို မသိရှိနိုင်ပဲ၊ အဆိပ်တက်ခြင်းကို အရသာခံနေမိသူများထဲတွင်လည်း ကျွန်တော် ပါဝင်ပါသည်။ ယခုခေတ်သည် အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်လာသောကြောင့် အင်တာနက်စာမျက်နှာများတွင် အဆိပ်ခတ်ခြင်းကို ပိုမိုလွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။ facebook အကောင့်တစ်ခုဖြင့် နိုင်ငံတစ်ခုလုံးကို အဆိပ်ခတ်နိုင်လာပါသည်။ 

        ကိုယ်တွင်းရှိအဆိပ်များ၏ တိုက်ခိုက်မှုကြောင့် မှားယွင်းဖေါက်ပြန်ပြီး မိမိကိုယ်တိုင် အဆိပ်တက်နေမှန်းမသိဖြစ်နေသူတွင် ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်ပါသည်။ အဆိပ်၏ အရသာကို စွဲစွဲမက်မက်ဖြစ်နေသော ကျွန်တော်တို့နိုင်ငံသားတို့ကို တတ်စွမ်းနားလည်သောဆေးသမားတို့က တစ်နိုင်တစ်ပိုင် အဆိပ်ဖြေဆေးဝါးဖေါ်စပ်ပြီး တိုက်ကျွေးရန် လိုအပ်နေချိန်ဖြစ်ပါကြောင်း တောင်းဆိုလိုက်ရပါသည်။
                                            ( ကျွန်တော်တွေးမိသမျှလေးပါခင်ဗျာ။  )

( Zawgyi ) 

         ထိုသို႔ေသာ သေဘာတရားကို ဆရာေဖျမင္႔ ဘာသာျပန္ေသာ “လူနာေဆာင္အမွတ္ေျခာက္” စာအုပ္တြင္ ရွင္းလင္းစြာ ေဖၚျပခဲ႔သည္။ မီးဟူသမွ်ကို မိမိေရတစ္ဖလားႏိုင္လွ်င္ တစ္ဖလား၊ ေရတစ္စည္ႏိုင္လွ်င္ ေရတစ္စည္ သယ္၍ ၿငိမ္းသတ္ဖို႔အားထုတ္ရမည္ျဖစ္သည္။ ထိုအခ်ိန္တြင္ ကိုယ္ႏွင္႔ မဆိုင္သကဲ႔သို႔ ေနထိုင္ေနလွ်င္၊ မီးေတာက္သည္ ႀကီးမားလာၿပီး၊ မိမိကိုယ္ကို ေလာင္ကၽြမ္းသြားပါလိမ္႔မည္။

       ကိုယ္ခႏၶာအတြင္းသို႔ ဝင္ေရာက္ႏိုင္ေသာဓါတုေဆးဝါးအဆိပ္မ်ားကို ကၽြန္ေတာ္တို႔ တတ္ႏိုင္သမွ် ေရွာင္ၾကဥ္စားသုံးႏိုင္ပါသည္။ သို႔ေသာ္ သတိျပဳမိရန္ခက္ခဲေသာ အျခားအဆိပ္တစ္မ်ဳိးရိွပါေသးသည္။ ထိုအဆိပ္မွာ မိမိတို႔၏ စိတ္အတြင္းဝင္ေရာက္ေနေသာအဆိပ္မ်ား ျဖစ္ပါသည္။ သတိျပဳမိရန္ခဲယဥ္းသလို၊ အဆိပ္တက္ေနသည္ကိုပင္ တခါတရံ အရသာရိွသည္ဟု ထင္မွားမိေစေသာ စိတ္တြင္းအဆိပ္မ်ား ျဖစ္ပါသည္။

           ကၽြန္ေတာ္တို႔သည္ စစ္အာဏာရွင္မ်ားေအာက္တြင္ ႏွစ္ေပါင္းမ်ားစြာ ေနထိုင္ခဲ႔ရပါသည္။ ထို႔ေၾကာင္႔ စစ္အာဏာရွင္တို႔၏ ေသြးခြဲဆက္ဆံေရး၊ ေသြးခဲြအုပ္ခ်ဳပ္ေရးတို႔မွာ ကၽြန္ေတာ္တို႔ မသိလိုက္ေသာ အဆိပ္မ်ားပင္ျဖစ္ပါသည္။ တဖက္သားကို အႏိုင္ထက္အလြန္ အပုတ္ခ်ၿပီး၊ မိမိသာလွ်င္ အလြန္ေကာင္းမြန္စြာ ေနထိုင္သေယာင္ ျပဳမူေျပာဆိုတတ္ေသာစရိုက္မ်ားသည္ စစ္အာဏာတို႔ တိုက္ေကၽြးခဲ႔ေသာအဆိပ္မ်ားပင္ျဖစ္ပါသည္။ ေန႔စဥ္ထုတ္ေဝေသာသတင္းစာႏွင္႔ တီဗြီ၊ ေရဒီယိုတို႔မွတဆင္႔ တစ္ႏိုင္ငံလုံးသို႔ အဆိပ္ဝါဒမ်ားျဖန္႔ေဝခဲ႔ၾကဖူးပါသည္။

         မိမိႏွင္႔ အဆင္အေျပလွ်င္ ထိုသူ၏ ႀကီးက်ယ္ေသာလုပ္ေဆာင္ခ်က္မ်ားကို မသိက်ဳိးႏြံျပဳၿပီး၊ ပုဂၢိဳလ္ေရးမ်ားကို တိုက္ခိုက္တတ္ေသာအဆိပ္မ်ားသည္ ကၽြန္ေတာ္တို႔ကိုယ္တြင္းမွအဆိပ္မ်ားပင္ ျဖစ္သည္။ ႏႈိင္းယွဥ္ခ်ိန္ထိုးၿပီးေျပာဆိုရမည္႔အစား အျခားတစ္ဖက္သားကို စြပ္စြဲပုတ္ခတ္၊ ရန္ျပဳေစာ္ကားေျပာဆိုတတ္ျခင္းသည္ အာဏာရွင္တို႔ တိုက္ေကၽြးခဲ႔ေသာအဆိပ္မ်ားပင္ ျဖစ္သည္။ လူမ်ဳိးႀကီးဝါဒဆန္ဆန္ေျပာဆိုၿပီး၊ အျခားလူမ်ဳိးမ်ားကို ႏွိမ္ခ်ျခင္းသည္ အာဏာရွင္တို႔၏ အဆိပ္မ်ားပင္ ျဖစ္သည္။ 

       ေထရဝါဗုဒၶဘာသာ ဟု တဖြဖြ ေျပာဆိုရင္း ဘာသာေရးခြဲျခားမႈမ်ားကို ျပဳလုပ္မိေနသူမ်ားတြင္ ကၽြန္ေတာ္ အပါအဝင္ ျဖစ္ပါသည္။ အဆိပ္အမ်ဳိးေပါင္းမ်ားစြာ ကိုယ္႔စိတ္အတြင္းေရာက္ရိွေနသည္ကို မသိရိွႏိုင္ပဲ၊ အဆိပ္တက္ျခင္းကို အရသာခံေနမိသူမ်ားထဲတြင္လည္း ကၽြန္ေတာ္ ပါဝင္ပါသည္။ ယခုေခတ္သည္ အင္တာနက္ကို က်ယ္က်ယ္ျပန္႔ျပန္႔ အသုံးျပဳႏိုင္လာေသာေၾကာင္႔ အင္တာနက္စာမ်က္ႏွာမ်ားတြင္ အဆိပ္ခတ္ျခင္းကို ပိုမိုလြယ္ကူစြာ ျပဳလုပ္ႏိုင္ပါသည္။ facebook အေကာင္႔တစ္ခုျဖင္႔ ႏိုင္ငံတစ္ခုလုံးကို အဆိပ္ခတ္ႏိုင္လာပါသည္။ 

        ကိုယ္တြင္းရိွအဆိပ္မ်ား၏ တိုက္ခိုက္မႈေၾကာင္႔ မွားယြင္းေဖါက္ျပန္ၿပီး မိမိကိုယ္တိုင္ အဆိပ္တက္ေနမွန္းမသိျဖစ္ေနသူတြင္ ကၽြန္ေတာ္ကိုယ္တိုင္လည္း ပါဝင္ပါသည္။ အဆိပ္၏ အရသာကို စြဲစြဲမက္မက္ျဖစ္ေနေသာ ကၽြန္ေတာ္တို႔ႏိုင္ငံသားတို႔ကို တတ္စြမ္းနားလည္ေသာေဆးသမားတို႔က တစ္ႏိုင္တစ္ပိုင္ အဆိပ္ေျဖေဆးဝါးေဖၚစပ္ၿပီး တိုက္ေကၽြးရန္ လိုအပ္ေနခ်ိန္ျဖစ္ပါေၾကာင္း ေတာင္းဆိုလိုက္ရပါသည္။
                                            ( ကၽြန္ေတာ္ေတြးမိသမွ်ေလးပါခင္ဗ်ာ။  )