ပိုးတုံးလုံးအိမ်လေးထဲမှ လိပ်ပြာလေးတစ်ကောင် ကြိုးစားတိုးထွက်နေပါတယ်။
အဲဒါကို လူတစ်ယောက် နာရီပေါင်းများစွာကြည့်နေပါတယ်။ အပေါက်က သေးသေးလေးပါ။ ထွက်ရမယ့်ကိုယ်ခန္ဓာက
အကြီးကြီး။ အကြာကြီး တိုးထွက်ပြီးတော့ ပင်ပန်းပုံပေါက်လာပြီး အကြာကြီးငြိမ်သက်သွားပါတော့တယ်။
လိပ်ပြာလေးကို
ကူဖို့ ထိုလူ ဆုံးဖြတ်လိုက်ပါတယ်။ ကပ်ကြေးတစ်လက်နဲ့ ပိုးအိမ်လေးကို ဖွင့်လိုက်ပြီး၊
လိပ်ပြာလေးကို အပြင်ထုတ်ပေးလိုက်ပါတော့တယ်။ သို့သော်လည်း လိပ်ပြာရဲ့ ကိုယ်ခန္ဓာက သေးသေးလေးပါ။
တွန့်ခေါက်နေပြီး၊ အတောင်ပံတွေကလဲ အားလုံးကျိုးခေါက်နေပါတယ်။
ထိုသူ လိပ်ပြာလေးကို
ဆက်ပြီးတော့ စောင့်ကြည့်နေပါတယ်။ တချိန်ချိန်မှာ လိပ်ပြာလေးဟာ အတောင်ပံတွေကို ဖွင့်ထုတ်လိုက်ပြီး
ထပျံသွားမလားလို့ စောင့်ကြည့်နေတာပါ။ ဘာတစ်ခုမှ မဖြစ်လာပါဘူး။ ရှူံတွနေတဲ့ ကိုယ်ခန္ဓာ၊
တွန့်လိမ်နေတဲ့အတောင်ပံတွေနဲ့ တရွတ်တိုက်ဆွဲပြီးတော့ လိပ်ပြာလေး အသက်ရှင်နေတော့မှာပါ။
သူ့ရဲ့တစ်ဘဝလုံးကို ပျံနိုင်တော့မှာ မဟုတ်ပါဘူး။
လူတစ်ဦးရဲ့
ကြင်နာခြင်းကင်းမဲ့စွာနဲ့ အလောတကြီး ကူညီမှုဟာ သဘာဝတရားကို နားမလည်ရာရောက်ပါတယ်။ ကျပ်ကျပ်တည်းတည်း
ပိုးအိမ်လေးမှ လိပ်ပြာလေးရဲ့ကြိုးစားကြောင့် သေးငယ်လှတဲ့အပေါက်လေးကို တိုးထွက်ရင်း
အတောင်ပံတွေကို သန်မာလာစေမယ့်
သဘာဝတရားရဲ့နည်းလမ်းတစ်ရပ်ပါ။
တခါတရံမှာတော့
နည်းနည်းထပ်ကြိုးစားလိုက်တာဟာ နောက်ထပ်ရောက်လာမယ့် အခက်အခဲတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်လိုက်တာပါ။
နောက်ထပ်ကြိုးစားပေးဖို့ ငြင်းပယ်တဲ့ မည်သူမဆို (သို့မဟုတ်) မှားယွင်းတဲ့ကူညီမှုကိုလက်ခံလိုက်တဲ့မည်သူမဆိုဟာ
နောက်ထပ်ရောက်လာမယ့် တိုက်ပွဲကို တိုက်ခိုက်ဖို့ငြင်းပယ်ခဲ့ရင် လိပ်ပြာလေးလိုပဲ ဘယ်တော့မှ
သမိုင်းဒဏ္ဍရီထဲကို ခြေချခွင့်ရတော့မှာ မဟုတ်ပါဘူး။
( The Lesson of the Butterfly by Paulo Coelho ကို ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။ )
No comments:
Post a Comment