ယခုခေတ်သည် လွန်ခဲ့သောနှစ် ၄၀၊ ၅၀ ထက် သိသိသာသာ ဓါတုပစ္စည်း၊ ဆေးဝါးများကို သုံးစွဲကြပါသည်။ ထိုသို့ သုံးစွဲသောနေရာများမှာ နေရာတိုင်းလိုလို ဖြစ်ပါသည်။ လူတို့သုံးစွဲသောလူသုံးကုန်ပစ္စည်း၊ စားသောက်သောအစားအသောက်များတွင် ဓါတုဗေဒပစ္စည်းများကို လိုအပ်သည်ထက်ပို၍ ထည့်သွင်းသုံးစွဲခြင်းကြောင့် ရှေးယခင်က အတွေ့ရနည်းပါးသောကင်ဆာကဲ့သို့ ရောဂါများ ယနေ့ခေတ်တွင် ဖြစ်ပွါးမှုများလာခဲ့ပါသည်။
ဓါတုဗေဒပစ္စည်းများကို သုံးစွဲရသည် ရည်ရွယ်ချက်မှာ လိုအပ်ချက်အရ ဖြစ်နိုင်သကဲ့သို့ ကုန်စည်များ ပို၍ဈေးကွက်ဝင်နိုင်အောင် သုံးစွဲခြင်းလည်း ဖြစ်နိုင်ပါသည်။ ဓါတုဗေဒပစ္စည်းများကြောင့် ဓါတ်ပြုမှုဖြစ်စဉ်များ ပိုမိုမြန်ဆန်လာပြီး ကုန်ပစ္စည်းထုတ်လုပ်ချိန်ကို လျှော့ချနိုင်ပါသည်။ ကုန်ပစ္စည်းများကို ဈေးကွက်အတွင်းသို့ ပိုမိုမြန်ဆန်စွာ ပို့နိုင်ပါသည်။ ဓါတုပစ္စည်းများကြောင့် အသီးအနှံတို့ အရောင်အသွေးစိုပြေလာနိုင်ပြီး၊ အနံ့ပို၍ မွှေးလာနိုင်ပါသည်။ ဓါတုဗေဒပစ္စည်းများသည် အတိုင်းအတာတစ်ခုအထိ နှိုင်းချင်သုံးစွဲမည်ဆိုပါလျှင် အလွန်အသုံးဝင်ပါသည်။ သို့သော် လူတို့၏ မတော်လောဘဖြင့် လိုအပ်သည်ထက် ပိုမိုသုံးစွဲခြင်းကြောင့် စားသုံးသူများတွင် ရောဂါဘယများ များပြားစေပါသည်။
အသားတိုးကြက်မွေးမြူရေးတွင် ကြက်များ ရောဂါဘယဖြစ်ပွါးပါက တိုက်ကျွေးရန်ဆေးဝါးများ ရှိပါသည်။ ထိုဆေးဝါးများကို ထုတ်လုပ်သောကုမ္ပဏီမှ ဆေးပုလင်းအပေါ်တွင် ဆေးဝါးကို တိုက်ကျွေးပြီး၊ နောက်ထပ် ၇ ရက်ခန့်ရှိမှ စားသုံးခြင်းပြုပါဟု ရေးထားပါသည်။ သို့သော် ထိုသတိပေးချက်ကို ကျွန်တော်တို့ နိုင်ငံရှိ မွေးမြူရေးသမားအများစုမှာ လိုက်နာခြင်း မပြုပါ။ မျှော်မှန်းထားသောဈေးနှုန်းကို ရရှိချိန်တွင် မွေးမြူရေးကြက်ကို စားသုံးရန် ဈေးကွက်အတွင်းသို့ ပို့မည်ဖြစ်ပါသည်။ ကြက်များကို တိုက်ကျွေးသောဆေးဝါးများသည် ကျွန်တော်တို့လူများ သောက်သုံးသည့် ပဋိဇီဝဆေးဝါး ( Anti-biotic ) အုပ်စုများနှင့် အတူတူပင်ဖြစ်ပါသည်။ ဥပမာ… ကလိုရိုဖင်နီကော၊ တက်ထရာဆိုင်ကလင်း၊ အမောက်ဇင်း…စသည့် ဆေးဝါးအုပ်စုများဖြစ်ပါသည်။ ထိုဆေးဝါးအုပ်စုများကို ကိုယ်ခန္ဓာအတွင်းရှိ ဘက်တီးရီးယားရောဂါပိုးမွှားများကို တိုက်ခိုက်နှိမ်နင်းပေးပါသည်။ ထိုနောက် ကိုယ်ခန္ဓာအတွင်း အနည်းဆုံး ၇ ရက်ခန့် ဆေးဝါးအာနိသင်ရှိနေပါသေးသည်။
ပဋိဇီဝဆေးကို တိုက်ကျွေးထားသောကြက်တွင် နောက်ထပ် ၇ ရက်ကျော်မှ ထိုဆေးဝါး၏အာနိသင် ပျောက်ကွယ်မည် ဖြစ်သည်။ ၇ ရက် မပြည့်သေးခင် ကြက်ကို သတ်၍ စားသုံးပါက၊ ကြက်၏အသားတွင် ပါဝင်သောဆေးဝါးများသည် ကျွန်တော်တို့ကိုယ်ခန္ဓာအတွင်းသို့ ရောက်ရှိလာပါသည်။ ထို့ကြောင့် ပဋိဇိဝဆေးဝါးများကို ကျွန်တော်တို့ မသောက်သုံးသော်လည်း၊ စားသုံးသောအသားမှ တဆင့် ကိုယ်ခန္ဓာအတွင်း ဝင်ရောက်လာသောကြောင့် နောင်တချိန်တွင် ကိုယ်ခန္ဓာသည် ဆေးမတိုးခြင်းနှင့် ပဋိဇီဝဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကို ကျွန်တော်တို့ ရရှိနိုင်ပါသည်။
ဆန်းစစ်ကြည့်လျှင် မွေးမြူရေးသမားတွင် လုံလောက်သောပညာဗဟုသုတမရှိသလို သားသတ်ရုံများတွင် ကြက်များကို သေချာစွာစစ်ဆေးနိုင်ခြင်းမရှိပါ။ စားသုံးသူများအတွက် ဘေးအန္တရာယ်မှ ကာကွယ်ပေးသော အသင်းအဖွဲ့များ မရှိပါ။ ကျန်းမာရေးဝန်ကြီးဌာနမှ လုံလောက်သောအသိပညာဖြန့်ဝေခြင်း၊ ကာကွယ်တားဆီးခြင်း မပြုလုပ်ပါ။
နောက်တစ်နည်းထပ်စဉ်းစားကြည့်လိုက်လျှင် ခေတ်မှီပညာတတ်သောမွေးမြူရေးသမားသည် ထိုဆေးဝါးများ၏ အကျိုးဆက်ကိုသိပါသသည်။ သို့သော် ဈေးကွက်၏ မြူဆွယ်မှုကို မခံနိုင်ပါ။ အများမိုးခါးရေသောက်..ဟူသော ပေါ်လစီကို ကျင်သုံးပါသည်။ သားသတ်ရုံများတွင် ခန့်အပ်ထားသော ဆရာဝန်သည် အကျိုးဆက်တွေကို သိသော်လည်း၊ “ငါ တစ်ယောက်ထဲ ဘာလုပ်လို့ ရနိုင်မှာလဲ…”လို့ တွေးကောင်းတွေးမိပါလိမ့်မည်။ “သတ္တဝါတစ်ခု၊ ကံတစ်ခုပဲ…”လို့ ဘာသာရေးကို ခုတုံးလုပ်ပြီး မိမိစိတ်ကို လိမ်လည်ပြီး ထားနိုင်ပါသည်။ သိုမဟုတ်.. “ဒါလေးက ဘာမှမဟုတ်ပါဘူး။ ဒီထက်အရေးကြီးတာတွေကိုတောင် ဘာမှ မလုပ်နိုင်သေးတာကွာ” ဟုတွေးပြီး ခေတ်စနစ်၊ အစိုးရတို့ကို ဝေဖန်ရင်း မိမိတာဝန်ကို ရှောင်လွှဲနိုင်ပါသည်။
အထက်ပါ ဥပမာသည် တိမွေးကုဆရာဝန်များကို တိုက်ခိုက်လိုခြင်း မဟုတ်ပါ။ အလားတူ နောက်ဆက်တွဲဆိုးကျိုးများစွာရှိသောကိစ္စရပ်များကို မိမိတို့တတ်နိုင်သလောက် တာဝန်မယူခဲ့ခြင်းကြောင့် ပျက်စီးခဲ့ရသော ကျွန်တော်တို့၏ လူနေမှုစနစ်ကို ထောက်ပြလိုခြင်းသာ ဖြစ်ပါသည်။ အနီးစပ်ဆုံးကိစ္စတစ်ခုမှာ မုံရွာရှိ ဦးပိုင်နှင့် ဝမ်ပေါင်ကြေးနီမိုင်းကိစ္စကို စဉ်းစားဆင်ခြင်နိုင်ပါသည်။
မိမိတို့ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော အမြင်မတော်မှု၊ မတရားမှုများကို တတ်နိုင်သမျှ တားဆီးနိုင်ရန်ကြိုးစားရပါမည်။ တားဆီးနိုင်သောအခွင့်အရေးနှင့် အချိန်ရှိလျှင် တစ်နိုင်တစ်ပိုင်အားထုတ်ရပါမည်။ နောက်ဆုံးတားဆီးနိုင်စွမ်းမရှိနိုင်အောင် မတရားမှုတို့ ကြီးထွားလာလျှင်တော့ အလုံးစုံကို လောင်ကျွမ်းသွားပေလိမ့်မည်။ ထိုအချိန်တွင် တားဆီးဖို့၊ အားထုတ်သည်ထက် အလောင်ကျွမ်းခံဖို့ စောင်နေဖို့သာရှိပါတော့သည်။
( Zawgyi )
ယခုေခတ္သည္ လြန္ခဲ႔ေသာႏွစ္ ၄၀၊ ၅၀ ထက္ သိသိသာသာ ဓါတုပစၥည္း၊
ေဆးဝါးမ်ားကို သုံးစြဲၾကပါသည္။ ထိုသို႔ သုံးစြဲေသာေနရာမ်ားမွာ ေနရာတိုင္းလိုလို ျဖစ္ပါသည္။
လူတို႔သုံးစြဲေသာလူသုံးကုန္ပစၥည္း၊ စားေသာက္ေသာအစားအေသာက္မ်ားတြင္ ဓါတုေဗဒပစၥည္းမ်ားကို
လိုအပ္သည္ထက္ပို၍ ထည္႔သြင္းသုံးစြဲျခင္းေၾကာင္႔ ေရွးယခင္က အေတြ႔ရနည္းပါးေသာကင္ဆာကဲ႔သို႔
ေရာဂါမ်ား ယေန႔ေခတ္တြင္ ျဖစ္ပြါးမႈမ်ားလာခဲ႔ပါသည္။
ဓါတုေဗဒပစၥည္းမ်ားကို
သုံးစြဲရသည္ ရည္ရြယ္ခ်က္မွာ လိုအပ္ခ်က္အရ ျဖစ္ႏိုင္သကဲ႔သို႔ ကုန္စည္မ်ား ပို၍ေစ်းကြက္ဝင္ႏိုင္ေအာင္
သုံးစြဲျခင္းလည္း ျဖစ္ႏိုင္ပါသည္။ ဓါတုေဗဒပစၥည္းမ်ားေၾကာင္႔ ဓါတ္ျပဳမႈျဖစ္စဥ္မ်ား ပိုမိုျမန္ဆန္လာၿပီး
ကုန္ပစၥည္းထုတ္လုပ္ခ်ိန္ကို ေလွ်ာ႔ခ်ႏိုင္ပါသည္။ ကုန္ပစၥည္းမ်ားကို ေစ်းကြက္အတြင္းသို႔
ပိုမိုျမန္ဆန္စြာ ပို႔ႏိုင္ပါသည္။ ဓါတုပစၥည္းမ်ားေၾကာင္႔ အသီးအႏွံတို႔ အေရာင္အေသြးစိုေျပလာႏိုင္ၿပီး၊
အနံ႔ပို၍ ေမႊးလာႏိုင္ပါသည္။ ဓါတုေဗဒပစၥည္းမ်ားသည္ အတိုင္းအတာတစ္ခုအထိ ႏိႈင္းခ်င္သုံးစြဲမည္ဆိုပါလွ်င္
အလြန္အသုံးဝင္ပါသည္။ သို႔ေသာ္ လူတို႔၏ မေတာ္ေလာဘျဖင္႔ လိုအပ္သည္ထက္ ပိုမိုသုံးစြဲျခင္းေၾကာင္႔
စားသုံးသူမ်ားတြင္ ေရာဂါဘယမ်ား မ်ားျပားေစပါသည္။
အသားတိုးၾကက္ေမြးျမဴေရးတြင္ ၾကက္မ်ား ေရာဂါဘယျဖစ္ပြါးပါက
တိုက္ေကၽြးရန္ေဆးဝါးမ်ား ရိွပါသည္။ ထိုေဆးဝါးမ်ားကို ထုတ္လုပ္ေသာကုမၸဏီမွ ေဆးပုလင္းအေပၚတြင္
ေဆးဝါးကို တိုက္ေကၽြးၿပီး၊ ေနာက္ထပ္ ၇ ရက္ခန္႔ရိွမွ စားသုံးျခင္းျပဳပါဟု ေရးထားပါသည္။
သို႔ေသာ္ ထိုသတိေပးခ်က္ကို ကၽြန္ေတာ္တို႔ ႏိုင္ငံရိွ ေမြးျမဴေရးသမားအမ်ားစုမွာ လိုက္နာျခင္း
မျပဳပါ။ ေမွ်ာ္မွန္းထားေသာေစ်းႏႈန္းကို ရရိွခ်ိန္တြင္ ေမြးျမဴေရးၾကက္ကို စားသုံးရန္
ေစ်းကြက္အတြင္းသို႔ ပို႔မည္ျဖစ္ပါသည္။ ၾကက္မ်ားကို တိုက္ေကၽြးေသာေဆးဝါးမ်ားသည္ ကၽြန္ေတာ္တို႔လူမ်ား
ေသာက္သုံးသည္႔ ပဋိဇီဝေဆးဝါး ( Anti-biotic ) အုပ္စုမ်ားႏွင္႔ အတူတူပင္ျဖစ္ပါသည္။ ဥပမာ…
ကလိုရိုဖင္နီေကာ၊ တက္ထရာဆိုင္ကလင္း၊ အေမာက္ဇင္း…စသည္႔ ေဆးဝါးအုပ္စုမ်ားျဖစ္ပါသည္။ ထိုေဆးဝါးအုပ္စုမ်ားကို
ကိုယ္ခႏၶာအတြင္းရိွ ဘက္တီးရီးယားေရာဂါပိုးမႊားမ်ားကို တိုက္ခိုက္ႏိွမ္နင္းေပးပါသည္။
ထိုေနာက္ ကိုယ္ခႏၶာအတြင္း အနည္းဆုံး ၇ ရက္ခန္႔ ေဆးဝါးအာနိသင္ရိွေနပါေသးသည္။
ပဋိဇီဝေဆးကို
တိုက္ေကၽြးထားေသာၾကက္တြင္ ေနာက္ထပ္ ၇ ရက္ေက်ာ္မွ ထိုေဆးဝါး၏အာနိသင္ ေပ်ာက္ကြယ္မည္ ျဖစ္သည္။
၇ ရက္ မျပည္႔ေသးခင္ ၾကက္ကို သတ္၍ စားသုံးပါက၊ ၾကက္၏အသားတြင္ ပါဝင္ေသာေဆးဝါးမ်ားသည္
ကၽြန္ေတာ္တို႔ကိုယ္ခႏၶာအတြင္းသို႔ ေရာက္ရိွလာပါသည္။ ထို႔ေၾကာင္႔ ပဋိဇိဝေဆးဝါးမ်ားကို
ကၽြန္ေတာ္တို႔ မေသာက္သုံးေသာ္လည္း၊ စားသုံးေသာအသားမွ တဆင္႔ ကိုယ္ခႏၶာအတြင္း ဝင္ေရာက္လာေသာေၾကာင္႔
ေနာင္တခ်ိန္တြင္ ကိုယ္ခႏၶာသည္ ေဆးမတိုးျခင္းႏွင္႔ ပဋိဇီဝေဆးဝါးမ်ား၏ ေဘးထြက္ဆိုးက်ိဳးမ်ားကို
ကၽြန္ေတာ္တို႔ ရရိွႏိုင္ပါသည္။
ဆန္းစစ္ၾကည္႔လွ်င္
ေမြးျမဴေရးသမားတြင္ လုံေလာက္ေသာပညာဗဟုသုတမရိွသလို သားသတ္ရုံမ်ားတြင္ ၾကက္မ်ားကို ေသခ်ာစြာစစ္ေဆးႏိုင္ျခင္းမရိွပါ။
စားသုံးသူမ်ားအတြက္ ေဘးအႏၱရာယ္မွ ကာကြယ္ေပးေသာ အသင္းအဖြဲ႔မ်ား မရိွပါ။ က်န္းမာေရးဝန္ႀကီးဌာနမွ
လုံေလာက္ေသာအသိပညာျဖန္႔ေဝျခင္း၊ ကာကြယ္တားဆီးျခင္း မျပဳလုပ္ပါ။
ေနာက္တစ္နည္းထပ္စဥ္းစားၾကည္႔လိုက္လွ်င္
ေခတ္မီွပညာတတ္ေသာေမြးျမဴေရးသမားသည္ ထိုေဆးဝါးမ်ား၏ အက်ဳိးဆက္ကိုသိပါသသည္။ သို႔ေသာ္
ေစ်းကြက္၏ ျမဴဆြယ္မႈကို မခံႏိုင္ပါ။ အမ်ားမိုးခါးေရေသာက္..ဟူေသာ ေပၚလစီကို က်င္သုံးပါသည္။
သားသတ္ရုံမ်ားတြင္ ခန္႔အပ္ထားေသာ ဆရာဝန္သည္ အက်ဳိးဆက္ေတြကို သိေသာ္လည္း၊ “ငါ တစ္ေယာက္ထဲ
ဘာလုပ္လို႔ ရႏိုင္မွာလဲ…”လို႔ ေတြးေကာင္းေတြးမိပါလိမ္႔မည္။ “သတၱဝါတစ္ခု၊ ကံတစ္ခုပဲ…”လို႔
ဘာသာေရးကို ခုတုံးလုပ္ၿပီး မိမိစိတ္ကို လိမ္လည္ၿပီး ထားႏိုင္ပါသည္။ သိုမဟုတ္.. “ဒါေလးက
ဘာမွမဟုတ္ပါဘူး။ ဒီထက္အေရးႀကီးတာေတြကိုေတာင္ ဘာမွ မလုပ္ႏိုင္ေသးတာကြာ” ဟုေတြးၿပီး ေခတ္စနစ္၊
အစိုးရတို႔ကို ေဝဖန္ရင္း မိမိတာဝန္ကို ေရွာင္လႊဲႏိုင္ပါသည္။
အထက္ပါ ဥပမာသည္
တိေမြးကုဆရာဝန္မ်ားကို တိုက္ခိုက္လိုျခင္း မဟုတ္ပါ။ အလားတူ ေနာက္ဆက္တြဲဆိုးက်ဳိးမ်ားစြာရိွေသာကိစၥရပ္မ်ားကို
မိမိတို႔တတ္ႏိုင္သေလာက္ တာဝန္မယူခဲ႔ျခင္းေၾကာင္႔ ပ်က္စီးခဲ႔ရေသာ ကၽြန္ေတာ္တို႔၏ လူေနမႈစနစ္ကို
ေထာက္ျပလိုျခင္းသာ ျဖစ္ပါသည္။ အနီးစပ္ဆုံးကိစၥတစ္ခုမွာ မုံရြာရိွ ဦးပိုင္ႏွင္႔ ဝမ္ေပါင္ေၾကးနီမိုင္းကိစၥကို
စဥ္းစားဆင္ျခင္ႏိုင္ပါသည္။
မိမိတို႔ ပတ္ဝန္းက်င္တြင္
ျဖစ္ေပၚေနေသာ အျမင္မေတာ္မႈ၊ မတရားမႈမ်ားကို တတ္ႏိုင္သမွ် တားဆီးႏိုင္ရန္ႀကိဳးစားရပါမည္။
တားဆီးႏိုင္ေသာအခြင္႔အေရးႏွင္႔ အခ်ိန္ရိွလွ်င္ တစ္ႏိုင္တစ္ပိုင္အားထုတ္ရပါမည္။ ေနာက္ဆုံးတားဆီးႏိုင္စြမ္းမရိွႏိုင္ေအာင္
မတရားမႈတို႔ ႀကီးထြားလာလွ်င္ေတာ႔ အလုံးစုံကို ေလာင္ကၽြမ္းသြားေပလိမ္႔မည္။ ထိုအခ်ိန္တြင္
တားဆီးဖို႔၊ အားထုတ္သည္ထက္ အေလာင္ကၽြမ္းခံဖို႔ ေစာင္ေနဖို႔သာရိွပါေတာ႔သည္။
No comments:
Post a Comment