Friday, April 18, 2014

ရွှေဥဒေါင်း- တစ်သက်တာမှတ်တမ်း-- “သာသနာပြုခြင်းအကြောင်း



အနောက်တိုင်းပြည်များတွင် ဂျန်းတလ်မဲန်း အတန်းအစားလူများရှိကြသည်ဆိုလျှင် မြန်မာပြည်နှင့်တကွ ဗုဒ္ဓဘာသာကိုးကွယ်သော တိုင်းပြည်များမှ အင်္ဂလန်၊ အမေရိကန် စသော အနောက်တိုင်းပြည်များသို့ သာသနာပြုသွားရန် အကြံရှိသောပုဂ္ဂိုလ်များ လေးနက်စွာ စဉ်းစားထိုက်လှသည်။ အကယ်၍ သာသနာပြုဆရာများသည် အထက်ပါ ဂျန်းတလ်မဲန်း အဆင့်အတန်းရှိသော ပုဂ္ဂိုလ်နှင့် တွေ့ကြရသည့်အခါ မည်သို့သောတရားမျိုးကို ဟောကြပါမည်နည်း။ အရက်မသောက်ကြနှင့်၊ ငှက်မပစ်ကြနှင့်၊ ညစာမစားကြပါနှင့်၊ ဘုန်းကြီးများကို ရှိခိုးကြပါ၊ လှူဖွယ်ပစ္စည်းများကို ပေးလှူကြပါ ဆိုသည်ထက် (လက်တွေ့ကျင့်စဉ်အနေဖြင့်) ပို၍ ဟောစရာရှိကြပါသေးသလော၊ ဤမျှနှင့်လည်း နိဗ္ဗာန်ရောက်ကြောင်းတရား ဟုတ်ပါ၏လော။ နိဗ္ဗာန်ရောက်ကြောင်းတရားများ ဟောပြောတတ်ကြပါသည်ဆိုလျှင် ဟောပြောမည့် ပုဂ္ဂိုလ်များ ကိုယ်တိုင် ပေါက်မြောက်အောင် အားထုတ်ကြပြီးပါပြီလော။

ကိုယ်တိုင်ပေါက်ရောက်အောင် အားမထုတ်ရသေးပါဘဲလျှက် သူတစ်ပါးတို့အား ပေါက်ရောက်အောင်ဖြစ်စေ၊ (ယုတ်စွအဆုံး) အားထုတ်ချင်သောဆန္ဒပြင်းထန်းစွာ ဖြစ်ပေါ်လာအောင်ဖြစ်စေ၊ ဟောပြောနိုင်သည်ဟု ယုံကြည်ကြပါသည်လော။ နာဂတောင်တန်းသို့ တရားဟောထွက်ခြင်းနှင့် ဂျန်းတလ်မဲန်းများရှိသောဌာနသို့ တရားဟောထွက်ခြင်းသည် အတူတူပင် လွယ်ကူသည်ဟု ထင်ကြပါသလော။”

“အိန္ဒယပြည်မှ အနောက်တိုင်းသို့ တရားဟောထွက်ခဲ့ကြသည့် ဗီဗီကာနန္ဒ၊ ရာမတိဿစသော ပုဂ္ဂိုလ်များသည် (ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ) သူတို့နည်းနှင့် သူတို့ တောထဲတွင် နှစ်ပေါင်းများစွာ အားထုတ်ပြီးနောက် အနောက်တိုင်းဘာသာစကားကို ပရော်ဖက်ဆာများကဲ့သို့ ပြောတတ်အောင် လေ့လာပြီးခါမှ လှည့်လည်ဟောပြောကြသည်ဟု ဖတ်ရဖူး၏။”

“ကျွန်ုပ်တို့ မြန်မာလူမျိုးသည် ဗုဒ္ဓ၏တရားတော်ကြောင့် သာသနာတော် မရောက်မှီကထက် ခုန်၍ တက်သလို ယဉ်ကျေးလာကြခြင်းကား ယုံမှားဖွယ်မရှိပေ။”
“အင်္ဂလန်အစရှိသော အနောက်တိုင်းပြည်များတွင်လည်း လူမျိုး၊ ယဉ်ကျေးမှုနှင့် ခရစ်ယာန်ယဉ်ကျေးမှုနှစ်ခုတွဲလျှက် ရှိ၏။ ထိုသူတို့အား ကျွန်ုပ်တို့က အရိုင်းအစိုင်းများသဖွယ် သဘောထားကာ ယဉ်ကျေးအောင်ဆို၍ သာသနာပြုဖို့ လိုအပ်သည် မဟုတ်ပေ။”

1 comment: