Sunday, October 14, 2012

အားကိုးရမည့် အရာ

   အမေရိကန်သမ္မတ Thomas Jefferson နှင့်အတူ အမေရိကန် လွတ်လပ်ရေးကြေညာစာတန်းကို ပူးတွဲရေးသားသူ Charles Thomson,က သမ္မာကျမ်းစာကို သူ ယုံကြည်ရာ အကြောင်းအရာများကို သာ ဖြတ်ထုတ်၍ စာရွက်အလွတ်တွင် ကပ်ကာ သမ္မာကျမ်းစာအုပ် အသစ် လုပ်လိုက်သည်။
    ကယ်တင်ရှင် ယေရှု၏ လူသားဆန်သော အချက်အလက်များသာ ယူထားသည်။ တန်ခိုးပြမှုများ၊ အပျိုစင်မွေးဖွါးမှု၊ ရှင်သန်ထမြောက်မှု စသည့် အလွန်အကျူးဖြစ်ရပ်များကို သူက ဖြတ်ထုတ်ထား လိုက်သည်။ ထိုစာအုပ်ကို အမေရိကန်သမ္မတ Thomas Jefferson ထံ ကို ပို့လိုက်သောအခါ သမ္မတကြီးက ကျေးဇူးတင်ကြောင်း စာပြန်ရေးသားခဲ့သည်။ ( The Economist မှာ ပါတဲ့ ဆောင်းပါး မှ အချက်အလက် )
     ထို့အတူ ကျွန်တော် တို့သည် ယုံကြည်ကိုးကွယ် ရာသည် ကျမ်းစာအုပ်များ တွင် ပါဝင်သကဲ့သို့ အတိအကျ ဖြစ်ပါသလား။ မိမိတို့၏ အတ္တ၊ မိမိတို့ ၏ စိတ်စရိုက်များ အတိုင်း ကျမ်းစာများကို ဖြတ်၊ညှပ်၊ကပ် လုပ်ကာ ထားခြင်း ရော မဖြစ်နိုင်ဘူးလား။
     ဖြစ်နိုင်ပါ၏။ နှစ်ရာပေါင်းများစွာ ကို ဖြတ်သန်းလာခဲ့ သော ဘာသာတရာများသည် ယခုအခါ တွင် ထို ဘာသာတရား များကို ထူထောင်ခဲ့ သော ပုဂ္ဂိုလ်များ ၏ ဦးတည်ချက် နှင့် ကွာဟ လာနိုင်ပါသည်။ ထို အကြောင်းကို သရော်သလိုလို ရေးထားတာကတော့ ဒေါ်စရိုင်ယက်စကီး ရဲ့ကရာမာဇော့ညီအစ်ကိုများ မှာ တွေ့နိုင်ပါသည်။ သခင်ယေရှုက ရှင်သန်ထမြောက်ပြီး လူ့ပြည်ကို ရောက်လာသောအခါ ရောမမြို့က ဘုန်းကြီးတွေက တရားဟောခွင့် ဘာမှ မပေးပဲ သခင်ယေရှုကို သေဒဏ်ပေးခဲ့တယ်။ သရော်စာလိုလို ရေးထားပေမဲ့ တွေးစရာတွေက တော့ အများကြီးပါပဲ။
     -In the name of God ဆိုပြီး Knight စစ်သည်တွေ နှင့် စစ်တပ်ဖွဲ့ထားတဲ့ အထိ ဘုန်းကြီးတွေက အာဏာရှိတယ်။ မွေးဖွါးသည်မှ သေဆုံးသည် အထိ ဘုန်းကြီးတွေ နှင့် မကင်းနိုင်ဘူး။ ဘုရင်တွေ၊မိဖုရား တွေ ရဲ့ လည်း ချုပ်ကိုင်ထားတယ်။ အဲဒီ အကြောင်းတွေကို ဥရောပ သမိုင်းတွေ မှာ တွေ့နိုင်ပါတယ်။
       ဘာဖြစ်လို့ လဲ ဆိုတော့ ဓမ္မာဟောင်းကျမ်းကို ဟီးဘရူးလိုရေးထားပြီး၊ ဓမ္မာသစ်ကျမ်းကို လက်တင်လိုရေးထားတာပါ။ ဒါတွေကို နားလည်းဖို့ က တသက်လုံး ဘုန်းကြီးဝတ်ပြီး လေ့လာရမယ်။ ဘုန်းကြီးကျောင်းတွေ မှာပဲ ဆင့်ကဲ ဆင့်ကဲ သင်ကြားတော့ သာမာန်လူတွေ အဖို့ ဘုရားသခင် ထံ ကို ဆုတောင်းဖို့၊ ဘုရားသခင် ရဲ့ ခွင့်လွှတ်ခြင်းကို လက်ခံ ရဖို့ ကျမ်းစာ တွေက တဆင့်သွားရမယ် ဆိုရင် ဘုန်းကြီးတွေ က တဆင့်ပဲ သွားရတော့ မယ်။
     ဒီလိုမျိုး အယူအဆကို ဟိန္ဒူဝါဒ မှာလဲ တွေ့ နိုင်တယ်။ ဝေဒကျမ်းတွေ၊ ပုရမ်ကျမ်းတွေ ကို ရွှတ်ဖတ်ဖို့ အတွက် ဇာတ်မြင့် လူတန်းစား သတ်သတ်ရှိတယ်။ သူတို့ တွေက ရွတ်ဖတ်ခြင်း၊ ဆုတောင်းခြင်းစသည့် ကိစ္စများတွင် လုပ်ရမည့် လုပ်ငန်းစဉ်များကို သားစဉ်မျိုးဆက် လက်ဆင့်ကမ်းသင်ကြားတယ်။ ဆိုလိုတာက ဘာသာရေး တစ်ခုကို လူတန်းစား တစ်ရပ်က မူပိုင် အခွင့် အရေး နှင့် ခံစားနေကြတယ်။
    အိန္ဒိယ က ဟိန္ဒူဝါဒ က အခု နောက်ပိုင်း ဘယ်လိုပြောင်းလဲ သွားသလဲ တော့ မသိဘူး။ ခရစ်ယန်ဘာသာမှာ တော့ တော်တော်အစောပိုင်းက တည်းက ဘာသာရေး တော်လှန်ရေး ဖြစ်ပွါးတယ်။ မာတင်လူသာဆိုတဲ့ ဘုန်းကြီးက ဒီလိုမျိုး ဘုန်းကြီးတွေ လက်ဝါးကြီးအုပ်ထားတဲ့ ခရစ်ယန်ဘာသာ ကနေ လူထုတွေ မိမိဘာသာ သမ္မာကျမ်းစာတွေကို ဖတ်နိုင်ဖို့ လူထုသုံးတဲ့ ဘာသာစကား နဲ့ ရေးထားတဲ့ သမ္မာကျမ်းစာအုပ် ဖြစ်အောင် ဘာသာပြန်ခဲ့တယ်။ လူတွေ သမ္မာကျမ်းစာ ကို ကိုယ်တိုင်ဖတ်ပြီး ကိုယ်တိုင် ဝတ်ပြုဆုတောင်း နိုင်အောင်ပါ။
    အဲဒီမှာ ဘာသာရေးတော်လှန်ရေးကြီး ဖြစ်တယ်။ ထုံးစံ အတိုင်း မူလ အခွင့်ထူးတွေကို ရရှိထားတဲ့ ဘုန်းကြီးတွေက နောက်ထပ် ဂိုဏ်းကွဲ တွေကို ဖိနှိပ်၊သတ်ဖြတ်တာပါ။ မိစ္ဆာဒိဠိ ဆိုပြီး စွပ်စွဲပြီး အရှင်လတ်လတ် မီးရှို့သတ်တဲ့ အထိ တောင် လုပ်တယ်။ ထင်ရှားတဲ့ ဂိုဏ်းကွဲ ကတော့ Protestent ဂိုဏ်းပေါ့။
       ဘုရားသခင်ရဲ့ ကျမ်းစာတွေကို ဘာသာပြန်ပြီး ပြီဆိုတော့ လက်တင်ဘာသာကို တသက်လုံးလေ့လာဖို့ မလိုတော့ဘူး။ လူဝတ်နဲ့ အိမ်ထောင်သားမွေး လုပ်နိုင်တယ်။ ဘုရားသခင်ရဲ့ တရားတော်တွေကို ဟောပြောတဲ့ လူဝတ် တရားဟောဆရာတွေ ဖြစ်လာတယ်။
        အမေရိကနိုင်ငံ ကို စတင်ထူထောင်တဲ့ အချိန်က ဘာသာရေးဖိနှိပ်မှုကြောင့် ဥရောပ ကနေ လူပေါင်းများစွာ ထွက်ပြေးခဲ့ကြပါတယ်။ ဒါကြောင့် အမေရိကန် ရဲ့ အခြေခံဥပဒေမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ကို ထည့်သွင်းခဲ့တယ်။
        နောက်တခု စကားစပ်မိလို့ ပြောချင်တာက Thomas Jefferson အပါအဝင် အမေရိကန်နိုင်ငံ ကို ထူထောင်သူအများစု ဟာ Deist ကို ယုံကြည်တယ်တဲ့။ Deist ဟာ ဖန်ဆင်းရှင် ထာဝရ ဘုရားရဲ့ ဖန်ဆင်းမှုကို ယုံကြည်ပုံ တမျိုးပါ။ သူတို့ Deist တွေ ယုံကြည်တာက ထာဝရဘုရားဟာ စကြာဝဠာကြီး အပါအဝင် ရွေ့လျားမှု နိယာမတွေကို ဖန်ဆင်းတယ်။ အဲဒီလို ဖန်ဆင်းပြီးတဲ့ နောက် ဘာမှ ဝင်ရောက်စွက်ဖက်ခြင်း မရှိတော့ဘူး။ နောက်ထပ် ပြုပြင်တာတွေ၊ ပြောင်းလဲတာတွေ ကတော့ လူတွေ ရဲ့ အလုပ်။
      အဲဒါကြောင့်လား မသိဘူး။ကိုယ် နဲ့ ဒါရိုက် မပတ်သက်ရင်တောင် သူတို့တန်ဖိုးထားတဲ့ အရာတွေ အတွက် စစ်တိုက်တဲ့ ပါဝင် ပတ်သက်တဲ့ အမေရိကန်တွေ က ဒီလိုမျိုးယုံကြည်မှုနဲ့ တနည်းနည်း ဆက်စပ်မယ် လို့ ထင်တယ်။ ကိုယ်တန်ဖိုးထားတဲ့ အရာတွေ အခြားလူတွေ လက်ခံအောင်၊ ယုံကြည်အောင် ပြုပြင်မယ် ဆိုတာပေါ့။
      သယံဇာတကြွယ်ဝသော်လည်း အလုပ်အပေါ်တန်ဖိုးထားမှု၊ ကြိုးစားမှု တို့ကို အခြေခံပြီး နိုင်ငံ ကို တည်ဆောက်ခဲ့တာပါ။ 
       ဟိုတလောက အပျိုစင် မဂ္ဂဇင်းမှာ ပါတဲ့ ဆောင်းပါးလေးကတော့ မှတ်သားလောက် စရာပါ။ အမေရိကန် အိမ်မြေခြံသေဌေးကြီး ဝါရင်ဘူဖေး က အထပ်ပေါင်းများစွာ ပါတဲ့ ကွန်ဒိုကြီးများစွာကို ပိုင်ပါတယ်။ အဲဒီတိုက်ကြီးတစ်လုံးက အခန်းတစ်ခန်းကို သူ့သမီးအရင်းက ဘဏ်က ငွေချေးပြီးဝယ်ရ ပါတယ်။ အဖေသူဌေးကြီးကလည်း မပေးသလို၊ သမီးကလည်း မတောင်းပါဘူး။ သူဝယ်ထားတဲ့တိုက်ခန်း အကြွေးကို ဆပ်နိုင်ဖို့ အတွက် တစ်နေ့ကို ၁၄ နာရီ လောက်အလုပ်လုပ် ရပါသတဲ့။
       အတိတ်ကံ တွေကို မှေးပြီး အလုပ်မလုပ်ပဲ မစောင့်နေပါဘူး။ ဘုရားသခင်ကို ပုံပြီးမအပ်ထားပါဘူး။ ကဲ ဘယ်လောက်အတုယူစရာ ကောင်းသလဲဗျာ။
        ပစ္စုပ္ပန်ကာမဝါဒ က ဘုရားကို မကိုးကွယ်ပါနဲ့။ကိုယ် ကိုကိုယ် ကိုးကွယ်ပါလို့ ပြောတယ်။ အဲဒါကို ထေရဝါဒ ဘုန်းကြီးက မှားယွင်းတဲ့ ကိုးကွယ်မှုတဲ့။ ဗုဒ္ဓကိုယ်တိုင် အတ္တဟိ အတ္တနော နာထော….မိမိကိုယ်ကို ကိုးကွယ်ရာ ရှိသည်..လို့ အတိအကျပြောတာပဲဗျာ။
      မိမိကိုယ်ကို ကိုးကွယ်ရာ ဆို ကတည်းက ရှင်းနေပြီးပဲ။ ကိုယ့်ရဲ့ လုပ်ကိုင်ကြိုးစားမှု ၊လုံ့လဝိရိယ ဒါတွေကို ကိုးကွယ်ရမှာပါ။
(မိမိ၏ အတွေးအမြင်များကို မျှဝေတင်ပြထားခြင်း သာ ဖြစ်ပါသည်။)

( Zawgyi )

       အေမရိကန္သမၼတ Thomas Jefferson ႏွင္႔အတူ အေမရိကန္ လြတ္လပ္ေရးေၾကညာစာတန္းကို ပူးတြဲေရးသားသူ Charles Thomson,က သမၼာက်မ္းစာကို သူ ယံုၾကည္ရာ အေၾကာင္းအရာမ်ားကို သာ ျဖတ္ထုတ္၍ စာရြက္အလြတ္တြင္ ကပ္ကာ သမၼာက်မ္းစာအုပ္ အသစ္ လုပ္လိုက္သည္။
    ကယ္တင္ရွင္ ေယရွု၏ လူသားဆန္ေသာ အခ်က္အလက္မ်ားသာ ယူထားသည္။ တန္ခိုးျပမႈမ်ား၊ အပ်ိဳစင္ေမြးဖြါးမႈ၊ ရွင္သန္ထေျမာက္မႈ စသည္႔ အလြန္အက်ဴးျဖစ္ရပ္မ်ားကို သူက ျဖတ္ထုတ္ထား လိုက္သည္။ ထိုစာအုပ္ကို အေမရိကန္သမၼတ Thomas Jefferson ထံ ကို ပို႔လိုက္ေသာအခါ သမၼတႀကီးက ေက်းဇူးတင္ေၾကာင္း စာျပန္ေရးသားခဲ႔သည္။ ( The Economist မွာ ပါတဲ႔ ေဆာင္းပါး မွ အခ်က္အလက္ )
     ထို႔အတူ ကၽြန္ေတာ္ တို႔သည္ ယံုၾကည္ကိုးကြယ္ ရာသည္ က်မ္းစာအုပ္မ်ား တြင္ ပါ၀င္သကဲ႔သို႔ အတိအက် ျဖစ္ပါသလား။ မိမိတို႔၏ အတၱ၊ မိမိတို႔ ၏ စိတ္စရိုက္မ်ား အတိုင္း က်မ္းစာမ်ားကို ျဖတ္၊ညွပ္၊ကပ္ လုပ္ကာ ထားျခင္း ေရာ မျဖစ္ႏိုင္ဘူးလား။
     ျဖစ္ႏိုင္ပါ၏။ ႏွစ္ရာေပါင္းမ်ားစြာ ကို ျဖတ္သန္းလာခဲ႔ ေသာ ဘာသာတရာမ်ားသည္ ယခုအခါ တြင္ ထို ဘာသာတရား မ်ားကို ထူေထာင္ခဲ႔ ေသာ ပုဂၢိဳလ္မ်ား ၏ ဦးတည္ခ်က္ ႏွင္႔ ကြာဟ လာႏိုင္ပါသည္။ ထို အေၾကာင္းကို သေရာ္သလိုလို ေရးထားတာကေတာ႔ ေဒၚစရုိင္ယက္စကီး ရဲ႕ကရာမာေဇာ႔ညီအစ္ကိုမ်ား မွာ ေတြ႔ႏိုင္ပါသည္။ သခင္ေယရွုက ရွင္သန္ထေျမာက္ျပီး လူ႔ျပည္ကို ေရာက္လာေသာအခါ ေရာမျမိဳ႕က ဘုန္းၾကီးေတြက တရားေဟာခြင္႔ ဘာမွ မေပးပဲ သခင္ေယရွုကို ေသဒဏ္ေပးခဲ႔တယ္။ သေရာ္စာလိုလို ေရးထားေပမဲ႔ ေတြးစရာေတြက ေတာ႔ အမ်ားႀကီးပါပဲ။
     -In the name of God ဆိုၿပီး Knight စစ္သည္ေတြ ႏွင္႔ စစ္တပ္ဖြဲ႔ထားတဲ႔ အထိ ဘုန္းႀကီးေတြက အာဏာရိွတယ္။ ေမြးဖြြါးသည္မွ ေသဆံုးသည္ အထိ ဘုန္းႀကီးေတြ ႏွင္႔ မကင္းႏိုင္ဘူး။ ဘုရင္ေတြ၊မိဖုရား ေတြ ရဲ႕ လည္း ခ်ဳပ္ကိုင္ထားတယ္။ အဲဒီ အေၾကာင္းေတြကို ဥေရာပ သမိုင္းေတြ မွာ ေတြ႔ႏိုင္ပါတယ္။
       ဘာျဖစ္လို႔ လဲ ဆိုေတာ႔ ဓမၼာေဟာင္းက်မ္းကို ဟီးဘရူးလိုေရးထားၿပီး၊ ဓမၼာသစ္က်မ္းကို လက္တင္လိုေရးထားတာပါ။ ဒါေတြကို နားလည္းဖို႔ က တသက္လံုး ဘုန္းႀကီး၀တ္ၿပီး ေလ႔လာရမယ္။ ဘုန္းႀကီးေက်ာင္းေတြ မွာပဲ ဆင္႔ကဲ ဆင္႔ကဲ သင္ၾကားေတာ႔ သာမာန္လူေတြ အဖို႔ ဘုရားသခင္ ထံ ကို ဆုေတာင္းဖို႔၊ ဘုရားသခင္ ရဲ႕ ခြင္႔လႊတ္ျခင္းကို လက္ခံ ရဖို႔ က်မ္းစာ ေတြက တဆင္႔သြားရမယ္ ဆိုရင္ ဘုန္းႀကီးေတြ က တဆင္႔ပဲ သြားရေတာ႔ မယ္။
     ဒီလိုမ်ိဳး အယူအဆကို ဟိႏၵဴ၀ါဒ မွာလဲ ေတြ႔ ႏိုင္တယ္။ ေ၀ဒက်မ္းေတြ၊ ပုရမ္က်မ္းေတြ ကို ရႊတ္ဖတ္ဖို႔ အတြက္ ဇာတ္ျမင္႔ လူတန္းစား သတ္သတ္ရိွတယ္။ သူတို႔ ေတြက ရြတ္ဖတ္ျခင္း၊ ဆုေတာင္းျခင္းစသည္႔ ကိစၥမ်ားတြင္ လုပ္ရမည္႔ လုပ္ငန္းစဥ္မ်ားကို သားစဥ္မ်ိဳးဆက္ လက္ဆင္႔ကမ္းသင္ၾကားတယ္။ ဆိုလိုတာက ဘာသာေရး တစ္ခုကို လူတန္းစား တစ္ရပ္က မူပိုင္ အခြင္႔ အေရး ႏွင္႔ ခံစားေနၾကတယ္။
    အိႏၵိယ က ဟိႏၵဴ၀ါဒ က အခု ေနာက္ပိုင္း ဘယ္လိုေျပာင္းလဲ သြားသလဲ ေတာ႔ မသိဘူး။ ခရစ္ယန္ဘာသာမွာ ေတာ႔ ေတာ္ေတာ္အေစာပိုင္းက တည္းက ဘာသာေရး ေတာ္လွန္ေရး ျဖစ္ပြါးတယ္။ မာတင္လူသာဆိုတဲ႔ ဘုန္းႀကီးက ဒီလိုမ်ိဳး ဘုန္းႀကီးေတြ လက္၀ါးႀကီးအုပ္ထားတဲ႔ ခရစ္ယန္ဘာသာ ကေန လူထုေတြ မိမိဘာသာ သမၼာက်မ္းစာေတြကို ဖတ္ႏိုင္ဖို႔ လူထုသံုးတဲ႔ ဘာသာစကား နဲ႔ ေရးထားတဲ႔ သမၼာက်မ္းစာအုပ္ ျဖစ္ေအာင္ ဘာသာျပန္ခဲ႔တယ္။ လူေတြ သမၼာက်မ္းစာ ကို ကိုယ္တိုင္ဖတ္ၿပီး ကိုယ္တိုင္ ၀တ္ျပဳဆုေတာင္း ႏိုင္ေအာင္ပါ။
    အဲဒီမွာ ဘာသာေရးေတာ္လွန္ေရးႀကီး ျဖစ္တယ္။ ထံုးစံ အတိုင္း မူလ အခြင္႔ထူးေတြကို ရရိွထားတဲ႔ ဘုန္းႀကီးေတြက ေနာက္ထပ္ ဂိုဏ္းကြဲ ေတြကို ဖိႏွိပ္၊သတ္ျဖတ္တာပါ။ မိစာၦဒိဠိ ဆိုၿပီး စြပ္စြဲၿပီး အရွင္လတ္လတ္ မီးရိွု႕သတ္တဲ႔ အထိ ေတာင္ လုပ္တယ္။ ထင္ရွားတဲ႔ ဂိုဏ္းကြဲ ကေတာ႔ Protestent ဂိုဏ္းေပါ႔။
       ဘုရားသခင္ရဲ႕ က်မ္းစာေတြကို ဘာသာျပန္ၿပီး ၿပီဆိုေတာ႔ လက္တင္ဘာသာကို တသက္လံုးေလ႔လာဖို႔ မလိုေတာ႔ဘူး။ လူ၀တ္နဲ႔ အိမ္ေထာင္သားေမြး လုပ္ႏိုင္တယ္။ ဘုရားသခင္ရဲ႕ တရားေတာ္ေတြကို ေဟာေျပာတဲ႔ လူ၀တ္ တရားေဟာဆရာေတြ ျဖစ္လာတယ္။
        အေမရိကႏိုင္ငံ ကို စတင္ထူေထာင္တဲ႔ အခ်ိန္က ဘာသာေရးဖိႏိွပ္မႈေၾကာင္႔ ဥေရာပ ကေန လူေပါင္းမ်ားစြာ ထြက္ေျပးခဲ႔ၾကပါတယ္။ ဒါေၾကာင္႔ အေမရိကန္ ရဲ႕ အေျခခံဥပေဒမွာ လြတ္လပ္စြာ ယံုၾကည္ကိုးကြယ္ခြင္႔ ကို ထည္႔သြင္းခဲ႔တယ္။
        ေနာက္တခု စကားစပ္မိလို႔ ေျပာခ်င္တာက Thomas Jefferson အပါအ၀င္ အေမရိကန္ႏိုင္ငံ ကို ထူေထာင္သူအမ်ားစု ဟာ Deist ကို ယံုၾကည္တယ္တဲ႔။ Deist ဟာ ဖန္ဆင္းရွင္ ထာ၀ရ ဘုရားရဲ႕ ဖန္ဆင္းမႈကို ယံုၾကည္ပံု တမ်ိဳးပါ။ သူတို႔ Deist ေတြ ယံုၾကည္တာက ထာ၀ရဘုရားဟာ စၾကာ၀ဠာႀကီး အပါအ၀င္ ေရြ႕လ်ားမႈ နိယာမေတြကို ဖန္ဆင္းတယ္။ အဲဒီလို ဖန္ဆင္းၿပီးတဲ႔ ေနာက္ ဘာမွ ၀င္ေရာက္စြက္ဖက္ျခင္း မရိွေတာ႔ဘူး။ ေနာက္ထပ္ ျပဳျပင္တာေတြ၊ ေျပာင္းလဲတာေတြ ကေတာ႔ လူေတြ ရဲ႕ အလုပ္။
      အဲဒါေၾကာင္႔လား မသိဘူး။ကိုယ္ နဲ႔ ဒါရိုက္ မပတ္သက္ရင္ေတာင္ သူတို႔တန္ဖိုးထားတဲ႔ အရာေတြ အတြက္ စစ္တိုက္တဲ႔ ပါ၀င္ ပတ္သက္တဲ႔ အေမရိကန္ေတြ က ဒီလိုမ်ိဳးယံုၾကည္မႈနဲ႕ တနည္းနည္း ဆက္စပ္မယ္ လို႔ ထင္တယ္။ ကိုယ္တန္ဖိုးထားတဲ႔ အရာေတြ အျခားလူေတြ လက္ခံေအာင္၊ ယံုၾကည္ေအာင္ ျပဳျပင္မယ္ ဆိုတာေပါ႔။
      သယံဇာတၾကြယ္၀ေသာ္လည္း အလုပ္အေပၚတန္ဖိုးထားမႈ၊ ၾကိဳးစားမႈ တို႔ကို အေျခခံၿပီး ႏိုင္ငံ ကို တည္ေဆာက္ခဲ႔တာပါ။ 
       ဟုိတေလာက အပ်ိဳစင္ မဂၢဇင္းမွာ ပါတဲ႔ ေဆာင္းပါးေလးကေတာ႔ မွတ္သားေလာက္ စရာပါ။ အေမရိကန္ အိမ္ေျမျခံေသေဌးႀကီး ဝါရင္ဘူေဖး က အထပ္ေပါင္းမ်ားစြာ ပါတဲ႔ ကြန္ဒိုႀကီးမ်ားစြာကို ပိုင္ပါတယ္။ အဲဒီတိုက္ႀကီးတစ္လံုးက အခန္းတစ္ခန္းကို သူ႔သမီးအရင္းက ဘဏ္က ေငြေခ်းၿပီး၀ယ္ရ ပါတယ္။ အေဖသူေဌးႀကီးကလည္း မေပးသလို၊ သမီးကလည္း မေတာင္းပါဘူး။ သူ၀ယ္ထားတဲ႔တိုက္ခန္း အေၾကြးကို ဆပ္ႏိုင္ဖို႔ အတြက္ တစ္ေန႔ကို ၁၄ နာရီ ေလာက္အလုပ္လုပ္ ရပါသတဲ႔။
       အတိတ္ကံ ေတြကို ေမွးၿပီး အလုပ္မလုပ္ပဲ မေစာင္႔ေနပါဘူး။ ဘုရားသခင္ကို ပံုၿပီးမအပ္ထားပါဘူး။ ကဲ ဘယ္ေလာက္အတုယူစရာ ေကာင္းသလဲဗ်ာ။
        ပစၥဳပၸန္ကာမ၀ါဒ က ဘုရားကို မကိုးကြယ္ပါနဲ႔။ကိုယ္ ကိုကိုယ္ ကိုးကြယ္ပါလို႔ ေျပာတယ္။ အဲဒါကို ေထရ၀ါဒ ဘုန္းႀကီးက မွားယြင္းတဲ႔ ကိုးကြယ္မႈတဲ႔။ ဗုဒၶကိုယ္တိုင္ အတၱဟိ အတၱေနာ နာေထာ….မိမိကိုယ္ကို ကိုးကြယ္ရာ ရိွသည္..လို႔ အတိအက်ေျပာတာပဲဗ်ာ။
      မိမိကိုယ္ကို ကိုးကြယ္ရာ ဆို ကတည္းက ရွင္းေနၿပီးပဲ။ ကိုယ္႔ရဲ႕ လုပ္ကိုင္ၾကိဳးစားမႈ ၊လံု႔လ၀ိရိယ ဒါေတြကို ကိုးကြယ္ရမွာပါ။
(မိမိ၏ အေတြးအျမင္မ်ားကို မွ်ေဝတင္ျပထားျခင္း သာ ျဖစ္ပါသည္။)

No comments:

Post a Comment