Monday, April 7, 2014

ချစ်ခြင်းစွမ်းအား




Spread love everywhere you go: First of all in your
own house. Give love to your children, to your wife or husband, to a next-door
neighbor….Let no one ever come to you without leaving better and happier. Be
the living expression of God’s kindness; kindness in your face, kindness in
your eyes, kindness in your smile, kindness in your warm greeting.



                                                                                Mother Teresa


သင် ရောက်ရှိသောနေရာတိုင်းကို ချစ်ခြင်းတရားဖြန့်ဝေပေးပါ။
ပထမဆုံးသင့်အိမ်မှာ ဖြန့်ဝေပေးပါ။ သင့်ကလေးများကို ချစ်ခင်ပါ။ သင့်ဘဝလက်တွဲဖေါ်ကို ချစ်ခင်ပါ။
ထို့နောက် သင့် အိမ်နားနီးချင်းကို ချစ်ခင်ပါ။ …သင့်ဆီ ရောက်လာသူတိုင်းအား ပျော်ရွှင်ပါစေ။
စိတ်ချမ်းသာပါစေ။ မျက်နှာအမူအယာဖြင့် ကြင်နာပေးပါ။ မျက်လုံးများဖြင့် ကြင်နာပေးပါ။
အပြုံးများဖြင့် ကြင်နာပေးပါ။ နွေးထွေးစွာနှုတ်ခွန်းဆက်ခြင်းဖြင့် ကြင်နာပေးပါ။ ဘုရားသခင်
သက်ရှိဖြစ်တည်ပြီး ကြင်နာသလို ကြင်နာပေးလိုက်ပါ။



                                                                                မာသာထရီစာ

          ကောလိပ်မှပါမောက္ခတစ်ယောက်သည် သူ၏လူမှုရေးပညာသင်တန်းအတွက် ဘယ်လ်တီမိုးမြို့ ဆင်းရဲသားရပ်ကွက်သို့ခရီးထွက်ပါသည်။ လူငယ် အယောက် ၂၀၀၏ မှတ်တမ်းကို ရယူပြီး၊ လူငယ်တစ်ဦးစီ၏ အနာဂါတ်ကိုစစ်တမ်းထုတ်ရန် ဖြစ်ပါသည်။ လူငယ်များ၏ မှတ်တမ်းတိုင်းကို ထိုသို့ မှတ်တမ်းတင်ခဲ့ပါသည်။


“သူ့မှာ အခွင့်အရေးမရခဲ့ဘူး။”
          နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်ကြာပြီးသောအခါ၊အခြားပါမောက္ခတစ်ဦးသည် ထိုမှတ်တမ်းကို တွေ့ရှိသွားပါသည်။ ထိုပါမောက္ခသည် ထိုလူငယ်များ၏
ယခုလက်ရှိအခြေအနေကို လိုက်လံစုံစမ်းရန် သူ့ကျောင်းသားများကို ခိုင်းပါသည်။ သေဆုံးသွားသူ၊
အခြားနေရာပြောင်းရွှေ့သွားသူ လူငယ် အယောက် ၂၀ မှလွဲပြီး၊ ကျန်သောလူငယ် ၁၈၀ ကို စုံစမ်းနိုင်ခဲ့ပါသည်။
ထိုလူငယ် ၁၈၀ အနက် ၁၇၂ဦးသည် ပျမ်းမျှအဆင့်ထက်ပိုသည့် ရှေ့နေ၊ ဆရာဝန်၊ စီးပွါးရေးသမား
စသည့် အောင်မြင်မှုကို ရထားပါသည်။



          ပါမောက္ခသည်တွေ့ရှိချက်ကို အံ့သြပြီး၊ နောက်ထပ်စုံစမ်းလေ့လာရန်အတွက် ဆုံးဖြတ်လိုက်ပါသည်။ ကံကောင်းစွာဖြင့်ထိုလူငယ်အားလုံးသည် ထိုအနီးတဝိုက်တွင် နေထိုင်ကြပြီး၊ တစ်ဦးချင်းကို စကားပြောနိုင်ခဲ့ပါသည်။


“ဒီအောင်မြင်မှုကို ဘယ်လိုရခဲ့တာလဲ။”


ထိုလူငယ်တိုင်းလိုလို စိတ်ပါလက်ပါ ပြန်ပြောကြပါတယ်။
“ဆရာမတစ်ယောက်ရှိတယ်ဗျာ။”
          ထိုဆရာမသည်အခုအချိန်အထိ သက်ရှိထင်ရှားရှိနေပါသေးသည်။ ထို့ကြောင့်ဆင်းရဲသားရပ်ကွက်မှ လူငယ်လေးများ
ဆွဲထုတ်ပြီး၊ အောင်မြင်စေမည့် ထူးထူးဆန်းဆန်းပုံသေနည်းတစ်ခု ဆရာမတွင် ရှိနေမလားကို
သိချင်သဖြင့် ဆရာမကို ရှာဖွေမေးမြန်းရန်အတွက် ဆုံးဖြတ်လိုက်ပါသည်။



          ဆရာမ မျက်လုံးတွေ
အရောင်တလက်လက်နဲ့ ပြုံးပြီး ယခုလိုပြန်ဖြေပါတယ်။



“အရမ်းကို ရိုးရှင်းပါတယ်ကွယ်။”



“ဆရာမ ဒီကလေးတွေကို ချစ်ပါတယ်။”

( Love:The One Creative Force by Eric Butterworth ကို ဘာသာပြန်ဆိုပါသည်။ 
)

No comments:

Post a Comment