Friday, October 26, 2012

"ပါရမီ မီးပွင့်လား၊ အလေ့အကျင့်လား"


ဤသုသေတနက ပါရမီ(Genius) နှင့် ပြောင်မြောက်မှု(Accomplishment) ကို ခွဲခြားကြည့်သည်။ ခြားနားမှုသည် ဘုရားသခင်၏ မီးပွင့်လည်း မဟုတ်၊ ဥာဏ်ရည်(IQ) လည်း မဟုတ်။ ရည်ရွယ်ချက်ရှိရှိ နှင့် ပြုလုပ်သော လေ့ကျင့်မှု(Deliberate practice) ဖြစ်သည်။ ထိပ်တန်းရောက်အောင် အောင်မြင်မှုတို့သည် သူတို့၏ အတတ်ပညာကို နာရီပေါင်းများစွာ ပြင်းပြင်းထန်ထန် လက်တွေ့ လေ့ကျင့်ကြသည်။…..
          တခုခုကို ဖိုးကပ်စ်လုပ်၍ လေ့ကျင့်ဖန်များလာသောအခါ၊ ကျွမ်းကျင်မှုသည် အော်တိုမစ်တစ် ဖြစ်လာသည်။ ကျွမ်းကျင်မှုသည် မသိစိတ်ထဲ ဝင်သွားသည်။ ထိုမှတဆင့် ထပ်မံလေ့ကျင့်ဖန်များလာ သောအခါ ကျွမ်းကျင်မှုသည် အော်တိုမစ်တစ် ဖြစ်လာသည်။ ကျွမ်းကျင်မှုသည် မသိစိတ်ထဲဝင်သွားသည်။ ထိုမှတဆင့် ထပ်မံလေ့ကျင့်ဖန်များလာသောအခါ ပါဖေါင်းမင့်အကောင်းစားတို့သည် ဦးနှောက်မှတ်ဥာဏ်ထဲ ဖြစ်စဉ်တရား အဖြစ် စိမ့်ဝင်သွားသည်။
          သဘောမှာ ပါရမီသည် နားလည်ရခက်သော လျှို့ဝှက်ချက် မဟုတ်ပေ။ မှော်လည်း မဟုတ်ပေ။ ရည်ရွယ်ချက် ရှိရှိ၊ ဇွဲရှိရှိ ပျင်းစရာကောင်းသော ထပ်တလဲလဲ လုပ်ငန်းကို ပြုစု ထူထောင်နိုင်သော စွမ်းရည်သာ ဖြစ်သည်။
                                                                             မောင်စူးစမ်း
                                                          (ပါရမီ မီးပွင့်လား၊ အလေ့အကျင့်လား..ဆောင်းပါးမှ)

No comments:

Post a Comment