Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

Saturday, May 17, 2014

စိတ်ဖြေလျှော့ခြင်း အနုပညာ

ခေတ်သစ်လူသားအဖို့ နိစ္စဓူဝကိစ္စတို့ကို ဆောင်ရွက်ရင်းဖြစ်ပေါ်သော စိတ်ဖိစီးမှုများကို ဖြေလျှော့ရန်၊ ဖြိုခွဲချေမှုန်းရန်လိုပါတယ်။ ထိုသို့ ဖြေလျှော့ရန်အတွက် နည်းလမ်းများကို လေ့လာရန် လိုပေတယ်။ သို့မဟုတ်လျှင် စိတ်ဖိစီးမှုမှ လူသားကို ချေမှုန်းသုတ်သင်သွားပါလိမ့်မည်။ လေပြင်းတိုက်ခတ်သလို ဖိစီးမှုတွေကြားမှာ သစ်ပင်တစ်ပင်လို ယိမ်းယိုင်ပြီး၊ မုန်တိုင်းအစဲမှာ မတ်မတ်ပြန်ရပ်နေဖို့လိုပါတယ်။ 

          ငြိမ်းချမ်းမှု၊ ဆိတ်ငြိမ်မှု၊ အေးချမ်းမှုတွေအကြောင်း စဉ်းစားပြီး မိမိ၏စိတ်ကို သက်သောင့်သက်သာ ဖြစ်အောင် ပထမဆုံးလုပ်လိုက်ပါ။ သစ်တောကြားမှ ငြိမ်သက်နေတဲ့ရေကန်အနီးရောက်နေပြီး၊ သစ်ရွက် လေတိုးသံလေးတွေကို နားထောင်ပြီး၊ သဘာဝ၏အေးငြိမ်းမှုနှင့် တထပ်ထဲကျနေပုံကို စိတ်ထဲမှာ ပုံဖေါ်ကြည့်လိုက်ပါ။ 

          လူသားဟာ အဇ္ဈတငြိမ်းချမ်းခြင်းကို အမြဲရင်ထဲမှာ ရှိနေဖို့လိုပါတယ်။ သို့မှသာ လူ့လောကရဲ့ အရှုပ်တွေကြား၊ ကိုယ်ရဲ့တည်ငြိမ်အေးဆေးမှုကို ဟန်ချက်ညီအောင် ထိန်းနိုင်ပါလိမ့်မယ်။
          ငပျင်းတစ်ယောက်ကို အတုခိုးပြီး သက်သောင့်သက်သာနေ၊ နေရောင်အောက်ကခုံပေါ်မှ ကောင်လေးလို၊ ငါးမျှားချိတ်ကိုင်ပြီး၊ ငိုက်မည်းနေတဲ့လူလို။ 

          ဆက်ကပ်ထဲမှ လူပျက်ဆီကလဲ အတုယူစရာရှိပါတယ်။ ရုတ်တရက်ကျပေမယ့် သူ့အတွက် ထိခိုက်မှုမဖြစ်တာတော့ ကိုယ်ခန္ဓာကို အဝတ်စုတ်အရုပ်လိုထားလို့ပါ။
          လမ်းလျှောက်၊ ကိုယ်လက်ဆန့်တန်း၊ ဥယျာဉ်ထဲမှာ အပင်စိုက်၊ ဂေါက်ကစား- စတဲ့ လေ့ကျင့်ခန်းလို ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ပေး။ ကိုယ်ပင်ပန်းရင် သက်တောင့်သက်သာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်လေ။

          ရှုတ်ထွေးမှုဆိုတာ စိတ်ဖိစီးစေတဲ့အဓိကအကြောင်းရင်းပါ။ အဲဒါကြောင့် အလုပ်ကို စုစုစည်းစည်းထား၊ ပထမဆုံးရောက်ရင်၊ ပထမဆုံးလုပ်၊ မြန်မြန်ဆန်ဆန် မလုပ်နဲ့။ တကြိမ်မှာ တစ်ခုပဲလုပ်။ စိတ်ကို အားနေအောင်ထား။ 

          အာရုံကြောတွေ ပြေလျှော့ဖို့ ခမ်းနားတဲ့ဂီတရဲ့ငြိမ့်ညောင်းစွာ စီးဆင်းမှုကို သုံးစွဲပါ။
          အပြုံးဆိုတာ စိတ်ဖြေလျှော့ခြင်းရဲ့သင်္ကေတ။ အရာရာကို လေးလေးနက်နက် မခံစားဖို့၊ မကြာခဏ မိမိကိုယ်ကို ရယ်မောလိုက်ဖို့ လေ့ကျင့်ထားပါ။
          တရားထိုင်ခြင်းအတွက် အချိန်ပေးပါ။ ကဗျာဆရာကြီး အီမာဆင်ရဲ့ ကဗျာအဆိုအမိန့်လေးကို လက်ခံကျင့်သုံးပါ။

          “ပါဝါနဲ့ ဉာဏ်ပညာ အလယ်မှာ သင်နေထိုင်။ နိမ့်မြင့်တက်ကျအတိုင်းလိုက်၊ မှန်ကန်ခြင်း၊ တည့်မှတ်ခြင်းနှင့် ပျော်ရွှင်ကျေနပ်မှုဆီသို့ အားထုတ်မှုကင်းစွာ စီးမျှောသွားပါစေတော့။”

( The Art of Relaxation by Wilfred A.Peterson- RD.1963,Aug  ကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။  )
  


( Zawgyi )         

ေခတ္သစ္လူသားအဖို႔ နိစၥဓူဝကိစၥတို႔ကို ေဆာင္ရြက္ရင္းျဖစ္ေပၚေသာ စိတ္ဖိစီးမႈမ်ားကို ေျဖေလွ်ာ႔ရန္၊ ၿဖိဳခြဲေခ်မႈန္းရန္လိုပါတယ္။ ထိုသို႔ ေျဖေလွ်ာ႔ရန္အတြက္ နည္းလမ္းမ်ားကို ေလ႔လာရန္ လိုေပတယ္။ သို႔မဟုတ္လွ်င္ စိတ္ဖိစီးမႈမွ လူသားကို ေခ်မႈန္းသုတ္သင္သြားပါလိမ္႔မည္။ ေလျပင္းတိုက္ခတ္သလို ဖိစီးမႈေတြၾကားမွာ သစ္ပင္တစ္ပင္လို ယိမ္းယိုင္ၿပီး၊ မုန္တိုင္းအစဲမွာ မတ္မတ္ျပန္ရပ္ေနဖို႔လိုပါတယ္။ 

          ၿငိမ္းခ်မ္းမႈ၊ ဆိတ္ၿငိမ္မႈ၊ ေအးခ်မ္းမႈေတြအေၾကာင္း စဥ္းစားၿပီး မိမိ၏စိတ္ကို သက္ေသာင္႔သက္သာ ျဖစ္ေအာင္ ပထမဆုံးလုပ္လိုက္ပါ။ သစ္ေတာၾကားမွ ၿငိမ္သက္ေနတဲ႔ေရကန္အနီးေရာက္ေနၿပီး၊ သစ္ရြက္ ေလတိုးသံေလးေတြကို နားေထာင္ၿပီး၊ သဘာဝ၏ေအးၿငိမ္းမႈႏွင္႔ တထပ္ထဲက်ေနပုံကို စိတ္ထဲမွာ ပုံေဖၚၾကည္႔လိုက္ပါ။ 

          လူသားဟာ အဇၥ်တၿငိမ္းခ်မ္းျခင္းကို အၿမဲရင္ထဲမွာ ရိွေနဖို႔လိုပါတယ္။ သို႔မွသာ လူ႔ေလာကရဲ႕ အရႈပ္ေတြၾကား၊ ကိုယ္ရဲ႕တည္ၿငိမ္ေအးေဆးမႈကို ဟန္ခ်က္ညီေအာင္ ထိန္းႏိုင္ပါလိမ္႔မယ္။
          ငပ်င္းတစ္ေယာက္ကို အတုခိုးၿပီး သက္ေသာင္႔သက္သာေန၊ ေနေရာင္ေအာက္ကခုံေပၚမွ ေကာင္ေလးလို၊ ငါးမွ်ားခ်ိတ္ကိုင္ၿပီး၊ ငိုက္မည္းေနတဲ႔လူလို။ 

          ဆက္ကပ္ထဲမွ လူပ်က္ဆီကလဲ အတုယူစရာရိွပါတယ္။ ရုတ္တရက္က်ေပမယ္႔ သူ႔အတြက္ ထိခိုက္မႈမျဖစ္တာေတာ႔ ကိုယ္ခႏၶာကို အဝတ္စုတ္အရုပ္လိုထားလို႔ပါ။
          လမ္းေလွ်ာက္၊ ကိုယ္လက္ဆန္႔တန္း၊ ဥယ်ာဥ္ထဲမွာ အပင္စိုက္၊ ေဂါက္ကစား- စတဲ႔ ေလ႔က်င္႔ခန္းလို ကိုယ္လက္လႈပ္ရွားမႈေတြလုပ္ေပး။ ကိုယ္ပင္ပန္းရင္ သက္ေတာင္႔သက္သာနဲ႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္တယ္ေလ။

          ရႈတ္ေထြးမႈဆိုတာ စိတ္ဖိစီးေစတဲ႔အဓိကအေၾကာင္းရင္းပါ။ အဲဒါေၾကာင္႔ အလုပ္ကို စုစုစည္းစည္းထား၊ ပထမဆုံးေရာက္ရင္၊ ပထမဆုံးလုပ္၊ ျမန္ျမန္ဆန္ဆန္ မလုပ္နဲ႔။ တႀကိမ္မွာ တစ္ခုပဲလုပ္။ စိတ္ကို အားေနေအာင္ထား။ 

          အာရုံေၾကာေတြ ေျပေလွ်ာ႔ဖို႔ ခမ္းနားတဲ႔ဂီတရဲ႕ၿငိမ္႔ေညာင္းစြာ စီးဆင္းမႈကို သုံးစြဲပါ။
          အၿပံဳးဆိုတာ စိတ္ေျဖေလွ်ာ႔ျခင္းရဲ႕သေကၤတ။ အရာရာကို ေလးေလးနက္နက္ မခံစားဖို႔၊ မၾကာခဏ မိမိကိုယ္ကို ရယ္ေမာလိုက္ဖို႔ ေလ႔က်င္႔ထားပါ။
          တရားထိုင္ျခင္းအတြက္ အခ်ိန္ေပးပါ။ ကဗ်ာဆရာႀကီး အီမာဆင္ရဲ႕ ကဗ်ာအဆိုအမိန္႔ေလးကို လက္ခံက်င္႔သုံးပါ။

          “ပါဝါနဲ႔ ဥာဏ္ပညာ အလယ္မွာ သင္ေနထိုင္။ နိမ္႔ျမင္႔တက္က်အတိုင္းလိုက္၊ မွန္ကန္ျခင္း၊ တည္႔မွတ္ျခင္းႏွင္႔ ေပ်ာ္ရႊင္ေက်နပ္မႈဆီသို႔ အားထုတ္မႈကင္းစြာ စီးေမွ်ာသြားပါေစေတာ႔။”

( The Art of Relaxation by Wilfred A.Peterson- RD.1963,Aug  ကို ဘာသာျပန္ဆိုျခင္း ျဖစ္ပါသည္။  )
  

Sunday, September 30, 2012

စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်း

နိုင်ငံရပ်ခြားတွင် အလုပ်လုပ်သော သူငယ်ချင်းများ၏အတွက် အသုံးဝင်မည်ဟု ထင်မြင်ပါသည်။
စိတ်ဖိစီးမှုကို သက်သာအောင် ဆောင်ရွက်နည်းများ
-Think positive.You are what you think
-အကောင်းဘက်မှ တွေးတောပါ။ သင်သည် သင်စဉ်းစားတွေးခေါ်သည့်အတိုင်းပင် ဖြစ်သည်။
#မည်သည့် အမှုကိစ္စကိုမဆို ကောင်းသည့်ဘက်မှ ရှုမြင်နိုင်သလို မကောင်းသည့်ဘက်မှလည်း ရှုမြင်နိုင်သည်။ မကောင်းသည့်ဘက်မှကြည့်လျှင် သတိထားစရာများကို မြင်နိုင်သည်။ သို့သော်လည်း မိမိ၏ရှေသို့တိုးကာ လုပ်ကိုင်ချင်စိတ်သည် တွေးကြည့်မိသော အပျက်တရားများနှင့် ပဋိပက္ခဖြစ်ကာ စိတ်ဖိစီးမှု များတတ်သည်။ သင်၏စိတ်ခံစားမှုသည် သင်တွေးတောသည့်အတိုင်း ဖြစ်သောကြောင့် အကောင်းဖက်မှ တွေးတောခြင်းဖြင့် စိတ်ဖိစီးမှုကို သက်သာစေပါလိမ့်မည်။
-Examine what type of a person.What are your strengths and weakness.
-သင်သည် မည်သည့်လူစားမျိုး ဖြစ်သည်ကို ဆန်းစစ်ပါ။ သင်၏ အားနည်းချက်နှင့် အားသာချက်များကို ဆန်းစစ်ပါ။
#သင်ကိုယ်ပိုင် အယူအဆ အတွေးအခေါ်များ၊ ယုံကြည်ချက်များကို အသိဆုံးမှာ သင်ကိုယ်တိုင် သည်သာဖြစ်သည်။ ထိုသို့ ကိုယ်ပိုင် အယူအဆများကို ဆန်းစစ်နိုင်ပါက၊ သင်ရောက်ရှိနေသော အခြေနေနှင့် သင်သည် အံဝင်မှု ရှိမရှိကို စဉ်းစားနိုင်သည်။ သင်၏ အားနည်းချက်နှင့် အားသားချက်များကို သိရှိထားပါက လက်ရှိအခြေအနေနှင့် အကိုက်ညီဆုံးသော ဆောင်ရွက်ချက်များကို စဉ်းစားနိုင်မည်။ အပြောင်းအလဲများကို လုပ်ကိုင်နိုင်သောကြောင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်မည်။
-Pay attention to your weakness.
-သင်၏ အားနည်းချက်များကို ဂရုစိုက်ပါ။
#မိမိ၏ အားနည်းချက်ကို သတိထားမိလျှင် ထိုအားနည်းချက်ကို ပြုပြင်နိုင်မည် သို့မဟုတ် အားနည်းချက်ကို ရှောင်၍ ကိစ္စများကို ဆောင်ရွက်နိုင်မည်။
-Discuss your problems with your boss,colleagues,family members or friends.
-သင်ကြုံတွေ့နေရသော ပြဿနာများကို သင်၏ အထက်အရာရှိ၊ လုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအား တိုင်ပင်ပါ။
#ပြဿနာတစ်ခုကို တစ်ယောက်ထဲ စဉ်းစားသည်ထက် အများနှင့်ပူးပေါင်း၍ စဉ်းစားသည်က အဖြေရှာရ လွယ်သည်။ မိမိ၏ ပူပင်သောကများသည် တစ်ခါတစ်ရံ ကိုယ်တစ်ယောက်ထဲ ကြုံနေရသည် မဟုတ်ပါ။ ကိုယ်၏ လုပ်ဖော်ကိုင်ဖက်၊ အပေါင်းအသင်းများက တွေ့ကြုံဖူးလျှင် အလွယ်တကူ အဖြေရှာရလွယ်သည်။ ရင်းနှီးသူများကို တိုင်ပင်လိုက်ရသောကြောင့် အဖြေရှာ မရသေးသည့်တိုင် စိတ်ပေါ့သွားကာ စိတ်ဖိစီးမှုကို သက်သာစေမည် ဖြစ်သည်။ တိုင်ပင်သော မိတ်ဆွေကတော့ မိတ်ဆွေကောင်းဖြစ်ဖို့လိုပါသည်။ သို့မဟုတ်ပဲ အချွန်နှင့်မသော အကြံဉာဏ်များပေးလျှင် ဒုက္ခရောက်နိုင်သည်။
-Review your priorities regularly.
-သင်၏ ဦးစားပေးသောအရာများကို ပုံမှန် ပြန်လည်သုံးသပ်ပါ။
#သင်၏စိတ်တွင် သင်တန်ဖိုးထားသော  စည်းကမ်းများ၊ စိတ်ခံစားမှုများ၊ ရုပ်ဝတ္ထုများက ရှိပြီးဖြစ်သည်။ ထိုအရာများ၏ ဦးစားပေးမှု အဆင့်ကိုလည်း သင်၏ စိတ်တွင်ပြဋ္ဌာန်းပြီး ဖြစ်သည်။ သင်က ဦးစားပေးသော အရာများကို သုံးသပ်ကာ အခြေအနေနှင့်အညီ ပြုပြင်နိုင်သည်။တွေ့ကြုံရသော ကိစ္စများသည် သင်၏ ဦးစားပေးရသော အရာများတွင် မပါဝင်ပါက စိတ်ဖိစီးနေသော အခြေအနေမှ ရှောင်လွဲနိုင်ပေလိမ့် မည်။
-Plan your time effectively.
-သင်၏ အချိန်ကို ထိရောက်စွာ စီမံခန့်ခွဲပါ။
#အချိန်မှီ ပြီးစီးရန်ရှိသောကိစ္စများ မပြီးစီးပါက မလိုလားအပ်သော စိတ်ဖိစီးမှု ဖြစ်နိုင်သောကြောင့် အချိန်ကို စီမံခန့်ခွဲတတ်ခြင်းသည် စိတ်ဖိစီးမှုကို သက်သာစေသော အကြောင်းရင်း တစ်ခုဖြစ်နိုင်ပါသည်။
-Identify your’stressors’ and think what you can do to minimize or eliminate them.
-သင့်ကို စိတ်ဖိစီးနေသောအရာများကို တိကျစွာဖော်ထုတ်ပါ။ ထိုအရာများကို လျှော့နည်းသွားအောင် သို့မဟုတ် ပျောက်ပျက်သွားအောင် သင်မည်သို့ လုပ်နိုင်သည်လဲ စဉ်းစားပါ။
#သင်၏ အားနည်းချက်၊ အားသာချက်များကို သင်သေချာစွာ သိထားသင့်သလို၊ သင်စိတ်ကို အနှောက်အယှက်ပေးနေသော အရာများကို သင်သိသင့်သည်။ မသိသေးလျှင် သေချာစွာ ဖော်ထုတ်ထားသင့်သည်။ ပြီးလျှင် ထိုစိတ်ဖိစီးစေသောအရာများကို လျှော့နည်းအောင်သို့ ပပျောက်အောင် မည်သို့လုပ်ရမည်ကို စဉ်းစားနိုင်သည်။
-Watch your diet.
-သင်၏ စားသောက်မှုကို သတိထားပါ။
#အစားအသောက် မကောင်းခြင်း၊ အစာမကြေခြင်းများကလည်း သင်၏စိတ်ကို အနှောက်အယှက် ပေးနိုင်ပါသည်။ စိတ်ဖိစီးမှုကို တိုးပွားစေနိုင်သည်။
-Do regular exercise.
-လေ့ကျင့်ခန်းမှန်မှန် လုပ်ပါ။
#လေ့ကျင်ခန်းမှန်မှန် လုပ်ခြင်းသည် သွေးလည်ပတ်မှုအားကောင်းကာ ကိုယ်စိတ်နှလုံးကို ကြည်လင် လန်းဆန်းစေသည်။ ကိုယ်ခန္ဓာကို ပေါ့ပါးသွက်လက် စေသည်။


( Zawgyi ) 

ႏိုင္ငံရပ္ၿခားတြင္ အလုပ္လုပ္ေသာ သူငယ္ခ်င္းမ်ား၏အတြက္ အသံုး၀င္မည္ဟု ထင္ၿမင္ပါသည္။
စိတ္ဖိစီးမႈကို သက္သာေအာင္ ေဆာင္ရြက္နည္းမ်ား
-Think positive.You are what you think
-အေကာင္းဘက္မွ ေတြးေတာပါ။ သင္သည္ သင္စဥ္းစားေတြးေခၚသည့္အတိုင္းပင္ ၿဖစ္သည္။
#မည္သည့္ အမႈကိစၥကိုမဆို ေကာင္းသည့္ဘက္မွ ရႈၿမင္ႏိုင္သလို မေကာင္းသည့္ဘက္မွလည္း ရႈၿမင္ႏိုင္သည္။ မေကာင္းသည့္ဘက္မွႀကည့္လွ်င္ သတိထားစရာမ်ားကို ၿမင္ႏိုင္သည္။ သို႔ေသာ္လည္း မိမိ၏ေရွသို႔တိုးကာ လုပ္ကိုင္ခ်င္စိတ္သည္ ေတြးႀကည့္မိေသာ အပ်က္တရားမ်ားႏွင့္ ပဋိပကၡၿဖစ္ကာ စိတ္ဖိစီးမႈ မ်ားတတ္သည္။ သင္၏စိတ္ခံစားမႈသည္ သင္ေတြးေတာသည့္အတိုင္း ၿဖစ္ေသာေႀကာင့္ အေကာင္းဖက္မွ ေတြးေတာၿခင္းၿဖင့္ စိတ္ဖိစီးမႈကို သက္သာေစပါလိမ့္မည္။
-Examine what type of a person.What are your strengths and weakness.
-သင္သည္ မည္သည့္လူစားမ်ိဳး ၿဖစ္သည္ကို ဆန္းစစ္ပါ။ သင္၏ အားနည္းခ်က္ႏွင့္ အားသာခ်က္မ်ားကို ဆန္းစစ္ပါ။
#သင္ကိုယ္ပိုင္ အယူအဆ အေတြးအေခၚမ်ား၊ ယံုႀကည္ခ်က္မ်ားကို အသိဆံုးမွာ သင္ကိုယ္တိုင္ သည္သာၿဖစ္သည္။ ထိုသို႔ ကိုယ္ပိုင္ အယူအဆမ်ားကို ဆန္းစစ္ႏိုင္ပါက၊ သင္ေရာက္ရိွေနေသာ အေၿခေနႏွင့္ သင္သည္ အံ၀င္မႈ ရိွမရိွကို စဥ္းစားႏိုင္သည္။ သင္၏ အားနည္းခ်က္ႏွင့္ အားသားခ်က္မ်ားကို သိရွိထားပါက လက္ရိွအေၿခအေနႏွင့္ အကိုက္ညီဆံုးေသာ ေဆာင္ရြက္ခ်က္မ်ားကို စဥ္းစားႏိုင္မည္။ အေၿပာင္းအလဲမ်ားကို လုပ္ကိုင္ႏိုင္ေသာေႀကာင့္ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ႏိုင္မည္။
-Pay attention to your weakness.
-သင္၏ အားနည္းခ်က္မ်ားကို ဂရုစိုက္ပါ။
#မိမိ၏ အားနည္းခ်က္ကို သတိထားမိလွ်င္ ထိုအားနည္းခ်က္ကို ၿပဳၿပင္ႏိုင္မည္ သို႔မဟုတ္ အားနည္းခ်က္ကို ေရွာင္၍ ကိစၥမ်ားကို ေဆာင္ရြက္ႏိုင္မည္။
-Discuss your problems with your boss,colleagues,family members or friends.
-သင္ႀကံဳေတြ႕ေနရေသာ ၿပႆနာမ်ားကို သင္၏ အထက္အရာရိွ၊ လုပ္ေဖာ္ကိုင္ဖက္၊ မိသားစု၀င္မ်ားႏွင့္ သူငယ္ခ်င္းမ်ားအား တိုင္ပင္ပါ။
#ၿပႆနာတစ္ခုကို တစ္ေယာက္ထဲ စဥ္းစားသည္ထက္ အမ်ားႏွင့္ပူးေပါင္း၍ စဥ္းစားသည္က အေၿဖရွာရ လြယ္သည္။ မိမိ၏ ပူပင္ေသာကမ်ားသည္ တစ္ခါတစ္ရံ ကိုယ္တစ္ေယာက္ထဲ ႀကံဳေနရသည္ မဟုတ္ပါ။ ကိုယ္၏ လုပ္ေဖာ္ကိုင္ဖက္၊ အေပါင္းအသင္းမ်ားက ေတြ႔ႀကံဳဖူးလွ်င္ အလြယ္တကူ အေၿဖရွာရလြယ္သည္။ ရင္းႏွီးသူမ်ားကို တိုင္ပင္လိုက္ရေသာေႀကာင့္ အေၿဖရွာ မရေသးသည့္တိုင္ စိတ္ေပါ့သြားကာ စိတ္ဖိစီးမႈကို သက္သာေစမည္ ၿဖစ္သည္။ တုိင္ပင္ေသာ မိတ္ေဆြကေတာ့ မိတ္ေဆြေကာင္းၿဖစ္ဖို႔လိုပါသည္။ သို႔မဟုတ္ပဲ အခၽြန္ႏွင့္မေသာ အႀကံဥာဏ္မ်ားေပးလွ်င္ ဒုကၡေရာက္ႏိုင္သည္။
-Review your priorities regularly.
-သင္၏ ဦးစားေပးေသာအရာမ်ားကို ပံုမွန္ ၿပန္လည္သံုးသပ္ပါ။
#သင္၏စိတ္တြင္ သင္တန္ဖိုးထားေသာ  စည္းကမ္းမ်ား၊ စိတ္ခံစားမႈမ်ား၊ ရုပ္၀တၳဳမ်ားက ရိွၿပီးၿဖစ္သည္။ ထိုအရာမ်ား၏ ဦးစားေပးမႈ အဆင့္ကိုလည္း သင္၏ စိတ္တြင္ၿပ႒ာန္းၿပီး ၿဖစ္သည္။ သင္က ဦးစားေပးေသာ အရာမ်ားကို သံုးသပ္ကာ အေၿခအေနႏွင့္အညီ ၿပဳၿပင္ႏိုင္သည္။ေတြ႔ႀကံဳရေသာ ကိစၥမ်ားသည္ သင္၏ ဦးစားေပးရေသာ အရာမ်ားတြင္ မပါ၀င္ပါက စိတ္ဖိစီးေနေသာ အေၿခအေနမွ ေရွာင္လြဲႏိုင္ေပလိမ့္ မည္။
-Plan your time effectively.
-သင္၏ အခ်ိန္ကို ထိေရာက္စြာ စီမံခန္႔ခြဲပါ။
#အခ်ိန္မွီ ၿပီးစီးရန္ရိွေသာကိစၥမ်ား မၿပီးစီးပါက မလိုလားအပ္ေသာ စိတ္ဖိစီးမႈ ၿဖစ္ႏိုင္ေသာေႀကာင့္ အခ်ိန္ကို စီမံခန့္ခြဲတတ္ၿခင္းသည္ စိတ္ဖိစီးမႈကို သက္သာေစေသာ အေႀကာင္းရင္း တစ္ခုၿဖစ္ႏိုင္ပါသည္။
-Identify your’stressors’ and think what you can do to minimize or eliminate them.
-သင့္ကို စိတ္ဖိစီးေနေသာအရာမ်ားကို တိက်စြာေဖာ္ထုတ္ပါ။ ထိုအရာမ်ားကို ေလွ်ာ့နည္းသြားေအာင္ သို့မဟုတ္ ေပ်ာက္ပ်က္သြားေအာင္ သင္မည္သို႔ လုပ္ႏိုင္သည္လဲ စဥ္းစားပါ။
#သင္၏ အားနည္းခ်က္၊ အားသာခ်က္မ်ားကို သင္ေသခ်ာစြာ သိထားသင့္သလို၊ သင္စိတ္ကို အေႏွာက္အယွက္ေပးေနေသာ အရာမ်ားကို သင္သိသင့္သည္။ မသိေသးလွ်င္ ေသခ်ာစြာ ေဖာ္ထုတ္ထားသင့္သည္။ ၿပီးလွ်င္ ထုိစိတ္ဖိစီးေစေသာအရာမ်ားကို ေလွ်ာ့နည္းေအာင္သို႔ ပေပ်ာက္ေအာင္ မည္သို႔လုပ္ရမည္ကို စဥ္းစားႏုိင္သည္။
-Watch your diet.
-သင္၏ စားေသာက္မႈကို သတိထားပါ။
#အစားအေသာက္ မေကာင္းၿခင္း၊ အစာမေႀကၿခင္းမ်ားကလည္း သင္၏စိတ္ကို အေႏွာက္အယွက္ ေပးႏုိင္ပါသည္။ စိတ္ဖိစီးမႈကို တိုးပြားေစႏိုင္သည္။
-Do regular exercise.
-ေလ့က်င့္ခန္းမွန္မွန္ လုပ္ပါ။
#ေလ့က်င္ခန္းမွန္မွန္ လုပ္ၿခင္းသည္ ေသြးလည္ပတ္မႈအားေကာင္းကာ ကိုယ္စိတ္ႏွလံုးကို ႀကည္လင္ လန္းဆန္းေစသည္။ ကိုယ္ခႏၶာကို ေပါ့ပါးသြက္လက္ ေစသည္။