Monday, April 14, 2014

ငါးခွန်းသောစကား



(၁) ရည်ရွယ်ချက်ရှိပါ
          လောက၌ရည်ရွယ်ချက် မရှိသောသူသည် မည်သည့်အရပ်သို့ သွားရန် မသိသေးသော ခရီးသည်နှင့် တူ၏။ ကြီးပွါးလိုသောလူတိုင်း၌ ရည်ရွယ်ချက်ရှိရမည်။
          ရည်ရွယ်ချက်ရှိသောသူသည် ဇွဲကောင်း၏၊ စည်းစနစ်ကျ၏။
(၂) သူများနှင့် မတူအောင်လုပ်ပါ                                 
          သူများနှင့် မတူအောင် လုပ်ပါဟု ဆိုရာ၌ ကောင်းသောအလုပ်ကို ကောင်းသောရည်ရွယ်ချက်နှင့် ထူးချွန်အောင်လုပ်ရမည်ဟူ၍ ဆိုလိုခြင်း ဖြစ်ပါသတည်း။
(၃) အများသဘောကို မလိုက်နှင့်
          အများသဘောသည် အမှားပေါ၏။ အများသဘောသည် မှားလျှင် မှားကြောင်းကို ညွှန်ပြနိုင်ရမည်။ ဆန့်ကျင်ရဲရမည်။ ရေလိုက် ငါးလိုက် လိုက်သော သူတို့သည် မကြီးပွါးနိုင်ကုန်။
(၄) ပြုပြင်ရန် မကြောက်နှင့်
          လောက၌ ဘာသာရေးကလွဲလျှင် အားလုံးသောကိစ္စဟူသမျှသည် အမြဲပြုပြင်ပြောင်းလဲလျက်ရှိ၏။ ကြီးပွါးရေးအတွက် ပြုပြင်ရေးသည်လည်း အထူးအရေးကြီးလှပေသည်။
(၅) မယုံလွယ်နှင့်
          ပြောတိုင်း မယုံနှင့်။ ယုံတိုင်းလည်း မပြောနှင့်။ ချင့်ချိန်နှိုင်းဆ၍ ပြုလုပ်ပြောဆိုရာသည်။ ဤသည်လည်း ကြီးပွါးရေး၏ လှေကားတစ်ထစ်ဖြစ်ပေသတည်း။
                                                                             ဦးသန့်စာစု

No comments:

Post a Comment