Wednesday, April 23, 2014

ပျော်ရွှင်ခြင်းအသံ



        ဆရာတော် ဘင်ကီ ကွယ်လွန်ပြီးနောက်၊ ဆရာတော်၏ကျောင်းတိုက်အနီးတွင် နေထိုင်သော မျက်မမြင်တစ်ယောက်သည် သူ့မိတ်ဆွေကို ထိုသို့ပြောကြားပါတယ်။

          “ကျုပ်ဟာ မျက်စိကွယ်ပြီးနောက် လူတွေရဲ့မျက်နှာကို မတွေ့ရတော့ပါဘူး။ ဒါကြောင့် လူတစ်ယောက်ရဲ့အကျင်စာရိတ္တကို သိချင်ရင် ထိုလူရဲ့အသံကိုပဲ နားထောင်ရပါတော့တယ်။ သာမာန်အားဖြင့်ဆိုရရင် လူတစ်ယောက်အောင်မြင်တယ်၊ ပျော်ရွှင်တယ်။ အဲဒါကို အခြားလူတစ်ဦးက ဝမ်းမြောက်ကြောင်း ဆုတောင်းပေးပါတယ်။ အဲဒီအခါမှာ မနာလိုတဲ့လျှို့ဝှက်အသံကို ကျုပ် ကြားတယ်ဗျ။ အခြားတစ်ယောက်ရဲ့ ကံမကောင်းမှုကို စာနာသနားလို့ပြောခဲ့ရင်လည်း၊ ပျော်ရွှင်မှုနဲ့ ကျေနပ်မှုအသံကို ကျုပ် ကြားရတယ်ဗျာ။ ဘဝမှာပျောက်ဆုံးခဲ့တဲ့တစုံတရာကို ပြန်ရသလို ပျော်ရွှင်ကျေနပ်ကြတယ်ဗျာ။ ”

          “သို့သော်လည်း ကျုပ်အတွေ့အကြုံအရ ဆရာတော်ရဲ့အသံဟာ သိပ်ရိုးသားတယ်။ ဆရာတော်ဟာ ပျော်ရွှင်တယ်ဆို အသံမှာ ပျော်ရွှင်မှုကလွဲလို့ အခြားဘာအသံမှ မကြားရဘူး။ ဆရာတော် ဝမ်းနည်းတယ်ဆို ဝမ်းနည်းမှုကလွဲလို့ အခြားဘာအသံမှ မကြားရဘူး။”

( The Voice of Happiness from 101 Zen Stories ကိုဘာသာပြန်ဆိုပါသည်။ )

No comments:

Post a Comment