Thursday, April 16, 2015

တာဝန်ရှိခြင်း နှင့် တာဝန်သိခြင်း

SMS ( Safety Management System ) ဆိုရင် သင်္ဘောသားတွေ တရင်းတနှီး သိကြပါလိမ့်မယ်။ အဲဒီစာအုပ်ထူကြီးထဲမှာ သင်္ဘောပေါ်ရှိ ရာထူးတိုင်းအတွက် တာဝန်ဝတ္တရားနှင့် တာဝန်ရှိခြင်း ( Duty & Responsibility ) ကို ရေးထားပါသည်။

        သင်္ဘောသားတစ်ဦးစီရဲ့ ကိုယ်ပိုင်တာဝန်များနှင့် တာဝန်ရှိသောအလုပ်များကို စနစ်တကျ မှားယွင်းမှုမရှိရအောင် ရေးထားပါသည်။ ဒီလို ရေးဆွဲပြဌာန်းထားခြင်းကို သင်္ဘောပေါ်တွင် သာမက ကုန်းပေါ်ရှိကုမ္ပဏီများတွင်လည်း ပြုလုပ်ထား တတ်ကြပါသည်။ မိမိတာဝန်ရှိသောအလုပ်အကိုင်ကို ပြဌာန်းထားခြင်းကြောင့် တာဝန်နှင့် ဆိုင်သောအမှားများ နည်းပါးစေရန်ဖြစ်ပါသည်။ 

        တာဝန်ရှိသော ဘောင်ကိုကျော်၍ လုပ်ကိုင်ခြင်း၊ တာဝန်ရှိသည်ကို မသိကျိုးနွံပြုပြီး ရှောင်ဖယ်ခြင်း မရှိစေရန်ဖြစ်သည်။ Duty & Responsibility ကို ပြဌာန်းခြင်းကို management ပြုလုပ်သော ပင်မကုမ္ပဏီမှ ရေးဆွဲခြင်းဖြစ်သည်။
        အထက်မှ အလုပ်သမားများ လုပ်ကိုင်ရန်အတွက် ပြဌာန်ထားသော တာဝန်၊ ဝတ္တရားကို Duty & Responsibility ဟုခေါ်ပါသည်။

        ထို့ပြင် အခြားစိတ်ဝင်စားစရာကောင်းသော စကားလုံးတစ်ခု ရှိပါသေးသည်။ Accountability - တာဝန်သိခြင်း ဖြစ်ပါသည်။ မိမိလက်ခံကျင့်သုံးသော ကျင့်ဝတ်အရ မိမိလုပ်ကိုင်သင့်သောတာဝန်ဝတ္တရားကို မိမိစိတ်တွင်းမှသိခြင်းကို ဆိုလိုပါသည်။ အထက်လူကြီးများမှ ခိုင်းစေသောတာဝန် မဟုတ်ပါ။ မိမိကိုယ်တိုင်သိ၍ လုပ်ကိုင်ခြင်း၊ တာဝန်ယူခြင်း စသည့်အဓိပ္ပါယ်များ ပါဝင်ပါသည်။

        မိမိ၏တာဝန်ကို သိထားဖို့ ပထမဆုံး အရေးကြီးပါသည်။ ထို့ထက်ပို့၍ တာဝန်ကို ကိုယ်ပိုင်သိစိတ်ဖြင့် လုပ်ကိုင်ခြင်း၊ လုံခြုံဘေးကင်းရေးအတွက် တာဝန်သိမှုဖြင့် ကြိုတင်ကာကွယ်ခြင်း အစရှိသည့် ကျင့်ဝတ်ပိုင်းဆိုင်ရာ အဆင့် အထိမြှင့်တင်သွားရန် လိုအပ်ပါသည်။

        ကျနော့်အတွေ့အကြုံအရ တာဝန်သိစိတ်ရှိသော သင်္ဘောသားတစ်ဦးသည် လုပ်ငန်းခွင်တွင် အောက်ငယ်သား၊ အထက်လူကြီး တို့နှင့် အဆင်ပြေလေ့ရှိပြီး၊ ထိုသူ့ကို လုပ်ငန်းခွင်အတွင်း အားကိုးတကြီး ရှိတတ်ကြပါသည်။ 

        မည်သို့သေးငယ်သောအလုပ်မဆို ငါနှင့်မဆိုင်၊ ဟိုဒီလွှဲချတတ်သူများနှင့် တွဲ၍ဆက်ဆံလုပ်ကိုင်ရသူများမှာ အလွန်စိတ်မချမ်းသာစရာကောင်းလှပါသည်။
        တာဝန်ကို သိသောလူအဆင့်မှ တာဝန်ကို မိမိဘာသာသိသောလူ အဆင့်သို့ တဖြေးဖြေး မြှင့်တင်သွားနိုင်ကြပါစေဟု ဆုတောင်းရင်း….
လေးစားလျှက်
အလင်းသစ်

( Zawgyi )

SMS ( Safety Management System ) ဆိုရင္ သေဘၤာသားေတြ တရင္းတႏွီး သိၾကပါလိမ္႔မယ္။ အဲဒီစာအုပ္ထူႀကီးထဲမွာ သေဘၤာေပၚရိွ ရာထူးတိုင္းအတြက္ တာဝန္ဝတၱရားႏွင္႔ တာဝန္ရိွျခင္း ( Duty & Responsibility ) ကို ေရးထားပါသည္။

        သေဘၤာသားတစ္ဦးစီရဲ႕ ကိုယ္ပိုင္တာဝန္မ်ားႏွင္႔ တာဝန္ရိွေသာအလုပ္မ်ားကို စနစ္တက် မွားယြင္းမႈမရိွရေအာင္ ေရးထားပါသည္။ ဒီလို ေရးဆြဲျပဌာန္းထားျခင္းကို သေဘၤာေပၚတြင္ သာမက ကုန္းေပၚရိွကုမၸဏီမ်ားတြင္လည္း ျပဳလုပ္ထား တတ္ၾကပါသည္။ မိမိတာဝန္ရိွေသာအလုပ္အကိုင္ကို ျပဌာန္းထားျခင္းေၾကာင္႔ တာဝန္ႏွင္႔ ဆိုင္ေသာအမွားမ်ား နည္းပါးေစရန္ျဖစ္ပါသည္။ 

        တာဝန္ရိွေသာ ေဘာင္ကိုေက်ာ္၍ လုပ္ကိုင္ျခင္း၊ တာဝန္ရိွသည္ကို မသိက်ဳိးႏြံျပဳၿပီး ေရွာင္ဖယ္ျခင္း မရိွေစရန္ျဖစ္သည္။ Duty & Responsibility ကို ျပဌာန္းျခင္းကို management ျပဳလုပ္ေသာ ပင္မကုမၸဏီမွ ေရးဆြဲျခင္းျဖစ္သည္။
        အထက္မွ အလုပ္သမားမ်ား လုပ္ကိုင္ရန္အတြက္ ျပဌာန္ထားေသာ တာဝန္၊ ဝတၱရားကို Duty & Responsibility ဟုေခၚပါသည္။

        ထို႔ျပင္ အျခားစိတ္ဝင္စားစရာေကာင္းေသာ စကားလုံးတစ္ခု ရိွပါေသးသည္။ Accountability - တာဝန္သိျခင္း ျဖစ္ပါသည္။ မိမိလက္ခံက်င္႔သုံးေသာ က်င္႔ဝတ္အရ မိမိလုပ္ကိုင္သင္႔ေသာတာဝန္ဝတၱရားကို မိမိစိတ္တြင္းမွသိျခင္းကို ဆိုလိုပါသည္။ အထက္လူႀကီးမ်ားမွ ခိုင္းေစေသာတာဝန္ မဟုတ္ပါ။ မိမိကိုယ္တိုင္သိ၍ လုပ္ကိုင္ျခင္း၊ တာဝန္ယူျခင္း စသည္႔အဓိပၸါယ္မ်ား ပါဝင္ပါသည္။

        မိမိ၏တာဝန္ကို သိထားဖို႔ ပထမဆုံး အေရးႀကီးပါသည္။ ထို႔ထက္ပို႔၍ တာဝန္ကို ကိုယ္ပိုင္သိစိတ္ျဖင္႔ လုပ္ကိုင္ျခင္း၊ လုံၿခံဳေဘးကင္းေရးအတြက္ တာဝန္သိမႈျဖင္႔ ႀကိဳတင္ကာကြယ္ျခင္း အစရိွသည္႔ က်င္႔ဝတ္ပိုင္းဆိုင္ရာ အဆင္႔ အထိျမွင္႔တင္သြားရန္ လိုအပ္ပါသည္။

        က်ေနာ္႔အေတြ႔အႀကံဳအရ တာဝန္သိစိတ္ရိွေသာ သေဘၤာသားတစ္ဦးသည္ လုပ္ငန္းခြင္တြင္ ေအာက္ငယ္သား၊ အထက္လူႀကီး တို႔ႏွင္႔ အဆင္ေျပေလ႔ရိွၿပီး၊ ထိုသူ႔ကို လုပ္ငန္းခြင္အတြင္း အားကိုးတႀကီး ရိွတတ္ၾကပါသည္။ 

        မည္သို႔ေသးငယ္ေသာအလုပ္မဆို ငါႏွင္႔မဆိုင္၊ ဟိုဒီလႊဲခ်တတ္သူမ်ားႏွင္႔ တြဲ၍ဆက္ဆံလုပ္ကိုင္ရသူမ်ားမွာ အလြန္စိတ္မခ်မ္းသာစရာေကာင္းလွပါသည္။
        တာဝန္ကို သိေသာလူအဆင္႔မွ တာဝန္ကို မိမိဘာသာသိေသာလူ အဆင္႔သို႔ တေျဖးေျဖး ျမွင္႔တင္သြားႏိုင္ၾကပါေစဟု ဆုေတာင္းရင္း….
ေလးစားလွ်က္
အလင္းသစ္

No comments:

Post a Comment