Thursday, October 25, 2012

ဝါရင်ဘူဖေး၏ လူငယ်များအပေါ် အကြံပေးချက်များ


အကြွေးဝယ်ကဒ်တွေ၊ ဘဏ်ချေးငွေတွေကနေ ဝေးဝေးရှောင်ပါ။ ပြီးတော့…

(က)။ ငွေက လူကို မဖန်တီးနိုင်၊ လူကသာ ငွေကို ဖန်တီးသည်။
(ခ)။ ဘဝကို ရိုးရှင်းစွာ နေထိုင်ပါ။
(ဂ)။ သူများပြောတဲ့အတိုင်း မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမဲ့ ကိုယ်ကောင်းမယ် ထင်တာ လုပ်ပါ။
(ဃ)။ နာမည်ကြီးအဝတ်အစားတွေ မဝတ်ပါနဲ့။ ကိုယ့်အတွက် သက်သောင့်သက်သာ ရှိမယ့်ဟာကိုသာ
        ဝတ်ဆင်ပါ။
(င)။ မလိုအပ်တာတွေအတွက် ငွေမဖြုန်းပါနဲ့။ လိုအပ်တာတွေအတွက်သာ သုံးပါ။
(စ)။ နောက်ဆုံးပြောချင်တာကတော့ “ဒါ ကိုယ့်ရဲ့ဘဝလေး၊ ဘာကြောင့် ကိုယ့်ဘဝကို အခြားသူများရဲ့   
      ပြဋ္ဌာန်းခြင်းကို ခံရမှာလဲ။”

၁။ ကိုယ့်ရဲ့ကလေးတွေကို စီးပွါးရေးလုပ်ငန်းတွေမှာ ရင်နှီးမြုပ်နှံကြဖို့ တိုက်တွန်းပါ။
၂။ ကိုယ်အမှန်တကယ် လိုအပ်တာထက်ပိုပြီး ဘာပစ္စည်းမှ မဝယ်ပါနဲ့။ ကိုယ့်သား၊ သမီး တွေကိုလည်း
   အဲဒီလို စဉ်းစားတွေးခေါ်တတ်အောင် တိုက်တွန်းပါ။
၃။ကိုယ့်ရဲ့ အလုပ်ကို ဈေးသက်သက်သာသာ နဲ့ ပြီးမြောက်အောင်မြင်မည့် နည်းလမ်းများကို အမြဲကြံဆနေ
   ပါ။
၎။ လူမှန်၊ နေရာမှန် ခန့်ထားပါ။
၅။ရည်မှန်းချက် ပန်းတိုင်ချပါ။ ပြီးရင် လူအားလုံး(ဝန်ထမ်းအားလုံး) အဲဒီ ပန်းတိုင်ပေါ်မှာပဲ အာရုံစိုက်နေပါ
   စေ။
၆။ကြွားဝါဖို့ မကြိုးစားပါနဲ့။ ရိုးရိုးပဲ နေပါ။ ကိုယ့် စိတ်ကျေနပ်မယ့် ဟာ ကိုယ်လုပ်ပါ။

“အပျော်ဆုံးလူ ဆိုတာ မလိုအပ်တဲ့ အကောင်းဆုံးတွေ အားလုံးကို ရနေတဲ့လူ မဟုတ်ဖူး။ အပျော်ဆုံးလူ ဆိုတာ သူတို့ ရနေသမျှကို တန်ဖိုးထား ကျေနပ်နေတဲ့ လူတွေသာ ဖြစ်ပါတယ်။”

No comments:

Post a Comment