Wednesday, April 23, 2014

လယ်ကွင်းထဲမှ အလုပ်များ



လူငယ်တစ်ယောက် သဲကန္တရကို ကျော်ဖြတ်ပြီး၊ နောက်ဆုံးမှာ အလက်ဇန္ဒါးမြို့အနီးရှိ ဆက်တာဘုန်းကြီးကျောင်းကို ရောက်ရှိသွားပါတယ်။ ထို့နောက် ဘုန်းတော်ကြီးရဲ့တရားပွဲကို နားထောင်ဖို့ခွင့်တောင်းပြီး တရားကို နာကြားခွင့်ရပါတယ်။
          နေ့လည်ပိုင်းမှာ ဘုန်းတော်ကြီးဟာ လယ်ကွင်းထဲမှအလုပ်များ၏ အရေးပါအရာရောက်ပုံကို တရားဟောပါတယ်။
          တရားပွဲအဆုံးမှာတော့ လူငယ်လေးက ဘုန်းကြီးတစ်ပါးကို ဒီလို ပြောလိုက်ပါတယ်။
“ကျွန်တော် တော်တော်တုန်လှုပ်သွားတယ်။ ကောင်းမှု၊ မကောင်းမှုတွေရဲ့ အကျိုးဆက်တွေပါမယ့် တကယ့်တရားကောင်းကို နာကြားရမယ်လို့ မျှော်လင့်ထားခဲ့တာ။ ဒါပေမယ့် ဆရာတော် ဟောကြားတဲ့တရားက ခရမ်းချဉ်သီးစိုက်တာ၊ ရေသွင်းတာ စတဲ့ ဒီလိုတရားတွေပဲ ဖြစ်နေတယ်ဗျာ။ ကျွန်တော့်ဇာတိမြို့မှာဆို တရားတွေက ဘုရားသခင်ရဲ့ဂရုဏာတော်အကြောင်း ဟောကြားကြပြီး၊ ကျွန်တော်တို့လည်း ဆုတောင်းပဌနာပြုကြတယ်လေ။”
ဘုန်းတော်ကြီးက ပြုံးပြီးပြန်ပြောပါတယ်။
“ဒီမှာလူတွေ ယုံကြည်တာကတော့ ဘုရားသခင်က သူ့ရဲ့အပိုင်းကို လုပ်ကိုင်ပြီးပြီ။ ဒါကြောင့် ဒီဟာတွေကို ဆက်လုပ်ကိုင်ဖို့က ကျုပ်တို့တာဝန်လေဗျာ။”

( Work in the field by Paulo Coelho ကို ဘာသာပြန်ဆိုပါသည်။ )

No comments:

Post a Comment