Saturday, April 5, 2014

အပြုံးနှင့် ဝန်ဆောင်ပါ



လူတစ်ဦးသည် အားလပ်ရက်အတွင်းသွားရောက်လည်ပတ်မည်ဟု စိတ်ကူးထားသော မစ်ဝက်စ်မြို့လေးမှ ဟော်တယ်ငယ်လေးတစ်ခုသို့ စာရေးပါသည်။
“ကျွန်တော့်ခွေးကို ကျွန်တော်နှင့်အတူ ခေါ်လာချင်ပါတယ်။ သူ့ကို ကောင်းစွာ သန့်ရှင်းရေး လုပ်ထားပါတယ်။ သူဟာ အကျင့်စရိုက်လဲကောင်းပါတယ်။ ညပိုင်းမှာ ကျွန်တော့်ခွေးကို ကျွန်တော်နှင့်အတူ အခန်းထဲတွင် အိပ်ခွင့်ပြုမည်လား သိချင်ပါသည်။”
ဟော်တယ်ပိုင်ရှင်ထံမှ ချက်ချင်းစာပြန်လာပါသည်။

“ကျွန်တော် ဒီဟော်တယ်ကို ဖွင့်ထားတာ နှစ်ပေါင်းများစွာကြာမြင့်ပါပြီ။ ထိုနှစ်များအတွင်း ခွေးတစ်ကောင်သည် ပုဝါများ၊ အိပ်ယာခင်းများ၊ ငွေထည်ပစ္စည်းများ၊ နံရံမှပန်းချီကားများကို ခိုးယူခဲ့ခြင်း မဖြစ်ပွါးခဲ့ပါ။
အရက်သောက်ခြင်း၊ မူးယစ်ရမ်းကားခြင်းတို့ကြောင့် ညသန်းခေါင်တွင် ခွေးတစ်ကောင်ကို နှင်မထုတ်ခဲ့ရဘူးပါ။ ခွေးတစ်ကောင်သည် တည်းခိုခ ငွေရှင်းခြင်း မပြုဘဲ ထွက်ပြေးခြင်း မပြုခဲ့ဘူးပါ။
လက်ခံပါတယ်။ ခင်ဗျားခွေးကို ကျွန်တော်တို့ ဟော်တယ်မှ လက်ခံကြိုဆိုပါတယ်။ သင့်ခွေး၏ အပြုအမူနှင့် ပတ်သက်၍ တာဝန်ယူသည်ဆိုပါလျှင် သင့်ကိုလည်း ကျွန်တော်တို့ ဟော်တယ်မှ ကြိုဆိုပါသည်၊ ခင်ဗျား။”

( Service with a Smile by Karl Albrecht and Ron Zenke ကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။  )

No comments:

Post a Comment