သိပ္ပံ ပညာတတ် လူတော်တွေ နဲ့ နီးစပ်ဖို့၊ အဲဒီ ပုဂ္ဂိုလ်တွေ
အတွက် ရင်းနှီးမြုပ်နှံကြဖို့ သူတို့က မလုပ်ကြဘူး။ သူတို့ကို စွန့်ခွါထွက်သွားကြတဲ့
သူတို့ရဲ့ ထွန်းပြောင်တဲ့ လူတော်တွေ ကို လည်း သတိတရ နဲ့ အမှတ်မထားမိကြဘူး။ သူတို့ မေ့ပစ်လိုက်ကြပါပြီ။
နိုင်ငံတစ်နိုင်ငံ
တည်ဆောက်ဖို့ စီးပွါးရေးမဟာအင်အားကြီး ဖြစ်လာဖို့…..စစ်ပွဲတွေကို အထိရောက်ဆုံး ဆင်နွဲဖို့…..ဒါမှမဟုတ်
ကမ္ဘာတစ်ခွင် ဖြန့်ပြီး လုပ်ငန်းကြီးလုပ်ဖို့…..တကယ်တော့ လူအင်အား၊ အချိန်ကာလ ဒါမှမဟုတ်
အရင်းအနှီး များများ မလိုပါဘူး။
ဒါပေမဲ့
နည်းပညာတတ်ကျွမ်းသူတွေကိုတော့ တကယ်လိုအပ်တယ်။
ကမ္ဘာ့အဆင်းရဲဆုံး
နဲ့ အဆင်းရဲဆုံး ကြားကွာဟချက်
၃၉၀
: ၁
သမိုင်းအစဉ်အလာကြီးမားခဲ့ပြီး၊
မြင့်မြတ်မျိုးနွယ်ဆိုတဲ့ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတစ်ရပ်ဟာ သူတို့ နိုင်ငံသားတွေ ရဲ့ထုတ်လုပ်မှု
စွမ်းပကား အဆတိုးစေမယ့် နည်းလမ်းကို မတွေ့နိုင်ခဲ့တာကြောင့် ပိုပိုပြီး ဆင်းရဲသွားရတော့တယ်။
တကယ်လို့
မင်း အနေနဲ့ ပညာကို ဖြန့်ဖြူး ရောင်းချဖို့ အားထုတ်တဲ့အခါမှာ….အဲဒီ ပညာတစ်ရပ်ရပ် ကို
ခက်ခဲရှားပါးအောင် လုပ်ထားရင် သူ့တန်ဖိုးက ကျသွားတယ်။ အရေးကြီးဆုံးက ဝယ်ယူသူဟာ ကူးသန်းရောင်းဝယ်နေတဲ့
ကွန်ရက်မှာ အစိတ်အပိုင်း တစ်ရပ် အနေနဲ့ ပါဝင်လာဖို့ ဖြစ်တယ်။
နည်းပညာတတ်မြောက်သူတွေနဲ့
မတတ်မြောက်သေးသူတွေ အကြား ကွာဟချက်က R&D တိုးမြှင့်လာတာနဲ့ အမျှ လွယ်လွယ် နဲ့ ပိုပြီး
ကြီးမားနက်ရှိုင်းလာနိုင်တာ ဖြစ်တယ်။ လူသား တစ်ဦးချင်းတွေ၊ လူမျိုးစုတွေ၊ တိုင်းနိုင်ငံတွေ
အများအပြားဟာ မြန်မြန်ဆန်ဆန် နောက်ကျ ကျန်ခဲ့နိုင်တယ်။
ချမ်းသာကြွယ်ဝတဲ့
နိုင်ငံတွေက ရွှေသတ္တုသိုက်ကိုလည်း မလိုချင်တော့ဘူး။ စိန်တွင်းတွေကိုလည်း မမက်တော့ပါဘူး။
မြေဧက ပေါင်းများစွာကိုလည်း မပိုင်ဆိုင်လိုတော့ပါဘူး။
သူတို့လိုလားတာက
သူတို့ပြည်သူ၊ ပြည်သားတွေကို ပညာတတ်စေချင်ကြတယ်။ သည်ထက်မပိုပါဘူး။ လိမ္မာပါးနပ်တဲ့ စီးပွါးရေးလုပ်ငန်းကျွမ်းကျင်သူတွေ
ကိုပဲ လိုချင်တာပါ။ ပြီးတော့ စီးပွါးရေး နဲ့ နိုင်ငံရေးကို တည်ငြိမ်အောင် ကိုင်တွယ်
ထိန်းသိမ်းနိုင်တဲ့ အစိုးရမျိုးကို သူတို့ လိုလားကြပါတယ်။ သည်ထက်လည်း မလျှော့ပါဘူး။
လွတ်လပ်တဲ့
ဈေးကွက်တွေ၊ သွက်လက်ထက်မြက်တဲ့ ပြည်သူတွေနဲ့ ငြိမ်းချမ်းတည်ငြိမ်မှုစတဲ့ အခြေအနေတွေ
အတန်အသင့် ညီတူတန်းတူသာ ရှိကြမယ် ဆိုရင်၊ ငယ်ပေမဲ့ ကြွယ်အောင် လုပ်နိုင်ပါတယ်။
နယ်နိမိတ်
အပိုင်းအခြား မရှိတဲ့ ကမ္ဘာမှာ ပညာမတတ်သူတွေက သူတို့ နိုင်ငံသားတွေကိုလည်း ပညာတတ်အောင်
လုပ်မပေးဘဲ ဒီအတိုင်းထားကြတယ်။ ပညာဥာဏ်စစ်ပွဲ အများစုကို သူတို့ ရှုံးကြပါလိမ့်မယ်။
ဖွံဖြိုးဆဲ
နိုင်ငံတစ်နိုင်ငံဖြစ်နေလို့ ငွေဖေါင်းပွမှုနှုန်းလျော့ကျအောင်၊ အဂတိလိုက်စားမှုတွေ
လျော့နည်းသွားအောင် မင်းက လုပ်နိုင်မယ်။ အစိုးရ အသုံးစရိတ် ချွေတာဖို့ ဘတ်ဂျက်ကို ဖြတ်တောက်ပစ်အုံးမယ်။
နိုင်ငံပိုင်စီးပွါးရေးတွေကို ပုဂ္ဂိလိကပိုင် ဖြစ်အောင် လုပ်မယ်။ သို့တိုင်အောင် နိုင်ငံဟာ
မချမ်းသာလာဘူး။ မင်းက ပညာတွေထွက်အောင် ထုတ်တာမှ မဟုတ်ဘဲ။ ကုန်ပစ္စည်းတွေ ထုတ်လုပ်နေတာကိုး။
ကနေဒါရဲ့
စီးပွါးရေးဟာ သစ်တော၊ လယ်ယာ နဲ့ သတ္တုကဏ္ဍ အပေါ်မှာ တောက်လျောက် အမှီပြုနေလို့ပါပဲ။ အထူးချွန်ဆုံး
လူတော်တော်များများဟာ ဒါကြောင့် ကနေဒါကို စွန့်ခွါသွားကြတယ်။
မက္ကဆီကိုနိုင်ငံကလည်း
ပညာဥာဏ်သစ်တွေ မထုတ်လုပ်နိုင်တော့ သူတို့ရဲ့လုပ်အားကိုပဲ အမြဲထာဝရ လျော့ဈေး နဲ့ ရောင်းစားနေရတယ်။
……အကြောင်း၊
ဘာသာရေးအကြောင်း……စတဲ့ အကြောင်းအရာစုံကို ဆွေးနွေးကြပါတယ်။ သိပ္ပံ အကြောင်းက လွဲလို့ပေါ့။
ဝမ်းနည်းစရာပါပဲ။ အဲဒီဘာသာရပ်ကို ဘယ်သူမှ ခေါင်းထဲ မထည့်ကြပါဘူး။
စားနပ်ရိက္ခာအတွက်
ကောက်ပဲသီးနှံတွေ စိုက်ပျိုးမဲ့အစား တောင်သူလယ်သမားတွေက ဆေးဝါးတွေ၊ ပလပ်စတစ်တွေ၊ လောင်စာစွမ်းအင်တွေကို
စိုက်ပျိုးစပြုလာကြပါပြီ။ သို့ပေမဲ့ ပညာတတ်မြောက်တဲ့ ၊ နည်းပညာသစ်တွေကို လက်လှမ်းမီနိုင်တဲ့
…..တောင်သူ လယ်သမားတွေသာ စိုပြေဝပြောဖို့ မျှော်လင့်နိုင်ကြတော့မှာပါ။
ကျရှုံးမသွားဖို့အတွက်
ကုမ္ပဏီတွေဟာ ကမ္ဘာနဲ့ချီပြီး အချိုးကိုက်အောင်လုပ်ရပါလိမ့်မယ်။ အဲဒီလိုလိုက်နေရင်းက
သူတို့ဟာကြီးသထက်ကြီးလာကြတာပါပဲ။
တိုင်းပြည်နိုင်ငံတွေ….စီးပွါးရေးလုပ်ငန်းတွေ…အစိုးရတွေက
ရရှိပြီး နှင့်တဲ့ အဆင့်အတန်းကို ဆက်လက် ထိန်းထားနိုင်ဖို့…. အကာအကွယ်တွေကို ရှာဖွေနေကြဆဲမှာပဲ
နည်းပညာက တခြားနေရာဒေသတွေမှာ ရှင်သန်ဖွံဖြိုးနေတော့….ပိုမိုပြီး မြန်ဆန်စွာ ဆင်းရဲဖို့ဆီကို
ဦးတည်နေကြတယ်။
ဘဝကို အောင်မြင်ချောမောစွာ
နဲ့ ကူးပြောင်းနိုင်ဖို့ တစ်ခုတည်းသောလမ်းကတော့…သဘော အမြင်သစ်တွေနဲ့ နည်းပညာသစ်တွေကို
တတ်သိနားလည်အောင်၊ အသုံးချတတ်အောင် လေ့လာ ဆည်းပူးသင်ယူဖို့ပဲ ဖြစ်တယ်။
ကိုယ်လူတွေ
ကိုယ် ပညာတတ်အောင် လုပ်ပေးတဲ့ သို့မဟုတ် တခြားနိုင်ငံတွေက အကောင်းဆုံးလူတွေကို ဆွဲဆောင်ခေါ်ငင်တဲ့
နိုင်ငံတွေပဲ အောင်မြင်ကြပါလိမ့်မယ်။
No comments:
Post a Comment