Showing posts with label Zen Stories. Show all posts
Showing posts with label Zen Stories. Show all posts
Monday, May 12, 2014
အာရုံများ ငြိနေခြင်းမှ ကင်းခြင်းနှင့် တည်ကြည်ခြင်း
          “ဇင်” ကို အလုပ်လုပ်ကိုင်ရာ၌ အသုံးချရန် နည်းတစ်နည်းရှိ၏။ ယင်းမှာ အချိန်တစ်ချိန်၌ အလုပ်တစ်ခုတည်း၌သာ “တည်”ရန်တည်း။ ယနေ့ကာလများ၌ ကိစ္စများကို တစ်ပြိုင်နက် ပြုလုပ်နိုင်ရမည် ( multi-tasking ) ဟူသော “တွန်းမှု” ဝန်ထမ်းတို့အပေါ်ရှိနေသည်။ တစ်ချိန်တည်း တစ်ပြိုင်နက် ကိစ္စမြားမြောင် သင်လုပ်ကိုင်ရအံ့၊ သင့်စွမ်းအင်များ ပြန့်ကြဲမည်တည်း။ တစ်ချိန်၌ ကိစ္စတစ်ခုထက် ပိုလုပ်ခြင်းကို ရပ်တန့်ပစ်လော့။ စိတ်ပြန့်လွင့်က၊ ကိစ္စဝိစ္စကို လျောက်ပတ်အောင် ဆောင်ရွက်ရန် ခက်ခဲလှကြောင်း ကျုပ်တို့ သိသည်။ တစ်ခုမစမှီ တစ်ခုကိုပြီးရမည်ဟု ဆိုလိုသည်မဟုတ်။ ကိစ္စတစ်ခု ဆောင်ရွက်စဉ် အာရုံမများနှင့် ယင်း၌သာ တည်ကြည်ဟုသာ ဆိုလိုသည်။ ဖိုင်တွဲစဉ် ဖိုင်တွဲ၊ တယ်လီဖုန်းခေါ်သံကို ပြန်ထူးစဉ် ခေါ်သံကိုပဲထူး။
          အပျော်တမ်း “ဇင်”ကျင့်စဉ်ကျင့်သူတစ်ယောက်က အောက်ပါသင်ခန်းစာတချို့ကို ဝက်ဘ်ဆိုက်တစ်ခုမှာ မျှသည်။ ရှုကြပါ။
-       “အား” ထက် ပြောင်းနွဲ့ညွှတ်ကွေး၊
ရေနဲ့တူစေ၊ အဟန့်အတားကို ပတ်၍စီး ( အဟန့်အတားဟူရာ၌ လူလည်းပါဝင်၊ “မင်း”သွားမယ့်လမ်းကလူတွေ)၊ အားကို ပြောင်ပြောင်တင်းတင်း သုံးက တင်းလို့ပြတ်မည်။
-       ခံစားမှုများကို ထိန်း၊ ခံစားမှုက မင်းကို မလွှမ်းစေနဲ့။
ဒေါသကြီးသူ အကြင်နာသူသည် သူ့ကိုယ်သူပင် အရှုံးတွေ့စေမည်။
-       တစ်နေ့တာ၏ ဘာသာဘာဝ၊ သပ္ပါယမျှတနေမှုကို သိလော့။
အလုပ်နှင့်အိမ်၊ အလုပ်နှင့် မိသားစု၊ အလုပ်နှင့် မိမိမျှအောင်ထိန်း။
-       ပစ္စုပ္ပန်တစ်ခဏ၏ အဖိုးမဖြတ်နိုင်သော အစားထိုးမရမှုကို သတိပြုလော့။ ပစ္စုပ္ပန်ဆတ်ဆတ်၌ နေမှုကြောင့်၊ အတိတ်မှ သင်ခန်းစာကိုလည်း မယူ၊ အနာဂါတ်အတွက် ပြင်ဆင်ရန်မလိုဟုလည်း မယူလိုက်နှင့်။
-       မင်းရဲ့ခွက်ကို ဗလာဖြစ်စေလော့။ ထို့နောက်မှ ယနေ့သင်ခန်းစာများနှင့် ဖြည့်လော့။ နေ့စဉ်နေ့တိုင်း ခဏတိုင်း သိစရာများကို မင်းသိနေတယ်။ ယင်းတို့အား အသုံးချလော့။
-       အလုပ်၌သာ အာရုံထား၊ အာရုံကို ရလဒ်ပေါ် မတင်နှင့်။ စိတ်၌ ပန်းတိုင်ထူထောင်ခြင်းကား အရေးကြီး၊ သို့သော် ပန်းတိုင်အပေါ်ချည်းသာ စူးစိုက်နေလျှင်ကား လက်ငင်းကိစ္စကို ထိထိရောက်ရောက် လုပ်နိုင်မည်မဟုတ်၊ လက်ငင်းလုပ်စရာ ကိုယ့်ဆောင်တာကို လျှော်အောင်သာဆောင်၊ ရည်ရွယ်သမျှပြီးသည်။
-       ဘာသာဘာဝ ( စိတ်မှတ်မဲ့စွာ )
လုပ်ဆောင်ဖို့ လေ့ကျင့်ပါ။ ရိုးရှင်းသော  လူတို့နှင့် လုပ်တတ်၊ ကိုင်တတ်ခြင်း( People skills ) ကား အလိုလျှောက်စီးဆင်းကာ၊ ပင်ကိုယ်သဘာဝက ထွက်လာသော် အထိရောက်ဆုံး။ တကယ့်ရင်းချာ ကူညီတတ်သော လူတစ်ယောက်ရှိသည်။ နောက်တစ်ယောက်ကား အဲဒါ သူ့အလုပ်မို့ သူလုပ်နေ၊ ထိုနှစ်ယောက်အနက် မည်သူက ပို၍ စွမ်းမလဲ စဉ်းစားကြည့်။
-       ကြောက်ခြင်းကား အရိပ်။ အကောင်အထည် မဟုတ်။
ကျုပ်တို့၏ ကြောက်ခြင်းအများစုမှာ အနာဂါတ်အတွက် ကြောက်ရွံ့နေခြင်း မဟုတ်လော။ ထိုအရာကား ယခုထိ မဖြစ်သေး၊ တကယ်လည်း မဟုတ်။ ကြောက်ခြင်းကား စွမ်းအားကို ပစ္စုပ္ပန်မှ ယိုထွက်စေသည်။ တကယ်တော့ ထိုစွမ်းအားကား၊ လက်ငင်းဘေးကျပ်နံကျပ် အခြေအနေမှ မင်းကို မလွတ်ကျွတ်စေမည့်စွမ်းအား။ ကစားပွဲ၌ ပြိုင်ဘက်ကို အနိုင်ယူလိုသော် မိမိကိုယ်ကိုယ်သာ တိုးတက်အောင်လုပ်၊ ပြိုင်ဘက်အားလဲကျအောင်လုပ်ခြင်းမှာ အကောင်းဆုံးနည်း မဟုတ်။ ကိုယ့်ကို ကိုယ်ဆွဲထူ၊ ထိုနည်းသာ အကောင်းဆုံးနည်း။ ပြိုင်ဘက်အချို့မှာ သူတို့ကိုယ်တိုင်၏ လိုအပ်ချက်များကြောင့်သာ လဲကျသွားလိမ့်မည်။ လဲကျမည် မုချ။ ကိုယ်လုပ်စရာရှိတာကိုသာလုပ်။
-       ကိုယ့်ကိုကိုယ်အား ခဏတော့ ရပ်နားခွင့်ပေး။ နားခြင်းဖြင့် ရွှင်လန်းစေလော့။ မရပ်နားက မင်းရသမျှ အဆံမပါ၊ သင်္ကြန်အမြောက်၊ မင်းစိတ်အား သန့်ရှင်းကြည်လင်ဖို့ အချိန်ပေး၊ သန့်ရှင်းသောစိတ်ကသာ ဆောင်ရွက်နိုင်၊ တုန့်ပြန်နိုင်၊ ထိထိရောက်ရောက် ရောက်ရှိနိုင်သည် မဟုတ်လော။
( “Zen in 101 Simple Lessons” မှ ကောက်နုတ်ပြန်ဆိုသည်။  )
( “စင်ကြယ်သောစိတ်” စာအုပ်မှ ကူးယူဖေါ်ပြပါသည်။  တင်ဝင်းထွန်း )
Monday, April 28, 2014
အချိန်တိုင်းဇင်
ဇင်တရားကျင့်သူတပည့်တစ်ဦးသည် ဆရာအဖြစ်ပြန်လည်သင်ပြပေးခြင်း မပြုနိုင်မှီ၊ ဆရာထံတွင် ဇင်တရားကို ၁၀ နှစ်မျှအတူနေပြီး၊ လေ့လာရပါတယ်။ ဆရာတော်နန်အင်းထံသို့ ၁၀နှစ်ဇင်တရားတော်ကို လေ့လာပြီး ဆရာတစ်ဦးဖြစ်နေသူ တန်နို လာရောက်လည်ပတ်ပါတယ်။ ထိုနေ့တွင် မိုးရွာသဖြင့် တန်နိုသည် သစ်သားခုံဖိနပ်စီးပြီး၊ ထီးဆောင်လာပါတယ်။ ခရီးဦးကြိုနုတ်ဆက်ပြီးနောက် ဆရာတော်နန်အင်းမှ ဤသို့မှတ်ချက်ပြုပါတယ်။
          “မင်း ခုံဖိနပ်ကို ခန်းမထဲမှာ ချွတ်ခဲ့တယ်ထင်တယ်။ မင်း ထီးကို ဖိနပ်ရဲ့ ဘယ်ဖက်မှာ ထားခဲ့လား၊ ညာဖက်မှာ ထားခဲ့လား။”
(Zawgyi)      
          တန်နို ရုတ်ရက်တွေဝေပြီး၊ အဖြေမပေးနိုင်ပါဘူး။ ဇင်တရားတော်ကို အချိန်တိုင်း သိမှတ်နေခြင်း မရှိကြောင်း သူ့ကိုယ်သူ သိရှိသွားပါတယ်။ ထို့ကြောင့် တန်နိုသည် နန်အင်းထံတွင် တပည့်ခံပြီး ဇင်တရားတော်ကို အချိန်တိုင်းသိမှတ်စေရန်၊ ၆နှစ်ထပ်မံ၍ လေ့လာခဲ့ပါတယ်။
( Every-minute Zen by 101 Zen Stories ကိုဘာသာပြန်ဆိုပါသည်။ )
Wednesday, April 23, 2014
ပျော်ရွှင်ခြင်းအသံ
        ဆရာတော် ဘင်ကီ ကွယ်လွန်ပြီးနောက်၊ ဆရာတော်၏ကျောင်းတိုက်အနီးတွင် နေထိုင်သော မျက်မမြင်တစ်ယောက်သည် သူ့မိတ်ဆွေကို ထိုသို့ပြောကြားပါတယ်။
          “ကျုပ်ဟာ မျက်စိကွယ်ပြီးနောက် လူတွေရဲ့မျက်နှာကို မတွေ့ရတော့ပါဘူး။ ဒါကြောင့် လူတစ်ယောက်ရဲ့အကျင်စာရိတ္တကို သိချင်ရင် ထိုလူရဲ့အသံကိုပဲ နားထောင်ရပါတော့တယ်။ သာမာန်အားဖြင့်ဆိုရရင် လူတစ်ယောက်အောင်မြင်တယ်၊ ပျော်ရွှင်တယ်။ အဲဒါကို အခြားလူတစ်ဦးက ဝမ်းမြောက်ကြောင်း ဆုတောင်းပေးပါတယ်။ အဲဒီအခါမှာ မနာလိုတဲ့လျှို့ဝှက်အသံကို ကျုပ် ကြားတယ်ဗျ။ အခြားတစ်ယောက်ရဲ့ ကံမကောင်းမှုကို စာနာသနားလို့ပြောခဲ့ရင်လည်း၊ ပျော်ရွှင်မှုနဲ့ ကျေနပ်မှုအသံကို ကျုပ် ကြားရတယ်ဗျာ။ ဘဝမှာပျောက်ဆုံးခဲ့တဲ့တစုံတရာကို ပြန်ရသလို ပျော်ရွှင်ကျေနပ်ကြတယ်ဗျာ။ ”
          “သို့သော်လည်း ကျုပ်အတွေ့အကြုံအရ ဆရာတော်ရဲ့အသံဟာ သိပ်ရိုးသားတယ်။ ဆရာတော်ဟာ ပျော်ရွှင်တယ်ဆို အသံမှာ ပျော်ရွှင်မှုကလွဲလို့ အခြားဘာအသံမှ မကြားရဘူး။ ဆရာတော် ဝမ်းနည်းတယ်ဆို ဝမ်းနည်းမှုကလွဲလို့ အခြားဘာအသံမှ မကြားရဘူး။”
( The Voice of Happiness from 101 Zen Stories ကိုဘာသာပြန်ဆိုပါသည်။ )