Wednesday, April 23, 2014

မလိုလားသော ဧည့်သည်များ




          “ကျုပ်တို့ ဘုန်းကြီးကျောင်းမှာ တံခါးတွေ မရှိပါဘူး။” ဘုန်းကြီးမှ ဧည့်သည်ကို ပြောလိုက်တယ်။
          “သူခိုးတွေ ဘာတွေလာရင် ဘယ်လိုလုပ်မလဲ”
          “တန်ဖိုးရှိတဲ့ပစ္စည်းတွေ ကျုပ်တို့မှာ မရှိပါဘူး။ ရှိခဲ့ရင်လည်း တကယ်လိုအပ်သူတွေကို ပေးပစ်လိုက်မှာပါ။”
          “ဘုန်းကြီးတို့ရဲ့ငြိမ်းချမ်းမှုကို လာရောက်ဒုက္ခပေးတဲ့လူတွေ ရောက်လာခဲ့ရင်ကော..”
          “ဥပက္ခေပြုထားလိုက်မယ်။ နောက်တော့ သူတို့ ထွက်ခွါသွားမှာပေါ့” လို့ ဘုန်းကြီးက ဖြေလိုက်တယ်။
          “ဒါပဲလား။ အဲဒီလုပ်တာ အဆင်ပြေလား။”
          ဘုန်းကြီး ပြန်မဖြေတော့ပါဘူး။ ဧည့်သည်က သူ့ရဲ့မေးခွန်းကို ထပ်ခါထပ်ခါ မေးပါတယ်။ သို့သော်လည်း တုံ့ပြန်မှုမရှိတဲ့ဘုန်းကြီးရဲ့အမူအယာကို မြင်ရတဲ့အခါ အဝေးကိုထွက်ခွါသွားပါတော့တယ်။
          “ကဲ၊ ဒီနည်းလမ်း တကယ်အလုပ်ဖြစ်တယ်ဆိုတာ မင်းမြင်ပြီ မဟုတ်လား” လို့ ဘုန်းတော်ကြီးက သူ့ဘာသာ တစ်ယောက်တည်း ပြောလိုက်ပါတော့တယ်။

( The undesirable visitors by Paulo Coelho ကို ဘာသာပြန်ဆိုသည်။ )

No comments:

Post a Comment