ဂျူးဘုန်းတော်ကြီးနှစ်ပါးသည် ဂျာမဏီပြည်ကို နာဇီများစိုးမိုးထားချိန်အတွင်း
ဂျူးလူမျိုးများ၏ ဘာသာရေးဆုတောင်းပွဲများ လုပ်ကိုင်ပေးကြပါသည်။ သေဘေးကို ကြောက်ရွံ့သောကြောင့်
ဟစ်တလာ၏ လက်မရွံ့ဂတ်စတာပို ပုလိမ်များကို အမျိုးမျိုးလှည့်စားပြီး၊ ဆုတောင်းပွဲများကို
အမျိုးမျိုးသော အသိုင်းအဝိုင်းများအကြားတွင် တိတ်တဆိတ်လုပ်ကိုင်ပေးလျှက်ရှိကြပါတယ်။
နောက်ဆုံးမှာတော့
ဘုန်းတော်ကြီးနှစ်ပါးကို ဖမ်းမိသွားပါတယ်။ ဘုန်းတော်ကြီးတစ်ပါးဟာ နောက်ဖြစ်လာမယ့်အကြောင်းကို
တွေးပြီးကြောက်လန့်နေပါတယ်။ သူ့ရဲ့အချိန်တိုင်းမှာ ဆုတောင်းစာရွတ်နေပါတယ်။ အခြားတစ်ပါးကတော့
တစ်နေ့လုံးအိပ်နေပါတယ်။
“ခင်ဗျား၊
ဘယ်လိုလုပ်နေတာလဲ” လို့ ပထမဘုန်းတော်ကြီးက သတိပေးတဲ့အနေနှင့် ပြောပါတယ်။
“ကျုပ်ရဲ့ခွန်အားတွေကို
စုထားတာဗျ။ ခွန်အားတွေ လိုတော့မယ်ဆိုတာကို ကျုပ်သိတယ်ဗျာ။”
“ဒါပေမယ့်၊
ခင်ဗျား မကြောက်ဘူးလား။ ကျုပ်တို့ ဘာဖြစ်မယ်ဆိုတာကို မသိဘူးလား။”
“အဖမ်းမခံရခင်အထိ
ကျုပ် ကြောက်လိုက်တာ သေမတတ်ပါဗျာ။ အခုတော့ အချုပ်ခန်းထဲကို ရောက်နေပြီလေ။ အရင်တုန်းက
ကြောက်နေတဲ့အရာဟာ အခုလက်ရှိမှာ ဖြစ်ပျက်နေပြီဗျ။ အခုကြောက်နေချိန် မဟုတ်တော့ဘူး။ မျှော်လင့်ခြင်းတွေ
စတင်ဖို့အချိန်ရောက်နေပြီဗျာ။” လို့ ဒုတိယဘုန်းကြီး ပြန်ပြောပါတယ်။
( Saving One’s energy by Paulo Coelho ကို ဘာသာပြန်ဆိုပါသည်။ )
No comments:
Post a Comment