Sunday, April 13, 2014

နောင်မျိုးဆက်များအထိ စဉ်းစားခြင်း



အဘင်အယ်ဆာ လူငယ်ဘဝမှာ သူ့အဖေနဲ့ တရားဟောဆရာရဲ့စကားတစ်ခွန်းကို နားစွန်နာဖျားကြားလိုက်ရပါတယ်။
“ခင်ဗျားရဲ့လုပ်ကိုင်မှုတွေကို သတိနဲ့လုပ်ကိုင်ပါ” လို့ တရားဟောဆရာ ပြောပါတယ်။
“လုပ်ကိုင်မှုတွေကို စဉ်းစားခြင်းသည် နောင်မျိုးဆက်များအထိ အကျိုးသက်နိုင်ပါတယ်။”
“နောင်မျိုးဆက်အထိ ဘာလုပ်ဖို့လဲဗျာ။ ကျုပ်ရဲ့မျိုးဆက်ဆိုတာ အခုတွေ့ရသေးတာမှ မဟုတ်တာ။ ကျုပ်သေမှ သူတို့ရောက်မှာပေါ့။ အဲဒီတော့ သူတို့ ကျုပ်ကို ပြောတာကို ကျုပ် ဂရုမစိုက်ဘူး။” လို့ အဖေက ပြန်ပြောပါတယ်။

          အဘင်အယ်ဆာ ထိုစကားလုံးတွေကို မမေ့ပါဘူး။ သူ့ရဲ့ဘဝတလျှောက်လုံး ကောင်းဖို့ ကြိုးစားတယ်။ လူတွေကို ကူညီတယ်။ အလုပ်တွေကို စိတ်ပါလက်ပါလုပ်တယ်။
          အခြားလူတွေကို ဂရုစိုက်စောင့်ရှောက်သူလို့ လူတွေ သူ့ကို သိလာကြပါတယ်။ သူ သေဆုံးသောအခါ သူ့မြို့လူနေမှုအဆင့်အတန်းကို တိုးတက်စေမယ့် အလှူအတန်းလုပ်ငန်းပေါင်းများစွာ ကို ချန်ရစ်ထားခဲ့ပါတယ်။
          သူ့ရဲ့အုတ်ဂူပေါ်မှာ အောက်ပါအတိုင်း ထွင်းထုခိုင်းခဲ့ပါတယ်။
          “သေဆုံးသောအခါ ပြီးဆုံးသွားသောဘဝသည် မထိုက်တန်သောအသက်ရှင်ခြင်းပင် ဖြစ်သည်။”

( Thinking about future generation by Paulo Coelho ကို ဘာသာပြန်ဖေါ်ပြပါသည်။ )

No comments:

Post a Comment