Sunday, October 14, 2012

ပျက်ယွင်းသွားသော စံနှုန်းများ

  "လူဆိုသည်မှာ ရှေ့ကလူပုခုံးပေါ်မှာ နောက်လူက တက်ရပ်ရတာ ဟူသော စကားကို ကြားဖူးပါတယ်။ ရှေ့က မျိုးဆက် သို့မဟုတ် ရှေ့မှလူများ၏ လုပ်ဆောင်ကြိုးစားချက်များကို မှီတည်၍ နောက်မျိုးဆက်များက လိုက်ရသည် ဟု ထင်မြင်မိပါသည်။" ထိုစကားရပ်သည် မိသားစုတစ်စု မှသည် နိုင်ငံ တစ်နိုင်ငံ ၊ လူသားမျိုးဆက် တစ်ခု လုံးအတွက် မှန်ကန်သည် ဟု ထင်မိပါသည်။ ဥပမာအားဖြင့် မိသားစုတစ်ခုကို ကြည့်ကြပါစို့။
      ကိုယ်ပိုင် စီးပွါးရေးလုပ်သည့် မိသားစုတစ်ခုတွင် မိသားစုဝင်များသည် ရောင်းဝယ်ခြင်း၊ မိတ်ဆွေအပေါင်းအသင်းရှိ ခြင်း၊ စသည့် အတွေ့အကြုံများကို တွေ့ကြုံပြီးဖြစ်သောကြောင့် မိမိ၏ နောက်မျိုးဆက်များသည် ထိုအတွေ့ အကြုံများပေါ်တွင် မူတည်၍ ရှေ့သို့တက်နိုင်ခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပဲ အခုမှ ကိုယ်ပိုင်စီးပွါးရေးကို စလုပ်သော အခါ မိတ်ဆွေကောင်းမရှိ၊ မစွန့်စားရဲ၊ ရင်းနှီးမှုမှား စသည် များတွေ့ကြုံ ရကာ တလည်လည်ဖြစ်နေတတ်သည်။
    အမေ၊အဖေ ကောင်းတို့က အနစ်နာခံကာ ပညာရေးကောင်းကို ပေးခဲ့ သောကြောင့် သားသမီးတို့သည် ဘဝတွင် ဖြောင့်ဖြူးခဲ့ ရသည်။ အမေ၊ အဖေ တို့က စည်းကမ်းစနစ် အမွေပေးခဲ့သော ကြောင့် သားသမီးတို့ ဘဝတွင် စနစ်တကျဖြစ်ခဲ့သည်။
    လူသားမျိုးဆက် အတွက်ဆိုလျှင်လည်း ရှေ့မှနေ၍ လူသားမျိုးဆက်အတွက် လိုအပ်သော အခြေအနေကောင်း၊စနစ်ကောင်းများကို မိမိတို့ မခံစားနိုင်တော့မှန်းသိသော်လည်း၊ အနစ်နာခံကာ တိုက်ခိုက် ဖေါ်ဆောင်ခဲ့ကြသည်။ ထို့ကြောင့် ယနေ့ လူ့အခွင့်အရေးကြေညာ စာတမ်း အတွက် နှစ်ပေါင်းများစွာ အကောင်အထည်ဖေါ်ခဲ့သည်။
   သမ္မာကျမ်းစာကို ဘာသာပြန်ခဲ့သော မာတင်လူသားကင်း ကြောင့် လူသန်းပေါင်းများစွာ ဘာသာရေးတွင် လွတ်လပ်မှုရခဲ့ကြသည်။
    ကျွန်တော်တို့၏ နိုင်ငံ အနာဂါတ် အတွက် တွေးကြည့်သော အခါတွင်ကား အလွန်ရင်လေးဖွယ်ရာ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ရှေ့မျိုးဆက်များသည် နိုင်ငံ၏ အမွေအနှစ်သယံဇာတ များကို နောက်လာနောက်သား အတွက် မစဉ်းစားဘဲ ထုတ်ရောင်းခဲ့ကြသည်။ ထို့အတူ ရေရှည် အတွက် အလွန် အရေးကြီးသော ပညာရေး၊ တရားဥပဒေ စသည့် စနစ်များမှာ ချွတ်ခြုံကျကာ၊ အားနည်းလျှက်ရှိပါသည်။
     ရုံးတွင် အလုပ်လုပ်သော ဖေါင်တိန်၊ ကိုယ်ရေးကိုယ်တာ သုံးသော ဖေါင်တိန် ခွဲခြားထားသော ရှေးအခါက မြန်မာ အရာရှိများ အကြောင်းကို စာတွင် ဖတ်ရပါသည်။ သို့သော် ယခုခေတ်တွင် ရောက်သောနေရာ ၊ရာထူးတွင် မည်သို့ အမြတ်ထုတ်ရမည် ကို အရင် စဉ်းစားသော အရာရှိမှာ အများစု ပင်ဖြစ်သည်။
      အပျော် သဘောရှိ ရမည့် ဘောလုံးအားကစားကို အလောင်းအစား၊ အမြတ်အစွန်း လို သဘောထားသော လူငယ်များ၊ ကြိုးစားအားထုတ်မှုကြောင့် ချမ်းသာသည်ထက် အဆက်အသွယ်ကောင်း များ၏ မစမှုကြာင့် ချမ်းသာခြင်းများ ကြောင့် နိုင်ငံ၏ နောက်မျိုးဆက်ကို ပေးခဲ့ ရန် တွက် ကျွန်တော်တို့ မျိုးဆက် image သည် မကောင်းလှပါ။
     ထို့ကြောင့် မြန်မာ လူမျိုးများသည် လိုအပ်သည်ထတ် ပို၍ ကံ ဟုတမ်းတကာ ပုံအပ်လေ့ ရှိပါသည်။ ငယ်ရွယ်စဉ် အခါက အမေရိကန်ရုပ်ရှင်များကို ကြည့်ကာ အလွန် အားကျပါသည်။ အေးအေးလူလူဖြင့် နေချင်တိုင်းနေကာ ချမ်းသာနေကြသောကြောင့် ဖြစ်သည်။ သို့သော် စာပေများကို ဖတ်ရှုရသော အခါ ရုပ်ရှင်များကဲ့သို့ မဟုတ်ပဲ ကမ္ဘာပေါ်တွင် အောင်မြင်သော နိုင်ငံတိုင်းသည် အလုပ်အလွန် လုပ်ကြသော နိုင်ငံ များ ဖြစ်သည်ကို တွေ့ရှိရသည်။
     အထပ်ပေါင်းများစွာပါသော ကွန်ဒိုကြီးကို ဖခင်ဖြစ်သူ ဘီလျှံနာ သူဠေးကြီး ဝါရင်ဘူဖေးမှ ပိုင်ဆိုင်သော်လည်း သမီးဖြစ်သူက အခန်းတစ်ခန်း ကို ဖခင်ထံမှ ပြန်ဝယ်နေရသည်။ ထိုအတွက် အကြွေးကျေရန် နေ့စဉ် ၁၃ နာရီ ခန့် အလုပ်လုပ်ရသည်။
     ကံကောင်းကာ ချမ်းသာလာသည် ဟုပြော၍ မရပါ။ထို့ကြောင့် ကျွန်တော်တို့သည် နောင်မျိုးဆက်များအတွက် ကုန်သွားသော သယံဇာတများကို ပေးနိုင်သော်လည်း၊ ပိုမို အရေးကြီးသည့် ကောင်းမွန်သော စနစ်၊ အလုပ်ကြိုးစားသော စိတ်ဓါတ် တို့ ကို အမွေပေးနိုင်ရန် ကြိုးစားသင့်သည်။
(ကျွန်တော့် ကိုယ်ပိုင်အတွေးလေးများကို မျှဝေထားခြင်း ဖြစ်ပါသည်။ )
( Zawgyi )  
      "လူဆိုသည္မွာ ေရွ႕ကလူပုခံုးေပၚမွာ ေနာက္လူက တက္ရပ္ရတာ ဟူေသာ စကားကို ၾကားဖူးပါတယ္။ ေရွ႕က မ်ိဳးဆက္ သို႔မဟုတ္ ေရွ႕မွလူမ်ား၏ လုပ္ေဆာင္ႀကိဳးစားခ်က္မ်ားကို မွီတည္၍ ေနာက္မ်ိဳးဆက္မ်ားက လုိက္ရသည္ ဟု ထင္ျမင္မိပါသည္။" ထုိစကားရပ္သည္ မိသားစုတစ္စု မွသည္ ႏိုင္ငံ တစ္ႏိုင္ငံ ၊ လူသားမ်ိဳးဆက္ တစ္ခု လံုးအတြက္ မွန္ကန္သည္ ဟု ထင္မိပါသည္။ ဥပမာအားျဖင္႔ မိသားစုတစ္ခုကို ၾကည္႔ၾကပါစို႔။
      ကိုယ္ပိုင္ စီးပြါးေရးလုပ္သည္႔ မိသားစုတစ္ခုတြင္ မိသားစု၀င္မ်ားသည္ ေရာင္း၀ယ္ျခင္း၊ မိတ္ေဆြအေပါင္းအသင္းရိွ ျခင္း၊ စသည္႔ အေတြ႕အႀကံဳမ်ားကို ေတြ႔ႀကံဳျပီးျဖစ္ေသာေႀကာင္႔ မိမိ၏ ေနာက္မ်ိဳးဆက္မ်ားသည္ ထိုအေတြ႕ အႀကံဳမ်ားေပၚတြင္ မူတည္၍ ေရွ႕သို႕တက္ႏိုင္ျခင္းျဖစ္သည္။ ထိုသို႔မဟုတ္ပဲ အခုမွ ကိုယ္ပိုင္စီးပြါးေရးကို စလုပ္ေသာ အခါ မိတ္ေဆြေကာင္းမရိွ၊ မစြန္႔စားရဲ၊ ရင္းႏွီးမႈမွား စသည္ မ်ားေတြ႔ႀကံဳ ရကာ တလည္လည္ျဖစ္ေနတတ္သည္။
    အေမ၊အေဖ ေကာင္းတို႔က အနစ္နာခံကာ ပညာေရးေကာင္းကို ေပးခဲ႔ ေသာေၾကာင္႔ သားသမီးတို႔သည္ ဘ၀တြင္ ေျဖာင္႔ျဖဴးခဲ႔ ရသည္။ အေမ၊ အေဖ တို႔က စည္းကမ္းစနစ္ အေမြေပးခဲ႔ေသာ ေၾကာင္႔ သားသမီးတို႔ ဘ၀တြင္ စနစ္တက်ျဖစ္ခဲ႔သည္။
    လူသားမ်ိဳးဆက္ အတြက္ဆိုလွ်င္လည္း ေရွ႕မွေန၍ လူသားမ်ိဳးဆက္အတြက္ လိုအပ္ေသာ အေျခအေနေကာင္း၊စနစ္ေကာင္းမ်ားကို မိမိတို႔ မခံစားႏိုင္ေတာ႔မွန္းသိေသာ္လည္း၊ အနစ္နာခံကာ တိုက္ခိုက္ ေဖၚေဆာင္ခဲ႔ႀကသည္။ ထို႔ေၾကာင္႔ ယေန႔ လူ႔အခြင္႔အေရးေၾကညာ စာတမ္း အတြက္ ႏွစ္ေပါင္းမ်ားစြာ အေကာင္အထည္ေဖၚခဲ႔သည္။
   သမၼာက်မ္းစာကို ဘာသာျပန္ခဲ႔ေသာ မာတင္လူသားကင္း ေၾကာင္႔ လူသန္းေပါင္းမ်ားစြာ ဘာသာေရးတြင္ လြတ္လပ္မႈရခဲ႔ၾကသည္။
    ကၽြန္ေတာ္တို႔၏ ႏိုင္ငံ အနာဂါတ္ အတြက္ ေတြးၾကည္႔ေသာ အခါတြင္ကား အလြန္ရင္ေလးဖြယ္ရာ ျဖစ္သည္။ အဘယ္ေၾကာင္႔ ဆိုေသာ္ ေရွ႕မိ်ဳးဆက္မ်ားသည္ ႏိုင္ငံ၏ အေမြအႏွစ္သယံဇာတ မ်ားကို ေနာက္လာေနာက္သား အတြက္ မစဥ္းစားဘဲ ထုတ္ေရာင္းခဲ႔ၾကသည္။ ထုိ႔အတူ ေရရွည္ အတြက္ အလြန္ အေရးႀကီးေသာ ပညာေရး၊ တရားဥပေဒ စသည္႔ စနစ္မ်ားမွာ ခၽြတ္ျခံဳက်ကာ၊ အားနည္းလွ်က္ရိွပါသည္။
     ရံုးတြင္ အလုပ္လုပ္ေသာ ေဖါင္တိန္၊ ကိုယ္ေရးကိုယ္တာ သုံးေသာ ေဖါင္တိန္ ခြဲျခားထားေသာ ေရွးအခါက ျမန္မာ အရာရိွမ်ား အေၾကာင္းကို စာတြင္ ဖတ္ရပါသည္။ သို႔ေသာ္ ယခုေခတ္တြင္ ေရာက္ေသာေနရာ ၊ရာထူးတြင္ မည္သို႔ အျမတ္ထုတ္ရမည္ ကို အရင္ စဥ္းစားေသာ အရာရိွမွာ အမ်ားစု ပင္ျဖစ္သည္။
      အေပ်ာ္ သေဘာရိွ ရမည္႔ ေဘာလံုးအားကစားကို အေလာင္းအစား၊ အျမတ္အစြန္း လို သေဘာထားေသာ လူငယ္မ်ား၊ ႀကိဳးစားအားထုတ္မႈေႀကာင္႔ ခ်မ္းသာသည္ထက္ အဆက္အသြယ္ေကာင္း မ်ား၏ မစမႈၾကာင္႔ ခ်မ္းသာျခင္းမ်ား ေၾကာင္႔ ႏိုင္ငံ၏ ေနာက္မ်ိဳးဆက္ကို ေပးခဲ႔ ရန္ တြက္ ကၽြန္ေတာ္တို႔ မ်ိဳးဆက္ image သည္ မေကာင္းလွပါ
     ထုိ႔ေၾကာင္႔ ျမန္မာ လူမ်ိဳးမ်ားသည္ လိုအပ္သည္ထတ္ ပို၍ ကံ ဟုတမ္းတကာ ပံုအပ္ေလ႔ ရိွပါသည္။ ငယ္ရြယ္စဥ္ အခါက အေမရိကန္ရုပ္ရွင္မ်ားကို ၾကည္႔ကာ အလြန္ အားက်ပါသည္။ ေအးေအးလူလူျဖင္႔ ေနခ်င္တိုင္းေနကာ ခ်မ္းသာေနၾကေသာေၾကာင္႔ ျဖစ္သည္။ သို႔ေသာ္ စာေပမ်ားကို ဖတ္ရွုရေသာ အခါ ရုပ္ရွင္မ်ားကဲ႔သို႔ မဟုတ္ပဲ ကမာၻေပၚတြင္ ေအာင္ျမင္ေသာ ႏိုင္ငံတိုင္းသည္ အလုပ္အလြန္ လုပ္ၾကေသာ ႏိုင္ငံ မ်ား ျဖစ္သည္ကို ေတြ႔ရိွရသည္။
     အထပ္ေပါင္းမ်ားစြာပါေသာ ကြန္ဒိုႀကီးကို ဖခင္ျဖစ္သူ ဘီလွ်ံနာ သူေဠးႀကီး ၀ါရင္ဘူေဖးမွ ပိုင္ဆိုင္ေသာ္လည္း သမီးျဖစ္သူက အခန္းတစ္ခန္း ကို ဖခင္ထံမွ ျပန္၀ယ္ေနရသည္။ ထိုအတြက္ အေၾကြးေက်ရန္ ေန႔စဥ္ ၁၃ နာရီ ခန္႔ အလုပ္လုပ္ရသည္။
     ကံေကာင္းကာ ခ်မ္းသာလာသည္ ဟုေျပာ၍ မရပါ။ထို႔ေႀကာင္႔ ကၽြန္ေတာ္တို႔သည္ ေနာင္မ်ိဳးဆက္မ်ားအတြက္ ကုန္သြားေသာ သယံဇာတမ်ားကို ေပးႏိုင္ေသာ္လည္း၊ ပိုမို အေရးႀကီးသည္႔ ေကာင္းမြန္ေသာ စနစ္၊ အလုပ္ႀကိဳးစားေသာ စိတ္ဓါတ္ တို႔ ကို အေမြေပးႏိုင္ရန္ ႀကိဳးစားသင္႔သည္။
(ကၽြန္ေတာ္႔ ကိုယ္ပိုင္အေတြးေလးမ်ားကို မွ်ေဝထားျခင္း ျဖစ္ပါသည္။ )

No comments:

Post a Comment