Showing posts with label ကိုယ်တိုင်ရေး. Show all posts
Showing posts with label ကိုယ်တိုင်ရေး. Show all posts

Thursday, October 1, 2015

ဖြည်းဖြည်းချင်းပါကွယ်….


                    မိုးရွာနေစဉ် လှေကားထစ်မှာ ထိုင်ပြီး အိမ်ရှေ့က ရေတိုင်ကီကို ကြည့်ဖူးပါလိမ့်မယ်။ မိုးရေစက်လေးတွေ တဖြည်းဖြည်း ဖြည့်သွားတော့ တချိန်မှာ လျှံကျသွားတာပါပဲ..။
      ခပ်ငယ်ငယ်တုန်းက ဆရာဖေမြင့် ဘာသာပြန်ထားတဲ့ နှလုံးသားအာဟာရ စာအုပ်တွဲလေးတွေ ဖတ်ဖူးတယ်။ အဲဒီအထဲက အပုဒ်လေးတစ်ပုဒ်မှာ ဒီလို ရေးထားတယ်။
      အသက် ၂၀ အရွယ်လောက်မှာ သူ့ဘဝမှာ ရောက်ဖူးချင်တဲ့နေရာတွေကို အမှတ်စဉ်ထိုးပြီး ချရေးထားသတဲ့..
     အသက် ၆၀ အရွယ်ရောက်လို့ စာရင်းကို ပြန်စစ်ဆေးကြည့်တဲ့အခါ… ၇၅ ရာခိုင်နှုန်း လောက်ကို ဖြည့်ဆည်းခဲ့ပြီးပါပြီတဲ့…
     ရည်မှန်းချက်ချပါ…
     ဘာပဲဖြစ်ဖြစ် အိပ်မက်တွေကို လက်တွေ့အကောင်အထည် ဖော်ပါ..
     မင်းရဲ့ ရင်ထဲမှာ ငယ်အိပ်မက်တွေ နိုးနေအောင် နိုးထားလိုက်စမ်းပါ..
     တဖြည်းဖြည်းချင်း ဖြစ်သွားပါလိမ့်မယ်…
     အိုး…
အောင်မြင်မှု၊ ရှုံးနိမ့်မှုတွေဟာ နေ့ချင်း၊ ညချင်း ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး..
အောင်မြင်စေတဲ့ အမူအကျင့်တွေ ဖြည့်ဆည်းမှုတွေကို တစ်ခုပြီး တစ်ခု ဖြည့်ဆည်းလို့ အောင်မြင်ခြင်းတွေ ဖြစ်ပေါ်လာတာ..
ထို့အတူ ကျဆုံးစေမယ့် အမူအကျင့်တွေကို သတိမထား တနေ့တခြားများများ လာစေလို့ ကျဆုံးသွားတာ…
အဲဒါကြောင့် ဘယ်အမူကိစ္စကို ဖြစ်ဖြစ် ကိုယ်တိုင်သတိမထားခဲ့ရင် ကျဆုံးမှုတွေ မတိုးတက်မှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် မိမိတို့ရဲ့ဘဝလမ်းကြောင်းကို အမြဲသတိထား သုံးသပ်နေဖို့ လိုအပ်ပါတယ်…
         အောင်မြင်သူတွေရဲ့ အောင်မြင်မှု၊ အောင်မြင်ချိန်ကိုသာ ရှုမြင်ပြီး အားကျတတ်ခြင်းဟာ လူ့သဘာဝပါ..
        တောင်ပေါ်ကို တလှမ်းချင်းတက်နေသူတွေ တွေ့အောင်ရှာပြီး… အားအင်စိုက်ထုတ် ဖြည့်ဆည်းခြင်းကို မြင်အောင် ကြည့်ပါ…
       မိမိရဲ့ဘဝလှမ်းခရီးကို အမြဲသုံးသပ်တည့်မတ်ပါ…
       ဖြည့်ဆည်းပါ..
       တချိန်ကျရင် သင့်ရဲ့အောင်မြင်မှုကို လက်ဝယ်ပိုင်ဆိုင်နိုင်ပါလိမ့်မယ်….
( တွေးမိသမျှ ရေးသားခြင်းပါ။ )
လေးစားလျှက်
အလင်းသစ်



( Zawgyi ) 
မိုးရြာေနစဥ္ ေလွကားထစ္မွာ ထိုင္ၿပီး အိမ္ေရွ႕က ေရတိုင္ကီကို ၾကည္႔ဖူးပါလိမ္႔မယ္။ မိုးေရစက္ေလးေတြ တျဖည္းျဖည္း ျဖည္႔သြားေတာ႔ တခ်ိန္မွာ လွ်ံက်သြားတာပါပဲ..။
      ခပ္ငယ္ငယ္တုန္းက ဆရာေဖျမင္႔ ဘာသာျပန္ထားတဲ႔ ႏွလုံးသားအာဟာရ စာအုပ္တြဲေလးေတြ ဖတ္ဖူးတယ္။ အဲဒီအထဲက အပုဒ္ေလးတစ္ပုဒ္မွာ ဒီလို ေရးထားတယ္။
      အသက္ ၂၀ အရြယ္ေလာက္မွာ သူ႔ဘဝမွာ ေရာက္ဖူးခ်င္တဲ႔ေနရာေတြကို အမွတ္စဥ္ထိုးၿပီး ခ်ေရးထားသတဲ႔..
     အသက္ ၆၀ အရြယ္ေရာက္လို႔ စာရင္းကို ျပန္စစ္ေဆးၾကည္႔တဲ႔အခါ… ၇၅ ရာခိုင္ႏႈန္း ေလာက္ကို ျဖည္႔ဆည္းခဲ႔ၿပီးပါၿပီတဲ႔…
     ရည္မွန္းခ်က္ခ်ပါ…
     ဘာပဲျဖစ္ျဖစ္ အိပ္မက္ေတြကို လက္ေတြ႔အေကာင္အထည္ ေဖာ္ပါ..
     မင္းရဲ႕ ရင္ထဲမွာ ငယ္အိပ္မက္ေတြ ႏိုးေနေအာင္ ႏိုးထားလိုက္စမ္းပါ..
     တျဖည္းျဖည္းခ်င္း ျဖစ္သြားပါလိမ္႔မယ္…
     အိုး…
ေအာင္ျမင္မႈ၊ ရႈံးနိမ္႔မႈေတြဟာ ေန႔ခ်င္း၊ ညခ်င္း ျဖစ္ေပၚလာတာ မဟုတ္ပါဘူး..
ေအာင္ျမင္ေစတဲ႔ အမူအက်င္႔ေတြ ျဖည္႔ဆည္းမႈေတြကို တစ္ခုၿပီး တစ္ခု ျဖည္႔ဆည္းလို႔ ေအာင္ျမင္ျခင္းေတြ ျဖစ္ေပၚလာတာ..
ထို႔အတူ က်ဆုံးေစမယ္႔ အမူအက်င္႔ေတြကို သတိမထား တေန႔တျခားမ်ားမ်ား လာေစလို႔ က်ဆုံးသြားတာ…
အဲဒါေၾကာင္႔ ဘယ္အမူကိစၥကို ျဖစ္ျဖစ္ ကိုယ္တိုင္သတိမထားခဲ႔ရင္ က်ဆုံးမႈေတြ မတိုးတက္မႈေတြ ျဖစ္ေပၚလာႏိုင္တာေၾကာင္႔ မိမိတို႔ရဲ႕ဘဝလမ္းေၾကာင္းကို အၿမဲသတိထား သုံးသပ္ေနဖို႔ လိုအပ္ပါတယ္…
         ေအာင္ျမင္သူေတြရဲ႕ ေအာင္ျမင္မႈ၊ ေအာင္ျမင္ခ်ိန္ကိုသာ ရႈျမင္ၿပီး အားက်တတ္ျခင္းဟာ လူ႔သဘာဝပါ..
        ေတာင္ေပၚကို တလွမ္းခ်င္းတက္ေနသူေတြ ေတြ႔ေအာင္ရွာၿပီး… အားအင္စိုက္ထုတ္ ျဖည္႔ဆည္းျခင္းကို ျမင္ေအာင္ ၾကည္႔ပါ…
       မိမိရဲ႕ဘဝလွမ္းခရီးကို အၿမဲသုံးသပ္တည္႔မတ္ပါ…
       ျဖည္႔ဆည္းပါ..
       တခ်ိန္က်ရင္ သင္႔ရဲ႕ေအာင္ျမင္မႈကို လက္ဝယ္ပိုင္ဆိုင္ႏိုင္ပါလိမ္႔မယ္….
( ေတြးမိသမွ် ေရးသားျခင္းပါ။ )
ေလးစားလွ်က္
အလင္းသစ္

ကျနော်နှင့် Fuzzy Logic

Fuzzy Logic ဆိုပြီး သင်္ချာပါမောက္ခဒေါက်တာခင်မောင်ဝင်း ရေးတဲ့ စာအုပ်လေးတစ်ခု ဖတ်ဖူးပါတယ်။ အဲဒီစာလုံးလေးကို မြန်မာလို ဘယ်လိုခေါ်လဲ ဆိုတာတော့ မမှတ်မိတော့ပါဘူး။
     Fuzzy Logic theory ပေါ်လာတော့ သင်္ချာသမားတွေ တော်တော်နဲ့ လက်မခံကြပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ အစဉ်အလာ Logic မှာ " သုည" မဟုတ်ရင် "တစ်" ( 0  or  1 ) ပဲ။ ရှင်းတယ်။
     ဒါပေမဲ့ Fuzzy Logic theory မှာတော့ "zero" or "one" အပြင် အဲဒီကြားထဲက တန်ဖိုးတွေကို ထည့်စဉ်းစားပါတယ်။
ဥပမာ.... 0,1/4,1/2,3/4,1

         အဲဒါလေးဖတ်ပြီးတော့ ကျနော်ဆက်တွေးမိတယ်ဗျာ။ လောကနိယာမ အမှုကိစ္စတွေမှာ ဒီလောက် မရိုးရှင်းဘူး။ မကောင်းဘူး၊ ကောင်းတယ် ( သုည နဲ့ တစ် ) လို့ လွယ်လွယ်ရွေးလို့ မရတော့ဘူး။
          ကောင်းတာက နည်းနည်း၊ မကောင်းတာ များများ၊ ဒါမှမဟုတ် အကောင်းအဆိုးမျှခြေ၊ ဒါမှမဟုတ် မကောင်းတာများများ၊ ကောင်းတာ နည်းနည်း.... စသည့် အချိုးပေါင်းများစွာ ရှိပါတယ်။
          အဲဒီအပြင်ထပ်စဉ်းစားစရာ လိုတာကတော့ အကောင်းအဆိုးကို ဘယ်ပေတံနဲ့ တိုင်းမလဲ။  နောက်ခံသမိုင်းနဲ့လား၊ ခေတ်ပြိုင်အယူအဆနဲ့လား... အစရှိသည့် "လား" ပေါင်းများစွာ မေးခွန်းတွေလည်း ရှိနိုင်ပါတော့တယ်။

           တော်တော်ရှုပ်တဲ့ ခေတ်ကြီးမှာ တိုင်းတာရလွယ်စေဖို့ လုံးဝ အကောင်း၊ လုံးဝအဆိုးထက် မကောင်း၊ မဆိုးတွေ ... အများဆုံးပါပဲလို့ ပြောပါရစေတော့...

           အဲဒါကြောင့် အရမ်းကြိုက်တာပဲ "သဲသဲလှုပ်" ၊ လုံးဝကို မုန်း.. "ခါးခါးသီးသီး"   အစား... သူနဲ့ကိုယ် ဘယ်လိုပေါင်းစပ်လို့ ရမလဲ စဉ်းစားရင်း ခရီးသွားကြရင်ဖြင့်တော့ ခရီးဖေါ်တွေ ဖြစ်ကြပါလိမ့်မယ်။
           တစ်ဦး တစ်ယောက် ပြိုင်ဆိုင်ကြတယ့်ခေတ်မဟုတ်တော့တဲ့ ဒီခေတ်ကြီးမှာ ကုမ္ပဏီကြီးတွေ တစ်ခုနဲ့တစ်ခုပေါင်း၊ တစ်ယောက်အား၊ တစ်ယောက်ယူပြီး အပြိုင်အဆိုင် လုပ်နေကြတာကို ဖတ်ဖူးပါလိမ့်မယ်။

           အများနဲ့ပူးပေါင်း အားယူလုပ်ကိုင်ကြတဲ့ ဒီခေတ်မှာဖြင့် တစ်ဦးနဲ့ တစ်ဦး အမြင်တူ ကြည်ဖြူစေဖို့ လုံးဝအကောင်း၊ လုံးဝအဆိုး စိတ်ဓါတ်တွေနဲ့တော့ သွားလို့ မဖြစ်တော့ပါဘူး။

           ပူးပေါင်းလို့ရမယ့် ဘုံအကျိုးစီးပွါးကို ကြည့်ရင်း စိတ်ဓါတ်လေးတွေ ပြင်ကြပါအုံးစို့။

( တွေးမိတာလေး ရေးကြည့်တာပါ။ မည်သူ့ကိုမျှ မရည်ရွယ်ပါကြောင်း....)

 ( Zawgyi ) 
Fuzzy Logic ဆိုၿပီး သခ်ၤာပါေမာကၡေဒါက္တာခင္ေမာင္ဝင္း ေရးတဲ႔ စာအုပ္ေလးတစ္ခု ဖတ္ဖူးပါတယ္။ အဲဒီစာလုံးေလးကို ျမန္မာလို ဘယ္လိုေခၚလဲ ဆိုတာေတာ႔ မမွတ္မိေတာ႔ပါဘူး။
     Fuzzy Logic theory ေပၚလာေတာ႔ သခ်ၤာသမားေတြ ေတာ္ေတာ္နဲ႔ လက္မခံၾကပါဘူးတဲ႔။ ဘာေၾကာင္႔လဲဆိုေတာ႔ အစဥ္အလာ Logic မွာ " သုည" မဟုတ္ရင္ "တစ္" ( 0  or  1 ) ပဲ။ ရွင္းတယ္။
     ဒါေပမဲ႔ Fuzzy Logic theory မွာေတာ႔ "zero" or "one" အျပင္ အဲဒီၾကားထဲက တန္ဖိုးေတြကို ထည္႔စဥ္းစားပါတယ္။
ဥပမာ.... 0,1/4,1/2,3/4,1

         အဲဒါေလးဖတ္ၿပီးေတာ႔ က်ေနာ္ဆက္ေတြးမိတယ္ဗ်ာ။ ေလာကနိယာမ အမႈကိစၥေတြမွာ ဒီေလာက္ မရိုးရွင္းဘူး။ မေကာင္းဘူး၊ ေကာင္းတယ္ ( သုည နဲ႔ တစ္ ) လို႔ လြယ္လြယ္ေရြးလို႔ မရေတာ႔ဘူး။
          ေကာင္းတာက နည္းနည္း၊ မေကာင္းတာ မ်ားမ်ား၊ ဒါမွမဟုတ္ အေကာင္းအဆိုးမွ်ေျခ၊ ဒါမွမဟုတ္ မေကာင္းတာမ်ားမ်ား၊ ေကာင္းတာ နည္းနည္း.... စသည္႔ အခ်ဳိးေပါင္းမ်ားစြာ ရိွပါတယ္။
          အဲဒီအျပင္ထပ္စဥ္းစားစရာ လိုတာကေတာ႔ အေကာင္းအဆိုးကို ဘယ္ေပတံနဲ႔ တိုင္းမလဲ။  ေနာက္ခံသမိုင္းနဲ႔လား၊ ေခတ္ၿပိဳင္အယူအဆနဲ႔လား... အစရိွသည္႔ "လား" ေပါင္းမ်ားစြာ ေမးခြန္းေတြလည္း ရိွႏိုင္ပါေတာ႔တယ္။

           ေတာ္ေတာ္ရႈပ္တဲ႔ ေခတ္ႀကီးမွာ တိုင္းတာရလြယ္ေစဖို႔ လုံးဝ အေကာင္း၊ လုံးဝအဆိုးထက္ မေကာင္း၊ မဆိုးေတြ ... အမ်ားဆုံးပါပဲလို႔ ေျပာပါရေစေတာ႔...

           အဲဒါေၾကာင္႔ အရမ္းႀကိဳက္တာပဲ "သဲသဲလႈပ္" ၊ လုံးဝကို မုန္း.. "ခါးခါးသီးသီး"   အစား... သူနဲ႔ကိုယ္ ဘယ္လိုေပါင္းစပ္လို႔ ရမလဲ စဥ္းစားရင္း ခရီးသြားၾကရင္ျဖင္႔ေတာ႔ ခရီးေဖၚေတြ ျဖစ္ၾကပါလိမ္႔မယ္။
           တစ္ဦး တစ္ေယာက္ ၿပိဳင္ဆိုင္ၾကတယ္႔ေခတ္မဟုတ္ေတာ႔တဲ႔ ဒီေခတ္ႀကီးမွာ ကုမၸဏီႀကီးေတြ တစ္ခုနဲ႔တစ္ခုေပါင္း၊ တစ္ေယာက္အား၊ တစ္ေယာက္ယူၿပီး အၿပိဳင္အဆိုင္ လုပ္ေနၾကတာကို ဖတ္ဖူးပါလိမ္႔မယ္။

           အမ်ားနဲ႔ပူးေပါင္း အားယူလုပ္ကိုင္ၾကတဲ႔ ဒီေခတ္မွာျဖင္႔ တစ္ဦးနဲ႔ တစ္ဦး အျမင္တူ ၾကည္ျဖဴေစဖို႔ လုံးဝအေကာင္း၊ လုံးဝအဆိုး စိတ္ဓါတ္ေတြနဲ႔ေတာ႔ သြားလို႔ မျဖစ္ေတာ႔ပါဘူး။

           ပူးေပါင္းလို႔ရမယ္႔ ဘုံအက်ဳိးစီးပြါးကို ၾကည္႔ရင္း စိတ္ဓါတ္ေလးေတြ ျပင္ၾကပါအုံးစို႔။

( ေတြးမိတာေလး ေရးၾကည္႔တာပါ။ မည္သူ႔ကိုမွ် မရည္ရြယ္ပါေၾကာင္း....)

Wednesday, April 15, 2015

ပိရမစ်များဆီသို့ အလည်တစ်ခေါက် ( ၂ )

 နာမည်ကျော် စဖင့်ရုပ်ထုကြီးသည်လည်း ထိုပိရမစ်၂ခု ၏ အနီးအနားတွင် တည်ရှိသည်ဟု တိုးဂိုက်က ရှင်းပြပါသည်။ ပိရမစ်များရှိရာ ကို အသွားတွင် ခြံဝန်းသဖွယ် နံရံတစ်ခု နားဆီသို့ အရောက်တွင် ကားကို ရပ်လိုက်ပြီးနောက်၊ ရောက်ရှိပြီ ဖြစ်ကြောင်း ပြောလိုက်ပါ သည်။ ကားနှင့် မလှမ်းမကမ်း နံရံဘေးတွင် ကုလားအုတ်နှင့် မြင်းများ ကိုတွေ့ရပါတော့သည်။ မိမိတို့ရောက်ရှိသော အချိန်သည် နေ့လည် ၂ နာရီ ခန့် ဖြစ်သော်လည်း အလွန်အမင်း မပူပြင်းလှပါ။ ရန်ကုန်တွင် နေ့လည် ထိုအချိန်လောက် ဦးခေါင်းပေါ်တွင် အကာမရှိပဲ ထွက်ပါက ခဏအတွင်းပင် ခေါင်းကိုက်နိုင်ပါသည်။ မိမိတို့ ရောက်ရှိနေသည့်အချိန် ရှိ ရာသီဥတု နှင့်လည်း သက်ဆိုင် ပါလိမ့်မည်။ 

      တိုးဂိုက်က ကုလားအုတ်များဆီ သို့ ခေါ်လာခြင်းသည် မိမိတို့ကို ပိရမစ်များဆီသို့ ကုလားအုတ်များ စီးကာ လည့်လည်ကြည့်ရှုရန် ဖြစ်ပါသည်။ တိုးဂိုက်က ကုလားအုတ်ငှားခကို အကြမ်းဖြင်းပြောပြထားသော်လည်း အသေးစိတ် ဈေးနှုန်းကို မူ ကုလားအုတ် ပိုင်ရှင် နှင့်သာ တိုက်ရိုက် စကားပြောကြပါ။ သူ ကြားဝင်၍ ပြောကြားခြင်း မပြုလိုပါ။ ထိုကုလားအုတ်ငှားခ အပေါ်မှ မည်သည့်တန်ကြေးကိုမျှ သူ ရယူလိုခြင်း မရှိပါ။ ထိုကြောင့် ဈေးစကား ပြောကြပါသည်။

         ပိုင်ရှင်က ခရီးတိုနှင့် ခရီးရှည် နှစ်မျိုးရှိကြောင်း ၊ ခရီးတိုကို ဒေါ်လာ ၂၅၊ ခရီးရှည် ကို ဒေါ်လာ ၄၀ ယူသည့် အကြောင်းပြောပါသည်။ မိမိတို့ က ခရီးရှည်ဖြင့် သွားလိုပါသည် ။သို့သော် ပေးနိုင်သော ငွေကြေးမှာ ဒေါ်လာ ၂၅ သာ ဖြစ်သဖြင့် ရမည်လားဟု မေးကာဈေးဆစ်ကြပါသည်။ နောက်ဆုံးတွင် ခရီးရှည် အတွက် ဒေါ်လာ ၂၅ ဖြင့် ဈေးတည့် ပါသည်။ ဈေးတည့်သော အခါ ငွေ ကို လက်ငင်း ရှင်းပေးရန် တောင်းဆိုပါသည်။ ထိုကြောင့် ငွေကို ရှင်းပေးလိုက်ပြီးသောအခါ ကုလားအုတ်ပေါ်သို့ တက်ကြရန် ပြောပါသည်။ 

     မိမိတို့လူဦးရေမှာ ၈ ယောက် ဖြစ်သောကြောင့် ကုလားအုတ်တစ်ကောင်ကို လူ ၂ယောက် တက်၍ ၊ကုလားအုတ် ၃ ကောင် ၊ မြင်း ၂ ကောင် ဖြင့် ထွက်ခွါခဲ့ပါသည်။ ကုလားအုတ်အပေါ်သို့ တက်ထိုင်ပြီးသော အခါ ပိတ်စတစ်စ နှင့် သားရေစီးလေးများ ဖြင့် လူတိုင်း ခေါင်းပေါ် သို့ လာဆောင်းပေးပါသည်။ မိမိတို့လည်း သွားရမည့် ခရီးသည် နေပူသောကြောင့် လာပေးခြင်း ဟု ထင်မိပါသည်။ ကုလားအုတ်သည် ဝပ်၍ ထိုင်နေသော အခါ ၊ လူသည် ကျောကုန်းရှိ ဘုကြားသို့ တက်ထိုင်ရပါသည်။ ထိုင်ပြီးသောအခါ ကုလားအုတ်ကို မတ်တပ်ရပ်ရန် အချက်ပေးပါသည်။ 

       ကုလားအုတ်သည် ထလိုက်သောအခါ ကျောပေါ်ရှိလူများသည် ရှေ့တိုးလိုက် နောက်လန် သွားလိုက်ဖြစ်ပါသည်။ ကုလားအုတ်ပေါ်တက်ပြီးသော အခါ ထို ကုလားအုတ် ၃ ကောင် နှင့် မြင်း ၂ ကောင် ကို ထိန်းသိမ်းရန် ၊ အဖေါ် လူတစ်ယောက်သည် မြင်းစီး ၍ လိုက်လာပါသည်။ လမ်းကြားတစ်ခုမှ ဖြတ်လာရင်း တစ်နေရာ တွင် ရပ်လိုက်ပါသည်။ ထိုအခါ ကုလားအုတ်များကို ဆွဲလာသော လူငယ်က မိမိတို့ ကို ပေးဆောင်းသော ခေါင်းဆောင်းများ အတွက် အခကြေးငွေ တောင်းပါသည်။

         ခေါင်းဆောင်းတစ်ခု လျှင် ၂ ဒေါ်လာပေးရမည်ဟု တောင်းပါသည်။ မိမိတို့က ထိုခရီးအတွက် အခမဲ့ပေးသည် ဟုထင်ကြောင်း ပြောသည်။ ထိုအခါ လူငယ်က အခမဲ့မဟုတ်ပါ။ ပိုက်ဆံပေးရမည် ဟု တောင်းပါသည်။ မိမိတို့က မိမိတို့ ဆောင်းရန် တောင်းဆိုခြင်း မဟုတ်၊ ကုလားအုတ် ပိုင်ရှင်က လာဆောင်းပေးခြင်း ကြောင့် လက်ခံ လိုက်ခြင်း ဖြစ်၍ ပိုက်ဆံ မပေးနိုင်ပါဟု ပြန်လည် တောင်းဆိုပါသည်။ ထိုလူငယ်က ပိုက်ဆံ မပေးလျှင် ခေါင်းဆောင်း ကို ပြန်ပေးပါ လို့ တောင်းဆိုသောကြောင့် ပြန်ပေးလိုက်ပါသည်။ 

          အကယ်၍ သာ ထိုသို့ မလိမ့်တပတ် မဟုတ်ပဲ၊ ကုလားအုတ်ပေါ် မတက်ခင်တွင် လာရောက် ရောင်းချခြင်း မျိုး ဖြစ် ပါက ၊လူ အကုန်လုံး မဟုတ်တောင် လူ အချို့ က သင့်တင့်သော ဈေးနှုန်းနှင့် ဝယ်မည် ဖြစ်သည်။ ထို့သို့ လုပ်လိုက်သောကြောင့် မည်သူမျှ မဝယ်လိုက်တော့ပါ။ 

        အမှန်တကယ်ကတော့ ပိရမစ်ဆီသို့ သွားသောလမ်းသည် ဖြောင့်နေသော်လည်း တည့်တည့် မသွားပဲ လမ်းကြားမှ ပတ်သွားသော ရည်ရွယ်ချက်သည် ထိုခေါင်းဆောင်း အတွက် ပိုက်ဆံတောင်းရန်သာ ဖြစ်ကြောင်း သဘောပေါက်ပါတော့သည်။ ပိရမစ်များတည်ရှိသော နေရာသည် ကုန်းပြင်မြင့်တစ်ခု ဖြစ်သည်။ ထို ကုန်းပြင်မြင့် နှင့် သဲကန္တာရ သည် တဆက်တည်းဖြစ်ပြီး၊ ဆာဟာရ သဲကန္တာရ နှင့် ဆက်သွားပါသည် ဟု တိုးဂိုက်က ရှင်းပြပါသည်။ ပိရမစ်အကြီး ၂ ခု နှင့် အသေးတစ်ခု တို့သည် ထိုနေရာတွင် တည်ရှိသည်။ ထိုနေရာရှိ ပိရမစ်သည် အကြီးဆုံးဖြစ်ကာ ၁၄၀၀ မီတာကျော် မြင့်သည် ဟု ဆိုပါသည်။ ပိရမစ် ၂ ခုသည် အတူတူလို ရှိသော်လည်း တစ်ခုမှာ တောင်ကုန်းပေါ်တွင် တည်ထားသောကြောင့် အခြားတစ်ခု နှင့် အတူတူလို ဖြစ်ရပါသည် ဟု ဆိုသည်။ 

         အနီးသို့ ရောက်သွားသော အခါ ထိုကဲ့သို့ ကျောက်တုံးအကြီးကြီးများကို ပိရမစ် ပုံစံတည်ဆောက်ရန် ဆိုလျှင် ယနေ့ခေတ် နည်းပညာ နှင့်ပင် အတော်တည်ဆောက်ရမည်။ ထို့ကြောင့် လွန်ခဲ့သော နှစ် ၅၀၀၀ ကျော်က တစ်တုံးလျှင် ၂ တန်ခန့် လေးသော ကျောက်တုံးမှာ တစ်နေရာမှ တစ်နေရာ ရွေ့ရန်ပင် တော်တော်အားထုတ်ရမည်။
( Zawgyi )

       နာမည္ေက်ာ္ စဖင္႔ရုပ္ထုႀကီးသည္လည္း ထိုပိရမစ္၂ခု ၏ အနီးအနားတြင္ တည္ရိွသည္ဟု တိုးဂိုက္က ရွင္းျပပါသည္။ ပိရမစ္မ်ားရိွရာ ကို အသြားတြင္ ျခံဝန္းသဖြယ္ နံရံတစ္ခု နားဆီသို႔ အေရာက္တြင္ ကားကို ရပ္လိုက္ၿပီးေနာက္၊ ေရာက္ရိွၿပီ ျဖစ္ေၾကာင္း ေျပာလိုက္ပါ သည္။ ကားႏွင္႔ မလွမ္းမကမ္း နံရံေဘးတြင္ ကုလားအုတ္ႏွင္႔ ျမင္းမ်ား ကိုေတြ႔ရပါေတာ႔သည္။ မိမိတို႔ေရာက္ရိွေသာ အခ်ိန္သည္ ေန႔လည္ ၂ နာရီ ခန္႔ ျဖစ္ေသာ္လည္း အလြန္အမင္း မပူျပင္းလွပါ။ ရန္ကုန္တြင္ ေန႔လည္ ထုိအခ်ိန္ေလာက္ ဦးေခါင္းေပၚတြင္ အကာမရိွပဲ ထြက္ပါက ခဏအတြင္းပင္ ေခါင္းကိုက္ႏိုင္ပါသည္။ မိမိတို႔ ေရာက္ရိွေနသည္႔အခ်ိန္ ရိွ ရာသီဥတု ႏွင္႔လည္း သက္ဆိုင္ ပါလိမ္႔မည္။ 

      တိုးဂိုက္က ကုလားအုတ္မ်ားဆီ သို႔ ေခၚလာျခင္းသည္ မိမိတို႔ကို ပိရမစ္မ်ားဆီသို႔ ကုလားအုတ္မ်ား စီးကာ လည္႔လည္ၾကည္႔ရွုရန္ ျဖစ္ပါသည္။ တိုးဂိုက္က ကုလားအုတ္ငွားခကို အၾကမ္းျဖင္းေျပာျပထားေသာ္လည္း အေသးစိတ္ ေစ်းႏွုန္းကို မူ ကုလားအုတ္ ပိုင္ရွင္ ႏွင္႔သာ တိုက္ရိုက္ စကားေျပာၾကပါ။ သူ ၾကားဝင္၍ ေျပာၾကားျခင္း မျပဳလိုပါ။ ထိုကုလားအုတ္ငွားခ အေပၚမွ မည္သည္႔တန္ေၾကးကိုမွ် သူ ရယူလိုျခင္း မရိွပါ။ ထိုေၾကာင္႔ ေစ်းစကား ေျပာၾကပါသည္။

         ပိုင္ရွင္က ခရီးတိုႏွင္႔ ခရီးရွည္ ႏွစ္မ်ိဳးရိွေၾကာင္း ၊ ခရီးတိုကို ေဒၚလာ ၂၅၊ ခရီးရွည္ ကို ေဒၚလာ ၄၀ ယူသည္႔ အေၾကာင္းေျပာပါသည္။ မိမိတို႔ က ခရီးရွည္ျဖင္႔ သြားလိုပါသည္ ။သို႔ေသာ္ ေပးႏိုင္ေသာ ေငြေၾကးမွာ ေဒၚလာ ၂၅ သာ ျဖစ္သျဖင္႔ ရမည္လားဟု ေမးကာေစ်းဆစ္ၾကပါသည္။ ေနာက္ဆံုးတြင္ ခရီးရွည္ အတြက္ ေဒၚလာ ၂၅ ျဖင္႔ ေစ်းတည္႔ ပါသည္။ ေစ်းတည္႔ေသာ အခါ ေငြ ကို လက္ငင္း ရွင္းေပးရန္ ေတာင္းဆိုပါသည္။ ထိုေၾကာင္႔ ေငြကို ရွင္းေပးလိုက္ၿပီးေသာအခါ ကုလားအုတ္္ေပၚသို႔ တက္ၾကရန္ ေျပာပါသည္။ 

     မိမိတို႔လူဦးေရမွာ ၈ ေယာက္ ျဖစ္ေသာေၾကာင္႔ ကုလားအုတ္တစ္ေကာင္ကို လူ ၂ေယာက္ တက္၍ ၊ကုလားအုတ္ ၃ ေကာင္ ၊ ျမင္း ၂ ေကာင္ ျဖင္႔ ထြက္ခြါခဲ႔ပါသည္။ ကုလားအုတ္အေပၚသို႔ တက္ထိုင္ၿပီးေသာ အခါ ပိတ္စတစ္စ ႏွင္႔ သားေရစီးေလးမ်ား ျဖင္႔ လူတိုင္း ေခါင္းေပၚ သို႔ လာေဆာင္းေပးပါသည္။ မိမိတို႔လည္း သြားရမည္႔ ခရီးသည္ ေနပူေသာေၾကာင္႔ လာေပးျခင္း ဟု ထင္မိပါသည္။ ကုလားအုတ္သည္ ဝပ္၍ ထိုင္ေနေသာ အခါ ၊ လူသည္ ေက်ာကုန္းရိွ ဘုၾကားသို႔ တက္ထိုင္ရပါသည္။ ထိုင္ၿပီးေသာအခါ ကုလားအုတ္ကို မတ္တပ္ရပ္ရန္ အခ်က္ေပးပါသည္။ 

       ကုလားအုတ္သည္ ထလိုက္ေသာအခါ ေက်ာေပၚရိွလူမ်ားသည္ ေရွ႕တိုးလိုက္ ေနာက္လန္ သြားလိုက္ျဖစ္ပါသည္။ ကုလားအုတ္ေပၚတက္ၿပီးေသာ အခါ ထို ကုလားအုတ္ ၃ ေကာင္ ႏွင္႔ ျမင္း ၂ ေကာင္ ကို ထိန္းသိမ္းရန္ ၊ အေဖၚ လူတစ္ေယာက္သည္ ျမင္းစီး ၍ လိုက္လာပါသည္။ လမ္းၾကားတစ္ခုမွ ျဖတ္လာရင္း တစ္ေနရာ တြင္ ရပ္လိုက္ပါသည္။ ထိုအခါ ကုလားအုတ္မ်ားကို ဆြဲလာေသာ လူငယ္က မိမိတို႔ ကို ေပးေဆာင္းေသာ ေခါင္းေဆာင္းမ်ား အတြက္ အခေၾကးေငြ ေတာင္းပါသည္။

         ေခါင္းေဆာင္းတစ္ခု လွ်င္ ၂ ေဒၚလာေပးရမည္ဟု ေတာင္းပါသည္။ မိမိတို႔က ထိုခရီးအတြက္ အခမဲ႔ေပးသည္ ဟုထင္ေၾကာင္း ေျပာသည္။ ထိုအခါ လူငယ္က အခမဲ႔မဟုတ္ပါ။ ပိုက္ဆံေပးရမည္ ဟု ေတာင္းပါသည္။ မိမိတို႔က မိမိတို႔ ေဆာင္းရန္ ေတာင္းဆိုျခင္း မဟုတ္၊ ကုလားအုတ္ ပိုင္ရွင္က လာေဆာင္းေပးျခင္း ေၾကာင္႔ လက္ခံ လုိက္ျခင္း ျဖစ္၍ ပိုက္ဆံ မေပးႏိုင္ပါဟု ျပန္လည္ ေတာင္းဆိုပါသည္။ ထိုလူငယ္က ပိုက္ဆံ မေပးလွ်င္ ေခါင္းေဆာင္း ကို ျပန္ေပးပါ လို႔ ေတာင္းဆိုေသာေၾကာင္႔ ျပန္ေပးလိုက္ပါသည္။ 

          အကယ္၍ သာ ထိုသို႔ မလိမ္႔တပတ္ မဟုတ္ပဲ၊ ကုလားအုတ္ေပၚ မတက္ခင္တြင္ လာေရာက္ ေရာင္းခ်ျခင္း မ်ိဳး ျဖစ္ ပါက ၊လူ အကုန္လံုး မဟုတ္ေတာင္ လူ အခ်ိဳ႕ က သင္႔တင္႔ေသာ ေစ်းႏႈန္းႏွင္႔ ဝယ္မည္ ျဖစ္သည္။ ထို႔သို႔ လုပ္လိုက္ေသာေၾကာင္႔ မည္သူမွ် မဝယ္လိုက္ေတာ႔ပါ။ 

     အမွန္တကယ္ကေတာ႔ ပိရမစ္ဆီသို႔ သြားေသာလမ္းသည္ ေျဖာင္႔ေနေသာ္လည္း တည္႔တည္႔ မသြားပဲ လမ္းၾကားမွ ပတ္သြားေသာ ရည္ရြယ္ခ်က္သည္ ထိုေခါင္းေဆာင္း အတြက္ ပိုက္ဆံေတာင္းရန္သာ ျဖစ္ေၾကာင္း သေဘာေပါက္ပါေတာ႔သည္။ ပိရမစ္မ်ားတည္ရိွေသာ ေနရာသည္ ကုန္းျပင္ျမင္႔တစ္ခု ျဖစ္သည္။ ထို ကုန္းျပင္ျမင္႔ ႏွင္႔ သဲကႏၱာရ သည္ တဆက္တည္းျဖစ္ၿပီး၊ ဆာဟာရ သဲကႏၱာရ ႏွင္႔ ဆက္သြားပါသည္ ဟု တိုးဂိုက္က ရွင္းျပပါသည္။ ပိရမစ္အႀကီး ၂ ခု ႏွင္႔ အေသးတစ္ခု တို႔သည္ ထိုေနရာတြင္ တည္ရိွသည္။ ထိုေနရာရိွ ပိရမစ္သည္ အႀကီးဆံုးျဖစ္ကာ ၁၄၀၀ မီတာေက်ာ္ ျမင္႔သည္ ဟု ဆိုပါသည္။ ပိရမစ္ ၂ ခုသည္ အတူတူလို ရိွေသာ္လည္း တစ္ခုမွာ ေတာင္ကုန္းေပၚတြင္ တည္ထားေသာေၾကာင္႔ အျခားတစ္ခု ႏွင္႔ အတူတူလို ျဖစ္ရပါသည္ ဟု ဆိုသည္။ 

         အနီးသို႔ ေရာက္သြားေသာ အခါ ထိုကဲ႔သို႔ ေက်ာက္တံုးအႀကီးႀကီးမ်ားကို ပိရမစ္ ပံုစံတည္ေဆာက္ရန္ ဆိုလွ်င္ ယေန႔ေခတ္ နည္းပညာ ႏွင္႔ပင္ အေတာ္တည္ေဆာက္ရမည္။ ထို႔ေၾကာင္႔ လြန္ခဲ႔ေသာ ႏွစ္ ၅၀၀၀ ေက်ာ္က တစ္တုံးလွ်င္ ၂ တန္ခန္႔ ေလးေသာ ေက်ာက္တုံးမွာ တစ္ေနရာမွ တစ္ေနရာ ေရြ႕ရန္ပင္ ေတာ္ေတာ္အားထုတ္ရမည္။

ပိရမစ်များဆီသို့ အလည်တစ်ခေါက် ( ၁ )


ကျွန်တော်တို့ သင်္ဘောသည် မြေထဲပင်လယ်ဒေသ ဟုခေါ်သော Red Sea ဒေသ သို့ တစ်ခေါက် ရောက်ရှိသွားပါပြီ။ ယခင် က ထိုဒေသသို့ ရောက်ရှိဖူးသော်လည်း မြို့ဆီသို့ သွားရောက်လည်ပတ်ခြင်း မရှိခဲ့ပါ။ ယခုတစ်ခေါက်တွင် နာမည်ကျော် နှစ်၅၀၀၀ သက်တမ်းရှိ ပိရမစ်များရှိရာ အီဂျစ် နိုင်ငံ ကိုင်ရိုမြို့တော် သို့ သွားရောက်လည်ပတ်ခွင့် ရခဲ့ပါသည်။ သင်္ဘော သည် Sokhna ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားပါသည်။ Sokhna ဆိပ်ကမ်းမှ Tour ကုမ္ပဏီ မှ စီစဉ်ပေးသော ကားဖြင့် လာခေါ်ပါသည်။ 

        ထိုဆိပ်ကမ်းသည် ဆူးအက်တူးမြောင်းကြီး နှင့် ကီလိုမီတာ ၂၀ ခန့်သာ ဝေးတော့သည်။ ဆိပ်ကမ်းမှ ကိုင်ရိုမြိုတော် သို့ ကားဖြင့် ၁ နာရီ ခွဲခန့် မောင်းနှင်သွားရပါသည်။ ကိုင်ရိုမြို့တော်သည် လူဦးရေ သန်း၂၀ ခန့် နေထိုင်ပါသည်။ အီဂျစ်ပြည်သည် လူဦးရေ သန်း ၈၀ ခန့် နေထိုင်ပါသည်။ ၆၀ သန်းမှာ မွတ်ဆလင် ဘာသာဝင်များ ဖြစ်ကြပြီး၊ ၁၀ သန်း ခန့်ကတော့ ခရစ်ယန်ဘာသာဝင်များ ဖြစ်ကြသည်။ ကိုင်ရိုမြို့တော် သည် နိုင်းမြစ်ကမ်းဘေးတွင် တည်ရှိပါသည်။ 

      ကိုင်ရိုသို့ သွားရာ အမြန်လမ်းမကြီးသည် ၈လမ်းသွား အပြည့်လမ်းမကြီး ဖြစ်ပြီး၊ အသွား ၄လမ်း၊ အပြန် ၄ လမ်း ဖြစ်ကာ၊ အသွားအပြန်လမ်း ၂ ခု ကြားတွင် လမ်းလည် မြေနေရာရှိပါသည်။ ထိုမြေနေရာ တွင် လူနားခို စရာ အရိပ်ရရန် အဆောင်လေးများကို ကြိုကြားကြိုကြားဆောက်လုပ် ထားပါသည်။ အဝေပြေးလမ်းမကြီးမှာ ညီညာသော မြေပြင်တွင် ဖေါက်လုပ်ထားခြင်း မဟုတ်သောကြောင့် လမ်းမကြီးသည် ညီညာပြန့်ပြူးသော်လည်း ဘေးဝဲယာ ပတ်ဝန်းကျင် သည် နိမ့်သွားလိုက်၊ မြင့်တက်သွားလိုက် ဖြင့် ရှိပါသည်။ 

      လမ်းမကြီး ဖြစ်သန်းလာရာဘေးပတ်ဝန်းကျင် တွင် သစ်ပင် လုံးဝ မရှိသည့် နေရာ က အများစု ဖြစ်ပါသည်။ သစ်ပင် ဆိုသည်မှာ မြက်ပင်မျှ ပင် မရှိဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုသို့သော နေရာကို ဖြတ်သန်းသွားမှ သဲကန္တာရ ဆိုသည့် ခံစားမှု ကို ခံစားနိုင်တော့သည်။ ဘေးပတ်ဝန်းကျင် တော်တော်ဝေးဝေး အထိ အပင်မရှိသလို၊ အခြားလူနေ အဆောက်အဦးများလည်း မရှိပေ။ ကြိုကြားကြိုကြားတွေ့ရသည်ကား တယ်လီဖုန်း ဆက်သွယ်ရေး မျှော်စင်များပင် ဖြစ်သည်။ ထိုမျှော်စင်လေး များ အနီးတွင် နေရောင်ခြည် ဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်သော ဆိုလာပြား များ ကို တွေ့ ရသည်။ ထို မျှော်စင်အတွက် သုံးသော လျှပ်စစ်ဓါတ်ကို ဆိုလာပြားများ ဖြင့်ထုတ်လုပ်သည် ဟု ထင်ပါသည်။ 

       အဝေးပြေးလမ်းမကြီးမှ တစ်နာရီကျော် ခန့် ကားမောင်းပြီးသည့် အခါတွင် ကိုင်ရိုမြို့အဝင် မုဒ်ဦးကြီး သို့ရောက်ရှိပါသည်။ ထို မုဒ်ဦးကြီးတွင် အီဂျစ်ရှေးဟောင်း ရုပ်တု များ ဖြင့် အလှဆင်ထားပါသည်။ ထိုသို့ ဆက်လက်ဖြတ်သန်းလာပြီးသောအခါ အိမ်ခြေတိုက်တာများကို စတင်မြင်တွေ့ရပါသည်။ လမ်းမဘေးဝဲယာ တွင် ရှိသော တိုက်များမှာ အများအားဖြင့် လေးထောက် စပ်စပ် ပုံစံများဖြစ်ကြပြီး ၊ ၈ ထပ် ခန့်သာ ရှိပါသည် ။ အပြင်ပိုင်း များသည် များသော အားဖြင့် အချော အကိုင်ပဲ ၊ အကြမ်းထည် ပင် ဖြစ်သည်။ အဝေးပြေးလမ်းမကြီး ပေါ်မှ လှမ်းမြင်ရသော တိုက်တာ အဆောက်အဦး များကို တော့ ကိုင်ရိုမြို့တော်အသစ် ဟု ကျွန်တော်တို့ ၏ တိုးဂိုက် က ရှင်းပြပါသည်။ 

      လမ်းမျှော်ကြည့်လိုက်သောအခါ ပုံစံတူ တိုက်လေးများ ဖြစ်ကာ ၊ စားပွဲပေါ်တွင် တင်ထားသော နမူနာပုံစံ အဆောက်အဦး ကလေးများကို လှမ်းကြည့် လိုက်သည် နှင့် တူနေပါသည်။ 

     လမ်းမကြီးတစ်လျှောက် မောင်းနှင်လာရင် တစ်နေရာတွင် ကားကို ရပ်လိုက်ပါသည်။ ကားအောက်ဆင်းကြည့်လိုက်သော အခါ တံတားတစ်ခု ၏ အပေါ်တွင် ဖြစ်ကာ အောက်ဘက်တွင် မြစ်တစ်စင်း စီးဆင်းနေပါသည်။ ထိုမြစ်သည် နာမည်ကျော် နိုင်းမြစ် ဖြစ်သည်ဟု ရှင်းပြပါသည်။ ထိုတံတားရှိသော နေရာနှင့် ပိရမစ်များ တည်ရှိရာ နေရာသည် ၁၀ မိနစ် ခန့်သာ ကားမောင်းရတော့ မည် ဟု ထပ်၍ ရှင်းပြသည်။ 

       ဆက်လက်မောင်းနှင်လာရာ မီးပိုင့် လို လမ်းဆုံ နေရာသို့ ရောက်လာသော အခါ ကားကို ချိုးကွေ့လိုက် ပါသည်။ တိုးဂိုက်က ဟိုမှာ လှမ်းကြည့်လိုက်ပါ လို့ ဆို၍ လှမ်းကြည့်လိုက်သော အခါ လမ်း၏ အဆုံးတွင် ပိရမစ်ကြီးများကို အဝေးမှ လှမ်းမြင်လိုက်ရတော့သည်။ အီဂျစ်တွင် ရှိသောပိရပစ် အရေအတွက် အားလုံးပေါင်းမှာ ၁၁၀ ကျော်သည်ဟု တိုးဂိုက်က ရှင်းပြပါသည်။ ကျွန်တော်တို့ သွားရောက် လည်ပတ်မည့် ပိရမစ်မှာ ထိုပိရမစ်များထဲမှ အရွယ်အကြီးဆုံး ၂ ခု ဖြစ်ကြပါသည်။
( Zawgyi )
      ကၽြန္ေတာ္တို႔ သေဘၤာသည္ ေျမထဲပင္လယ္ေဒသ ဟုေခၚေသာ Red Sea ေဒသ သို႔ တစ္ေခါက္ ေရာက္ရိွသြားပါၿပီ။ ယခင္ က ထိုေဒသသို႔ ေရာက္ရိွဖူးေသာ္လည္း ၿမိဳ႕ဆီသို႔ သြားေရာက္လည္ပတ္ျခင္း မရိွခဲ႔ပါ။ ယခုတစ္ေခါက္တြင္ နာမည္ေက်ာ္ ႏွစ္၅၀၀၀ သက္တမ္းရိွ ပိရမစ္မ်ားရိွရာ အီဂ်စ္ ႏိုင္ငံ ကိုင္ရိုၿမိဳ႕ေတာ္ သို႔ သြားေရာက္လည္ပတ္ခြင္႔ ရခဲ႔ပါသည္။ သေဘၤာ သည္ Sokhna ဆိပ္ကမ္းတြင္ ဆိုက္ကပ္ထားပါသည္။ Sokhna ဆိပ္ကမ္းမွ Tour ကုမၸဏီ မွ စီစဥ္ေပးေသာ ကားျဖင္႔ လာေခၚပါသည္။ 

        ထိုဆိပ္ကမ္းသည္ ဆူးအက္တူးေျမာင္းႀကီး ႏွင္႔ ကီလိုမီတာ ၂၀ ခန္႔သာ ေဝးေတာ႔သည္။ ဆိပ္ကမ္းမွ ကိုင္ရိုၿမိဳေတာ္ သို႔ ကားျဖင္႔ ၁ နာရီ ခြဲခန္႔ ေမာင္းႏွင္သြားရပါသည္။ ကိုင္ရိုၿမိဳ႕ေတာ္သည္ လူဦးေရ သန္း၂၀ ခန္႔ ေနထိုင္ပါသည္။ အီဂ်စ္ျပည္သည္ လူဦးေရ သန္း ၈၀ ခန္႔ ေနထိုင္ပါသည္။ ၆၀ သန္းမွာ မြတ္ဆလင္ ဘာသာ၀င္မ်ား ျဖစ္ၾကၿပီး၊ ၁၀ သန္း ခန္႔ကေတာ႔ ခရစ္ယန္ဘာသာဝင္မ်ား ျဖစ္ၾကသည္။ ကိုင္ရိုၿမိဳ႕ေတာ္ သည္ ႏိုင္းျမစ္ကမ္းေဘးတြင္ တည္ရိွပါသည္။ 

      ကိုင္ရိုသို႔ သြားရာ အျမန္လမ္းမႀကီးသည္ ၈လမ္းသြား အျပည္႔လမ္းမႀကီး ျဖစ္ၿပီး၊ အသြား ၄လမ္း၊ အျပန္ ၄ လမ္း ျဖစ္ကာ၊ အသြားအျပန္လမ္း ၂ ခု ၾကားတြင္ လမ္းလည္ ေျမေနရာရိွပါသည္။ ထိုေျမေနရာ တြင္ လူနားခို စရာ အရိပ္ရရန္ အေဆာင္ေလးမ်ားကို ႀကိဳၾကားႀကိဳၾကားေဆာက္လုပ္ ထားပါသည္။ အေ၀ေျပးလမ္းမႀကီးမွာ ညီညာေသာ ေျမျပင္တြင္ ေဖါက္လုပ္ထားျခင္း မဟုတ္ေသာေၾကာင္႔ လမ္းမႀကီးသည္ ညီညာျပန္႔ျပဴးေသာ္လည္း ေဘးဝဲယာ ပတ္ဝန္းက်င္ သည္ နိမ္႔သြားလိုက္၊ ျမင္႔တက္သြားလိုက္ ျဖင္႔ ရိွပါသည္။ 

      လမ္းမႀကီး ျဖစ္သန္းလာရာေဘးပတ္ဝန္းက်င္ တြင္ သစ္ပင္ လုံးဝ မရိွသည္႔ ေနရာ က အမ်ားစု ျဖစ္ပါသည္။ သစ္ပင္ ဆိုသည္မွာ ျမက္ပင္မွ် ပင္ မရိွဟု ဆိုလိုျခင္း ျဖစ္သည္။ ထိုသို႔ေသာ ေနရာကို ျဖတ္သန္းသြားမွ သဲကႏၱာရ ဆိုသည္႔ ခံစားမွု ကို ခံစားႏိုင္ေတာ႔သည္။ ေဘးပတ္ဝန္းက်င္ ေတာ္ေတာ္ေဝးေဝး အထိ အပင္မရိွသလို၊ အျခားလူေန အေဆာက္အဦးမ်ားလည္း မရိွေပ။ ႀကိဳၾကားႀကိဳၾကားေတြ႔ရသည္ကား တယ္လီဖုန္း ဆက္သြယ္ေရး ေမွ်ာ္စင္မ်ားပင္ ျဖစ္သည္။ ထိုေမွ်ာ္စင္ေလး မ်ား အနီးတြင္ ေနေရာင္ျခည္ ျဖင္႔ လွ်ပ္စစ္ထုတ္လုပ္ႏိုင္ေသာ ဆိုလာျပား မ်ား ကို ေတြ႔ ရသည္။ ထို ေမွ်ာ္စင္အတြက္ သံုးေသာ လွ်ပ္စစ္ဓါတ္ကို ဆိုလာျပားမ်ား ျဖင္႔ထုတ္လုပ္သည္ ဟု ထင္ပါသည္။ 

       အေဝးေျပးလမ္းမႀကီးမွ တစ္နာရီေက်ာ္ ခန္႔ ကားေမာင္းၿပီးသည္႔ အခါတြင္ ကိုင္ရိုၿမိဳ႕အဝင္ မုဒ္ဦးႀကီး သို႔ေရာက္ရိွပါသည္။ ထို မုဒ္ဦးႀကီးတြင္ အီဂ်စ္ေရွးေဟာင္း ရုပ္တု မ်ား ျဖင္႔ အလွဆင္ထားပါသည္။ ထိုသို႔ ဆက္လက္ျဖတ္သန္းလာၿပီးေသာအခါ အိမ္ေျခတိုက္တာမ်ားကို စတင္ျမင္ေတြ႔ရပါသည္။ လမ္းမေဘးဝဲယာ တြင္ ရိွေသာ တိုက္မ်ားမွာ အမ်ားအားျဖင္႔ ေလးေထာက္ စပ္စပ္ ပံုစံမ်ားျဖစ္ၾကၿပီး ၊ ၈ ထပ္ ခန္႔သာ ရိွပါသည္ ။ အျပင္ပိုင္း မ်ားသည္ မ်ားေသာ အားျဖင္႔ အေခ်ာ အကိုင္ပဲ ၊ အၾကမ္းထည္ ပင္ ျဖစ္သည္။ အေဝးေျပးလမ္းမႀကီး ေပၚမွ လွမ္းျမင္ရေသာ တိုက္တာ အေဆာက္အဦး မ်ားကို ေတာ႔ ကိုင္ရိုၿမိဳ႕ေတာ္အသစ္ ဟု ကၽြန္ေတာ္တို႔ ၏ တိုးဂိုက္ က ရွင္းျပပါသည္။ 

      လမ္းေမွ်ာ္ၾကည္႔လိုက္ေသာအခါ ပံုစံတူ တုိက္ေလးမ်ား ျဖစ္ကာ ၊ စားပြဲေပၚတြင္ တင္ထားေသာ နမူနာပံုစံ အေဆာက္အဦး ကေလးမ်ားကို လွမ္းၾကည္႔ လိုက္သည္ ႏွင္႔ တူေနပါသည္။ 

     လမ္းမႀကီးတစ္ေလွ်ာက္ ေမာင္းႏွင္လာရင္ တစ္ေနရာတြင္ ကားကို ရပ္လိုက္ပါသည္။ ကားေအာက္ဆင္းၾကည္႔လိုက္ေသာ အခါ တံတားတစ္ခု ၏ အေပၚတြင္ ျဖစ္ကာ ေအာက္ဘက္တြင္ ျမစ္တစ္စင္း စီးဆင္းေနပါသည္။ ထိုျမစ္သည္ နာမည္ေက်ာ္ ႏိုင္းျမစ္ ျဖစ္သည္ဟု ရွင္းျပပါသည္။ ထိုတံတားရိွေသာ ေနရာႏွင္႔ ပိရမစ္မ်ား တည္ရိွရာ ေနရာသည္ ၁၀ မိနစ္ ခန္႔သာ ကားေမာင္းရေတာ႔ မည္ ဟု ထပ္၍ ရွင္းျပသည္။ 

       ဆက္လက္ေမာင္းႏွင္လာရာ မီးပိုင္႔ လို လမ္းဆံု ေနရာသို႔ ေရာက္လာေသာ အခါ ကားကို ခ်ိဳးေကြ႔လိုက္ ပါသည္။ တိုးဂိုက္က ဟုိမွာ လွမ္းၾကည္႔လိုက္ပါ လို႔ ဆို၍ လွမ္းၾကည္႔လိုက္ေသာ အခါ လမ္း၏ အဆံုးတြင္ ပိရမစ္ႀကီးမ်ားကို အေဝးမွ လွမ္းျမင္လိုက္ရေတာ႔သည္။ အီဂ်စ္တြင္ ရိွေသာပိရပစ္ အေရအတြက္ အားလုံးေပါင္းမွာ ၁၁၀ ေက်ာ္သည္ဟု တိုးဂိုက္က ရွင္းျပပါသည္။ ကၽြန္ေတာ္တို႔ သြားေရာက္ လည္ပတ္မည္႔ ပိရမစ္မွာ ထိုပိရမစ္မ်ားထဲမွ အရြယ္အႀကီးဆုံး ၂ ခု ျဖစ္ၾကပါသည္။

Sunday, October 26, 2014

အသစ်..အသစ်များ

အသစ်..အသစ်များလို့ ခေါင်းစဉ်တပ်ပြီး၊ စာဖတ်သူကို မျက်စိပြူးသွားအောင် လုပ်လိုက်ပါပြီ။  နောက်ဆက်ဖတ်တော့မှ ထင်တဲ့အတိုင်း မဟုတ်ပါလားဆိုပြီး မေတ္တာမပို့ကြပါနဲ့။ လိုင်းကြောင်သွားပြီဆိုပြီး ကျွန်တော့်ကို မထင်ကြပါနဲ့။ 

အသစ်၊ အသစ်ကို အမြဲတောင်းတနေတဲ့ ကျွန်တော်တို့ခေတ်ရဲ့ယဉ်ကျေးမှုအကြောင်းကို ရေးချင်တာပါ။ ဒါတောင် ကျွန်တော်တို့နိုင်ငံဆိုတာ နောက်ဆုံးနေရာရောက်နေလို့ အသစ်၊ အသစ်ကို လူတိုင်း လက်လှမ်းမမှီလို့ပါ။ အဲဒီအသစ်တွေထုတ် အကြွေးရောင်းပြီး၊ ကမ္ဘာစီးပွါးရေးကို လည်ပတ်အောင်လုပ်ထားတာလို့ ပညာရှင်တွေပြောပါတယ်။ အမေရိကန်မှာ စီးပွါးရေးကျရင် လူတွေကို ပစ္စည်းတွေပိုဝယ်၊ ပိုသုံးဖို့ အားပေးတဲ့အစီအစဉ်တွေ လုပ်တယ်လို့ ဖတ်ဖူးပါတယ်။

အခု အနီးစပ်ဆုံးပြောရရင် တယ်လီဖုန်းမော်ဒယ်အသစ်တွေက ကုမ္ပဏီအလိုက် အမြဲအသစ်တွေ ထုတ်နေပါတယ်။ တစ်ခုထက်တစ်ခု ဆန်းသစ်ပြီး၊ တခါတလေပါဝင်တဲ့ features တွေကို သိဖို့တောင် တော်တော်လေ့လာယူရပါတယ်။ 

ကျွန်တော့်ညီလေးတစ်ယောက်ဆို တယ်လီဖုန်းမော်ဒယ် အသစ်လေးတွေကို တော်တော် စိတ်ဝင်စားပါတယ်။ လခရတဲ့ငွေတွေကို စုပြီး၊ တယ်လီဖုန်းမကြာခဏ အသစ်လဲပါတယ်။ အဟောင်းကို အရှုံးခံပြီး၊ ပြန်ရောင်းပါတယ်။ အဲဒီအလုပ်အတွက် သူ တော်တော်အားထုတ်ပြီး၊ သူ့ကိုယ်သူလည်း တော်တော် ဟုတ်လှပြီလို့ ထင်ပါတယ်။ ထိုဖုန်းတွေကို တယ်လီဖုန်းပြော၊ fb သုံးတဲ့ အလုပ်လောက်ကိုပဲ သူ သုံးတတ်ပါတယ်။ ဒီလို Smart phone တစ်လုံးကို အစွမ်းကုန် ဘယ်လို အသုံးချရမလဲ သူ မသိပါဘူး။ မစဉ်းစားပါဘူး။ သူ့လုပ်ပုံက ကားအကောင်းစားကြီးကို လမ်းအကြမ်းပေါ်လျှောက်မောင်းနေသလိုပါ။

Smart phone တစ်လုံးကို မြောက်မြားစွာ အသုံးချလို့ရပါတယ်။ ဖုန်းပြောဆိုခြင်း၊ အင်တာနက် အသုံးပြုခြင်း၊ ဂိမ်းကစားခြင်း..စတဲ့ အလုပ်တွေအပြင် ဝါသနာပါရာ လေ့လာမှုများစွာအတွက် Application များ၊ အလုပ်အကိုင် အထောက်အကူပြု  Application များ၊ လေ့လာမှုအတွက် E-book များ..စသည့် လုပ်ငန်းများစွာမှာ အသုံးပြုလို့ရပါတယ်။ Application တွေကို Google Play Store မှာ အခမဲ့ Download လုပ်လို့ရပါတယ်။ Apple Store မှာ ပိုကောင်းတဲ့ Professional Application တွေကို ဝယ်လို့ရပါတယ်။ 

Engineering Application, Language application, Office application, Music Learning application… စသည့် Application ပေါင်းမြောက်များစွာဟာ အသင့်ရှိနေပါတယ်။ ဒါကို ကျွန်တော်တို့ အသုံးမချကြပါဘူး။ မိမိ သိသလောက်လေးနဲ့ တင်းတိမ်နေကြပါတယ်။ ဈေးကြီးပေးရတဲ့ ဘဲကင်တစ်ကောင် ကို မှာထားပြီး၊ ကျွန်တော်တို့စားနိုင်တာဟာ ခြေထောက်၊ ခေါင်း စတဲ့ အပိုင်းလေးတွေပဲ ဖြစ်နေပါတယ်။ တကယ့်အရသာရှိတဲ့ ကိုယ်လုံးကို မစားနိုင်ပါဘူး။ 

တကယ်တော့ ကျွန်တော်တို့ လူ့ဘဝဟာလည်း ကိုယ်ပိုင်ဆိုင်ရတဲ့ Smart phone တစ်လုံးလိုပါပဲ။ အဲဒီ Smart phone ကို အဆုံးအစမရှိ ကိုယ့်လိုအင်အတွက် သုံးသလို သုံးနိုင်ပါတယ်။ မျက်စိအမြင် အာရုံကို ရနေတဲ့အခါ အမြင်အာရုံရဲ့ တန်ဖိုးတွေကို မေ့နေပါတယ်။ ကမ္ဘာကျော်မျက်မမြင်စာရေးဆရာမ ဟယ်လင်ကဲလားရဲ့ “သုံးရက်တာ မျက်စိမြင်ခွင့်ရခဲ့ရင်..” ဆောင်းပါးဖတ်ဖူးပါတယ်။ ဟယ်လင်ကဲလား ဟာ မွေးရာပါမျက်မမြင်ပါ။

 ဆောင်းပါးထဲမှာ သုံးရက်ကို ဘယ်လိုအသုံးချပြီး မျက်စိနဲ့ ကြည့်မြင်ခံစားမယ်ဆိုတာ အသေးစိတ်အစီအစဉ် ဆွဲထားပြီး၊ တချိန်မှာ အကြောင်းအရာတစ်ခုစီကို ဘယ်လိုမြင်တွေ့ချင်တယ် ဆိုတာကို ဖတ်ရတော့ ကျွန်တော်တို့ဟာ မျက်စိမြင်နေသော်လည်း မြင်အောင် မကြည့်တတ်ကြသေးပါလားဆိုတာ နားလည်လာရပါတယ်။

ကောင်းမွန်တဲ့အာရုံငါးပါးကို ပိုင်ဆိုင်သော်လည်း ကျွန်တော်တို့ အပြည့်အဝအသုံးမပြုဖြစ်ကြပါဘူး။ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေ ရဖို့အတွက် အသုံးပြုခြင်းအပြင် လေ့လာခြင်း၊ လေ့ကျင့်ခြင်းတွေ ပါဝင်ပါတယ်။ ပန်းချီကားတစ်ချပ်ကို ကောင်းမွန်စွာခံစားနိုင်ဖို့ မျက်စိဟာ အရောင်တွေရဲ့သဘာဝ၊ ပြင်းထန်မှု၊ စူးရှမှု၊ ကောက်ကြောင်းများရဲ့ အထူအပါး၊ ပျော့ပြောင်းမှု၊ ကွက်လပ်များရဲ့ကြားလွတ်တန်ဖိုး…အစရှိတဲ့ ပန်းချီနည်းစနစ်တွေကို သိဖို့လိုအပ်ပါတယ်။ ထိုစနစ်တွေကို သိနားလည်ထားသူ၊ သူ့မျက်စိတွေကို လေ့ကျင့်ထားသူဟာ ကမ္ဘာလောကကြီးကို ပန်းချီဆရာပေးအပ်တဲ့ အလှတရားတွေကို မြင်တွေ့နိုင်ပါလိမ့်မယ်။ 

ပန်းချီကားတစ်ချပ်ကို သိမြင်ဖို့ အများကြီးလေ့လာနေရမယ်လို့ ကျွန်တော်ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့နေ့စဉ်အချိန်တွေထဲမှ နည်းနည်းပေးပြီး၊ လေ့လာရင်၊ လေ့ကျင်ရင် ဖြစ်ပါတယ်။ ပန်းချီဆရာတစ်ဦးဖြစ်ဖို့ အချိန်များစွာပေးပြီး လေ့ကျင်ဖို့လိုအပ်သော်လည်း၊ ခံစားသူတစ်ဦးဖြစ်ဖို့ အချိန်များစွာမလိုပါဘူး။

ရခဲလှတဲ့လူ့ဘဝကို သေချာစွာအသုံးပြုဖို့လိုပါတယ်။ ကောင်းမွန်တဲ့အာရုံငါးပါးကို အသုံးပြုပြီး စာပေ၊ ဂီတ၊ အနုပညာတွေကို ခံစားနိုင်ပါတယ်။ ထိုအတူ မိမိပိုင်ဆိုင်ထားတဲ့ အသိဉာဏ်၊ ဥစ္စာပစ္စည်းကို အတ္တ၊ ပရ အကျိုးအတွက် ဆောင်ရွက်နိုင်ပါတယ်။ မိမိရဲ့လက်ရှိဘဝရဲ့ အားသာချက်တွေကို မြင်အောင်ကြည့်တတ်ဖို့ပဲလိုတာပါ။ အသုံးချချင်စိတ်ရှိဖို့ပဲ လိုတာပါ။ မိမိ မပိုင်ဆိုင်တာသေးတဲ့ ဥစ္စာတွေ၊ ပစ္စည်းအသစ်တွေ အနောက်ကို အရူးအမူးပြေးလိုက်နေမယ့်အစား ယခုလက်ရှိပိုင်ဆိုင်တဲ့ ဘဝလေးကို စေ့စပ်စွာ ရှုမြင်ပြီး၊ ကျေနပ်တတ်မယ်၊ အသုံးချတတ်မယ်ဆိုရင် ယခုထက်ပိုပြီး လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေ နည်းပါးသွားလိမ့်မယ်လို့ ယုံကြည်မိပါတယ်ခင်ဗျား။

ကျွန်တော် တွေးမိသမျှလေးပါ..


( Zawgyi )
အသစ္..အသစ္မ်ားလို႔ ေခါင္းစဥ္တပ္ၿပီး၊ စာဖတ္သူကို မ်က္စိျပဴးသြားေအာင္ လုပ္လိုက္ပါၿပီ။  ေနာက္ဆက္ဖတ္ေတာ႔မွ ထင္တဲ႔အတိုင္း မဟုတ္ပါလားဆိုၿပီး ေမတၱာမပို႔ၾကပါနဲ႔။ လိုင္းေၾကာင္သြားၿပီဆိုၿပီး ကၽြန္ေတာ္႔ကို မထင္ၾကပါနဲ႔။ 

အသစ္၊ အသစ္ကို အၿမဲေတာင္းတေနတဲ႔ ကၽြန္ေတာ္တို႔ေခတ္ရဲ႕ယဥ္ေက်းမႈအေၾကာင္းကို ေရးခ်င္တာပါ။ ဒါေတာင္ ကၽြန္ေတာ္တို႔ႏိုင္ငံဆိုတာ ေနာက္ဆုံးေနရာေရာက္ေနလို႔ အသစ္၊ အသစ္ကို လူတိုင္း လက္လွမ္းမမွီလို႔ပါ။ အဲဒီအသစ္ေတြထုတ္ အေၾကြးေရာင္းၿပီး၊ ကမာၻစီးပြါးေရးကို လည္ပတ္ေအာင္လုပ္ထားတာလို႔ ပညာရွင္ေတြေျပာပါတယ္။ အေမရိကန္မွာ စီးပြါးေရးက်ရင္ လူေတြကို ပစၥည္းေတြပိုဝယ္၊ ပိုသုံးဖို႔ အားေပးတဲ႔အစီအစဥ္ေတြ လုပ္တယ္လို႔ ဖတ္ဖူးပါတယ္။

အခု အနီးစပ္ဆုံးေျပာရရင္ တယ္လီဖုန္းေမာ္ဒယ္အသစ္ေတြက ကုမၸဏီအလိုက္ အၿမဲအသစ္ေတြ ထုတ္ေနပါတယ္။ တစ္ခုထက္တစ္ခု ဆန္းသစ္ၿပီး၊ တခါတေလပါဝင္တဲ႔ features ေတြကို သိဖို႔ေတာင္ ေတာ္ေတာ္ေလ႔လာယူရပါတယ္။ 

ကၽြန္ေတာ္႔ညီေလးတစ္ေယာက္ဆို တယ္လီဖုန္းေမာ္ဒယ္ အသစ္ေလးေတြကို ေတာ္ေတာ္ စိတ္ဝင္စားပါတယ္။ လခရတဲ႔ေငြေတြကို စုၿပီး၊ တယ္လီဖုန္းမၾကာခဏ အသစ္လဲပါတယ္။ အေဟာင္းကို အရႈံးခံၿပီး၊ ျပန္ေရာင္းပါတယ္။ အဲဒီအလုပ္အတြက္ သူ ေတာ္ေတာ္အားထုတ္ၿပီး၊ သူ႔ကိုယ္သူလည္း ေတာ္ေတာ္ ဟုတ္လွၿပီလို႔ ထင္ပါတယ္။ ထိုဖုန္းေတြကို တယ္လီဖုန္းေျပာ၊ fb သုံးတဲ႔ အလုပ္ေလာက္ကိုပဲ သူ သုံးတတ္ပါတယ္။ ဒီလို Smart phone တစ္လုံးကို အစြမ္းကုန္ ဘယ္လို အသုံးခ်ရမလဲ သူ မသိပါဘူး။ မစဥ္းစားပါဘူး။ သူ႔လုပ္ပုံက ကားအေကာင္းစားႀကီးကို လမ္းအၾကမ္းေပၚေလွ်ာက္ေမာင္းေနသလိုပါ။

Smart phone တစ္လုံးကို ေျမာက္ျမားစြာ အသုံးခ်လို႔ရပါတယ္။ ဖုန္းေျပာဆိုျခင္း၊ အင္တာနက္ အသုံးျပဳျခင္း၊ ဂိမ္းကစားျခင္း..စတဲ႔ အလုပ္ေတြအျပင္ ဝါသနာပါရာ ေလ႔လာမႈမ်ားစြာအတြက္ Application မ်ား၊ အလုပ္အကိုင္ အေထာက္အကူျပဳ  Application မ်ား၊ ေလ႔လာမႈအတြက္ E-book မ်ား..စသည္႔ လုပ္ငန္းမ်ားစြာမွာ အသုံးျပဳလို႔ရပါတယ္။ Application ေတြကို Google Play Store မွာ အခမဲ႔ Download လုပ္လို႔ရပါတယ္။ Apple Store မွာ ပိုေကာင္းတဲ႔ Professional Application ေတြကို ဝယ္လို႔ရပါတယ္။ 

Engineering Application, Language application, Office application, Music Learning application… စသည္႔ Application ေပါင္းေျမာက္မ်ားစြာဟာ အသင္႔ရိွေနပါတယ္။ ဒါကို ကၽြန္ေတာ္တို႔ အသုံးမခ်ၾကပါဘူး။ မိမိ သိသေလာက္ေလးနဲ႔ တင္းတိမ္ေနၾကပါတယ္။ ေစ်းႀကီးေပးရတဲ႔ ဘဲကင္တစ္ေကာင္ ကို မွာထားၿပီး၊ ကၽြန္ေတာ္တို႔စားႏိုင္တာဟာ ေျခေထာက္၊ ေခါင္း စတဲ႔ အပိုင္းေလးေတြပဲ ျဖစ္ေနပါတယ္။ တကယ္႔အရသာရိွတဲ႔ ကိုယ္လုံးကို မစားႏိုင္ပါဘူး။ 

တကယ္ေတာ႔ ကၽြန္ေတာ္တို႔ လူ႔ဘဝဟာလည္း ကိုယ္ပိုင္ဆိုင္ရတဲ႔ Smart phone တစ္လုံးလိုပါပဲ။ အဲဒီ Smart phone ကို အဆုံးအစမရိွ ကိုယ္႔လိုအင္အတြက္ သုံးသလို သုံးႏိုင္ပါတယ္။ မ်က္စိအျမင္ အာရုံကို ရေနတဲ႔အခါ အျမင္အာရုံရဲ႕ တန္ဖိုးေတြကို ေမ႔ေနပါတယ္။ ကမာၻေက်ာ္မ်က္မျမင္စာေရးဆရာမ ဟယ္လင္ကဲလားရဲ႕ “သုံးရက္တာ မ်က္စိျမင္ခြင္႔ရခဲ႔ရင္..” ေဆာင္းပါးဖတ္ဖူးပါတယ္။ ဟယ္လင္ကဲလား ဟာ ေမြးရာပါမ်က္မျမင္ပါ။

 ေဆာင္းပါးထဲမွာ သုံးရက္ကို ဘယ္လိုအသုံးခ်ၿပီး မ်က္စိနဲ႔ ၾကည္႔ျမင္ခံစားမယ္ဆိုတာ အေသးစိတ္အစီအစဥ္ ဆြဲထားၿပီး၊ တခ်ိန္မွာ အေၾကာင္းအရာတစ္ခုစီကို ဘယ္လိုျမင္ေတြ႔ခ်င္တယ္ ဆိုတာကို ဖတ္ရေတာ႔ ကၽြန္ေတာ္တို႔ဟာ မ်က္စိျမင္ေနေသာ္လည္း ျမင္ေအာင္ မၾကည္႔တတ္ၾကေသးပါလားဆိုတာ နားလည္လာရပါတယ္။

ေကာင္းမြန္တဲ႔အာရုံငါးပါးကို ပိုင္ဆိုင္ေသာ္လည္း ကၽြန္ေတာ္တို႔ အျပည္႔အဝအသုံးမျပဳျဖစ္ၾကပါဘူး။ ပိုမိုေကာင္းမြန္တဲ႔ရလဒ္ေတြ ရဖို႔အတြက္ အသုံးျပဳျခင္းအျပင္ ေလ႔လာျခင္း၊ ေလ႔က်င္႔ျခင္းေတြ ပါဝင္ပါတယ္။ ပန္းခ်ီကားတစ္ခ်ပ္ကို ေကာင္းမြန္စြာခံစားႏိုင္ဖို႔ မ်က္စိဟာ အေရာင္ေတြရဲ႕သဘာဝ၊ ျပင္းထန္မႈ၊ စူးရွမႈ၊ ေကာက္ေၾကာင္းမ်ားရဲ႕ အထူအပါး၊ ေပ်ာ႔ေျပာင္းမႈ၊ ကြက္လပ္မ်ားရဲ႕ၾကားလြတ္တန္ဖိုး…အစရိွတဲ႔ ပန္းခ်ီနည္းစနစ္ေတြကို သိဖို႔လိုအပ္ပါတယ္။ ထိုစနစ္ေတြကို သိနားလည္ထားသူ၊ သူ႔မ်က္စိေတြကို ေလ႔က်င္႔ထားသူဟာ ကမာၻေလာကႀကီးကို ပန္းခ်ီဆရာေပးအပ္တဲ႔ အလွတရားေတြကို ျမင္ေတြ႔ႏိုင္ပါလိမ္႔မယ္။ 

ပန္းခ်ီကားတစ္ခ်ပ္ကို သိျမင္ဖို႔ အမ်ားႀကီးေလ႔လာေနရမယ္လို႔ ကၽြန္ေတာ္ဆိုလိုတာ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ရဲ႕ေန႔စဥ္အခ်ိန္ေတြထဲမွ နည္းနည္းေပးၿပီး၊ ေလ႔လာရင္၊ ေလ႔က်င္ရင္ ျဖစ္ပါတယ္။ ပန္းခ်ီဆရာတစ္ဦးျဖစ္ဖို႔ အခ်ိန္မ်ားစြာေပးၿပီး ေလ႔က်င္ဖို႔လိုအပ္ေသာ္လည္း၊ ခံစားသူတစ္ဦးျဖစ္ဖို႔ အခ်ိန္မ်ားစြာမလိုပါဘူး။

ရခဲလွတဲ႔လူ႔ဘဝကို ေသခ်ာစြာအသုံးျပဳဖို႔လိုပါတယ္။ ေကာင္းမြန္တ႔ဲအာရုံငါးပါးကို အသုံးျပဳၿပီး စာေပ၊ ဂီတ၊ အႏုပညာေတြကို ခံစားႏိုင္ပါတယ္။ ထိုအတူ မိမိပိုင္ဆိုင္ထားတဲ႔ အသိဥာဏ္၊ ဥစၥာပစၥည္းကို အတၱ၊ ပရ အက်ဳိးအတြက္ ေဆာင္ရြက္ႏိုင္ပါတယ္။ မိမိရဲ႕လက္ရိွဘဝရဲ႕ အားသာခ်က္ေတြကို ျမင္ေအာင္ၾကည္႔တတ္ဖို႔ပဲလိုတာပါ။ အသုံးခ်ခ်င္စိတ္ရိွဖို႔ပဲ လိုတာပါ။ မိမိ မပိုင္ဆိုင္တာေသးတဲ႔ ဥစၥာေတြ၊ ပစၥည္းအသစ္ေတြ အေနာက္ကို အရူးအမူးေျပးလိုက္ေနမယ္႔အစား ယခုလက္ရိွပိုင္ဆိုင္တဲ႔ ဘဝေလးကို ေစ႔စပ္စြာ ရႈျမင္ၿပီး၊ ေက်နပ္တတ္မယ္၊ အသုံးခ်တတ္မယ္ဆိုရင္ ယခုထက္ပိုၿပီး ေလာဘ၊ ေဒါသ၊ ေမာဟ၊ မာန္မာနေတြ နည္းပါးသြားလိမ္႔မယ္လို႔ ယုံၾကည္မိပါတယ္ခင္ဗ်ား။

ကၽြန္ေတာ္ ေတြးမိသမွ်ေလးပါ..