Monday, April 14, 2014

မျိုးချစ်စိတ်နှင့် ဆင်ခြင်တုံတရား



         မျိုးချစ်စိတ်သည် လူတိုင်း လူတိုင်း၌ ရှိအပ်သော ပစ္စည်းတစ်ရပ်ဖြစ်သည်။ မျိုးချစ်စိတ်ဓါတ် မရှိသောသူသည် ကိုယ်လက်အင်္ဂါ မစုံသောသူကဲ့သို့ အသက်ရှင်နေထိုင်ခြင်းငှာပင် မလျှောက်ပတ်ပေ။
          သို့ရာတွင် ဆေးကျမ်းများကိုသာဖတ်၍ ကိုယ်ပိုင်ဥာဏ်ကို မသုံးသောဆေးသမားသည် သမားကောင်း မဖြစ်နိုင်သကဲ့သို့ မျိုးချစ်စိတ်ဓါတ်သာရှိ၍ အသိဥာဏ်ကင်းမဲ့သော တိုင်းသူပြည်သားသည် တိုင်းသူပြည်သားကောင်း မဖြစ်နိုင်ပေ။ (ဝါ) လွန်မင်းစွာ မျိုးချစ်စိတ်ထက်သန်၍ ဆင်ခြင်တုံတရား မရှိသောသူသည် အရာမရောက်ကိစ္စမပြီးနိုင်ပေ။ ထို့ကြောင့် မျိုးချစ်စိတ်ဓါတ်နှင့် ယှဉ်တွဲ၍ အသိဥာဏ် ဆင်ခြင်တုံတရား ရှိရပေမည်။
          မျိုးချစ်စိတ်ဓါတ်သည် လှေသမားနှင့်တူ၏။ ဆင်ခြင်တုံတရားသည် တက်မနှင့် တူပေသည်။ တက်မ မကိုင်ဘဲ မျိုးချစ်စိတ်ဓါတ် ထက်သန်သလောက် လှေကို လှော်ခတ်သွားပါမူ မြန်မာနိုင်ငံလှေကြီးသည် ရည်ရွယ်သောပန်းတိုင်ကို ရောက်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် အမျိုးကောင်းသားသမီးတို့သည် မျိုးချစ်စိတ်တစ်ခုတည်းဖြင့် မတင်းတိမ်ကြဘဲ အသိဥာဏ်နှင့် ဆင်ခြင်တုံတရားတို့ကိုလည်း တစ်နေ့ထက် တစ်နေ့ပွါးများ နိုင်ကြပါစေကုန်သတည်း။
                                                                             ဦးသန့်စာစု

No comments:

Post a Comment