Saturday, April 5, 2014

ရိုးရိုးလေးပါပဲ…



တစ်နေ့မှာ မတ်ခ်သည် ကျောင်းမှအိမ်သို့ လမ်းလျှောက်ပြန်လာပါသည်။ သူ့ရှေ့မှ ကောင်လေးသည် ခလုတ်တိုက်ပြီး၊ သယ်လာသောစာအုပ်အားလုံး အောက်ပြုတ်ကျသွားပါတယ်။ စာအုပ်တွေအပြင်၊ စွယ်တာနှစ်ထည်၊ ဘေ့စ်ဘောရိုက်တံ၊ လက်အိတ်နှင့် အသံဖတ်းစက်အသေးတစ်ခုလည်း အောက်ကိုကျသွားပါတယ်။ မတ်ခ်သည် ဒူးထောက်လိုက်ပြီး၊ ပြန့်ကျဲသွားသည့်ပစ္စည်းများကို ကူပြီးကောက်ပေးပါတယ်။ သူတို့နှစ်ယောက်သွားမည့်လမ်းကြောင်း တူသောကြောင့် မတ်ခ် ပစ္စည်းများကို ဝိုင်းသယ်ပေးလိုက်ပါသည်။ အတူလမ်းလျှောက်လာစဉ် ကောင်လေးနာမည်က ဘေးလ်ဖြစ်ပြီး၊ ဗီဒီယိုဂိမ်း၊ ဘော့စ်ဘောနှင့် သမိုင်းကို ကြိုက်ကြောင်း သိသွားပါသည်။ ကောင်လေး ဘေးလ်ကို ဒုက္ခပေးနေတာကတော့ သူ့ရည်စားနဲ့ကွဲလာတာဖြစ်ပါတယ်။
          ဘေးလ်ကို အိမ်လိုက်ပို့ပြီးနောက် မတ်ခ် သူ့အိမ်ကို ပြန်ပါတယ်။ ကျောင်းမှာ သူတို့နှစ်ဦးတွေ့ဖြစ်ကြတယ်။ နေ့လည်စာ တစ်ခါ၊နှစ်ခါ စားဖြစ်တယ်။ ထို့နောက် အထက်တန်းကျောင်းကို နှစ်ယောက်စလုံးအောင်မြင်လာခဲ့ပါတယ်။ သူတို့ ကျောင်းအတူတူမှာ တက်ခဲ့ကြပါတယ်။ သို့သော်လည်း နှစ်ပေါင်းများစွာအတွင်း သိပ်မတွေ့ဖြစ်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ကာလကြာစွာ စောင့်မျှော်ခဲ့တဲ့ ကျောင်းပြီးဆုံးဖို့ အချိန်ရောက်လာပါတယ်။ ဘွဲ့မယူမှီ ၃ပါတ်အလိုမှာ မတ်ခ်နဲ့ စကားပြောလိုကြောင်း ဘေးလ်က ပြောပါတယ်။

          လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက သူတို့နှစ်ယောက်တွေ့ဆုံခဲ့တဲ့နေ့ကို ဘေးလ် ပြန်ပြောပါတယ်။ “ငါ ဘာဖြစ်လို့ အဲဒီနေ့က ပစ္စည်းတွေအများကြီး အိမ်ကို သယ်လာတာလဲ မင်း သိလား” လို့ ဘေးလ်က မေးပါတယ်။
“ကျောင်းက ငါ့ဗီဒိုကို ရှင်းလာတာ၊ သိလား။ အခြားတစ်ယောက်ယောက်အတွက် အမှိုက်တွေကို မချန်ထားချင်ဘူးလေ။ ငါ့အမေရဲ့အိပ်ဆေးတွေကို ငါ ခိုးထားတယ်။ အိမ်ပြန်ရောက်ရင် သတ်သေမလို့။ ဒါပေမယ့် ငါတို့နှစ်ယောက် အတူထိုင်ပြီး၊ စကားပြောတယ်။ ရယ်မောကြတယ်။ အဲဒီနောက် ငါ သတ်သေခဲ့ရင် ဒီလိုပျော်ရွှင်စရာတွေ၊ အခြားနောက်ဆက်တွဲတွေကို မကြုံရတော့ဘူးဆိုတာကို ငါသိခဲ့တယ်။ ဒါကြောင့် မတ်ခ်၊ အဲဒီနေ့က ငါ့စာအုပ်တွေ ကောက်ပေးတာဟာ အများကြီးကူညီခဲ့တာပါ။ မင်း ငါ့ဘဝကို ကယ်တင်ခဲ့တယ်လေ။”

( A Simple Gesture by John W.Schlatter ကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။  )

No comments:

Post a Comment