Showing posts with label ျမန္မာ႔ရိုးရာ. Show all posts
Showing posts with label ျမန္မာ႔ရိုးရာ. Show all posts

Friday, May 2, 2014

ဘယ်သူ့ကို ကျိန်ဆဲရမှာလဲ



{ ငါးရာ့ငါးဆယ် စတုတ္တအုပ် တိ့သနိပါတ်၌ ပါရှိသော ဂန္ဓတိန္ဒုကဇာတ်သည် မင်းနှင့် ပတ်သက်၍ မှတ်သားဖွယ် ကောင်းသဖြင့် ဖေါ်ပြအပ်ပါသည်။ }


{ မှတ်ချက်။  ။ ဤဇာတ်တော်သည် ငါးရာ့ငါးဆယ်နိပါတ်တော်တွင်ပါဝင်ပါသည်။ သို့သော်လည်း ဖေါ်ထုတ်သူနည်းပါးသောကြောင့် မသိရှိကြပါ။ ဆရာဦးခင်မောင်ဝင်း၏ စာအုပ်တွင် ဖေါ်ထုတ်ရေးထားသဖြင့် အကျဉ်းချုပ်၍ ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည်။ ဆိုလိုရင်းမှာ မိမိတို့နိုင်ငံတွင် ဖြစ်ပွါးနေသော မကောင်းမှု၊ ထိခိုက်မှု၊ မတရားမှု ကြီးကြီးငယ်ငယ်အမှုတို့သည် မင်းနှင့် တိုက်ရိုက်သက်ဆိုင်ကြောင်းသိစေလိုရင်း ဖြစ်ပါသည်။ ထိုကြောင့် ဇာတ်တော်ထဲမှအတိုင်း ဝိုင်းဝန်းကျိန်ဆဲ၊ ကျိန်စာတိုက်နိုင်ပါသည်။ မိမိတို့မှာ မှန်သောစကားဖြစ်၍ အပြစ်မရှိပါ။ မိမိတို့၏ အတိတ်ကံနှင့် သက်ဆိုင်ခြင်း မရှိဘဲ မင်း၏ ပယောဂကြောင့် ဆင်းရဲပင်ပန်းခြင်းနှင့် ဒုက္ခပင်လယ်ဝေခြင်း ဖြစ်နေရခြင်း ဖြစ်ပါသည်။ မိမိတို့၏ နေ့စဉ်ပင်ပန်းဆင်းရဲအဆင်မပြေမှုအားလုံးအတွက် ဝိုင်းဝန်းကျိန်ဆဲခြင်းဖြင့် အပြစ်မဖြစ်ပါဟု ထိုဇာတ်တော်ကို ဖေါ်ပြလိုက်ရပါသည်။ }


          ရှေးလွန်လေပြီးသောအခါ ကပိလတိုင်း ပဉ္စာလပြည်၌ ပဉ္စာလမင်းသည် အဂတိလေးပါး လိုက်စားလျက် မေ့လျော့စွာ မင်းပြု၏။ မှူးမတ်စသော အလုံးစုံသောလူတို့သည် တရားမစောင့် အဂတိတရားလိုက်စားကြသဖြင့် သူခိုးတို့သည် လုယက်ကြကုန်သည်။ ဘုရားအလောင်းသည် တည်ပင်စောင့်နတ်ဖြစ်ပြီး မင်းကို ဆုံးမသည်။ မင်းသည် သံဝေဂတရားရပြီး ပြည်သူတို့၏ အသံကို စနည်းနာထွက်ရန် ပရောဟိတ်နှင့် လျှို့ဝှက်စွာ တိုင်းခန်းလှည့်လည်လေ၏။

          လူအိုတစ်ဦး ဆူးစူးသောအခါ မင်းကို ကျိန်ဆဲ၏။

          ထိုအခါ မင်းနှင့် ပရောဟိတ်သည် “အချင်းလူအို၊ သင်သည် မျက်စိမှုန်မွှားသည်ဖြစ်၍ ဆူးစူးခြင်းကို မဆိုင်သောမင်းအား အဘယ့်ကြောင့် ကျိန်ဆဲရသနည်း”ဟု မေး၏။

          လူအိုက “အိုပုဏ္ဏား၊ ငါသည် ဆူးရှိသောခရီးကို သွားရ၏။ ငါ့ကို ဆူးစူးရာ၌ ထိုမင်းတွင် အပြစ်များစွာရှိ၏။ မင်းသည် တိုင်းပြည်ကို မစောင့်ရှောက်၊ မတရားသောအခွန်အတုတ်ဖြင့် နှိပ်စက်ညှဉ်းဆဲ၏။ ညဉ့်အခါ၌ သူခိုးတို့ လုယက်၊ နေ့အခါတွင် မင်းချင်းတို့ အခွန်တောင်း လုယက်ဖျက်ဆီး၏။ ထိုအခါ လူတို့သည် တောသို့ဝင်၍ ဆူးခက်တို့ကို ချထားကုန်၏။ ”

          ထိုအခါ မင်းနှင့် ပရောဟိတ်က လူအိုသည် သင့်သောစကားကို ဆို၏ ဟုပြောဆိုပြီး ခရီးဆက်ကြ၏။

          ထို့နောက် မိန်းမအိုကြီးတစ်ယောက်သည် အရွယ်ရောက်သောသမီးနှစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်ပြီး၊ ဟင်းရွက်တက်ခူးရာတွင် သစ်ပင်ထက်မှ လိမ့်ကျသောကြောင့် မင်းကို သေစေရန် ကျိန်ဆဲပြန်သည်။

          မင်းနှင့် ပရောဟိတ် ကြားသောအခါ၊

          “သူယုတ်မ၊ သင်သည် မကောင်းသောစကားကို ဆိုဘိ၏။ သတို့သမီးအတွက် လင်ကို မင်းသည် အဘယ့်ကြောင့် ရှာပေးရမည်နည်း။”

          အဖွါးအိုက

          “ဟယ်၊ ပုဏ္ဏား၊ ငါသည် မကောင်းသော စကားကို မဆို၊ မင်းသည် တိုင်းပြည်ကို မစောင့်ရှောက်၊ မတရားသောအခွန်ဖြင့် နှိပ်စက်၏။ မင်းချင်းတို့သည် လုယက်ဖျက်ဆီးကြ၏။ ထိုသို့ အသက်မွေးဝမ်းကျောင်းရန် ခက်ခဲသောတိုင်းပြည်၌ သားမယားတို့ကို လုပ်ကျွေးရန် ခက်ခဲသည်ရှိသော် သတို့သမီးတို့သည် အဘယ်မှာ လင်ရနိုင်အံ့နည်း။”

          မင်းနှင့် ပရောဟိတ်က အမယ်အိုသည် သင့်စွာသောစကားကို ဆိုလေ၏ ဟုပြောပြီး ခရီးဆက်သွားကြ၏။

           

          နံနက်မိုးသောက်သော် နွားမစဉ်းလဲတစ်ကောင်သည် နို့ညှစ်သောသူကို ခြေဖြင့်ကန်သဖြင့် နို့ညှစ်သူသည်လဲ၍ နို့ရည်ကွဲ၏။ ထိုအခါ နို့ညှစ်သူသည် ဤသို့ကျိန်ဆဲ၏။

          “ငါ့နွားမ ကန်သကဲ့သို့လည်းကောင်း၊ နို့အိုးရည်သည် လိမ့်စဉ်သကဲ့သို့ ပဉ္စာလမင်းသည် စစ်မြေပြင်၌ သန်လျက်ဖြင့် အခုတ်ခံရပြီး သေပါစေသတည်း ” ဟု ကျိန်ဆဲ၏။

          ထိုကျိန်ဆဲသံကို ကြားသောအခါ ပုရောဟိတ်က

          “အို ယောကျ်ား၊ သင့်ကို နွားကန်ခြင်းအတွက် မင်း၌ အဘယ်သို့သောအပြစ်ရှိ၍ သင် ကျိန်ဆဲသနည်း။”ဟု ပရောဟိတ်ကြီးက မေးမြန်း၏။

          ထိုယောကျ်ားက “ပုဏ္ဏား၊ မင်းကို ကျိန်ဆဲအပ်၏။ ငါသည် မှန်သောစကားကို ဆိုခြင်း ဖြစ်၏။ ထိုမင်းသည် တိုင်းပြည်၊ မြို့ရွာကို မစောင့်ရှောက်ကုန်၊ မတရားသောအခွန်အတုပ်ဖြင့် တိုင်းပြည်မြို့ရွာကို နှိပ်စက်အပ်သည်။ ညဉ့်အခါ သူခိုးတို့သည်လည်းကောင်း၊ နေ့အခါ အခွန်တောင်းသော မင်းချင်းတို့သည်၎င်း၊ လုယက်ဖျက်ဆီးကုန်၏။ ယုတ်မာသောနိုင်ငံ၌ တရားမစောင့်သော သူတို့သည် များလှကုန်၏။ ဤနွားမသည် ကြမ်းကြုတ်၏၊ ကန်ကြောက်တတ်သောအလေ့ရှိသဖြင့် ငါတို့သည် ယခင်က ထိုနွားမကို နို့မညစ်ကုန်၊ ယခုအခါ အခွန်တောင်းသော မင်းချင်းတို့သည် နွားနို့ကို အလိုရှိသဖြင့် နို့ညစ်ရသောကြောင့် မင်းကို ကျိန်ဆဲရခြင်း ဖြစ်၏”ဟု ဆို၏။

          နို့ညစ်ယောကျ်ားသည် သင့်တင့်သော စကားကို ဆိုပေ၏ဟု မင်းနှင့် ပုဏ္ဏားတို့ ပြောဆိုပြီး ရှေးဆက်သွားပါသည်။ 

          ထို့နောက် ဆက်၍ သွားသောအခါ မိခင်နွားမသည် မင်းချင်းတို့ နွားငယ်ကို သတ်၍ နွားသားရည်ကို ယူသောကြောင့် မင်းကို ကျိန်ဆဲ၏။

          ထို့နောက်ဆက်၍ သွားပြန်သော် ရေအိုင်အတွင်းမှ ဖါးတို့ကို ကျီးငှက်တို့ ထိုးဆိတ်စားသောက် သောကြောင့် ဖါးတို့က မင်းကို ကျိန်ဆဲကြပြန်၏။

          နွားမကြီးနှင့် ဖါးတို့သည် ခိုင်လုံသောအကြောင်းရှိသဖြင့် မင်းကို ကျိန်ဆဲကြခြင်းဖြစ်သည်။

          မင်းကြီးလည်း သင့်သောစကားကို ဆိုကြ၏ ဟု ပြောဆိုပြီး ဆက်လက်ထွက်ခွါကြပါသည်။

ထို့နောက်မင်းသည် နန်းတော်သို့ပြန်ပြီး၊ တရားနှင့် အညီအုပ်ချုပ်ပါတော့သည်။


( အသေးစိတ်အချက်အလက်များကို ဖတ်လိုပါလျှင် မူရင်း ဦးခင်မောင်ဝင်း - ဗုဒ္ဓ၏လူမှုရေးတရားတော်များ စာအုပ်ကို ဖတ်ကြပါရန်။။  )
( Zawgyi ) 

{ ငါးရာ႔ငါးဆယ္ စတုတၱအုပ္ တိ႔သနိပါတ္၌ ပါရိွေသာ ဂႏၶတိႏၵဳကဇာတ္သည္ မင္းႏွင္႔ ပတ္သက္၍ မွတ္သားဖြယ္ ေကာင္းသျဖင္႔ ေဖၚျပအပ္ပါသည္။ }


{ မွတ္ခ်က္။  ။ ဤဇာတ္ေတာ္သည္ ငါးရာ႔ငါးဆယ္နိပါတ္ေတာ္တြင္ပါဝင္ပါသည္။ သို႔ေသာ္လည္း ေဖၚထုတ္သူနည္းပါးေသာေၾကာင္႔ မသိရိွၾကပါ။ ဆရာဦးခင္ေမာင္ဝင္း၏ စာအုပ္တြင္ ေဖၚထုတ္ေရးထားသျဖင္႔ အက်ဥ္းခ်ဳပ္၍ ျပန္လည္ေဖၚျပျခင္းျဖစ္ပါသည္။ ဆိုလိုရင္းမွာ မိမိတို႔ႏိုင္ငံတြင္ ျဖစ္ပြါးေနေသာ မေကာင္းမႈ၊ ထိခိုက္မႈ၊ မတရားမႈ ႀကီးႀကီးငယ္ငယ္အမႈတို႔သည္ မင္းႏွင္႔ တိုက္ရိုက္သက္ဆိုင္ေၾကာင္းသိေစလိုရင္း ျဖစ္ပါသည္။ ထိုေၾကာင္႔ ဇာတ္ေတာ္ထဲမွအတိုင္း ဝိုင္းဝန္းက်ိန္ဆဲ၊ က်ိန္စာတိုက္ႏိုင္ပါသည္။ မိမိတို႔မွာ မွန္ေသာစကားျဖစ္၍ အျပစ္မရိွပါ။ မိမိတို႔၏ အတိတ္ကံႏွင္႔ သက္ဆိုင္ျခင္း မရိွဘဲ မင္း၏ ပေယာဂေၾကာင္႔ ဆင္းရဲပင္ပန္းျခင္းႏွင္႔ ဒုကၡပင္လယ္ေဝျခင္း ျဖစ္ေနရျခင္း ျဖစ္ပါသည္။ မိမိတို႔၏ ေန႔စဥ္ပင္ပန္းဆင္းရဲအဆင္မေျပမႈအားလုံးအတြက္ ဝိုင္းဝန္းက်ိန္ဆဲျခင္းျဖင္႔ အျပစ္မျဖစ္ပါဟု ထိုဇာတ္ေတာ္ကို ေဖၚျပလိုက္ရပါသည္။ }


          ေရွးလြန္ေလၿပီးေသာအခါ ကပိလတိုင္း ပၪၥာလျပည္၌ ၪၥာလမင္းသည္ အဂတိေလးပါး လိုက္စားလ်က္ ေမ႔ေလ်ာ႔စြာ မင္းျပဳ၏။ မွဴးမတ္စေသာ အလုံးစုံေသာလူတို႔သည္ တရားမေစာင္႔ အဂတိတရားလိုက္စားၾကသျဖင္႔ သူခိုးတို႔သည္ လုယက္ၾကကုန္သည္။ ဘုရားအေလာင္းသည္ တည္ပင္ေစာင္႔နတ္ျဖစ္ၿပီး မင္းကို ဆုံးမသည္။ မင္းသည္ သံေဝဂတရားရၿပီး ျပည္သူတို႔၏ အသံကို စနည္းနာထြက္ရန္ ပေရာဟိတ္ႏွင္႔ လွ်ိဳ႕ဝွက္စြာ တိုင္းခန္းလွည္႔လည္ေလ၏။

          လူအိုတစ္ဦး ဆူးစူးေသာအခါ မင္းကို က်ိန္ဆဲ၏။

          ထိုအခါ မင္းႏွင္႔ ပေရာဟိတ္သည္ “အခ်င္းလူအို၊ သင္သည္ မ်က္စိမႈန္မႊားသည္ျဖစ္၍ ဆူးစူးျခင္းကို မဆိုင္ေသာမင္းအား အဘယ္႔ေၾကာင္႔ က်ိန္ဆဲရသနည္း”ဟု ေမး၏။

          လူအိုက “အိုပုဏၰား၊ ငါသည္ ဆူးရိွေသာခရီးကို သြားရ၏။ ငါ႔ကို ဆူးစူးရာ၌ ထိုမင္းတြင္ အျပစ္မ်ားစြာရိွ၏။ မင္းသည္ တိုင္းျပည္ကို မေစာင္႔ေရွာက္၊ မတရားေသာအခြန္အတုတ္ျဖင္႔ ႏွိပ္စက္ညွဥ္းဆဲ၏။ ညဥ္႔အခါ၌ သူခိုးတို႔ လုယက္၊ ေန႔အခါတြင္ မင္းခ်င္းတို႔ အခြန္ေတာင္း လုယက္ဖ်က္ဆီး၏။ ထိုအခါ လူတို႔သည္ ေတာသို႔ဝင္၍ ဆူးခက္တို႔ကို ခ်ထားကုန္၏။ ”

          ထိုအခါ မင္းႏွင္႔ ပေရာဟိတ္က လူအိုသည္ သင္႔ေသာစကားကို ဆုိ၏ ဟုေျပာဆိုၿပီး ခရီးဆက္ၾက၏။

          ထို႔ေနာက္ မိန္းမအိုႀကီးတစ္ေယာက္သည္ အရြယ္ေရာက္ေသာသမီးႏွစ္ေယာက္ကို ေကၽြးေမြးေစာင္႔ေရွာက္ၿပီး၊ ဟင္းရြက္တက္ခူးရာတြင္ သစ္ပင္ထက္မွ လိမ္႔က်ေသာေၾကာင္႔ မင္းကို ေသေစရန္ က်ိန္ဆဲျပန္သည္။

          မင္းႏွင္႔ ပေရာဟိတ္ ၾကားေသာအခါ၊

          “သူယုတ္မ၊ သင္သည္ မေကာင္းေသာစကားကို ဆိုဘိ၏။ သတို႔သမီးအတြက္ လင္ကို မင္းသည္ အဘယ္႔ေၾကာင္႔ ရွာေပးရမည္နည္း။”

          အဖြါးအိုက

          “ဟယ္၊ ပုဏၰား၊ ငါသည္ မေကာင္းေသာ စကားကို မဆို၊ မင္းသည္ တိုင္းျပည္ကို မေစာင္႔ေရွာက္၊ မတရားေသာအခြန္ျဖင္႔ ႏွိပ္စက္၏။ မင္းခ်င္းတို႔သည္ လုယက္ဖ်က္ဆီးၾက၏။ ထိုသို႔ အသက္ေမြးဝမ္းေက်ာင္းရန္ ခက္ခဲေသာတိုင္းျပည္၌ သားမယားတို႔ကို လုပ္ေကၽြးရန္ ခက္ခဲသည္ရိွေသာ္ သတို႔သမီးတို႔သည္ အဘယ္မွာ လင္ရႏိုင္အံ႔နည္း။”

          မင္းႏွင္႔ ပေရာဟိတ္က အမယ္အိုသည္ သင္႔စြာေသာစကားကို ဆိုေလ၏ ဟုေျပာၿပီး ခရီးဆက္သြားၾက၏။

           

          နံနက္မိုးေသာက္ေသာ္ ႏြားမစဥ္းလဲတစ္ေကာင္သည္ ႏို႔ညွစ္ေသာသူကို ေျချဖင္႔ကန္သျဖင္႔ ႏို႔ညွစ္သူသည္လဲ၍ ႏို႔ရည္ကြဲ၏။ ထိုအခါ ႏို႔ညွစ္သူသည္ ဤသို႔က်ိန္ဆဲ၏။

          “ငါ႔ႏြားမ ကန္သကဲ႔သို႔လည္းေကာင္း၊ ႏို႔အိုးရည္သည္ လိမ္႔စဥ္သကဲ႔သို႔ ပၪၥာလမင္းသည္ စစ္ေျမျပင္၌ သန္လ်က္ျဖင္႔ အခုတ္ခံရၿပီး ေသပါေစသတည္း ” ဟု က်ိန္ဆဲ၏။

          ထိုက်ိန္ဆဲသံကို ၾကားေသာအခါ ပုေရာဟိတ္က

          “အို ေယာက်္ား၊ သင္႔ကို ႏြားကန္ျခင္းအတြက္ မင္း၌ အဘယ္သို႔ေသာအျပစ္ရိွ၍ သင္ က်ိန္ဆဲသနည္း။”ဟု ပေရာဟိတ္ႀကီးက ေမးျမန္း၏။

          ထိုေယာက်္ားက “ပုဏၰား၊ မင္းကို က်ိန္ဆဲအပ္၏။ ငါသည္ မွန္ေသာစကားကို ဆိုျခင္း ျဖစ္၏။ ထိုမင္းသည္ တိုင္းျပည္၊ ၿမိဳ႕ရြာကို မေစာင္႔ေရွာက္ကုန္၊ မတရားေသာအခြန္အတုပ္ျဖင္႔ တိုင္းျပည္ၿမိဳ႕ရြာကို ႏွိပ္စက္အပ္သည္။ ညဥ္႔အခါ သူခိုးတို႔သည္လည္းေကာင္း၊ ေန႔အခါ အခြန္ေတာင္းေသာ မင္းခ်င္းတို႔သည္၎၊ လုယက္ဖ်က္ဆီးကုန္၏။ ယုတ္မာေသာႏိုင္ငံ၌ တရားမေစာင္႔ေသာ သူတို႔သည္ မ်ားလွကုန္၏။ ဤႏြားမသည္ ၾကမ္းၾကဳတ္၏၊ ကန္ေၾကာက္တတ္ေသာအေလ႔ရိွသျဖင္႔ ငါတို႔သည္ ယခင္က ထိုႏြားမကို ႏို႔မညစ္ကုန္၊ ယခုအခါ အခြန္ေတာင္းေသာ မင္းခ်င္းတို႔သည္ ႏြားႏို႔ကို အလိုရိွသျဖင္႔ ႏို႔ညစ္ရေသာေၾကာင္႔ မင္းကို က်ိန္ဆဲရျခင္း ျဖစ္၏”ဟု ဆို၏။

          ႏို႔ညစ္ေယာက်္ားသည္ သင္႔တင္႔ေသာ စကားကို ဆိုေပ၏ဟု မင္းႏွင္႔ ပုဏၰားတို႔ ေျပာဆိုၿပီး ေရွးဆက္သြားပါသည္။ 

          ထို႔ေနာက္ ဆက္၍ သြားေသာအခါ မိခင္ႏြားမသည္ မင္းခ်င္းတို႔ ႏြားငယ္ကို သတ္၍ ႏြားသားရည္ကို ယူေသာေၾကာင္႔ မင္းကို က်ိန္ဆဲ၏။

          ထို႔ေနာက္ဆက္၍ သြားျပန္ေသာ္ ေရအိုင္အတြင္းမွ ဖါးတို႔ကို က်ီးငွက္တို႔ ထိုးဆိတ္စားေသာက္ ေသာေၾကာင္႔ ဖါးတို႔က မင္းကို က်ိန္ဆဲၾကျပန္၏။

          ႏြားမႀကီးႏွင္႔ ဖါးတို႔သည္ ခိုင္လုံေသာအေၾကာင္းရိွသျဖင္႔ မင္းကို က်ိန္ဆဲၾကျခင္းျဖစ္သည္။

          မင္းႀကီးလည္း သင္႔ေသာစကားကို ဆိုၾက၏ ဟု ေျပာဆိုၿပီး ဆက္လက္ထြက္ခြါၾကပါသည္။

ထို႔ေနာက္မင္းသည္ နန္းေတာ္သို႔ျပန္ၿပီး၊ တရားႏွင္႔ အညီအုပ္ခ်ဳပ္ပါေတာ႔သည္။


( အေသးစိတ္အခ်က္အလက္မ်ားကို ဖတ္လိုပါလွ်င္ မူရင္း ဦးခင္ေမာင္ဝင္း - ဗုဒၶ၏လူမႈေရးတရားေတာ္မ်ား စာအုပ္ကို ဖတ္ၾကပါရန္။။  )
         

ကြီးပွါးချမ်းသာကြောင်း ယသဝဍ္ဎနတရားခုနှစ်ပါး



၁။ ထကြွလုံ့လ ဝီရိယရှိရခြင်း ( ဥဋ္ဌနဝန္တ)
၂။ သတိတရားနှင့် အမြဲပြည့်စုံရခြင်း ( သတိမန္တ)
၃။ ကိုယ် နှုတ် နှလုံး ဖြူစင်ရခြင်း ( သုစိကမ္မ )
၄။ စူးစမ်းဆင်ခြင်း၍ ပြုလုပ်လေ့ရှိခြင်း ( နိသမ္မကာရီ )
၅။ ကိုယ် နှုတ် နှလုံးတို့ကို စောင့်ထိန်းခြင်း ( သညတ )
၆။ တရားသဖြင့် အသက်မွေးခြင်း ( ဓမ္မဇီဝိ )
၇။ မေ့လျော့ပေါ့ဆမှု မရှိခြင်း ( အပ္ပမာဒ )
ဤတရားခုနှစ်ပါးနှင့် ပြည့်စုံပါလျှင် အစိုးရခြင်း၊ စည်းစိမ်ဥစ္စာအဖြာဖြာနှင့် ပြည့်စုံခြင်း၊ အခြေအရံ အကျော်အစောများခြင်း၊ ချီးမွမ်းခံရခြင်း တို့သည် တစ်နေ့တခြား တိုးပွါးလာမည်ဟု ဟောကြားတော်မူသည်ကို ဓမ္မပါဋ္ဌိတော်၊ ကုမ္ဘဃောသကသူဌေးဝတ္ထု၌ တွေ့ရှိရသည်။

ဓမ္မာစရိယဦးအေးနိုင် - မြတ်ဗုဒ္ဓ၏ကြီးပွါးချမ်းသာရေးလမ်းညွှန်ချက်များ စာအုပ်မှ ကူးယူဖေါ်ပြပါသည်။

[ ပစ္စုပ္ပန်ဘဝ၏ ကြီးပွါးချမ်းသားခြင်းသည် အတိတ်ဘဝကုသိုလ်ကံနှင့် တိုက်ရိုက်မသက်ဆိုင်ကြောင်းကို သိစေရန်ဖြစ်ပါသည်။ ]

ပစ္စည်းဥစ္စာရကြောင်း ( ၁၁ )ပါး

၁) အမှီကောင်းကို ရှာရခြင်း
၂) အနာရောဂါကင်းရခြင်း
၃) မပျင်းမရိ ရှိရခြင်း
၄) လုံ့လကြိုးကုတ် အားထုတ်ရခြင်း
၅) မာန မရှိရခြင်း
၆) အတိတ်ကုသိုလ်ကံ ရှိရခြင်း
၇) လူသုံးပါးနှင့် စရိုက်အလိုက် မျှတစွာ ဆက်ဆံရခြင်း
၈) မူးယစ်ကြောင်းမှန်သမျှကို ရှောင်ကြဉ်ရခြင်း
၉) ပွဲလမ်းသဘင်ကြည့်ရှူမှု နည်းရခြင်း
၁၀) ကြက်လောင်း၊ ကြွေလောင်း စသော လောင်းကစား မရှိရခြင်း
၁၁) အပျော်အပါး လိုက်စားမှု ကင်းရခြင်း တို့ဖြစ်ပါသည်။

{ ကျမ်းဂန်များမှ ထုတ်နှုတ်ထားသော ကန်တော်မင်းကျောင်းဆရာတော် ဆုံးမစာမှ ကောက်နုတ်သည်။  }

( Zawgyi )
၁။ ထၾကြလုံ႔လ ဝီရိယရိွရျခင္း ( ဥ႒နဝႏၱ)
၂။ သတိတရားႏွင္႔ အၿမဲျပည္႔စုံရျခင္း ( သတိမႏၱ)
၃။ ကိုယ္ ႏႈတ္ ႏွလုံး ျဖဴစင္ရျခင္း ( သုစိကမၼ )
၄။ စူးစမ္းဆင္ျခင္း၍ ျပဳလုပ္ေလ႔ရိွျခင္း ( နိသမၼကာရီ )
၅။ ကိုယ္ ႏႈတ္ ႏွလုံးတို႔ကို ေစာင္႔ထိန္းျခင္း ( သညတ )
၆။ တရားသျဖင္႔ အသက္ေမြးျခင္း ( ဓမၼဇီဝိ )
၇။ ေမ႔ေလ်ာ႔ေပါ႔ဆမႈ မရိွျခင္း ( အပၸမာဒ )
ဤတရားခုႏွစ္ပါးႏွင္႔ ျပည္႔စုံပါလွ်င္ အစိုးရျခင္း၊ စည္းစိမ္ဥစၥာအျဖာျဖာႏွင္႔ ျပည္႔စုံျခင္း၊ အေျခအရံ အေက်ာ္အေစာမ်ားျခင္း၊ ခ်ီးမြမ္းခံရျခင္း တို႔သည္ တစ္ေန႔တျခား တိုးပြါးလာမည္ဟု ေဟာၾကားေတာ္မူသည္ကို ဓမၼပါ႒ိေတာ္၊ ကုမၻေဃာသကသူေဌးဝတၳဳ၌ ေတြ႔ရိွရသည္။

ဓမၼာစရိယဦးေအးႏိုင္ - ျမတ္ဗုဒၶ၏ႀကီးပြါးခ်မ္းသာေရးလမ္းညႊန္ခ်က္မ်ား စာအုပ္မွ ကူးယူေဖၚျပပါသည္။

[ ပစၥဳပၸန္ဘဝ၏ ႀကီးပြါးခ်မ္းသားျခင္းသည္ အတိတ္ဘဝကုသိုလ္ကံႏွင္႔ တိုက္ရိုက္မသက္ဆိုင္ေၾကာင္းကို သိေစရန္ျဖစ္ပါသည္။ ]

ပစၥည္းဥစၥာရေၾကာင္း ( ၁၁ )ပါး

၁) အမွီေကာင္းကို ရွာရျခင္း
၂) အနာေရာဂါကင္းရျခင္း
၃) မပ်င္းမရိ ရိွရျခင္း
၄) လုံ႔လႀကိဳးကုတ္ အားထုတ္ရျခင္း
၅) မာန မရိွရျခင္း
၆) အတိတ္ကုသိုလ္ကံ ရိွရျခင္း
၇) လူသုံးပါးႏွင္႔ စရိုက္အလိုက္ မွ်တစြာ ဆက္ဆံရျခင္း
၈) မူးယစ္ေၾကာင္းမွန္သမွ်ကို ေရွာင္ၾကဥ္ရျခင္း
၉) ပြဲလမ္းသဘင္ၾကည္႔ရွဴမႈ နည္းရျခင္း
၁၀) ၾကက္ေလာင္း၊ ေၾကြေလာင္း စေသာ ေလာင္းကစား မရိွရျခင္း
၁၁) အေပ်ာ္အပါး လိုက္စားမႈ ကင္းရျခင္း တို႔ျဖစ္ပါသည္။

{ က်မ္းဂန္မ်ားမွ ထုတ္ႏႈတ္ထားေသာ ကန္ေတာ္မင္းေက်ာင္းဆရာေတာ္ ဆုံးမစာမွ ေကာက္ႏုတ္သည္။  }

Friday, April 11, 2014

ႀကီးပြါးေၾကာင္း (၆)ပါး



ခ်စ္သား….ႀကီးပြါးခ်မ္းသာလိုေသာသူသည္….
(၁) အနာေရာဂါကင္းရွင္း၊ ကိုယ္စိတ္ႏွစ္ျဖာ က်မ္းသာခ်မ္းသာ ရျခင္း  ( အာေရာဂ်ံ )
(၂) ကိုယ္က်င္႔တရား ေကာင္းမြန္ရျခင္း ( သီလ )
(၃) ပညာရိွတို႔၏ အဆုံးအမကို မွတ္သားနာယူရျခင္း ( ဝုဒၶါႏုမတ )
(၄) မ်ားေသာအၾကားအျမင္ရိွရျခင္း ( သုတ )
(၅) သုစရိုက္တရားတို႔ကို က်င္႔ရျခင္း ( ဓမၼာႏုဝတၱိ )
(၆) မဆုတ္မနစ္အားသစ္ တက္ၾကြေသာဝီရိယရိွရျခင္း ( အလီနတာ )
တို႔ကို ေနရာတကာ၌ လိုအပ္သည္။ ထိုတရား(၆)မ်ိဳးတို႔သည္ ေလာကီ ေလာကုတၱရာ အက်ဳိးစီးပြါးရေၾကာင္းနည္းလမ္းေကာင္းတို႔ ျဖစ္ေပသည္။ 

( အတၱႆဒြါရဇတ္လာ ႀကီးပြါးေၾကာင္းတရား (၆) ပါး ျဖစ္ပါသည္။ )

Friday, November 2, 2012

အဂတိတရား(၄)ပါး


        ၿမတ္ဘုရားသည္ သိဂၤါလ လုလင္ မဟာကရုဏာေတာ္ၿမတ္ၿဖင္႔ ေရွာင္ႀကဥ္ရမည္႔ ကမၼကိေလသ တရားေလးပါး ကို ၿပညႊန္းေတာ္မူခဲ႔ ၿပီးေနာက္ အဂတိတရားေလးပါး ကို မလိုက္စားအပ္ေႀကာင္း ဆံုးမေတာ္မူ ခဲ႔ ပါသည္။ယင္း အဂတိတရားေလးပါးမွာ
(၁)ဆႏၵာဂတိ (၂) ေဒါသာဂတိ (၃) ေမာဟာဂတိ (၄) ဘယာဂတိ တို႔ ၿဖစ္သည္။

(၁) ဆႏၵာဂတိ ဟူသည္ ေဆြမ်ိဳးေတာ္စပ္ ေသာေႀကာင္႔ ၿဖစ္ေစ၊ ရင္းႏွီး ခင္မင္ေသာေႀကာင္႔ ၿဖစ္ေစ၊ခ်စ္ခင္ ေအာင္ လိုက္ေလွ်ာ ခံ ရေသာေႀကာင္႔ ၿဖစ္ေစ၊တံစိုး လက္ေဆာင္ လာဘ္လာဘ ယူ၍ၿဖစ္ေစ မိမိ၏ တာ၀န္၀တၱရား ကိုယ္က်င္႔ တရားတို႔ မွ တိမ္းေစာင္းခၽြတ္ေခ်ာ္ ကာ မၿပဳသင္႔ မၿပဳအပ္သည္ ကို ၿပဳၿခင္း ပင္ၿဖစ္ပါသည္။

(၂) ေဒါသာဂတိ ဟူသည္ မုန္းတီးၿခင္း၊ ရန္ၿငိဳးထားၿခင္း၊အာဃာတ ထားၿခင္း အေပၚအေၿခခံ လွ်က္ မိမိၿပဳလုပ္ရမည္႔ အရာတြင္ သမာ သမတ္ မရွိမူဘဲ အညီ အညႊတ္ က်င္႔ ရမည္႔ တရားထံုးတမ္း မွတိမ္းေစာင္း လမ္းေခ်ာ္ သြားၿခင္းၿဖစ္ပါသည္။

(၃) ေမာဟာဂတိ ဟူသည္ အမွန္ႏွင္႔ အမွား၊ အေကာင္းႏွင္႔ အဆိုး၊ အက်ိဳးႏွင္႔ အၿပစ္၊သမၼာ ႏွင္႔ မိစာၦ ခြဲၿခမ္းေ၀ဖန္ စိစစ္ဥာဏ္ ကင္းမဲ႔ေသာေႀကာင္႔ တာ၀န္၀တၱရားႏွင္႔ အညီ ေၿဖာင္႔မတ္စြာ မေဆာင္ရြက္ၿခင္း ပင္ ၿဖစ္ပါသည္။

(၄) ဘယာဂတိ ဟူသည္ အေႀကာက္တရား၏ ဖိစီးႏွိပ္စက္ မူေႀကာင္႔ လူ႔ အားမာန္၊လူ႔ သိတၱ ကင္းမဲ႔လွ်က္ တိုက္ရိုက္ၿဖစ္ေစ၊သြယ္၀ိုက္ ၿဖစ္ေစ ၿခိမ္းေၿခာက္ အႀကပ္ ကိုင္သူ "အဓမၼ၀ါဒီ အင္အားစု" တို႔၏ အလိုက် အမွန္တရားမွ ကင္းကြာ လွ်က္ ေဆာင္ရြက္ၿခင္းပင္ ၿဖစ္ပါသည္။
    ေယဘုယ်အားၿဖင္႔ လူတို႔သည္ အမွန္တရားကို ၿမတ္ႏုိးလိုပါ၏။ မိမိ၏ လူ႔တန္ဖိုး၊လူ႔ဂုဏ္သိကၡာ ကိုထိန္းသိမ္းလိုစိတ္ ရိွႀကပါ၏။ တရားမွ်တ မူကို အထိုက္ အေလွ်ာက္ တန္ဖိုးထားလိုႀကပါ၏။ အသိပညာ ကို ၿမတ္ႏုိးလိုစိတ္ လည္းရွိ ႀကပါ၏။သို႔ ေသာ္ ဆႏၵာဂတိ၊ ေဒါသာဂတိ၊ ေမာဟာဂတိ၊ ဘယာ ဂတိ တို႔က အင္အားႀကီးစြာ ပူး၀င္ၿခယ္လွယ္ ေသာ အခါတြင္မူ လူ၏ႏွလံုးသား ႏွင္႔ ဦးေႏွာက္ တို႔တြင္ တစ္ခဲနက္ ေသာ အမိုက္တိုက္ႀကီး က်ေရာက္လာေခ်ေတာ႔ သည္။
                                          (မင္းနန္(ေမာ္ကၽြန္း) ၏ ဘ၀၏ေရႊေရာင္စည္းမ်ဥ္းမ်ား မွ ကူးယူေဖၚၿပပါသည္။)