Saturday, April 12, 2014

ဘဝစည်းနရီ


        ဂရိစာရေးဆရာ နီကိုနီးစ် ခဇန်ဇကီစ်က သူ့ရဲ့ကလေးဘဝအတွေ့အကြုံကို
ပြောပြပါတယ်။ သစ်ပင်မှာကပ်နေတဲ့ ပိုးတုံးလုံးကောင်လေးတစ်ကောင်ကို တွေ့ပါတယ်။ ပိုးအိမ်လေးရဲ့အတွင်းမှ
လိပ်ပြာလေးဟာ အပြင်ကို ထွက်ဖို့ကြိုးစားနေပါတယ်။ အဲဒါကို သူ စောင့်ကြည့်ပါတယ်။ သူ တိုးထွက်မှုဖြစ်စဉ်ကို
စောင့်ကြည့်ရတာ သိပ်ကိုကြာလွန်းနေတာကြောင့် အမြန်ထွက်အောင် လုပ်ပေးဖို့ သူ ဆုံးဖြတ်လိုက်ပါတယ်။
ပိုးတုံးလုံးကောင်လေးကို သူရဲ့အာငွေ့ပေးပြီး၊ အနွေးဓါတ်ပေးလိုက်ပါတယ်။ နောက်ဆုံးမှာ
လိပ်ပြာလေးအပြင်ကို ထွက်လာပါတော့တယ်။ သို့သော် အတောင်ပံတွေ ကပ်နေပြီး၊ သိပ်မကြာခင်
သေသွားပါတယ်။



“လိုအပ်ချက်က စိတ်ရှည်ဖို့ပါ။ နေရောင်ခြည်ကြောင့် ဝင့်မှည့်ခြင်း
ဖြစ်လာဖို့ စိတ်ရှည်ရန်လိုအပ်ပါတယ်။ ကျွန်တော် အဲဒါကို မစောင့်နိုင်လိုက်ဘူး။” လို့
ခဇန်ဇကီစ် က ပြောပါတယ်။



“အခုအချိန်အထိ ဒီလိပ်ပြာသေလေးကို စိတ်ထဲမှာ စွဲပြီးထင်နေပါတယ်။
စကြာဝဠာရဲ့နိယာမကြီးကို ဆန့်ကျင်ပြီး သေဒဏ်အပြစ်ပေးလိုက်တာပါ။ ကျွန်တော် အမှန်တကယ်နားလည်ခဲ့ပါပြီ။” 

          ကျွန်တော်တို့စိတ်ရှည်စွာစောင့်ဆိုင်းသင့်ပါတယ်။ မှန်ကန်တဲ့အချိန်အခါရောက်ဖို့ စောင့်ဆိုင်းရပါမယ်။
ဘဝကို ထာဝရဘုရားရဲ့စည်းနရီအတိုင်း ရွေးချယ်ချိန်ကို ပျော်ရွှင်စွာ စောင့်ဆိုင်းသင့်ပါတယ်။

( Life’s rhythms by Paulo Coelho  ကို ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။ )

No comments:

Post a Comment