Showing posts with label ကူးယူဖော်ပြ. Show all posts
Showing posts with label ကူးယူဖော်ပြ. Show all posts

Saturday, May 17, 2014

မှတ်မိသမျှ- ကိုအောင်ဆန်း၏ ကျောင်းသားဘဝ- သခင်ကျော်စိန်- ( ၂ )

ကိုအောင်ဆန်း ဥပဒေတန်းပထမနှစ်သင်ကြားနေခိုက် ထိုစဉ်က ကွယ်လွန်သူဒေါက်တာသိန်းမောင် ဦးစီးသော မြန်မာပိုင်အင်္ဂလိပ်သတင်းစား “နယူးဘားမား”တွင် အချိန်ပိုင်းအယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ ကျွန်တော်လည်း ထိုသတင်းစားတွင်ပင် အချိန်ပိုင်းသတင်းအယ်ဒီတာအဖြစ် လုပ်ကိုင်လျက်ရှိပါသည်။ ကျွန်တော်တို့ ၂ ဦးစလုံးသည် ညနေ ၃-နာရီခွဲကျော်မှ သတင်းစာတိုက်သို့ ရောက်ကြပါသည်။ သတင်းစာတိုက်ရောက်လျှင် ကိုအောင်ဆန်းသည် နောက်တနေ့အတွက် သတင်းစာခေါင်းကြီးကို ကြိုတင်စဉ်းစားခဲ့သည့်အတိုင်း ထိုင်ရာမထ ဆိုသလို တထိုင်တည်းနှင့်အပြီး ရေးလေ့ရှိပါသည်။ ကိုအောင်ဆန်းရေးခဲ့သော သတင်းစာခေါင်းကြီးပိုင်းများမှာ နယ်ချဲ့ဆန့်ကျင်ရေးများသာ ဖြစ်ကြပါသည်။ အင်္ဂလိပ်စာကိုရေးရာ၌ နိုင်နင်းသည်နှင့်အမျှ ခက်ခဲလှသောပြဿနာတို့ကို ရှင်းလင်ပီသစွာ ဖေါ်ထုတ်နိုင်ခဲ့သဖြင့် နယ်ချဲ့အစိုးရနှင့်နိုင်ငံရေးရပ်ကွက်တို့တွင် ကိုအောင်ဆန်း၏ “ခေါင်းကြီးပိုင်း”များကို လေးလေးစားစား ရှိခဲ့ကြရလေသည်။

          မြန်မာဆောင်းပါးများကိုမူ “မဟာဒဂုန်” မဂ္ဂဇင်းကြီး၌ ရေးလေ့ရှိခဲ့ပါသည်။ မြန်မာဆောင်းပါးများ ရေးသောအခါတွင်လည်း ကိုအောင်ဆန်းသည် မြန်မာသံ ပီပီသသနှင့်သာ ရေးလေ့ရှိခဲ့ပါသည်။

          ဟောပြောရာ၌မူ ကိုအောင်ဆန်းသည် “ဒေါ”များများပါပြီး ပြောချင်ဇော ကြီးနေသည်ကို မကြာခဏ ကြုံရတတ်ပါသည်။

          “အိုးဝေ”မဂ္ဂဇင်းစာတည်းအဖြစ် ကိုအောင်ဆန်း ဆောင်ရွက်နေစဉ်က “ငရဲခွေးကြီးလွတ်လာလေပြီ” ဟူသော အင်္ဂလိပ်စာကဏ္ဍပါ ဆောင်းပါးမှာ တက္ကသိုလ်နယ်မြေသာမက တနိုင်ငံလုံးသိမ့်သိမ့်တုန်သွားခဲ့ပါသည်။ ထိုဆောင်းပါးတွင် ဖွင့်ချလိုက်သောအချက်များကို အကြောင်းပြု၍ ကျောင်းသားအရေးတော်ပုံပေါ်ပေါက်ခဲ့ရလေသည်။ ဗမာနိုင်ငံရေးဖြစ်စဉ်တွင် မှတ်တိုင်ကြီးတစ်ခုဟု ဆိုနိုင်ပါသည်။
          သမဂ္ဂကိစ္စများကို ဆောင်ရွက်ရာတွင်လည်း ကိုအောင်ဆန်းသည် အပင်ပန်းခံကာ အစားအသောက် အအိပ်အနေကို ပမာမပြုဘဲ လုပ်လေ့ရှိပါသည်။ အလုပ်လုပ်ရမှာကို ဘယ်သောအခါမှ ကြောက်လေ့မရှိသူများစာရင်းတွင် ကိုအောင်ဆန်းသည် ထိပ်ဆုံးမှ အမြဲရှိပါသည်။ ဇွဲလည်း အလွန်ပြင်းထန်းပါသည်။ ဘာလုပ်လုပ်စိတ်ရောကိုယ်ပါ လုပ်တတ်၍လည်း သူလုပ်သမျှမှာ ခရီးရောက်လေ့ရှိပါသည်။

          ကျောင်းသားဘဝ၌ ဟန်ရေးပြခြင်းကို စက်ဆုပ်ပြီး ထိထိမိမိလေ့လာမှတ်သားကာ ဇွဲရှိရှိနှင့် လုပ်သားကိုင်သားကျသော ကိုအောင်ဆန်းသည် သခင်အောင်ဆန်းအနေနှင့်၎င်း၊ ဗိုလ်ချုပ်အောင်ဆန်း အနေနှင့်၎င်း နိုင်ငံ့တာဝန်များကို မမောနိုင်မပန်းနိုင် ဆက်လက်ထမ်းဆောင်ပြီး နိုင်ငံလွတ်လပ်ရေးမုခ်ဦးသို့ အရောက်ပို့ဆောင်နိုင်ခဲ့ခြင်းမှာ ကျောင်းသားကျောင်းသူတိုင်း အားကျနည်းယူဘွယ်ပင် ဖြစ်တော့သည်။
          ကျောင်းသား ကျောင်းသူတိုင်း ကိုအောင်ဆန်းနည်းတူ နိုင်ငံအတွက် ကြိုးပမ်းအားထုတ်နိုင်ကြပါစေ။  ။
                                                                             သခင်ကျော်စိန်

( ၁၉၇၀ခုထုတ်- ရန်ကုန်တက္ကသိုလ်နှစ် ၅၀ စာစောင်မှ ကူးယူဖေါ်ပြပါသည်။ )

( Zawgyi )

              ကိုေအာင္ဆန္း ဥပေဒတန္းပထမႏွစ္သင္ၾကားေနခိုက္ ထိုစဥ္က ကြယ္လြန္သူေဒါက္တာသိန္းေမာင္ ဦးစီးေသာ ျမန္မာပိုင္အဂၤလိပ္သတင္းစား “နယူးဘားမား”တြင္ အခ်ိန္ပိုင္းအယ္ဒီတာအျဖစ္ ဝင္ေရာက္လုပ္ကိုင္ခဲ႔ပါသည္။ ကၽြန္ေတာ္လည္း ထိုသတင္းစားတြင္ပင္ အခ်ိန္ပိုင္းသတင္းအယ္ဒီတာအျဖစ္ လုပ္ကိုင္လ်က္ရိွပါသည္။ ကၽြန္ေတာ္တို႔ ၂ ဦးစလုံးသည္ ညေန ၃-နာရီခြဲေက်ာ္မွ သတင္းစာတိုက္သို႔ ေရာက္ၾကပါသည္။ သတင္းစာတိုက္ေရာက္လွ်င္ ကိုေအာင္ဆန္းသည္ ေနာက္တေန႔အတြက္ သတင္းစာေခါင္းႀကီးကို ႀကိဳတင္စဥ္းစားခဲ႔သည္႔အတိုင္း ထိုင္ရာမထ ဆိုသလို တထိုင္တည္းႏွင္႔အၿပီး ေရးေလ႔ရိွပါသည္။ ကိုေအာင္ဆန္းေရးခဲ႔ေသာ သတင္းစာေခါင္းႀကီးပိုင္းမ်ားမွာ နယ္ခ်ဲ႕ဆန္႔က်င္ေရးမ်ားသာ ျဖစ္ၾကပါသည္။ အဂၤလိပ္စာကိုေရးရာ၌ ႏိုင္နင္းသည္ႏွင္႔အမွ် ခက္ခဲလွေသာျပႆနာတို႔ကို ရွင္းလင္ပီသစြာ ေဖၚထုတ္ႏိုင္ခဲ႔သျဖင္႔ နယ္ခ်ဲ႕အစိုးရႏွင္႔ႏိုင္ငံေရးရပ္ကြက္တို႔တြင္ ကိုေအာင္ဆန္း၏ “ေခါင္းႀကီးပိုင္း”မ်ားကို ေလးေလးစားစား ရိွခဲ႔ၾကရေလသည္။

          ျမန္မာေဆာင္းပါးမ်ားကိုမူ “မဟာဒဂုန္” မဂၢဇင္းႀကီး၌ ေရးေလ႔ရွိခဲ႔ပါသည္။ ျမန္မာေဆာင္းပါးမ်ား ေရးေသာအခါတြင္လည္း ကိုေအာင္ဆန္းသည္ ျမန္မာသံ ပီပီသသႏွင္႔သာ ေရးေလ႔ရိွခဲ႔ပါသည္။

          ေဟာေျပာရာ၌မူ ကိုေအာင္ဆန္းသည္ “ေဒါ”မ်ားမ်ားပါၿပီး ေျပာခ်င္ေဇာ ႀကီးေနသည္ကို မၾကာခဏ ႀကံဳရတတ္ပါသည္။

          “အိုးေဝ”မဂၢဇင္းစာတည္းအျဖစ္ ကိုေအာင္ဆန္း ေဆာင္ရြက္ေနစဥ္က “ငရဲေခြးႀကီးလြတ္လာေလၿပီ” ဟူေသာ အဂၤလိပ္စာက႑ပါ ေဆာင္းပါးမွာ တကၠသိုလ္နယ္ေျမသာမက တႏိုင္ငံလုံးသိမ္႔သိမ္႔တုန္သြားခဲ႔ပါသည္။ ထိုေဆာင္းပါးတြင္ ဖြင္႔ခ်လိုက္ေသာအခ်က္မ်ားကို အေၾကာင္းျပဳ၍ ေက်ာင္းသားအေရးေတာ္ပုံေပၚေပါက္ခဲ႔ရေလသည္။ ဗမာႏိုင္ငံေရးျဖစ္စဥ္တြင္ မွတ္တိုင္ႀကီးတစ္ခုဟု ဆိုႏိုင္ပါသည္။
          သမဂၢကိစၥမ်ားကို ေဆာင္ရြက္ရာတြင္လည္း ကိုေအာင္ဆန္းသည္ အပင္ပန္းခံကာ အစားအေသာက္ အအိပ္အေနကို ပမာမျပဳဘဲ လုပ္ေလ႔ရိွပါသည္။ အလုပ္လုပ္ရမွာကို ဘယ္ေသာအခါမွ ေၾကာက္ေလ႔မရိွသူမ်ားစာရင္းတြင္ ကိုေအာင္ဆန္းသည္ ထိပ္ဆုံးမွ အၿမဲရိွပါသည္။ ဇြဲလည္း အလြန္ျပင္းထန္းပါသည္။ ဘာလုပ္လုပ္စိတ္ေရာကိုယ္ပါ လုပ္တတ္၍လည္း သူလုပ္သမွ်မွာ ခရီးေရာက္ေလ႔ရိွပါသည္။

          ေက်ာင္းသားဘဝ၌ ဟန္ေရးျပျခင္းကို စက္ဆုပ္ၿပီး ထိထိမိမိေလ႔လာမွတ္သားကာ ဇြဲရိွရိွႏွင္႔ လုပ္သားကိုင္သားက်ေသာ ကိုေအာင္ဆန္းသည္ သခင္ေအာင္ဆန္းအေနႏွင္႔၎၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အေနႏွင္႔၎ ႏိုင္ငံ႔တာဝန္မ်ားကို မေမာႏိုင္မပန္းႏိုင္ ဆက္လက္ထမ္းေဆာင္ၿပီး ႏိုင္ငံလြတ္လပ္ေရးမုခ္ဦးသို႔ အေရာက္ပို႔ေဆာင္ႏိုင္ခဲ႔ျခင္းမွာ ေက်ာင္းသားေက်ာင္းသူတိုင္း အားက်နည္းယူဘြယ္ပင္ ျဖစ္ေတာ႔သည္။
          ေက်ာင္းသား ေက်ာင္းသူတိုင္း ကိုေအာင္ဆန္းနည္းတူ ႏိုင္ငံအတြက္ ႀကိဳးပမ္းအားထုတ္ႏိုင္ၾကပါေစ။ 
                                                                             သခင္ေက်ာ္စိန္

( ၁၉၇၀ခုထုတ္- ရန္ကုန္တကၠသိုလ္ႏွစ္ ၅၀ စာေစာင္မွ ကူးယူေဖၚျပပါသည္။ )

Thursday, May 15, 2014

ရွှေပြည်အေးဆရာတော်နှင့် တွေ့ဆုံခြင်း


လုပ်ငန်းတစ်ခုအောင်မြင်အောင် လုပ်ဖို့ဆိုရာမှာ မြတ်စွာဘုရားမိန့်မှာထားတဲ့ အချက် ( ၅) ချက် ရှိတယ်။

၁) စိရကာလဘာဝနာ - လုပ်ငန်းတစ်ခုကို အချိန်ဘယ်လောက်ပဲကြာကြာ ဒီလုပ်ငန်းကို ပြီးဆုံးအောင်လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ ကြာချင်သလောက်ကြာပါစေ လုပ်ရမယ်ပေါ့။

၂)နိရန္တရဘာဝနာ - လုပ်ငန်းတစ်ခုကို လုပ်ပြီဆို ရပ်မပြစ်လိုက်ပါနဲ့။ အဆက်မပြတ်လုပ်ပါ။ အဆက်မပြတ်လုပ်ရင် အောင်မြင်တယ်။ 

၃) နိရဝသေသဘာဝနာ - ဒါတွေသိပ်အရေးမကြီးဘူးဆိုပြီး စိတ်ထဲခပ်ပေါ့ပေါ့ မထားပါနဲ့။ လုပ်စရာရှိတဲ့လုပ်ငန်းမှန်သမျှ အကုန်လုံးအသေးအမွှားပါမကျန်လုပ်ပါ။ အကြွင်းအကျန်ဆိုတာ မထားပါနဲ့။

၄) သက္ကစ္စဘာဝနာ - ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ သိပ်ပေါ့ပေါ့လျော့လျော့ မထားပါနဲ့။ လေးလေးစားစားလုပ်ပါ။

၅) အဘိရတဘာဝနာ - အလုပ်ကို ပေါ့ပေါ့ပါးပါးလုပ်ပါ။ မလုပ်ချင်ဘဲလုပ်ရတာ မဖြစ်ပါစေနဲ့။ တကယ့်ကို စိတ်ပါလက်ပါ ပျော်ပျော်ပါးပါး လုပ်ပါ။

( ရွှေပြည်အေးဆရာတော်အင်တာဗျူးမှ ကူးယူဖေါ်ပြပါသည်။ )

( Zawgyi )

လုပ္ငန္းတစ္ခုေအာင္ျမင္ေအာင္ လုပ္ဖို႔ဆိုရာမွာ ျမတ္စြာဘုရားမိန္႔မွာထားတဲ႔ အခ်က္ ( ၅) ခ်က္ ရိွတယ္။

၁) စိရကာလဘာဝနာ - လုပ္ငန္းတစ္ခုကို အခ်ိန္ဘယ္ေလာက္ပဲၾကာၾကာ ဒီလုပ္ငန္းကို ၿပီးဆုံးေအာင္လုပ္ရမယ္ဆိုတဲ႔စိတ္နဲ႔ ၾကာခ်င္သေလာက္ၾကာပါေစ လုပ္ရမယ္ေပါ႔။

၂)နိရႏၱရဘာဝနာ - လုပ္ငန္းတစ္ခုကို လုပ္ၿပီဆို ရပ္မျပစ္လိုက္ပါနဲ႔။ အဆက္မျပတ္လုပ္ပါ။ အဆက္မျပတ္လုပ္ရင္ ေအာင္ျမင္တယ္။ 

၃) နိရဝေသသဘာဝနာ - ဒါေတြသိပ္အေရးမႀကီးဘူးဆိုၿပီး စိတ္ထဲခပ္ေပါ႔ေပါ႔ မထားပါနဲ႔။ လုပ္စရာရိွတဲ႔လုပ္ငန္းမွန္သမွ် အကုန္လုံးအေသးအမႊားပါမက်န္လုပ္ပါ။ အၾကြင္းအက်န္ဆိုတာ မထားပါနဲ႔။

၄) သကၠစၥဘာဝနာ - ကိုယ္လုပ္တဲ႔အလုပ္အေပၚမွာ သိပ္ေပါ႔ေပါ႔ေလ်ာ႔ေလ်ာ႔ မထားပါနဲ႔။ ေလးေလးစားစားလုပ္ပါ။

၅) အဘိရတဘာဝနာ - အလုပ္ကို ေပါ႔ေပါ႔ပါးပါးလုပ္ပါ။ မလုပ္ခ်င္ဘဲလုပ္ရတာ မျဖစ္ပါေစနဲ႔။ တကယ္႔ကို စိတ္ပါလက္ပါ ေပ်ာ္ေပ်ာ္ပါးပါး လုပ္ပါ။

( ေရႊျပည္ေအးဆရာေတာ္အင္တာဗ်ဴးမွ ကူးယူေဖၚျပပါသည္။ )

မင်းဝေအောင် အင်တာဗျူး

မင်းဝေအောင် အင်တာဗျူး

“ကျွန်တော့်ကို ပိုက်ဆံရသွားတဲ့ မင်းဝေအောင်အဖြစ် လူတချို့က သိနေကြတယ်။ ကျွန်တော် ဖြတ်သန်းရတာတွေ ဖယ်ရှားပြီး အခုမင်းဝေအောင်အဖြစ် မြင်တာ သဘာဝ မကျဘူး။

ကျွန်တော် ပန်းချီကျောင်းဆင်းပြီး ကျူရှင်ဒီဇိုင်းလေးတွေ ရေးနေချိန်မှာ သူများခြံဝိုင်းထဲမှာ တဲကလေးတစ်လုံးထိုးနေရတယ်။ ဒီဇိုင်းတွေ ရေးနေရတယ်။ ထမင်းမစားရဘူး။ အိမ်သာကလည်း မရှိဘူး။ ကြွတ်ကြွတ်အိတ်နဲ့ အညစ်အကြေးစွန့်ပြီး၊ အပြင်ထွက်လွင့်ပစ်ရတယ်။ မင်းဝေအောင်ရဲ့ အဲဒီဘဝကို မမြင်ကြတော့ပါဘူး။ မင်းဝေအောင် ပိုက်ဆံတွေရတယ်။ ဒါကိုတော့ မြင်တွေ့နေကြတယ်။ ပန်းချီဆွဲရင် အဲဒီလို ပိုက်ဆံရမယ်ပေါ့။”

( Zawgyi )

မင္းေဝေအာင္ အင္တာဗ်ဴး

“ကၽြန္ေတာ္႔ကို ပိုက္ဆံရသြားတဲ႔ မင္းေဝေအာင္အျဖစ္ လူတခ်ဳိ႕က သိေနၾကတယ္။ ကၽြန္ေတာ္ ျဖတ္သန္းရတာေတြ ဖယ္ရွားၿပီး အခုမင္းေဝေအာင္အျဖစ္ ျမင္တာ သဘာဝ မက်ဘူး။

ကၽြန္ေတာ္ ပန္းခ်ီေက်ာင္းဆင္းၿပီး က်ဴရွင္ဒီဇိုင္းေလးေတြ ေရးေနခ်ိန္မွာ သူမ်ားၿခံဝိုင္းထဲမွာ တဲကေလးတစ္လုံးထိုးေနရတယ္။ ဒီဇိုင္းေတြ ေရးေနရတယ္။ ထမင္းမစားရဘူး။ အိမ္သာကလည္း မရိွဘူး။ ၾကြတ္ၾကြတ္အိတ္နဲ႔ အညစ္အေၾကးစြန္႔ၿပီး၊ အျပင္ထြက္လြင္႔ပစ္ရတယ္။ မင္းေဝေအာင္ရဲ႕ အဲဒီဘဝကို မျမင္ၾကေတာ႔ပါဘူး။ မင္းေဝေအာင္ ပိုက္ဆံေတြရတယ္။ ဒါကိုေတာ႔ ျမင္ေတြ႔ေနၾကတယ္။ ပန္းခ်ီဆြဲရင္ အဲဒီလို ပိုက္ဆံရမယ္ေပါ႔။”

UDဦးခင်မောင်ဝင်းအင်တာဗျူး

UD ဦးခင်မောင်ဝင်း

“လိုက်ရတာ ပင်ပန်းသလားမေးရင်တော့ ခုမှစလိုက်ရတာ မဟုတ်ဘူး။ နေ့စဉ်လိုက်နေတာမို့ အလျဉ်ရနေပြီ။ ပင်ပန်းတယ် မရှိဘူး။ ကြိုးစားလုပ်တယ်ဆိုတာကလည်း သူများထက် နည်းနည်းလေးပဲ ပိုလုပ်ရတာပါ။

ပြိုင်ပွဲတစ်ခုမှာ မြင်းတွေကွင်းကို ပတ်ပြေးရာမှာ ဆုရတဲ့မြင်းရော ဆုမရတဲ့မြင်းရော ပင်ပင်ပန်းပန်း ပြေးရတာပဲ။ ဆုရတဲ့မြင်းနဲ့ ဆုမရတဲ့မြင်း အချိန်ခြင်းကွာလည်း စက္ကန့်ပိုင်းပဲ။ နည်းနည်းလေးပိုကြိုးစားရတာ။ မကြိုးစားတဲ့လူလည်း မောတော့မောတာပဲ။ မောပြီးဆုမရဘူး။ နှာတစ်ဖျားနောက်ကျလို့ ဆုမရတာ။

သက်တမ်းတစ်လျှောက်လုံးမှာ နည်းနည်းပိုကြိုးစားပြီး အကျိုးပိုခံစားရတော့ ကျွန်တော်ဟာ
သူများထက် နည်းနည်းပိုကြိုးစားလိုက်တာ။”


( UDဦးခင်မောင်ဝင်းအင်တာဗျူးမှ ကူးယူဖေါ်ပြပါသည်။  )
( Zawgyi ) 

UDဦးခင္ေမာင္ဝင္း

“လိုက္ရတာ ပင္ပန္းသလားေမးရင္ေတာ႔ ခုမွစလိုက္ရတာ မဟုတ္ဘူး။ ေန႔စဥ္လိုက္ေနတာမို႔ အလ်ဥ္ရေနၿပီ။ ပင္ပန္းတယ္ မရိွဘူး။ ႀကိဳးစားလုပ္တယ္ဆိုတာကလည္း သူမ်ားထက္ နည္းနည္းေလးပဲ ပိုလုပ္ရတာပါ။

ၿပိဳင္ပြဲတစ္ခုမွာ ျမင္းေတြကြင္းကို ပတ္ေျပးရာမွာ ဆုရတဲ႔ျမင္းေရာ ဆုမရတဲ႔ျမင္းေရာ ပင္ပင္ပန္းပန္း ေျပးရတာပဲ။ ဆုရတဲ႔ျမင္းနဲ႔ ဆုမရတဲ႔ျမင္း အခ်ိန္ျခင္းကြာလည္း စကၠန္႔ပိုင္းပဲ။ နည္းနည္းေလးပိုႀကိဳးစားရတာ။ မႀကိဳးစားတဲ႔လူလည္း ေမာေတာ႔ေမာတာပဲ။ ေမာၿပီးဆုမရဘူး။ ႏွာတစ္ဖ်ားေနာက္က်လို႔ ဆုမရတာ။

သက္တမ္းတစ္ေလွ်ာက္လုံးမွာ နည္းနည္းပိုႀကိဳးစားၿပီး အက်ဳိးပိုခံစားရေတာ႔ ကၽြန္ေတာ္ဟာ
သူမ်ားထက္ နည္းနည္းပိုႀကိဳးစားလိုက္တာ။”


( UDဦးခင္ေမာင္ဝင္းအင္တာဗ်ဴးမွ ကူးယူေဖၚျပပါသည္။  )

Friday, May 9, 2014

ကိုယ်ကျင့်တရားကို အမှား၊ အမှန် ခွဲခြားနည်း


၁၇။ မေး။ ။ အကျင့်သီလဆိုတာ ဓလေ့၊ ထုံးစံတွေကို ခေါ်တယ်လို့ ထင်ပါတယ်။ ဒီဓလေ့ထုံးစံတွေဟာလည်း အမျိုးမျိုးကွဲပြားနေပါတယ်။ ကွဲပြားတဲ့အလျှောက်လည်း ကိုယ့်အမြင်နဲ့ကိုယ် မှန်တယ်လို့ ယူဆနေကြပါတယ်။ လူမျိုးတစ်မျိုးမှ လူကြီးသူမတွေရှေ့မှာ လူငယ်တွေဟာ ခေါင်းငုံ့ပြီး ခါးကုန်းသွားတာဟာ မှန်ကန်ယဉ်ကျေးတယ်လို့ ယူဆကြပါတယ်။ အခြားလူမျိုးတစ်မျိုးကတော့ လူငယ်တွေဟာ နေရာမရွေးရင်ကော့ပြီး ခေါင်းမတ်မတ်သွားတာဟာ မှန်ကန်တယ်လို့ ယူဆကြပါတယ်။ တချို့ကတော့ လက်သီးလက်မောင်း တန်းပြတာကို အရိုအသေပြုရာ ရောက်တယ်လို့ ယူဆပါတယ်။ 

          တချို့လူမျိုးက သေရင် ဝိုင်းငိုပြမှ သေသူအပေါ် ချစ်ခင်ကြောင်းပြသရာ ရောက်တယ်လို့ ယူဆပါတယ်။ အချို့လူမျိုးကတော့ လူသေကို ဝိုင်းပြီး ကခုန်မှသေသူအပေါ် ချစ်ခင်ရာ ရောက်တယ်လို့ ယူဆကြပါတယ်။

          တချို့ကတော့ သတ္တဝါတွေကို သတ်ဖြတ် စတေးလို့ရှိရင် ဘေးရန် အန္တရာယ်ကင်းပြီး ကောင်းကျိုး ချမ်းသာ ရတယ်လို့ ယူဆပြီး၊ လိုက်နာပြုကျင့်နေကြပါတယ်။ တချို့ကတော့ သတ္တဝါ ဆိုတာ လူချွတ်မှ ကျွတ်တယ်။ တိရိစ္ဆာန်ဘဝက လွတ်အောင် တိရစ္ဆာန်တွေကို သတ်ပေးရမယ်ဆိုပြီး ခရုယောက်သွားကောင်ကို ရေနွေးနဲ့ ပြုတ်သတ်ကြတယ်။ 

          တချို့ကတော့ သတ္တဝါတွေကို မသတ်သင့်ဘူးဆိုပြီး သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ကြပါတယ်။ တချို့က မရှိရင် ခိုးဆိုးလုယက်စားသောက်ကြမယ်လို့ ယူဆကြတယ်။ တချို့ကတော့ စားစရာ မရှိရင် အသက်သာအသေခံမယ် ခိုးဆိုးလုယက်ပြီး မစားဘူးလို့ ယူဆကြတယ်။ တချို့ကတော့ အရက်သောက်တာ အပြစ်ရှိတယ်လို့ ယူဆကြပြီး၊ တချို့ကတော့ အပြစ်မရှိဘူးလို့ ယူဆကြပါတယ်။
          ထို့အတူ လောင်းကစားကိစ္စ၊ သားမယားကိစ္စများမှာလည်း တဦးနှင့် တစ်ဦး ယူဆပုံချင်း မတူကြပါဘူး။ ဒီလိုအမျိုးမျိုးဖြစ်နေတဲ့ အကျင့်သီလတွေကို လိုက်နာကျင့်သုံးလို့ ကုသိုလ်ရတယ်လို့ ဆိုနိုင်ပါ့မလား။ အကျင့်သီလဆိုတာ ပုံသေသတ်မှတ်ချက်မရှိပဲ ဒေသအလိုက်၊ လူမျိုးအလိုမက် အမှားအမှန် ရှိနိုင်တယ်လို့ထင်ပါတယ်။ ဆရာ့အမြင်နှင့် ဝေဖန်ရှင်းပြပေးစေလိုပါတယ်ဆရာ။  

ဖြေ။   ။ အခုပြောတဲ့ အကြောင်းအရာတွေကို နှစ်ပိုင်း ခွဲခြားကြည့်စေလိုပါတယ်။ တစ်ပိုင်းကတော့ လူမျိုးရဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံဖြစ်ပြီး၊ ကျန်တစ်ပိုင်းကတော့ လူ့လောကတစ်ခုလုံးနှင့် ဆိုင်တဲ့ ကိုယ်ကျင့်တရားဖြစ်ပါတယ်။ ငယ်သူက ကြီးသူကို အရိုအသေပေးနည်း၊ တယောက်နဲ့တယောက် ချစ်ခင်ကြောင်းပြသတဲ့နည်း၊ မင်္ဂလာအခမ်းအနားကျင်းပပုံ၊ အသုဘအခမ်းအနားကျင်းပပုံကိုတော့ ယဉ်ကျေးမှုဓလေ့ထုံးစံလို့ ခေါ်သင့်ပါတယ်။ ဒီဓလေ့ထုံးစံတွေက လူတွေရဲ့သတ်မှတ်ချက်  ပြောင်းနိုင်ပါတယ်။ ပုံသေမရှိပါဘူး။ လူအများလက်ခံရင် မှန်တယ်လို့ ယူဆရပါမယ်။

          ဒါပေမဲ့ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ အပိုင်းကိုတော့ ဒီယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ ရောနှောပြီး တတန်းတည်းထားပြီး ရောနှော မစဉ်းစားစေချင်ဘူး။ ကိုယ်ကျင့်တရားနှင့် ဆိုင်တဲ့ အပိုင်းကတော့ ပုံသေ သတ်မှတ်ချက်ရှိပါတယ်။ ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်တိုင်းပြည်မှာမဆို အမြဲမှန်ကန်နေပါတယ်။ ဒါကြောင့် သီလဟာ ယဉ်ကျေးမှုနှင့်ဆိုင်တဲ့သီလ၊ ကိုယ်ကျင့်တရားနှင့်ဆိုင်တဲ့သီလဆိုပြီး နှစ်မျိုးရှိပါတယ်။ ပထမသီလအမျိုးအစားကို ကုလာစာရ ( ကုလ + အာစာရ )၊ မျိုးရိုးစဉ်လာကျင့်ဝတ်လို့ ခေါ်ပါတယ်။ ဒုတိယအမျိုးအစားကိုတော့ ( ကုသလသီလ ) ကုသိုလ်သီလ လို့ ခေါ်ပါတယ်။ 

          ကုလာစာရ ဆိုတဲ့မျိုးရိုးစဉ်လာကျင့်ဝတ်ဓလေ့ ထုံးစံကတော့ ကောင်းတာရှိသလို မကောင်းတာလည်း ရှိပါတယ်။ မှန်တာရှိသလို၊ မမှန်တာလည်း ရှိပါတယ်။
          ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့သီလကတော့ အမြဲတမ်းကောင်းပြီး၊ အမြဲတမ်းမှန်နေပါတယ်။ သတ်ဖြတ်ညှဉ်းဆဲမှုမှ ရှောင်ကြဉ်ခြင်းဟာ အမြဲကောင်းမြတ်မှန်ကန်နေပါတယ်။ မသတ်ဖြတ်ရုံမျှမက သတ္တဝါတွေ အသက်ရှည်အောင် အနာကင်းအောင် ကူညီမယ်ဆိုရင် ပိုပြီးကောင်းမြတ်ပါတယ်။ အလားတူ ခိုးဝှက်လုယက်ခြင်းမှ ရှောင်ကြဉ်ခြင်းဟာ အမြဲကောင်းမြတ်ပါတယ်။ သူတစ်ပါးပစ္စည်းမခိုးရိုမျှမက မိမိပစ္စည်းကိုပင် ပေးလှူမယ်ဆိုရင် ပိုပြီးကောင်းပါတယ်။ ဒီသီလတွေကို မကောင်းပါဘူး။ မမှန်ပါဘူးလို့ ပြောရဲသူရှိမယ် မထင်ပါဘူး။

( ဆရာမောင်အံ့- ဗုဒ္ဓ၏လူမှုရေးတရားတော်များ စာအုပ်မှ ကောက်နုတ်ဖေါ်ပြပါသည်။  )


( Zawgyi )
၁၇။ ေမး။ ။ အက်င္႔သီလဆိုတာ ဓေလ႔၊ ထုံးစံေတြကို ေခၚတယ္လို႔ ထင္ပါတယ္။ ဒီဓေလ႔ထုံးစံေတြဟာလည္း အမ်ဳိးမ်ဳိးကြဲျပားေနပါတယ္။ ကြဲျပားတဲ႔အေလွ်ာက္လည္း ကိုယ္႔အျမင္နဲ႔ကိုယ္ မွန္တယ္လို႔ ယူဆေနၾကပါတယ္။ လူမ်ဳိးတစ္မ်ဳိးမွ လူႀကီးသူမေတြေရွ႕မွာ လူငယ္ေတြဟာ ေခါင္းငုံ႔ၿပီး ခါးကုန္းသြားတာဟာ မွန္ကန္ယဥ္ေက်းတယ္လို႔ ယူဆၾကပါတယ္။ အျခားလူမ်ဳိးတစ္မ်ဳိးကေတာ႔ လူငယ္ေတြဟာ ေနရာမေရြးရင္ေကာ႔ၿပီး ေခါင္းမတ္မတ္သြားတာဟာ မွန္ကန္တယ္လို႔ ယူဆၾကပါတယ္။ တခ်ိဳ႕ကေတာ႔ လက္သီးလက္ေမာင္း တန္းျပတာကို အရိုအေသျပဳရာ ေရာက္တယ္လို႔ ယူဆပါတယ္။ 

          တခ်ဳိ႕လူမ်ဳိးက ေသရင္ ဝိုင္းငိုျပမွ ေသသူအေပၚ ခ်စ္ခင္ေၾကာင္းျပသရာ ေရာက္တယ္လို႔ ယူဆပါတယ္။ အခ်ဳိ႕လူမ်ဳိးကေတာ႔ လူေသကို ဝိုင္းၿပီး ကခုန္မွေသသူအေပၚ ခ်စ္ခင္ရာ ေရာက္တယ္လို႔ ယူဆၾကပါတယ္။

          တခ်ဳိ႕ကေတာ႔ သတၱဝါေတြကို သတ္ျဖတ္ စေတးလို႔ရိွရင္ ေဘးရန္ အႏၱရာယ္ကင္းၿပီး ေကာင္းက်ဳိး ခ်မ္းသာ ရတယ္လို႔ ယူဆၿပီး၊ လိုက္နာျပဳက်င္႔ေနၾကပါတယ္။ တခ်ိဳ႕ကေတာ႔ သတၱဝါ ဆိုတာ လူခၽြတ္မွ ကၽြတ္တယ္။ တိရိစာၦန္ဘဝက လြတ္ေအာင္ တိရစာၦန္ေတြကို သတ္ေပးရမယ္ဆိုၿပီး ခရုေယာက္သြားေကာင္ကို ေရေႏြးနဲ႔ ျပဳတ္သတ္ၾကတယ္။ 

          တခ်ဳိ႕ကေတာ႔ သတၱဝါေတြကို မသတ္သင္႔ဘူးဆိုၿပီး သတ္ျဖတ္ျခင္းမွ ေရွာင္ၾကဥ္ၾကပါတယ္။ တခ်ဳိ႕က မရိွရင္ ခိုးဆိုးလုယက္စားေသာက္ၾကမယ္လို႔ ယူဆၾကတယ္။ တခ်ဳိ႕ကေတာ႔ စားစရာ မရိွရင္ အသက္သာအေသခံမယ္ ခိုးဆိုးလုယက္ၿပီး မစားဘူးလို႔ ယူဆၾကတယ္။ တခ်ိဳ႕ကေတာ႔ အရက္ေသာက္တာ အျပစ္ရိွတယ္လို႔ ယူဆၾကၿပီး၊ တခ်ိဳ႕ကေတာ႔ အျပစ္မရိွဘူးလို႔ ယူဆၾကပါတယ္။
          ထို႔အတူ ေလာင္းကစားကိစၥ၊ သားမယားကိစၥမ်ားမွာလည္း တဦးႏွင္႔ တစ္ဦး ယူဆပုံခ်င္း မတူၾကပါဘူး။ ဒီလိုအမ်ဳိးမ်ဳိးျဖစ္ေနတဲ႔ အက်င္႔သီလေတြကို လိုက္နာက်င္႔သုံးလို႔ ကုသိုလ္ရတယ္လို႔ ဆိုႏိုင္ပါ႔မလား။ အက်င္႔သီလဆိုတာ ပုံေသသတ္မွတ္ခ်က္မရိွပဲ ေဒသအလိုက္၊ လူမ်ဳိးအလိုမက္ အမွားအမွန္ ရိွႏိုင္တယ္လို႔ထင္ပါတယ္။ ဆရာ႔အျမင္ႏွင္႔ ေဝဖန္ရွင္းျပေပးေစလိုပါတယ္ဆရာ။  

ေျဖ။   ။ အခုေျပာတဲ႔ အေၾကာင္းအရာေတြကို ႏွစ္ပုိင္း ခဲြျခားၾကည္႔ေစလိုပါတယ္။ တစ္ပိုင္းကေတာ႔ လူမ်ဳိးရဲ႕ယဥ္ေက်းမႈ ဓေလ႔ထုံးစံျဖစ္ၿပီး၊ က်န္တစ္ပိုင္းကေတာ႔ လူ႔ေလာကတစ္ခုလုံးႏွင္႔ ဆိုင္တဲ႔ ကိုယ္က်င္႔တရားျဖစ္ပါတယ္။ ငယ္သူက ႀကီးသူကို အရိုအေသေပးနည္း၊ တေယာက္နဲ႔တေယာက္ ခ်စ္ခင္ေၾကာင္းျပသတဲ႔နည္း၊ မဂၤလာအခမ္းအနားက်င္းပပုံ၊ အသုဘအခမ္းအနားက်င္းပပုံကိုေတာ႔ ယဥ္ေက်းမႈဓေလ႔ထုံးစံလို႔ ေခၚသင္႔ပါတယ္။ ဒီဓေလ႔ထုံးစံေတြက လူေတြရဲ႕သတ္မွတ္ခ်က္  ေျပာင္းႏိုင္ပါတယ္။ ပုံေသမရိွပါဘူး။ လူအမ်ားလက္ခံရင္ မွန္တယ္လို႔ ယူဆရပါမယ္။

          ဒါေပမဲ႔ ကိုယ္က်င္႔တရားနဲ႔ဆိုင္တဲ႔ အပိုင္းကိုေတာ႔ ဒီယဥ္ေက်းမႈဓေလ႔ထုံးစံေတြနဲ႔ ေရာေႏွာၿပီး တတန္းတည္းထားၿပီး ေရာေႏွာ မစဥ္းစားေစခ်င္ဘူး။ ကိုယ္က်င္႔တရားႏွင္႔ ဆိုင္တဲ႔ အပိုင္းကေတာ႔ ပုံေသ သတ္မွတ္ခ်က္ရိွပါတယ္။ ဘယ္ေနရာ၊ ဘယ္ေဒသ၊ ဘယ္တိုင္းျပည္မွာမဆို အၿမဲမွန္ကန္ေနပါတယ္။ ဒါေၾကာင္႔ သီလဟာ ယဥ္ေက်းမႈႏွင္႔ဆိုင္တဲ႔သီလ၊ ကိုယ္က်င္႔တရားႏွင္႔ဆိုင္တဲ႔သီလဆိုၿပီး ႏွစ္မ်ဳိးရိွပါတယ္။ ပထမသီလအမ်ဳိးအစားကို ကုလာစာရ ( ကုလ + အာစာရ )၊ မ်ဳိးရိုးစဥ္လာက်င္႔ဝတ္လို႔ ေခၚပါတယ္။ ဒုတိယအမ်ဳိးအစားကိုေတာ႔ ( ကုသလသီလ ) ကုသိုလ္သီလ လို႔ ေခၚပါတယ္။ 

          ကုလာစာရ ဆိုတဲ႔မ်ဳိးရိုးစဥ္လာက်င္႔ဝတ္ဓေလ႔ ထုံးစံကေတာ႔ ေကာင္းတာရိွသလို မေကာင္းတာလည္း ရိွပါတယ္။ မွန္တာရိွသလို၊ မမွန္တာလည္း ရိွပါတယ္။
          ကိုယ္က်င္႔တရားနဲ႔ဆိုင္တဲ႔သီလကေတာ႔ အၿမဲတမ္းေကာင္းၿပီး၊ အၿမဲတမ္းမွန္ေနပါတယ္။ သတ္ျဖတ္ညွဥ္းဆဲမႈမွ ေရွာင္ၾကဥ္ျခင္းဟာ အၿမဲေကာင္းျမတ္မွန္ကန္ေနပါတယ္။ မသတ္ျဖတ္ရုံမွ်မက သတၱဝါေတြ အသက္ရွည္ေအာင္ အနာကင္းေအာင္ ကူညီမယ္ဆိုရင္ ပိုၿပီးေကာင္းျမတ္ပါတယ္။ အလားတူ ခိုးဝွက္လုယက္ျခင္းမွ ေရွာင္ၾကဥ္ျခင္းဟာ အၿမဲေကာင္းျမတ္ပါတယ္။ သူတစ္ပါးပစၥည္းမခိုးရိုမွ်မက မိမိပစၥည္းကိုပင္ ေပးလွဴမယ္ဆိုရင္ ပိုၿပီးေကာင္းပါတယ္။ ဒီသီလေတြကို မေကာင္းပါဘူး။ မမွန္ပါဘူးလို႔ ေျပာရဲသူရိွမယ္ မထင္ပါဘူး။

( ဆရာေမာင္အံ႔- ဗုဒၶ၏လူမႈေရးတရားေတာ္မ်ား စာအုပ္မွ ေကာက္ႏုတ္ေဖၚျပပါသည္။  )