Sunday, April 20, 2014

ရေနွေးပူနှင့် ဖါးတစ်ကောင်



ဇီဝဗေဒလေ့လာမှုတွေအရ ဖါးတစ်ကောင်ကို ရေဖြည့်ထားတဲ့ ခွက်တစ်ခုထဲ ထည့်ထားလိုက်ရင် ဖါးဟာ သူ့ရေအိုင်လေးထဲလို ငြိမ်နေပါလိမ့်မယ်။ ပြီးတော့ ရေကို အပူပေးလိုက်တဲ့အခါ ရေဆူမှတ်ကို ရောက်လာပါတယ်။ တဖြည်းဖြည်းချင်းတိုးလာတဲ့အပူချိန်ကို ဖါးဟာ တုံ့ပြန်ခြင်း မပြုပါဘူး။ နောက်ဆုံးမှာ ရေဆူပွက်ပြီး ဖါး သေသွားပါတယ်။
          ကောင်းကောင်းမွန်မွန် ပျော်ပျော်ပါးပါးအခြေအနေပါ။
          တခြားဖက်မှ လှည့်တွေးကြည့်ရင်တော့ ရေနွေးပူခွက်ထဲကို ဖါးကို ပစ်ထည့်လိုက်ရင် အပြင်ကို ခုန်ထွက်မယ်။ အပူလောင်ပေမယ့် အသက်ရှင်နိုင်ပါတယ်။
          ကျွန်တော်တို့တွေလည်း တခါတလေ ရေနွေးပူထဲကို ပစ်ထည့်ခံရတဲ့ဖါးလို လုပ်တတ်ကြပါတယ်။ ပြောင်းလဲမှုတွေကို သတိမထားမိပါဘူး။                             အရာရာအဆင်ပြေနေတယ်လို့ တွေးကြပါတယ်။ ဘဝရဲ့မကောင်းမှုတွေ အားလုံး တဖြည်းဖြည်းပြီးဆုံးသွားမယ်လို့ ထင်ကြတယ်။ အချိန်လေးပေးဖို့ပဲလိုတာပါလို့ ထင်ကြတယ်။ သေခြင်းတရားနဲ့ နီးနီးလေးရောက်နေတာတောင် ကျွန်တော်တို့ ထိုင်နေကြတုန်းပါ။ ဘာမှ မပြောင်းလဲပါဘူး။ မတုန်မလှုပ်နဲ့ပါ။ ကျွန်တော်တို့ ဘေးနာက ရေတွေ တဖြည်းဖြည်းပူလာပါပြီ။ ကောင်းကောင်းမွန်မွန် ပျော်ပျော်ပါးပါးနဲ့ အနီးဝန်းကျင်မှ ပြောင်းလဲခြင်းတွေကို သတိမပြုမိဘဲ သေဆုံးသွားတော့မှာပါ။
          ရေနွေးကန်ထဲမှ ဖါးတွေ နားမလည်ကြပါဘူး။ အရာရာကို မှန်ကန်စွာလုပ်ဆောင်ဖို့၊ ရလဒ်ကောင်းဖို့ လိုအပ်သလို၊ အရာရာကို မှန်ကန်စွာရွေးချယ်ဖို့၊ ထိရောက်စွာလုပ်ကိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီလို လုပ်ဖို့အတွက် အဆက်မပြတ်ကြီးထွားဖွံ့ဖြိုးနေရပါမယ်။ တိုင်ပင်မယ်။ ပြောဆိုဆက်ဆံမယ်။ မျှဝေခံစားမယ်။ လူလူချင်း ဆက်ဆံရေးကို အစီအစဉ်ချ တည်ဆောက်ရပါလိမ့်မယ်။ အခြားလူတစ်ဦးရဲ့အမြင်ကို လေးစားဖို့၊ မိမိကိုယ်ကို နှိမ်ချဖို့ဆိုတာတွေက အကြီးမားဆုံး စိန်ခေါ်မှုတွေပါ။ 

          ရေနွေးကန်ထဲမှဖါးတွေ ယုံကြည်တဲ့ အကောင်းဆုံးအရာဟာ လိုက်နာတတ်ခြင်းပါ။ စွမ်းဆောင်ရည် မဟုတ်ပါဘူး။ တတ်နိုင်တဲ့လူတွေက ဦးဆောင်မယ်။ မတတ်နိုင်တဲ့လူတွေက လိုက်နာမယ်ဆိုတဲ့ ပုံစံပါ။ တကယ့်ဘဝမှာရော ဒီလိုပဲလား။ နည်းနည်းဆူလာတဲ့ရေထဲမှ ခုန်ထွက်လိုက်တာ ပိုကောင်းပါတယ်။ အသက်ရှင်သန်ပြီး နောက်တစ်ခုကို ထပ်လုပ်ဖို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။ 

( The Toad and hot water by Paulo Coelho ကိုဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။ )

No comments:

Post a Comment