Thursday, October 25, 2012

"ရှိခိုးခြင်း(၂) မျိုး"


ကျွန်တော်တို့သည် ရည်မှန်းချက် ခိုင်မြဲစေရန် လည်းကောင်း၊ဘ၀၏ အဓိပ္ပါယ်ကို ဖေါ်ထုတ်ရန် လည်းကောင်း ဗလငါးတန်ကို ပွါးများကြရမည် ဖြစ်၏။ယင်း ဗလငါးတန်မှာ (၁) သက်ဝင် ယုံကြည်မှု(faith) (၂) အာရုံစိုက်ထုတ်မှု (Diligence )(၃) သတိရှိမှု (Mindfulness) (၄) အာရုံစူးစိုက်မှု (Concentration) (၅) ထိုးဖေါက် မြင်နိုင်စွမ်း ရှိမှု ( Insight ) တို့ ဖြစ်ကြပါသည်။

                                    "ရှိခိုးခြင်း(၂) မျိုး"

      ရှိခိုးခြင်း ( worship ) ဟူသည် တစ်မျိုးတည်း မဟုတ်ပါ။ နှစ်မျိုး ရှိပါသည်။ ဤ ရှိခိုးပုံ (၂) မျိုးရှိသည်မှာ ရှိခိုးမှုကို ခံယူသော တန်ခိုးရှင် နှင့် သက်ဆိုင် ပါသည်။ တန်ခိုးရှင် တစ်မျိုးမှာ လောကကြီးတစ်ခုလုံး အား ဖန်ဆင်းတော်မှုသော တန်ခိုးရှင် ဖြစ်ပါသည်။ သက်ရှိ၊သက်မဲ့ အားလုံးကို တန်ခိုးရှင် က ဖန်တီး၍ ယင်းတို့သည် တန်ခိုးရှင် အလိုတော် အတိုင်းဖြစ် ပျက် နေကြသည်။ ထို့ကြောင့် ဤသို့ တန်ခိုးရှင်အား ရှိခိုး သည် ဆိုသည် မှာ တန်ခိုးရှင်၏ မေတ္တာတော် ကို ခံယူ၍ မိမိဘ၀ တွင် သာယာ ၀ပြောရေး ကို ဖန်တီးရန် ဖြစ်သည်။ ဤအယူအဆတွင် အဓိက အကျဆုံးသော အရာမှာ ရှိခိုးခြင်းကို ခံယူတော်မူသော တန်ခိုးရှင် ပင် ဖြစ်သည်။ ဤသို့ ရှိခိုးခြင်းကို Objective worship ဟုခေါ်သည်။

   ဒုတိယ အမျိုးအစားဖြစ်သော ရှိခိုးခြင်းကိုမှု Subjective worship ဟုခေါ်၏။ ဤ ရှိခိုးခြင်း၏ အဓိကမှာ မိမိ ဖြစ်သည်။ ရှိခိုးခြင်းကို ခံယူတော်မှုသော တန်ခိုးရှင်မှာ မိမိအား လမ်းပြပေးသော ပုဂ္ဂိုလ်ကြီးဖြစ်၏။ တကယ်တမ်း ဒုက္ခ အပေါင်းမှ လွှတ်မြောက် အောင် လုပ်ရမည့် သူမှာ မိမိသာ ဖြစ်၏။ ရှိခိုးခြင်း၏ ရည်ရွယ်ချက်မှာ တန်ခိုးရှင်က မိမိအား ဒုက္ခအပေါင်းမှ လွတ်မြောက်ရာ သို့ သယ်ဆောင် သွား၍ မဟုတ်၊       လွတ်မြောက်ရာလမ်းကို ပြ၍ မိမိ ကိုယ်တိုင်က ထိုလမ်းကိုလျှောက်၍ သွားမှသာ လွတ်မြောက်ရာ သို့ ရောက်မည် ဖြစ်၏။
    တစ်နည်းဆိုရသော် Subject worship ၏ ရည်ရွယ်ချက်မှာ မိမိကိုယ်မိမိ စိတ်ထားမှန်ကို ရရှိ၍ ထိုစိတ်ထားမှန် အတိုင်း စိတ်တက်တက်ကြွကြွ ရှိလာရန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓရုပ်ပွါးတော်အား ရှိခိုးသော အခါ ဗုဒ္ဓအား သက်တော် ထင်ရှား ရှိစဉ်က ကဲ့သို့ မိမိကိုယ်တွင်း ယုံကြည်မှုများပွါးများကာ မိမိကိုယ်မိမိ အားပေးခြင်း ဖြစ်၏။
                                                     ကျွန်တော်နားလည်သော အရှေ့တိုင်း အတွေးအခေါ်
                                                      ဒေါက်တာ ခင်မောင်ဝင်း(ဒဿနိက)

No comments:

Post a Comment