ထို့ကြောင့် ပိရပစ်များကို လေ့လာချက်အရ ထိုခေတ် နည်းပညာ တည်ဆောက်မှုနှင့် စီးပွါးရေးကောင်းမွန်မှုမှာ အံ့မခန်း ဖြစ်ခဲ့ပုံရသည်ဟု ကောက်ချက်ချခဲ့ပါသည်။ တကယ်တော့ ယနေ့လူသားတို့၏ ယဉ်ကျေးမှုသည် တက်လိုက်ကျလိုက်၊ တည်ဆောက်လိုက် ဖျက်ဆီးလိုက် ဖြင့် နှစ်ပေါင်းထောင်ချီ ခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ ပျက်စီးသွားသော ယဉ်ကျေးမှုကို စဉ်းစားမိသောအခါ မိမိတို့၏ ယနေ့တည်ရှိမှုမှာ အလွန်မှုံဝါးလှပါသည်။
ယနေ့ကာလ၏ ထူးခြားချက်သည် အရာဝတ္ထုများ ပျက်စီးရုံသာမက လူသားမျိုးနွယ်ပါ ပျက်စီးသွားနိုင်သည့် အနုမြူဗုံး၊ ဟိုက်ဒရိုဂျက်ဗုံးများကို ပိုင်ဆိုင်ခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင်း သိပ္ပံပညာရှင် အိုင်းစတိုင်းက တတိယကမ္ဘာစစ် ဘယ်တော့ဖြစ်မလဲ ဆိုတာ မပြောတတ်ပါဘူး။ သေချာတာက စတုတ္ထကမ္ဘာစစ်ကြီး ဖြစ်ရင် လူသားတွေ ကျောက်လက်နက်တွေနှင့် တိုက်ခိုက်ကြမှာ….လို့ အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့လေသည်။
ထိုအနုမြူလက်နက်များကြောင့် ယဉ်ကျေးမှုစနစ်တစ်ခုလုံး ပျက်သုန်းသွားနိုင်ပုံကို ပြောခြင်းပင် ဖြစ်သည်။ ပိရမစ်ကြီးများ အောက်ခြေတွင် ဓါတ်ပုံရိုက်ပြီးသွားသောအခါ၊ ပိရမစ်အောက်ခြေရှိ အဆောက်အဦးတစ်ခု အတွင်းသို့ သွားကြမည်ဟု တိုးဂိုက်က ပြောသည်။ ထိုအဆောက်အဦးသည် ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားပါသည်။
ထိုအဆောက်အဦးထဲတွင် နတ်ကွန်းပုံစံနှင့် နတ်များအား ဆက်သရန် ကျောက်စားပွဲတစ်ခု ရှိသည်။ ထို့နောက် ရေချိုးဇလုံပုံစံချိုင့်တစ်ခုကို အခန်း၏ ကြမ်းပြင်တွင် တွေ့ရသည်။ ထို ချိုင့်ခွက်သည် ခြောက်ပေခန့် ရှည်၍ ၊ နှစ်ပေခန့်ကျယ်ပါသည်။ ခေါင်းတလားတစ်ခု အတိုင်းပင် ဖြစ်သည်။ ထိုချိုင့်ထဲတွင် မာမီ ပြုလုပ်စီမံသည်ဟု ဆိုသည် ။ ထိုသို့လျှင် ချိုင့်၏ အကျယ်အဝန်းအရ ထိုလွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်မှ လူများ၏ အရွယ်အစားသည်လည်း ကျွန်တော်တို့ ယခုခေတ် လူများ၏ အလွယ်အစားအတိုင်းပင် ဖြစ်ပါသည်။ ဤသို့ပင် အမှန်ဖြစ်ပါလိမ့်မည်။
ယခုခေတ် စာများတွင် တွေ့ရသော ဗုဒ္ဓဘုရားရှင်၏ ကိုယ်ခန္ဓာအရွယ်အစား စဉ်းစားစရာကောင်းပါသည်။ အတွင်းတွင် ကျောက်တိုင်ပုံစံများကိုလည်း တွေ့ရသည်။ ထိုကျောက်တိုင်များမှာ တဆက်တည်း ချောနေကာ၊ ဆက်ရာ လုံးဝ မရှိပါ။
နံရံတွင် ထွင်းထုထားသော တံခါးပုံတစ်ခု အနီးသို့ ရောက်သောအခါ တိုးဂိုက်က ထိုတံခါးသည် ပထမတံခါး ဟု ခေါ်ပါသည်ဟု ရှင်းပြသည်။ တံခါး၏ အောက်ခြေတွင် လူဝင်နိုင်သောအပေါက်နှင့် လှေကားတစ်များ ရှိပါသည်။ ထို တံခါးပုံ ထွင်းထုထားသော်လည်း ၊ အမှန်တကယ်ဝင်ပေါက်မှာ တံခါး၏အောက်ခြေ ရှိ အပေါက်သာ ဖြစ်သည် ။ ရှာဖွေသူများ မျက်စိလည်စေရန် တည်ဆောက်ထားခြင်းပင် ဖြစ်သည်။ ထိုအောက်ခြေရှိ လှေကားထစ်များ အတိုင်း ဆင်းသွားသောအခါ အောက်ဘက်တွင် အခန်းငယ်တစ်ခု ရှိပါသည်။
ထိုအခန်းငယ်၏ အဝင်ပေါက်နှင့် တည့်တည့်ခန့်တွင် ကျောက်တလားတစ်ခု ရှိပြီး၊ ထိုကျောက်တလားထဲတွင် မံမီကို ထည့်ထားသည် ဟု တိုးဂိုက်က ရှင်းပြသည်။ ကျောက်တလားသည် ခြောက်ပေခန့် ရှိပြီး၊ အဖုံးဖြင့် ဖုံးထားသည်။ ယခုခေတ်လူများက အဖုံးကို ဟပြီး ကျောက်ခဲများဖြင့် ခုထား၏။ အခုအချိန်တွင် မံမီကို ကိုင်ရိုပြတိုက်သို့ ရွေ့ထားလိုက်ပါပြီ။ ထူးဆန်းသည်မှာ ကျောက်တလား အဖုံးမှာ တသားထဲ ဖြစ်သော ကျောက်ဖျာချပ်ကြီး ဖြစ်သည်။ ထိုအခန်းငယ်သည် လူပေါက်များစွာ ဝင်ရောက်လုပ်ကိုင်နိုင်ရန် ကျယ်ဝန်းခြင်း မရှိပါ။
ထိုကျောက်ဖျာသည် ၆ တန်ခန့်လေးသည် ။ ကျောက်တလားသည် နံရံတွင် ထွင်းထားသော ချိုင့်ထဲတွင် ထည့်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် အဖုံးကို မပြီး ဖုံးလျှင် တဘက်ထဲတွင်သာ လူများ မနိုင်မည် ဖြစ်သည်။ ထိုသို့ လေးသော ကျောက်ဖျာကြီးကို ခက်ခက်ခဲခဲ မရမည့် အလုပ်မှာ မလွယ်သောအလုပ် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လွန်ခဲ့သောထောင်စုနှစ်များက ယဉ်ကျေးမှုများ၏ အချို့အစိတ်အပိုင်းများသည် ယနေ့ခေတ်လူများအား အံ့သြစေခဲ့သည်။ ထိုသို့သော အကြောင်းအရာနှင့် ပတ်သက်၍ သင်္ဘောကပ္ပတိန်နှင့် ကျနော် စကားပြောဖြစ်ပါသည်။ သူငယ်စဉ်အချိန်က နေခဲ့သော ပါကစ္စတန်တွင်လည်း နှစ်ပေါင်း ၅၀၀၀ သက်တမ်းရှိ မြို့ပျက်နှစ်ခုကို ရှာဖွေတွေ ရှိသည်ဟု ပြောပါသည်။ ထူးခြားမှုကား မြို့တည်ဆောက်မှုသည် ယနေ့ခေတ်မြို့တော်များကဲ့သို့ ခေတ်မှီသည်။ မိလ္လာစနစ်အတွက် မြောင်းကို စနစ်တကျ ဖေါက်ထားပါသည် ။ ကျွန်တော်တို့ မြန်မာနိုင်ငံ ရှိသရေခေတ္တာမြို့ဟောင်းသည် မည်သို့ တည်ဆောက်ထားသလဲ အဆင်သင့်လျှင်တော့ သွားရောက်၍ လေ့လာသင့်ပေသည်။
( Zawgyi )
ထို႔ေၾကာင္႔ ပိရပစ္မ်ားကို
ေလ႔လာခ်က္အရ ထိုေခတ္ နည္းပညာ တည္ေဆာက္မႈႏွင္႔ စီးပြါးေရးေကာင္းမြန္မႈမွာ အံ့မခန္း ျဖစ္ခဲ႔ပုံရသည္ဟု
ေကာက္ခ်က္ခ်ခဲ႔ပါသည္။ တကယ္ေတာ႔ ယေန႔လူသားတို႔၏ ယဥ္ေက်းမႈသည္ တက္လိုက္က်လိုက္၊ တည္ေဆာက္လိုက္
ဖ်က္ဆီးလိုက္ ျဖင္႔ ႏွစ္ေပါင္းေထာင္ခ်ီ ခဲ႔ၿပီ ျဖစ္သည္။ ထိုကဲ႔သို႔ ပ်က္စီးသြားေသာ
ယဥ္ေက်းမႈကို စဥ္းစားမိေသာအခါ မိမိတို႔၏ ယေန႔တည္ရိွမႈမွာ အလြန္မႈံဝါးလွပါသည္။
ယေန႔ကာလ၏ ထူးျခားခ်က္သည္ အရာဝတၳဳမ်ား ပ်က္စီးရုံသာမက လူသားမ်ိဳးႏြယ္ပါ
ပ်က္စီးသြားႏိုင္သည္႔ အႏုျမဴဗံုး၊ ဟုိက္ဒရိုဂ်က္ဗုံးမ်ားကို ပိုင္ဆိုင္ျခင္းပင္ ျဖစ္ပါသည္။
ထို႔ေၾကာင္း သိပၸံပညာရွင္ အိုင္းစတိုင္းက တတိယကမာၻစစ္ ဘယ္ေတာ႔ျဖစ္မလဲ ဆိုတာ မေျပာတတ္ပါဘူး။
ေသခ်ာတာက စတုတၳကမာၻစစ္ႀကီး ျဖစ္ရင္ လူသားေတြ ေက်ာက္လက္နက္ေတြႏွင္႔ တိုက္ခိုက္ၾကမွာ….လို႔
အင္တာဗ်ဴးတစ္ခုတြင္ ေျပာၾကားခဲ႔ေလသည္။
ထိုအႏုျမဴလက္နက္မ်ားေၾကာင္႔ ယဥ္ေက်းမႈစနစ္တစ္ခုလံုး ပ်က္သုန္းသြားႏုိင္ပံုကို ေျပာျခင္းပင္ ျဖစ္သည္။ ပိရမစ္ႀကီးမ်ား ေအာက္ေျခတြင္
ဓါတ္ပုံရိုက္ၿပီးသြားေသာအခါ၊ ပိရမစ္ေအာက္ေျခရိွ အေဆာက္အဦးတစ္ခု အတြင္းသို႔ သြားၾကမည္ဟု
တိုးဂိုက္က ေျပာသည္။ ထိုအေဆာက္အဦးသည္ ေက်ာက္တုံးႀကီးမ်ားျဖင္႔ တည္ေဆာက္ထားပါသည္။
ထိုအေဆာက္အဦးထဲတြင္
နတ္ကြန္းပံုစံႏွင္႔ နတ္မ်ားအား ဆက္သရန္ ေက်ာက္စားပြဲတစ္ခု ရိွသည္။ ထို႔ေနာက္ ေရခ်ိဳးဇလံုပံုစံခ်ိဳင္႔တစ္ခုကို အခန္း၏ ၾကမ္းျပင္တြင္ ေတြ႕ရသည္။ ထို ခ်ိဳင္႔ခြက္သည္ ေျခာက္ေပခန္႔ ရွည္၍
၊ ႏွစ္ေပခန္႔က်ယ္ပါသည္။ ေခါင္းတလားတစ္ခု အတိုင္းပင္ ျဖစ္သည္။ ထိုခ်ိဳင္႔ထဲတြင္ မာမီ
ျပဳလုပ္စီမံသည္ဟု ဆိုသည္ ။ ထိုသို႔လွ်င္ ခ်ိဳင္႔၏ အက်ယ္အဝန္းအရ ထိုလြန္ခဲ႔ေသာ ႏွစ္ေပါင္း
၅၀၀၀ ခန္႔မွ လူမ်ား၏ အရြယ္အစားသည္လည္း ကၽြန္ေတာ္တို႔ ယခုေခတ္ လူမ်ား၏ အလြယ္အစားအတိုင္းပင္
ျဖစ္ပါသည္။ ဤသို႔ပင္ အမွန္ျဖစ္ပါလိမ္႔မည္။
ယခုေခတ္ စာမ်ားတြင္ ေတြ႔ရေသာ ဗုဒၶဘုရားရွင္၏
ကိုယ္ခႏၶာအရြယ္အစား စဥ္းစားစရာေကာင္းပါသည္။
အတြင္းတြင္ ေက်ာက္တိုင္ပံုစံမ်ားကိုလည္း ေတြ႔ရသည္။ ထိုေက်ာက္တိုင္မ်ားမွာ တဆက္တည္း
ေခ်ာေနကာ၊ ဆက္ရာ လုံးဝ မရိွပါ။
နံရံတြင္ ထြင္းထုထားေသာ တံခါးပံုတစ္ခု အနီးသို႔
ေရာက္ေသာအခါ တိုးဂိုက္က ထိုတံခါးသည္ ပထမတံခါး ဟု ေခၚပါသည္ဟု ရွင္းျပသည္။ တံခါး၏ ေအာက္ေျခတြင္
လူဝင္ႏိုင္ေသာအေပါက္ႏွင္႔ ေလွကားတစ္မ်ား ရိွပါသည္။ ထို တံခါးပံု ထြင္းထုထားေသာ္လည္း
၊ အမွန္တကယ္ဝင္ေပါက္မွာ တံခါး၏ေအာက္ေျခ ရိွ အေပါက္သာ ျဖစ္သည္ ။ ရွာေဖြသူမ်ား မ်က္စိလည္ေစရန္
တည္ေဆာက္ထားျခင္းပင္ ျဖစ္သည္။ ထိုေအာက္ေျခရိွ ေလွကားထစ္မ်ား အတိုင္း ဆင္းသြားေသာအခါ
ေအာက္ဘက္တြင္ အခန္းငယ္တစ္ခု ရိွပါသည္။
ထိုအခန္းငယ္၏ အဝင္ေပါက္ႏွင္႔ တည္႔တည္႔ခန္႔တြင္
ေက်ာက္တလားတစ္ခု ရိွၿပီး၊ ထိုေက်ာက္တလားထဲတြင္ မံမီကို ထည္႔ထားသည္ ဟု တိုးဂိုက္က ရွင္းျပသည္။
ေက်ာက္တလားသည္ ေျခာက္ေပခန္႔ ရိွၿပီး၊ အဖံုးျဖင္႔ ဖုံးထားသည္။ ယခုေခတ္လူမ်ားက အဖံုးကို
ဟၿပီး ေက်ာက္ခဲမ်ားျဖင္႔ ခုထား၏။ အခုအခ်ိန္တြင္ မံမီကို ကိုင္ရိုျပတိုက္သို႔ ေရြ႕ထားလိုက္ပါၿပီ။ ထူးဆန္းသည္မွာ
ေက်ာက္တလား အဖုံးမွာ တသားထဲ ျဖစ္ေသာ ေက်ာက္ဖ်ာခ်ပ္ႀကီး ျဖစ္သည္။ ထုိအခန္းငယ္သည္ လူေပါက္မ်ားစြာ
ဝင္ေရာက္လုပ္ကိုင္ႏုိင္ရန္ က်ယ္ဝန္းျခင္း မရိွပါ။
ထုိေက်ာက္ဖ်ာသည္ ၆ တန္ခန္႔ေလးသည္ ။ ေက်ာက္တလားသည္
နံရံတြင္ ထြင္းထားေသာ ခ်ိဳင္႔ထဲတြင္ ထည္႔ထားျခင္း ျဖစ္သည္။ ထို႔ေၾကာင္႔ အဖုံးကို မၿပီး
ဖံုးလွ်င္ တဘက္ထဲတြင္သာ လူမ်ား မႏိုင္မည္ ျဖစ္သည္။ ထိုသို႔ ေလးေသာ ေက်ာက္ဖ်ာႀကီးကို
ခက္ခက္ခဲခဲ မရမည္႔ အလုပ္မွာ မလြယ္ေသာအလုပ္ ျဖစ္သည္။
မည္သို႔ပင္ျဖစ္ေစ လြန္ခ႔ဲေသာေထာင္စုႏွစ္မ်ားက
ယဥ္ေက်းမႈမ်ား၏ အခ်ိဳ႕အစိတ္အပိုင္းမ်ားသည္ ယေန႔ေခတ္လူမ်ားအား အံ႔ၾသေစခဲ႔သည္။ ထိုသို႔ေသာ
အေၾကာင္းအရာႏွင္႔ ပတ္သက္၍ သေဘၤာကပၸတိန္ႏွင္႔ က်ေနာ္ စကားေျပာျဖစ္ပါသည္။ သူငယ္စဥ္အခ်ိန္က
ေနခဲ႔ေသာ ပါကစၥတန္တြင္လည္း ႏွစ္ေပါင္း ၅၀၀၀ သက္တမ္းရိွ ၿမိဳ႕ပ်က္ႏွစ္ခုကို ရွာေဖြေတြ
ရိွသည္ဟု ေျပာပါသည္။ ထူးျခားမႈကား ၿမိဳ႕တည္ေဆာက္မႈသည္ ယေန႔ေခတ္ၿမိဳ႕ေတာ္မ်ားကဲ႔သို႔
ေခတ္မွီသည္။ မိလႅာစနစ္အတြက္ ေျမာင္းကို စနစ္တက် ေဖါက္ထားပါသည္ ။ ကၽြန္ေတာ္တို႔ ျမန္မာႏိုင္ငံ
ရိွသေရေခတၱာၿမိဳ႕ေဟာင္းသည္ မည္သို႔ တည္ေဆာက္ထားသလဲ အဆင္သင္႔လွ်င္ေတာ႔ သြားေရာက္၍ ေလ႔လာသင္႔ေပသည္။
No comments:
Post a Comment