Monday, April 14, 2014

ရွှေဥဒေါင်း - တသက်တာမှတ်တမ်းများ - ဂျန်တလ်မဲန်းအယူအဆ



         “ဂျန်တလ်မန်း ( Gentleman ) ဟူသည်မှာ စာရိတ္တဘက်တွင် လူတစ်ယောက်အနေနှင့် ကောင်းသောအရည်အချင်းများ အတော်ပြည့်စုံသူတစ်ယောက်ဟူ၍ ( အင်္ဂလိပ်အသုံးအနှုန်းကို နားလည်သော) ကမ္ဘာသူ ကမ္ဘာသားတိုင်းက အသိအမှတ်ပြုကြရသည်ဖြစ်ရာ အရှေ့တိုင်းရော အနောက်တိုင်းပါ ထိုစကားလုံးနှင့် အဓိပ္ပါယ်အပြည့်အစုံတူညီသော စကားလုံးဟူ၍ မရှိခြင်းကို ကမ္ဘာက ဝန်ခံလျှက်ရှိကြရ၏။”
          “ဂျန်တလ်မင်း ဟူသည်မှာ လောကအတွင်း၌ အကောင်းဆုံးသောစာရိတ္တအရည်အချင်းရှိသူ တစ်ယောက်ဟူ၍ သူတို့က ဆိုလိုပေသည်။ လောကီသားတစ်ယောက်အနေဖြင့် ဂျန်တလ်မင်း ထက်ပိုပြီး ကောင်းရန် မဖြစ်နိုင်ဟူ၍ သူတို့ ယူဆကြသည်။”
“ငါးပါးသီလသမား တစ်ယောက်သည် ကြွေးပူသဖြင့် မရောင်းဘဲ မနေနိုင်သည့် မုဆိုးမတစ်ယောက်ထံမှ ပစ္စည်းတစ်ခုကို တန်ဖိုးထက် ဖိနှိပ်ပြီး ဆက်၍ ဝယ်နိုင်သည်။ သီလပျက်သည်ဟု မဆိုနိုင်ချေ။ ဂျန်တလ်မဲန်းတစ်ယောက်မူကား ဤသို့သော အမှုမျိုးကိုပြုရန် စိတ်ထဲမှ အလွန်ဝန်လေးတတ်သည်။”

“ငါးပါးသီလသမား တစ်ယောက်သည် ကြုံကြိုက်ခဲ့လျှင် ထိုက်သင့်သည်ထက်ပို၍ အခွင့်အရေး ယူလိမ့်မည်။ အခွင့်အရေးယူခြင်းသည် ခိုးခြင်းမဟုတ်ဟု ဆိုနိုင်သည်။”
“ငါးပါးသီလသမားတစ်ယောက်သည် ဖေါ်လံဖါးနိုင်သည်။ ကပ်ပါးရပ်ပါးအလုပ်မျိုးနှင့် ကြီးပွါးအောင်လုပ်နိုင်သည်။ ဂုဏ်ကြီးသူများ၊ ပိုက်ဆံရှိသူများကို ‘ကြို့’၍ ချူနိုင်၊ မြိုက်နိုင်သည်။”
“ဂျန်တလ်မဲန်း တစ်ယောက်သည် ( Sense of Justice and Fair Play ) မိမိနှင့် ဆက်ဆံသမျှသောကိစ္စအဝဝတွင်သာမက မိမိ၏ပတ်ဝန်းကျင်၌လည်း မတရားသဖြင့် အနိုင်ကျင့်ခြင်းကို မမြင်လို၊ မျှမျှတတဖြစ်စေလိုသော စိတ်သဘောထားမျိုး အမြဲကိန်းအောင်သူတစ်ယောက်ဖြစ်လေသည်။”
“လူ့အဖွဲ့အစည်းထဲတွင် လူပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် နေထိုင်ရလျှင် ဂျန်တလ်မဲန်းတစ်ယောက် ကို ကြိုက်သည်။ ရဟန်းအဖြစ်နှင့် နေထိုင်ရလျှင် အရိယာကို ကြိုက်သည်ဟု ကျွန်ုပ်က ဖြေဆိုပေလိမ့်မည်။”

No comments:

Post a Comment