Sunday, October 14, 2012

၃ နာရီကြာလေယာဉ်ခရီးနှင့် Paradigm ပြောင်းလဲမှု--(အဆက်)

စင်ကာပူတွင် Liberal Democracy ကို မရဟု ဆိုချင်သော်လည်း တိုးတက်သော နိုင်ငံဖြစ်သည် နှင့်အညီ အနောက်တိုင်း ယဉ်ကျေးမှု၏ အခြေခံတရားများ ဖြစ်သော Individualism ( တသီးပုဂ္ဂလိကဆန်မှု)၊ Questions to ask(မေးခွန်းထုတ်မှု)၊Love the different cultures(အခြားယဉ်ကျေးမှုများအား ချစ်ခင်နှစ်သက်ခြင်း) စသော အချက်များကို အနည်းနှင့် အများလက်ခံ ကျင့်သုံးကြသည်။
    Individualism (တသီးပုဂ္ဂလိကဆန်မှု) သည် တစ်ဦးချင်း၏ လွတ်လပ်ခွင့် ကိုလေးစားခြင်းဖြစ်သည်။ မိမိ၏ သဘောထားနှင့် ကိုက်ညီသော်လည်း၊ တပါးသူများ၏ စိတ်အနှောက်အယှက် ဖြစ်စေမည့် အလုပ်ကို ရှောင်ကြဉ်ခြင်း ဖြစ်သည်။ အလွယ်တကူ အမှိုက်ပစ်ခြင်းသည် အများသူငါ ၏ စိတ်အနှောက်အယှက် ကို ဖြစ်စေသော ကြောင့် သတိထားကာ စည်းကမ်းရှိခြင်းဖြစ်သည်။ ထိုသို့ စိတ်မှနားလည်ကာ ရှောင်ကြဉ်သော အလေ့အကျင့်သည် ကျွန်တော်တို့ နှင့် အတန်ငယ်စိမ်းသော ကြောင့် သတိမထားမိပဲ လက်လွတ်စပယ် ပြုမှုမိတတ်သည်။ ထိုအခြေအနေ အပေါ်တွင် ကျွန်တော်တို့၏ သိမှတ်နားလည်မှုများ ပြောင်းလဲသင့်ပေသည်။
    Questions to ask (မေးခွန်းထုတ်မှု) သည် ကျွန်တော်တို့ကဲ့သို့ နှစ်ပေါင်းများစွာ အာဏာရှင် စနစ်နှင့် အသားကျနေသူများ စိမ်းနေသော အခြေအနေတစ်ရပ်ဖြစ်သည်။ ဟုတ်ကဲ့၊ဆရာ့သဘောကျ ဖြစ်စေရပါ မည် ဆိုသော စကားလုံးကို သည် ကျွန်တော်တို့ နှင့် မစိမ်းပါ။ကိုယ့်မြေ၊ကိုယ်ရေတွင် မသိသာလှသော်လည်း၊ အခြားရေမြေတွင် သုံးပါက ကျွန်တော်တို့ကို ကိုယ်ပိုင်အတွေးအခေါ် မရှိဟု ထင်သွားနိုင်ပါသည်။ ထို့ကြောင့် လက်ခံမည် ဆိုရင်တောင် အခြားဒီလိုလေးကော မဖြစ်နိုင်ဘူးလား မေးရင်ဖြင့် ခိုင်းကောင်းတဲ့ကောင် ဟု ထင်မြင်ခံရခြင်း သက်သာနိုင်ပါသည်။
     Love the different cultures( အခြားသောယဉ်ကျေးမှုများအား နှစ်သက်လက်ခံထားခြင်း) သည် စင်ကာပူ၏ နေရာတိုင်း၊ ဆိုင်းဘုတ်တိုင်း တွင်တွေ့နိုင်ပါသည်။ ဘာသာ ၄ ခုဖြင့် ဖေါ်ပြခြင်း သည် သူတို့၏ တစ်ဦး နှင့် တစ်ဦး လေးစားမှုကို တွေ့မြင်နိုင်သည်။ ကျွန်တော်တို့ နှင့် စိမ်းသောအပြုအမှုတွင် ထိုအချက်လည်း ပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့သည် စစ်အာဏာရှင်များ၏ သွေးခွဲ အုပ်ချုပ်ခြင်း ၊ လူမျိုးကြီးဝါဒ ကျင့်သုံးခြင်း ကြောင့် ပင် ဖြစ်သည်။ ထိုအချက်ကို လည်း ကျွန်တော်တို့ သတိထားကာ ယဉ်ကျေးမှုရှော့ များကို လျှော့ချသင့်ပေသည်။
    ကျွန်တော် သည် စင်ကာပူကို ကောင်းသည် ဆိုးသည် ဝေဖန်ခြင်းမဟုတ်ပါ။ မတူညီရသော အမြင်များ၏ အခြေခံ များကို ရှာဖွေကြည့်ခြင်းသာ ဖြစ်သည်။ နှိုင်းယှဉ်ဝေဖန်ခြင်း၊သုံးသပ်ခြင်းဖြင့် အကျိုးမယုတ် ပါ။
     ကျွန်တော်တို့နှင့် ယခု လက်ရှိတွင် စိမ်းနေသေးသော်လည်း၊နောက် လာမည့် နှစ်များတွင် တိုင်းပြည်၏ စီးပွါးရေး နှင့် လူမှုရေးအမြင်ပြောင်းမှုများ ပေါ်တွင် မူတည်၍ ဖြစ်ပေါ်လာနိုင်သော ကိစ္စများကို လည်း အခြေခံဖြစ်ကြောင်းများမှ စ၍ စဉ်းစားထားသင့်ပေသည်။ အချို့လူမှုရေးကိစ္စများကို လက်တွေ့ကျကျ အဖြေရှာသင့်နေပေပြီ။ ဥပမာအားဖြင့် လက်မထပ်မှီ အတူအိပ်ခြင်း၊ အင်တာနက်ကို အလွဲသုံးမှုများ၊ ရုပ်ရှင်ဗီဒီယိုများကို Parental guide ဖြင့်မည်ကဲ့သို့ ထိန်းကြောင်းမည်လဲ စသော အချက်များပင် ဖြစ်သည်။
    ယခု အချိန်မှစ၍ မြန်မာ့ရိုးရာယဉ်ကျေးမှု ဟု အခါခါ ရေရွတ်နေမည့် အစား လက်တွေ့နှင့် အနီးကပ်ဆုံး အမြင်များကို ပြောင်းလဲသင့်နေပြီဖြစ်သည်။ ကျွန်တော်သည် မြန်မာ့ယဉ်ကျေးမှုကို မကောင်းပြော ဝေဖန်နေခြင်း မဟုတ်ပါ။ စဉ်းစားစရာများကို စဉ်းစားကြစေလိုစေခြင်းသာ ဖြစ်ပါသည်။
    ကျွန်တော်တို့သည် နှစ်ပေါင်း ၄၀ ကျော် အာဏာရှင်များ လက်အောက်တွင် နေထိုင်ခဲ့ကြရ ပါသည်။ ထို့ပြင် စာပေစီစစ်ရေး ၏ စီစစ်နှိပ်ကွပ်မှုကြောင့် ခေတ်ပြိုင် စနစ်၊ယဉ်ကျေးမှုများကို လေ့လာခွင့် အားနည်းခဲ့ရပါသည်။ ယနေ့ခေတ် အထိ စာအုပ်စာတမ်း များ သည် ရှားပါးသည်။ ရှိလျှင်လည်း စာအုပ်စာတမ်းများမှာ အင်္ဂလိပ်ဘာသာ ဖြင့်သာ ရှိသောကြောင့် အကန့်အသတ်ဖြင့်သာ ရှိပါသည်။
    အဓိက ကြသော အဖြများကို ရှာမတွေ့ဘဲ၊ သူများလုပ်၍ သာ လိုက်လုပ်နေ လျှင် မြောက်ငါးကောင် ပုံပြင်ကဲ့ သို့ဖြစ်နေပေ လိမ့်မည်။ ထို့ကြောင့် အခြေခံကြသည်များကို ရှာဖွေ၍ စဉ်းစားတွေးခေါ် ဝေဖန်     ထားကြလျှင် ကျွန်တော်တို့ အတွက် အကျိုးများနိုင်ပါသည်။ ကျွန်တော်တွေးမိသလောက် တင်ပြခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်၏ ပုဂ္ဂလိက အမြင်များသာ ဖြစ်ပါသောကြောင့် အမှားပါလျှင် သည်းခံကြပါရန် တင်ပြပါသည်။


   စာကြွင်း။   ။ မြောက်ငါးကောင် ဥပမာ
        အခန်းတစ်ခန်းထဲတွင် မျောက်ငါးကောင် ကို ထည့်ထားပါသည်။ အခန်းအလယ်တွင် မျောက်တစ်ကောင်သာ တက်နိုင်သော လှေကားတစ်စင်းထောင်ထားပါသည်။ အပေါ်မှနေ၍ လှေကားထိပ်တွင် ငှက်ပျောသီးတစ်ဖီး ချိတ်ထားပေးလိုက်သည်။ မျောက်တစ်ကောင်သည် လှေကားပေါ်တက်၍ ငှက်ပျောသီးကို တက်ယူသည်။ထိုအခါ အောက်တွင်ကျန်သော မျောက်လေးကောင် ကို ရေခဲရေဖြင့် ပက်သည်။
      ထိုသို့လုပ်သော အခါသည် မျောက်များသည် ငှက်ပျောသီးတက်ယူခြင်းနှင့် ရေခဲရေ ဖြင့် အပက်ခံရခြင်း ဆက်စပ်သည်ကို သိသွားကြပြီး၊ ငှက်ပျောသီးကို တွေ့လျှင် တက်ယူသော မျောက်ကို ဆွဲချကြသည်။ဝိုင်းဝန်းရိုက်နှက်ကြသည်။ မျောက်ငါးကောင်ထဲမှ တစ်ကောင်ကို ထုတ်ယူ၍ မျောက်အသစ် တစ်ကောင်ကို ထည့်လိုက်သည်။ မျောက်အသစ်သည် ငှက်ပျောသီးကို တွေ့သော အခါ ပြေးတက်၍ ယူသည်။ထိုအခါ ကျန်သောမျောက်လေးကောင်ကို ရေခဲရေဖြင့် မပက်သော်လည်း၊ ထိုမြောက်များသည် မျောက်အသစ်ကို ဆွဲချကာ ၀ိုင်းထိုးကြိတ်ကြသည်။ ထိုနောက် မျောက်တစ်ကောင်ကို ထုတ်ယူကာ မျောက်အသစ်တစ်ကောင် ကို ထည့်လိုက်ပြန်သည်။ ထိုသို့ ဖြင့် နောက်ဆုံးတွင် ရေခဲရေဖြင့် အပက်ခံထားရသော မျောက်များကို အားလုံးထုတ်ယူပြီး ၊မျောက်အသစ်များ ကို တစ်ကောင်ချင်းလဲ ထည့်လိုက်သည်။ ၀င်လာသော မျောက်များသည် ရေခဲရေ ဖြင့် အပက်မခံ ရသော်လည်း ငှက်ပျောသီး တက်ဆွဲသော မြောက်ကို ၀ိုင်းဆွဲချကာ ထိုးကြိတ်ကြပါသည်။ ဆက်လုပ်နေရသော အလုပ်ကို မည်သည့် အကြောင်းကြောင့် မှန်းမသိ ဆက်ကာလုပ်နေခြင်းဖြစ်သည်

No comments:

Post a Comment