Monday, October 1, 2012

စိတ်ဓာတ်ခွန်အားပေးသော ရသစာပေ

ကျွန်တော်၏ ဘဝတွင် အဖတ်အများဆုံးသော စာအုပ်အမျိုးအစားမှာ ဝတ္ထုစာအုပ် အမျိုးအစား ဖြစ်သည်။ ထိုဝတ္ထု စာအုပ်ထဲတွင် ဘာသာပြန်အမျိုးအစားကို အဖတ်များခဲ့သည်။ လူတစ်ဦးကို လွမ်းမိုးစေသော ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရားများတွင် စာဖတ်ခြင်းသည်ပါဝင်သည်။
    ယခုအခါ တစ်ခါတစ်ရံ စဉ်းစားမိသောအခါ တချိူ့စာအုပ်များသည် ဂန္ဓဝင်အမျိုးအစားတွင် မပါဝင်ကြပါ။ သို့သော်လည်း ကျွန်တော်စိတ်ကို နှစ်ပေါင်းများစွာ လွှမ်းမိုးလျှက် ရှိသည်။ ထိုစာအုပ်များမှ ဘဝအမြင်များသည် ကျွန်တော်၏ စိတ်ဓာတ်ကို ပုံသွင်းခဲ့သည်ဟုတောင် ဆို၍ရသည်။ ထို့ကြောင့် ဘာသာပြန် စာရေးဆရာကြီးများကို အလွန်ကျေးဇူးတင်ခဲ့ရပါသည်။
     ရသစာပေသည် စာဖတ်သူများကို ရသ(၉)ပါး ပေးစွမ်းသည် ဟုဆိုကြပါသည်။ ရသမြောက်သော ဝတ္ထုတစ်ပိုဒ် ဖတ်ပြီးသည်နှင့် ရင်မော၍ကျန်ခဲ့သလို၊ အားတက်ကာ ကြိုးစားချင်စိတ်များ ပြည့်၍လည်း ကျန်ခဲ့တတ်သည်။
   ဥပမာ အားဖြင့် ကျွန်တော့်စိတ်ကို စွဲကျန်စေသော စာအုပ်အနည်းငယ်ကို ဖော်ပြချင်ပါသည်။ A.J Cronin  ရေးသော Adventure in Two World  -နှစ်လောက အမည်ဖြင့် ဆရာမောင်ထွန်းသူ ဘာသာပြန်ခဲ့သည်။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ ရိုးသားကြိုးစားမှု၊ ကြိုးစားမှုနှင့် တည်ဆောက်ထားသော ဘဝတစ်ခု ရုန်းကန်ရပုံ၊ ကြိုးစားမှု၏ အသီးအပွင့်ခံစားရပုံတို့မှာ ပေါ်လွင်သည်။ အရာရာတွင် ငွေကြေး၊ အဆက်အသွယ်ဖြင့် ဖြေရှင်းနေသော အသိုင်းအဝိုင်းတွင် ကြိုးစားခြင်းနှင့် ဇွဲသတ္တိကို အခြေခံ၍ တည်ဆောက်ခဲ့သော ဘဝတစ်ခုမှာ အားတက်ဖွယ်ဖြစ်သည်။ ခက်ခဲစွာရရှိခဲ့သော ဆရာဝန်ဘဝကို စွန့်လွှတ်ကာ အောင်မြင်သော စာရေးဆရာဘဝကို ထပ်မံတည်ဆောက်ခဲ့သော A.J Cronin ကို အလွန်လေးစားမိသည်။
   “ အကောင်းဆုံးသော သွန်သင်ဆုံးမသူသည် ကိုယ်တိုင် စံပြ နေထိုင်ပြသူဖြစ်၏ “ ဟူသော စကား အရ A.J Cronin  ၏ ကြိုးစားမှုဖြင့် ရရှိသောဘဝကို အလွန်အားကျမိပါသည်။ ပျင်းရိဖွယ် အချက်အလက် များကို တောက်လျှောက်မရေးဘဲ၊ ရသမြောက်ဖွယ် အရေးအဖွဲ့ ဇာတ်လမ်းတိုလေးများကို ကြားတွင် ထည့်ကာ ရေးသားထားပါသည်။ ထို့ကြောင့် မိမိ၏ စိတ်တွင် စွဲထင်ကာ နှစ်ပေါင်းများစွာ သတိရနေမိခြင်း ဖြစ်သည်။
   နောက်ထပ်ကြိုက်မိသော တစ်အုပ်မှာ ဂျပန်ဝတ္ထုဖြစ်ပြီး၊ ဇာတ်လမ်းအရ သိပ်ပြီး မထူးဆန်းပါ။ အဓိက ဇာတ်ကောင်မှာ မိမိကြူးလွန်ခဲ့သော ပြစ်မှုအတွက် ရဟန်းဘောင်သို့ ကူးပြောင်းခဲ့သည်။ သာမာန် လူသားများ စိတ်မကူးဝံ့သော ကိစ္စဖြစ်သည့် ကျောက်တောင်ကြီးကိုဖောက်ကာ လမ်းဖောက် လုပ်ခဲ့သည်။ ဖောက်လုပ်သောအခါ နှစ်ပေါင်းများစွာ ကြာခဲ့သည်။ သူ၏ တစ်ချောင်းတည်းသော စိတ်ဓာတ်ဖြင့် ကျောက်တောင်ကို တူးဖောက်နေစဉ် အနီးရွာမှ ရွာသားများမှာ ကဲ့ရဲ့လိုက် လာကူညီလိုက်ဖြင့် အခါခါ လာရောက်ခဲ့သည်။ လူသားတစ်ဦး၏ နှစ်ပေါင်းများစွာ မဆုတ်မနစ် ကြိုးစားမှု ဖော်ကြူးထားသည်။ မဖြစ်နိုင်ဟု ယူဆသော ကိစ္စဟုထင်သောအခါ စတင်လုပ်ကိုင်သူကို အပြစ်တင်ကြသည်။ ထိုကိစ္စ အနည်းငယ် အကောင်အထည်ပေါ်လာသောအခါ ပါရမီရှင် ဟု ပြောဆိုကာ ကူညီပြန်၏။
       ကိစ္စများကို ပေါ်ပင်လုပ်ကြည့်တတ်သော စရိုက်ကလည်း လူများစု၏ စရိုက်ပင် ဖြစ်သည်။ အလွန်ကြီးမားသော ကိစ္စများကို လုပ်ကိုင်အောင်မြင်ခြင်းမှာ ဇွဲသတ္တိမှလွဲ၍ အခြားမရှိပါ။ မည်သည် တန်ခိုးရှင်မှလည်း မစခြင်းမဟုတ်ပါ။ မိမိ၏ လုံ့လ ဝီရိယသာ အောင်မြင်စေသော တရားဖြစ်သည်။ ထိုသို့မဖြစ်နိုင်ဟု ထင်ထားကြသော တည်ဆောက်ခြင်းများကို တည်ဆောက်ကာ ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်ခဲ့ရခြင်းများလည်း ရှိပါ၏။ အမေရိကန်ရှိ Golden Gate တံတားကြီး၏ တည်ဆောက်ခြင်းမှာ မဖြစ်နိုင် ဆိုခဲ့ကြသည်။
     အင်ဂျင်နီယာ သားအဖမှ အခက်အခဲပေါင်းစုံဖြင့် တည်ဆောက်ပြခဲ့သည်။ ထိုကြောင့် မိမိတို့ ပတ်ဝန်းကျင်တွင် ကြားနေရသည့် ကံ ယုံဝါဒ များသည် ကံ ဟူသော ပုဒ်၏ အဓိပ္ပါယ်နှင့် ကာမနိယာမကို သေသေချာချာမသိဘဲ မိမိ၏ ဝီရိယနှင့် ဉာဏ်ပညာကို ထုတ်မသုံးသော သူများသာ အဖြစ်များသည် ကိုတွေ့ရပါသည်။
      နောက်ထပ် ကြိုက်မိသော စာအုပ်မှာ Albert Camus ရေးသော Plague ဖြစ်သည်။ ဆရာထင်လင်းက ပုလိပ် ဟူ၍ ဘာသာပြန်ခဲ့သည်။ ဆရာထင်လင်းသည် ဘာသာပြန်စာရေးဆရာအဖြစ် စာအုပ်အနည်းငယ်ကိုသာ ဘာသာပြန်ခဲ့သည်။ သို့သော် စာအုပ်အားလုံးကို အချိန်ယူ၍ ဘာသာပြန်ခဲ့ခြင်းဖြစ်ရာ တစ်အုပ်ဆိုလျှင် တစ်အုပ်ဆိုသလောက် ကောင်းမွန်ခဲ့သည်။ စာကောင်းပေကောင်း အဖြစ်လည်းကျန်ရစ်ခဲ့သည်။
       ပုလိပ်သည် လူ့သဘာဝကို အနက်ရှိုင်းဆုံး အပိုင်းအထိ စူးစမ်းရှာဖွေထားသော၊ ကပ်ရောဂါကြီး တစ်ခု ကျရောက်လာသောအခါ လူတစ်ဦးစီ၏ မတူညီသော တုန့်ပြန်မှုများ၊ လူအမျိုးမျိုး၏ စရိုက်များကို ထင်ထင်ရှားရှား ဖော်ထုတ်ထားသည်။ ထိုစာအုပ်သည် စနစ်ဆိုးကြီးတစ်ခု ကျရောက်လာသောအခါ ထိုစနစ်ဆိုးကြီးအပေါ် လူအမျိုးမျိုး၏ တုန့်ပြန်ပုံကို ရေးသားခြင်း ဖြစ်သည်ဟု မှတ်သားမိသည်။
       ထိုစာအုပ် တစ်အုပ်လုံးသည် အနိဋ္ဌာရုဏ်များဖြင့် ပြည့်နေပြီး၊ တစ်အုပ်လုံးပြီးသည်အထိ အချိန်အတော်ကြာ ပေးပြီးဖတ်ခဲ့ရသည်။ ဆရာထင်လင်း၏ ဘာသာပြန်လက်ရာသည် အလွန် အနုစိတ်ပြီး၊ အရေးအသားကို ပေါ်လွင်သည်အထိ ဂရုစိုက်ကာ ဘာသာပြန်ခဲ့သည်။ တစ်ကြောင်းဆို တစ်ကြောင်းဆိုသလောက် လေးလေးပင်ပင်နှင့် ထိထိမိမိ ရှိလှသည်။ ထိုစာအုပ်မှ ဇာတ်ကောင်များ၏ တုန့်ပြန်ပုံ ကလည်း အနုစိတ်ကာ ဝတ္ထုစာအုပ်ဖတ်နေသည် ဟူသော အသိပျောက်ကာ ပုလိပ်ရောဂါ ကပ်ဆိုးကြီး သင့်နေသောမြို့ထဲ ရောက်သွားကာ ထွက်ပေါက်မရှိပဲ မွန်းကြပ်ကာ တလည်လည်နှင့် ဖြစ်နေမိပါသည်။
      ဖတ်နေရင်း စနစ်ဆိုးကြီး၏ အောက်တွင် နေထိုင်ရသော ကျွန်တော်တို့၏ ဘဝများ နှင့်လည်း နှိုင်းယှဉ်ကြည့်နေမိသည်။ ကပ်ဆိုးကြီးရောက်လာသောအခါ နေ့မအား၊ ညမအား မိမိလုပ်ရမည့် အလုပ်ကို ညဉ်းညူခြင်းမရှိ၊ စိတ်ပျက်ခြင်းမရှိဘဲ တိတ်ဆိတ်စွာ လုပ်ကိုင်နေသော ဒေါက်တာရေး၏ စရိုက်ကား ဖြစ်တည်မှု ပဓာနဝါဒကို ထိုဇာတ်ကောင်ဖြင့် ပုံဖော်ထားသည်ဟု ဆိုနိုင်သည်။ အဖြစ်တရားကို အရှိအတိုင်း လက်ခံကာ ဇွဲ၊ သတ္တိဖြင့် ရုန်းကန်ရဲသည့် စံပြလူသားတစ်ဦးကို ပုံဖော်ထားသည်။
      ထို့ဝတ္ထုမှ ဇာတ်ကောင် အသီးသီးသည် မိမိတို့ပတ်ဝန်းကျင်တွင် အသက်ရှင်နေသကဲ့သို့ ခံစားရပါသည်။ အသက်ရှင်ခြင်း၊ သေဆုံးခြင်းများသည် အမေ့လျှော့ခံဘဝမှ ဘဝ၏အစိတ်အပိုင်း အဖြစ်သို့ နီးနီးကပ်ကပ် ရောက်ရှိလာပြီး လူသားတစ်ဦး၏ ဒုက္ခ၊ သုက္ခ များဖြင့် ပြည့်နေသော်လည်း ဆက်လက် လျှောက်လှမ်းနေရသော ဘဝကို ထွက်ပေါက်မရှိ တဝဲလည်လည် ခံစားရပါသည်။
   တစ်စုံတစ်ခု၏ ပြစ်ဒဏ်စီရင်ခံရခြင်းကို စောင့်နေမည့်အစား၊ ဆက်လျှောက်နေရသော အနေအထားကို ဖတ်ရသောအခါ ဆက်လျှောက်နေရဲသည့်သတ္တိနှင့် အားမာန်ကိုရရှိပါသည်။
    ထိုသို့ ရသဝတ္ထုတစ်ပုဒ်ကို ကြိုက်မိသောအခါ ထိုဝတ္ထုမှပေးသော အတွေးအမြင်၊ ဇွဲ သတ္တိများသည် မိမိ၏ စိတ်အတွင်းသို့ စိမ့်ဝင်သွားသလို ခံစားရပါသည်။ သို့သော်လည်း တစ်ခု သတိထားရမည့်အရာမှာ တစ်ခါတစ်ရံ ရသစာပေ ရေးသားသော စာရေးဆရာသည် သူ ယုံကြည်သော စနစ်တစ်ခု၏ စံများ၊ မိမိ၏ စိတ်ကူးယဉ်မှုများကို သူတတ်သော ရသအရေးအဖွဲ့များဖြင့် ရေးဖွဲ့တတ်ကြသည်။ ထိုအခါ စာဖတ်သူသည် လွဲမှားစွာ အနက်ကောက်မှုများ လုပ်လိုက်တတ်ကြသည်။
     ဥပမာအားဖြင့် ဆိုသော ဆရာရွှေလင်းယုန် အမည်ခံ ဂျာနယ်ကျော်ဦးချစ်မောင် ရေးသားသော “သူ” ဝတ္ထုတွင် ပါဝင်သော ဆရာဝန်ဒေါက်တာမြင့်မောင်၏ အနစ်နာခံမှုသည် အပြင်လက်တွေ့ ဘဝတွင်ဖြစ်နိုင်ပါ့မလားဟု သံသယရှိစရာဖြစ်သည်ဟု စာရေးဆရာကိုတာ က မယုတ်မလွန် ရေးသားခဲ့ပါသည်။
   မပြည့်စုံသော အချက်အလက်များပေါ်တွင် မူတည်၍ ချမှတ်ရသော မည်သည့်ဆုံးဖြတ်ချက်မဆို မှန်ကန်ဖို့ ရာနှုန်းလည်းနည်းလေသည်။ ထိုသို့သော အရာများကိုတော့ သတိချပ်ထားသင့်ပါသည်။
    ထို့ကြောင့် စိတ်တွင်စွဲသွားသော ရသစာပေ တစ်အုပ်ဖြင့် မိမိ ဘဝအတွက် လိုအပ်သော တွန်းအားများကိုရရှိပါသည်။ မိမိ ဘဝအတွက် မှန်ကန်သော ဘ၀ အမြင်များ လည်း ပြောင်းလဲ သွားနိုင်ပါသည်။

( Zawgyi ) 

     ကၽြန္ေတာ္၏ ဘ၀တြင္ အဖတ္အမ်ားဆံုးေသာ စာအုပ္အမ်ိဳးအစားမွာ ၀တၳဳစာအုပ္ အမိ်ဳးအစား ၿဖစ္သည္။ ထို၀တၳဳ စာအုပ္ထဲတြင္ ဘာသာၿပန္အမ်ိဳးအစားကို အဖတ္မ်ားခဲ့သည္။ လူတစ္ဦးကို လြမ္းမိုးေစေသာ ပတ္၀န္းက်င္ဆိုင္ရာ အေႀကာင္းတရားမ်ားတြင္ စာဖတ္ၿခင္းသည္ပါ၀င္သည္။
    ယခုအခါ တစ္ခါတစ္ရံ စဥ္းစားမိေသာအခါ တခ်ိဴ႕စာအုပ္မ်ားသည္ ဂႏၶ၀င္အမ်ိဳးအစားတြင္ မပါ၀င္ႀကပါ။ သို႔ေသာ္လည္း ကၽြန္ေတာ္စိတ္ကို ႏွစ္ေပါင္းမ်ားစြာ လႊမ္းမိုးလွ်က္ ရိွသည္။ ထိုစာအုပ္မ်ားမွ ဘ၀အၿမင္မ်ားသည္ ကၽြန္ေတာ္၏ စိတ္ဓာတ္ကို ပံုသြင္းခဲ့သည္ဟုေတာင္ ဆို၍ရသည္။ ထို႔ေႀကာင့္ ဘာသာၿပန္ စာေရးဆရာႀကီးမ်ားကို အလြန္ေက်းဇူးတင္ခဲ့ရပါသည္။
     ရသစာေပသည္ စာဖတ္သူမ်ားကို ရသ(၉)ပါး ေပးစြမ္းသည္ ဟုဆိုႀကပါသည္။ ရသေၿမာက္ေသာ ၀တၳဳတစ္ပုိဒ္ ဖတ္ၿပီးသည္ႏွင့္ ရင္ေမာ၍က်န္ခဲ့သလို၊ အားတက္ကာ ႀကိဳးစားခ်င္စိတ္မ်ား ၿပည့္၍လည္း က်န္ခဲ့တတ္သည္။
   ဥပမာ အားၿဖင့္ ကၽြန္ေတာ့္စိတ္ကို စြဲက်န္ေစေသာ စာအုပ္အနည္းငယ္ကို ေဖာ္ၿပခ်င္ပါသည္။ A.J Cronin  ေရးေသာ Adventure in Two World  -ႏွစ္ေလာက အမည္ၿဖင့္ ဆရာေမာင္ထြန္းသူ ဘာသာၿပန္ခဲ့သည္။ ကိုယ္တိုင္ေရး အတၳဳပၸတိၱစာအုပ္ၿဖစ္သည္။ ရိုးသားႀကိဳးစားမႈ၊ ႀကိဳးစားမႈႏွင့္ တည္ေဆာက္ထားေသာ ဘ၀တစ္ခု ရုန္းကန္ရပံု၊ ႀကိဳးစားမႈ၏ အသီးအပြင့္ခံစားရပံုတုိ႔မွာ ေပၚလြင္သည္။ အရာရာတြင္ ေငြေႀကး၊ အဆက္အသြယ္ၿဖင့္ ေၿဖရွင္းေနေသာ အသိုင္းအ၀ိုင္းတြင္ ႀကိဳးစားၿခင္းႏွင့္ ဇြဲသတိၱကို အေၿခခံ၍ တည္ေဆာက္ခဲ့ေသာ ဘ၀တစ္ခုမွာ အားတက္ဖြယ္ၿဖစ္သည္။ ခက္ခဲစြာရရိွခဲ့ေသာ ဆရာ၀န္ဘ၀ကို စြန့္လႊတ္ကာ ေအာင္ၿမင္ေသာ စာေရးဆရာဘ၀ကို ထပ္မံတည္ေဆာက္ခဲ့ေသာ A.J Cronin ကို အလြန္ေလးစားမိသည္။
   “ အေကာင္းဆံုးေသာ သြန္သင္ဆံုးမသူသည္ ကိုယ္တိုင္ စံၿပ ေနထိုင္ၿပသူၿဖစ္၏ “ ဟူေသာ စကား အရ A.J Cronin  ၏ ႀကိဳးစားမႈၿဖင့္ ရရိွေသာဘ၀ကို အလြန္အားက်မိပါသည္။ ပ်င္းရိဖြယ္ အခ်က္အလက္ မ်ားကို ေတာက္ေလွ်ာက္မေရးဘဲ၊ ရသေၿမာက္ဖြယ္ အေရးအဖဲြ႕ ဇာတ္လမ္းတိုေလးမ်ားကို ႀကားတြင္ ထည့္ကာ ေရးသားထားပါသည္။ ထို႔ေႀကာင့္ မိမိ၏ စိတ္တြင္ စြဲထင္ကာ ႏွစ္ေပါင္းမ်ားစြာ သတိရေနမိၿခင္း ၿဖစ္သည္။
   ေနာက္ထပ္ႀကိဳက္မိေသာ တစ္အုပ္မွာ ဂ်ပန္၀တၳဳၿဖစ္ၿပီး၊ ဇာတ္လမ္းအရ သိပ္ၿပီး မထူးဆန္းပါ။ အဓိက ဇာတ္ေကာင္မွာ မိမိၾကဴးလြန္ခဲ့ေသာ ျပစ္မႈအတြက္ ရဟန္းေဘာင္သို႔ ကူးေျပာင္းခဲ့သည္။ သာမာန္ လူသားမ်ား စိတ္မကူး၀ံ့ေသာ ကိစၥျဖစ္သည့္ ေက်ာက္ေတာင္ၾကီးကိုေဖာက္ကာ လမ္းေဖာက္ လုပ္ခဲ့သည္။ ေဖာက္လုပ္ေသာအခါ ႏွစ္ေပါင္းမ်ားစြာ ႀကာခဲ့သည္။ သူ၏ တစ္ေခ်ာင္းတည္းေသာ စိတ္ဓာတ္ၿဖင့္ ေက်ာက္ေတာင္ကို တူးေဖာက္ေနစဥ္ အနီးရြာမွ ရြာသားမ်ားမွာ ကဲ့ရဲ႕လိုက္ လာကူညီလိုက္ျဖင့္ အခါခါ လာေရာက္ခဲ့သည္။ လူသားတစ္ဦး၏ ႏွစ္ေပါင္းမ်ားစြာ မဆုတ္မနစ္ ႀကိဳးစားမႈ ေဖာ္ႀကဴးထားသည္။ မျဖစ္ႏိုင္ဟု ယူဆေသာ ကိစၥဟုထင္ေသာအခါ စတင္လုပ္ကိုင္သူကို အျပစ္တင္ၾကသည္။ ထိုကိစၥ အနည္းငယ္ အေကာင္အထည္ေပၚလာေသာအခါ ပါရမီရွင္ ဟု ေျပာဆိုကာ ကူညီျပန္၏။
       ကိစၥမ်ားကို ေပၚပင္လုပ္ႀကည့္တတ္ေသာ စရိုက္ကလည္း လူမ်ားစု၏ စရိုက္ပင္ ျဖစ္သည္။ အလြန္ႀကီးမားေသာ ကိစၥမ်ားကို လုပ္ကိုင္ေအာင္ျမင္ျခင္းမွာ ဇြဲသတၱိမွလြဲ၍ အျခားမရိွပါ။ မည္သည္ တန္ခိုးရွင္မွလည္း မစျခင္းမဟုတ္ပါ။ မိမိ၏ လံု႔လ ၀ီရိယသာ ေအာင္ျမင္ေစေသာ တရားျဖစ္သည္။ ထိုသို႔မျဖစ္ႏုိင္ဟု ထင္ထားၾကေသာ တည္ေဆာက္ျခင္းမ်ားကို တည္ေဆာက္ကာ ကမၻာ႔သမိုင္းတြင္ မွတ္တမ္းတင္ခဲ့ရျခင္းမ်ားလည္း ရိွပါ၏။ အေမရိကန္ရိွ Golden Gate တံတားႀကီး၏ တည္ေဆာက္ျခင္းမွာ မျဖစ္ႏုိင္ ဆိုခဲ့ၾကသည္။
     အင္ဂ်င္နီယာ သားအဖမွ အခက္အခဲေပါင္းစံုျဖင့္ တည္ေဆာက္ျပခဲ့သည္။ ထိုေႀကာင့္ မိမိတို႔ ပတ္၀န္းက်င္တြင္ ၾကားေနရသည့္ ကံ ယံု၀ါဒ မ်ားသည္ ကံ ဟူေသာ ပုဒ္၏ အဓိပၸါယ္ႏွင့္ ကာမနိယာမကို ေသေသခ်ာခ်ာမသိဘဲ မိမိ၏ ၀ီရိယႏွင့္ ဥာဏ္ပညာကို ထုတ္မသံုးေသာ သူမ်ားသာ အျဖစ္မ်ားသည္ ကိုေတြ႕ရပါသည္။
      ေနာက္ထပ္ ႀကိဳက္မိေသာ စာအုပ္မွာ Albert Camus ေရးေသာ Plague ၿဖစ္သည္။ ဆရာထင္လင္းက ပုလိပ္ ဟူ၍ ဘာသာၿပန္ခဲ့သည္။ ဆရာထင္လင္းသည္ ဘာသာၿပန္စာေရးဆရာအၿဖစ္ စာအုပ္အနည္းငယ္ကိုသာ ဘာသာၿပန္ခဲ့သည္။ သို႔ေသာ္ စာအုပ္အားလံုးကို အခ်ိန္ယူ၍ ဘာသာၿပန္ခဲ့ၿခင္းၿဖစ္ရာ တစ္အုပ္ဆိုလွ်င္ တစ္အုပ္ဆိုသေလာက္ ေကာင္းမြန္ခဲ့သည္။ စာေကာင္းေပေကာင္း အၿဖစ္လည္းက်န္ရစ္ခဲ့သည္။
       ပုလိပ္သည္ လူ႕သဘာ၀ကို အနက္ရႈိင္းဆံုး အပိုင္းအထိ စူးစမ္းရွာေဖြထားေသာ၊ ကပ္ေရာဂါႀကီး တစ္ခု က်ေရာက္လာေသာအခါ လူတစ္ဦးစီ၏ မတူညီေသာ တုန္႔ၿပန္မႈမ်ား၊ လူအမ်ိဳးမိ်ဳး၏ စရိုက္မ်ားကို ထင္ထင္ရွားရွား ေဖာ္ထုတ္ထားသည္။ ထုိစာအုပ္သည္ စနစ္ဆိုးႀကီးတစ္ခု က်ေရာက္လာေသာအခါ ထိုစနစ္ဆိုးႀကီးအေပၚ လူအမ်ိဳးမ်ိဳး၏ တုန္႔ၿပန္ပံုကို ေရးသားၿခင္း ၿဖစ္သည္ဟု မွတ္သားမိသည္။
       ထိုစာအုပ္ တစ္အုပ္လံုးသည္ အနိ႒ာရုဏ္မ်ားၿဖင့္ ၿပည့္ေနၿပီး၊ တစ္အုပ္လံုးၿပီးသည္အထိ အခ်ိန္အေတာ္ႀကာ ေပးၿပီးဖတ္ခဲ့ရသည္။ ဆရာထင္လင္း၏ ဘာသာၿပန္လက္ရာသည္ အလြန္ အႏုစိတ္ၿပီး၊ အေရးအသားကို ေပၚလြင္သည္အထိ ဂရုစိုက္ကာ ဘာသာၿပန္ခဲ့သည္။ တစ္ေႀကာင္းဆို တစ္ေႀကာင္းဆိုသေလာက္ ေလးေလးပင္ပင္ႏွင့္ ထိထိမိမိ ရွိလွသည္။ ထိုစာအုပ္မွ ဇာတ္ေကာင္မ်ား၏ တုန္႔ၿပန္ပံု ကလည္း အႏုစိတ္ကာ ၀တၳဳစာအုပ္ဖတ္ေနသည္ ဟူေသာ အသိေပ်ာက္ကာ ပုလိပ္ေရာဂါ ကပ္ဆိုးႀကီး သင့္ေနေသာၿမိဳ႕ထဲ ေရာက္သြားကာ ထြက္ေပါက္မရိွပဲ မြန္းႀကပ္ကာ တလည္လည္ႏွင့္ ၿဖစ္ေနမိပါသည္။
      ဖတ္ေနရင္း စနစ္ဆိုးႀကီး၏ ေအာက္တြင္ ေနထိုင္ရေသာ ကၽြန္ေတာ္တို႔၏ ဘ၀မ်ား ႏွင့္လည္း ႏိႈင္းယွဥ္ႀကည့္ေနမိသည္။ ကပ္ဆိုးႀကီးေရာက္လာေသာအခါ ေန့မအား၊ ညမအား မိမိလုပ္ရမည့္ အလုပ္ကို ညဥ္းညဴၿခင္းမရိွ၊ စိတ္ပ်က္ၿခင္းမရိွဘဲ တိတ္ဆိတ္စြာ လုပ္ကိုင္ေနေသာ ေဒါက္တာေရး၏ စရုိက္ကား ၿဖစ္တည္မႈ ပဓာန၀ါဒကို ထိုဇာတ္ေကာင္ၿဖင့္ ပံုေဖာ္ထားသည္ဟု ဆိုႏိုင္သည္။ အၿဖစ္တရားကို အရိွအတိုင္း လက္ခံကာ ဇြဲ၊ သတၱိၿဖင့္ ရုန္းကန္ရဲသည့္ စံၿပလူသားတစ္ဦးကို ပံုေဖာ္ထားသည္။
      ထို႔၀တၳဳမွ ဇာတ္ေကာင္ အသီးသီးသည္ မိမိတို႔ပတ္၀န္းက်င္တြင္ အသက္ရွင္ေနသကဲ့သို႔ ခံစားရပါသည္။ အသက္ရွင္ၿခင္း၊ ေသဆံုးၿခင္းမ်ားသည္ အေမ့ေလွ်ာ့ခံဘ၀မွ ဘ၀၏အစိတ္အပိုင္း အၿဖစ္သို႔ နီးနီးကပ္ကပ္ ေရာက္ရိွလာၿပီး လူသားတစ္ဦး၏ ဒုကၡ၊ သုကၡ မ်ားၿဖင့္ ၿပည့္ေနေသာ္လည္း ဆက္လက္ ေလွ်ာက္လွမ္းေနရေသာ ဘ၀ကို ထြက္ေပါက္မရိွ တ၀ဲလည္လည္ ခံစားရပါသည္။
   တစ္စံုတစ္ခု၏ ၿပစ္ဒဏ္စီရင္ခံရၿခင္းကို ေစာင့္ေနမည့္အစား၊ ဆက္ေလွ်ာက္ေနရေသာ အေနအထားကို ဖတ္ရေသာအခါ ဆက္ေလွ်ာက္ေနရဲသည့္သတိၱႏွင့္ အားမာန္ကိုရရိွပါသည္။
    ထိုသို႔ ရသ၀တၳဳတစ္ပုဒ္ကို ၾကိဳက္မိေသာအခါ ထို၀တၳဳမွေပးေသာ အေတြးအျမင္၊ ဇြဲ သတၱိမ်ားသည္ မိမိ၏ စိတ္အတြင္းသို႔ စိမ့္၀င္သြားသလို ခံစားရပါသည္။ သို႔ေသာ္လည္း တစ္ခု သတိထားရမည့္အရာမွာ တစ္ခါတစ္ရံ ရသစာေပ ေရးသားေသာ စာေရးဆရာသည္ သူ ယံုၾကည္ေသာ စနစ္တစ္ခု၏ စံမ်ား၊ မိမိ၏ စိတ္ကူးယဥ္မႈမ်ားကို သူတတ္ေသာ ရသအေရးအဖြဲ႕မ်ားျဖင့္ ေရးဖြဲ႕တတ္ၾကသည္။ ထိုအခါ စာဖတ္သူသည္ လြဲမွားစြာ အနက္ေကာက္မႈမ်ား လုပ္လိုက္တတ္ၾကသည္။
     ဥပမာအားျဖင့္ ဆိုေသာ ဆရာေရႊလင္းယုန္ အမည္ခံ ဂ်ာနယ္ေက်ာ္ဦးခ်စ္ေမာင္ ေရးသားေသာ “သူ” ၀တၳဳတြင္ ပါ၀င္ေသာ ဆရာ၀န္ေဒါက္တာျမင့္ေမာင္၏ အနစ္နာခံမႈသည္ အျပင္လက္ေတြ႕ ဘ၀တြင္ျဖစ္ႏုိင္ပါ့မလားဟု သံသယရိွစရာျဖစ္သည္ဟု စာေရးဆရာကိုတာ က မယုတ္မလြန္ ေရးသားခဲ့ပါသည္။
   မျပည့္စံုေသာ အခ်က္အလက္မ်ားေပၚတြင္ မူတည္၍ ခ်မွတ္ရေသာ မည္သည့္ဆံုးျဖတ္ခ်က္မဆို မွန္ကန္ဖို႕ ရာႏႈန္းလည္းနည္းေလသည္။ ထိုသို႔ေသာ အရာမ်ားကိုေတာ့ သတိခ်ပ္ထားသင့္ပါသည္။
    ထို႔ေၾကာင့္ စိတ္တြင္စြဲသြားေသာ ရသစာေပ တစ္အုပ္ျဖင့္ မိမိ ဘ၀အတြက္ လိုအပ္ေသာ တြန္းအားမ်ားကိုရရိွပါသည္။ မိမိ ဘ၀အတြက္ မွန္ကန္ေသာ ဘ၀ အျမင္မ်ား လည္း ေျပာင္းလဲ သြားႏိုင္ပါသည္။

No comments:

Post a Comment