Thursday, April 16, 2015

ပိရမစ်များဆီသို့ အလည်တစ်ခေါက် ( ၄ )

 ထိုအခန်းတွင် နတ်ဘုရားပုံစံ ရုပ်ထုများကိုလည်း တွေ့ရပါသည်။ ထိုအခန်းမှ ပြန်ထွက်လာသောအခါ အခြားပိရပစ်တစ်ခု၏ အောက်ခြေသို့ သွားရောက်လေ့လာကြပါသည်။ ထိုနေရာသည် မြေပြင်မှ ၁၀ မီတာ အနက်တွင် တည်ရှိပါသည်။ မာမီများထည့်ထားသော မြေအောက်ရှိ သင်းချိုင်းဖြစ်ကြောင်း ရှင်းပြပါသည်။ 

           ကျွန်တော့်အတွက်တော့ သဲကန္တာရ၏ ရှင်းလင်းသော မြင်ကွင်း၊ ဟင်းလင်းပြင်ထဲတွင် မြေပြင်မှ တောင်ကြီးများကဲ့သို့ ထိုးထွက်နေသော ပိရမစ်ကြီးများ၊ နှစ်ပေါင်း ၅၀၀၀ သက်တမ်းရှိ လူလုပ်ပိရပစ်ကြီးများ၏ အလယ်မှ ကျွန်တော်တို့ လူသားများ၏ တည်ရှိနေမှုများကိုသာ တွေးနေမိပါသည်။ နှစ် ၅၀၀၀ သက်တမ်းကို မည်သည့်ကြံခိုင်မှုမျိုးဖြင့် ဖြတ်ကျော်ခဲ့ပါသလဲ။ သဲကန္တရ၏ ပြင်းထန်သော ရာသီဥတုနှင့် သဲမုန်တိုင်းများကို ဆန့်ကျင်တွန်းလှန်နိုင်ခဲ့သော ပိရပစ်များကို တည်ဆောက်ခဲ့သည့် အတတ်ပညာနှင့် စည်းလုံးမှု၊ ထိုကာလက သက်ဦးဆံပိုင်ဘုရင်စနစ် စသည်တို့ကိုသာ တွေးတောနေမိသည်။ 

        တည်ဆောက်ရမည့်နှစ်ကာလမှာ အကြာကြီး ဖြစ်သည်။ ထိုကာလအတွင်း နိုင်ငံ၏ စီးပွါးရေး နိုင်ငံရေးစနစ်များကို တည်ငြိမ်နေစေရန် မည်သို့ထိန်းထားခဲ့ပါသလဲ..စသည့် အတွေးပင်လယ်ထဲတွင် မျှော်နေမိတော့သည်။ ထိုသို့ ရှေးဟောင်းမြို့ပြများ၊ နေရာဋ္ဌာနများတွင် ခိုင်မာသောယဉ်ကျေးမှုနှင့် သမိုင်း ရှိကြပါသည်။ နိုင်ငံခြားသားများ ထိုသို့သောနေရာများသို့ သွားရောက် လေ့လာလည်ပတ်လျှင် အရင်ဆုံး သွားရောက်မည့်ဒေသနှင့် ပတ်သက်သော စာအုပ်များကို ဖတ်ကြသည်။ 

         ထိုနေရာများသို့ ရောက်သောအခါ ဘယ်နှစ်ခုနှစ်၊ ဘယ်နှစ်ရာစုတုန်းက ဒီနေရာမှာ ဘယ်ဘုရင်ကြီးက ဘာလုပ်တာ စသည်ဖြင့် စိတ်ကူးခံစားကြသည်ဟု မှတ်သားရဖူးပါသည်။ ဥပမာ..အာနန္ဒာဘုရားသို့ ရောက်လျှင် ကျန်စစ်သားမင်းကြီးက လွန်ခဲ့သောနှစ်ပေါင်း ၁၂၀၀ ခန့်က ဒီနေရာကို ဘာကြောင့် လာတယ်..စသည် စိတ်ကူးကြပါသည်တဲ့။ 

        ထို့နောက် နာမည်ကျော် စဖင့်ရုပ်ထုကြီးဆီသို့လည်း သွားရောက်ကြပါသည်။ ထိုရုပ်ထုကြီးမှာ ပိရမစ်များ နှင့် မလှမ်းမကမ်းတွင် ရှိပါသည်။ တကယ်တော့ ရုပ်ထုကြီးမှာ မြေကြီးထဲတွင် နစ်နေခြင်း ဖြစ်သည်။ နောက်မှလူများက တူးဖေါ်ထားခြင်း ဖြစ်သည်။ ကျွန်တော်တို့က ချိုင့်ကြီး၏ နှုတ်ခမ်းမှ လှမ်းကြည့်ရခြင်း ဖြစ်သည်။ ထိုရုပ်ထုကြီး ရှိရာသို့ သွားရောက်သော လမ်းရှိသော်လည်း ခရီးသွားများကို သွားရောက်ခွင့်မပြုပေ။ ထိုရုပ်ထုကြီး၏ ရှေ့တွင် ထိုင်ခုံများ တန်းစီချထားပါသည်။ မီးစလိုက်များလည်း ဆင်ကာ ရုပ်ထုကြီးကို ထိုးထားပါသည်။ ရုပ်ထုကြီး၏ ညဘက် အလှအပကို ခံစားနိုင်ရန် လုပ်ထားခြင်းဖြစ်သည်ဟု ထင်မိပါသည်။


( Zawgyi )
           ထိုအခန္းတြင္ နတ္ဘုရားပုံစံ ရုပ္ထုမ်ားကိုလည္း ေတြ႔ရပါသည္။ ထိုအခန္းမွ ျပန္ထြက္လာေသာအခါ အျခားပိရပစ္တစ္ခု၏ ေအာက္ေျခသို႔ သြားေရာက္ေလ႔လာၾကပါသည္။ ထိုေနရာသည္ ေျမျပင္မွ ၁၀ မီတာ အနက္တြင္ တည္ရိွပါသည္။ မာမီမ်ားထည္႔ထားေသာ ေျမေအာက္ရိွ သင္းခ်ိဳင္းျဖစ္ေၾကာင္း ရွင္းျပပါသည္။ 

           ကၽြန္ေတာ္႔အတြက္ေတာ႔ သဲကႏၱာရ၏ ရွင္းလင္းေသာ ျမင္ကြင္း၊ ဟင္းလင္းျပင္ထဲတြင္ ေျမျပင္မွ ေတာင္ႀကီးမ်ားကဲ႔သို႔ ထိုးထြက္ေနေသာ ပိရမစ္ႀကီးမ်ား၊ ႏွစ္ေပါင္း ၅၀၀၀ သက္တမ္းရိွ လူလုပ္ပိရပစ္ႀကီးမ်ား၏ အလယ္မွ ကၽြန္ေတာ္တို႔ လူသားမ်ား၏ တည္ရိွေနမႈမ်ားကိုသာ ေတြးေနမိပါသည္။ ႏွစ္ ၅၀၀၀ သက္တမ္းကို မည္သည္႔ႀကံခိုင္မႈမ်ိဳးျဖင္႔ ျဖတ္ေက်ာ္ခဲ႔ပါသလဲ။ သဲကႏၱရ၏ ျပင္းထန္ေသာ ရာသီဥတုႏွင္႔ သဲမုန္တိုင္းမ်ားကို ဆန္႔က်င္တြန္းလွန္ႏိုင္ခဲ႔ေသာ ပိရပစ္မ်ားကို တည္ေဆာက္ခဲ႔သည္႔ အတတ္ပညာႏွင္႔ စည္းလုံးမႈ၊ ထိုကာလက သက္ဦးဆံပိုင္ဘုရင္စနစ္ စသည္တို႔ကိုသာ ေတြးေတာေနမိသည္။ 

        တည္ေဆာက္ရမည္႔ႏွစ္ကာလမွာ အၾကာႀကီး ျဖစ္သည္။ ထိုကာလအတြင္း ႏိုင္ငံ၏ စီးပြါးေရး ႏိုင္ငံေရးစနစ္မ်ားကို တည္ၿငိမ္ေနေစရန္ မည္သို႔ထိန္းထားခဲ႔ပါသလဲ..စသည္႔ အေတြးပင္လယ္ထဲတြင္ ေမွ်ာ္ေနမိေတာ႔သည္။ ထိုသို႔ ေရွးေဟာင္းၿမိဳ႕ျပမ်ား၊ ေနရာ႒ာနမ်ားတြင္ ခုိင္မာေသာယဥ္ေက်းမႈႏွင္႔ သမိုင္း ရိွၾကပါသည္။ ႏိုင္ငံျခားသားမ်ား ထိုသို႔ေသာေနရာမ်ားသို႔ သြားေရာက္ ေလ႔လာလည္ပတ္လွ်င္ အရင္ဆုံး သြားေရာက္မည္႔ေဒသႏွင္႔ ပတ္သက္ေသာ စာအုပ္မ်ားကို ဖတ္ၾကသည္။ 

         ထိုေနရာမ်ားသို႔ ေရာက္ေသာအခါ ဘယ္ႏွစ္ခုႏွစ္၊ ဘယ္ႏွစ္ရာစုတုန္းက ဒီေနရာမွာ ဘယ္ဘုရင္ႀကီးက ဘာလုပ္တာ စသည္ျဖင္႔ စိတ္ကူးခံစားၾကသည္ဟု မွတ္သားရဖူးပါသည္။ ဥပမာ..အာနႏၵာဘုရားသို႔ ေရာက္လွ်င္ က်န္စစ္သားမင္းႀကီးက လြန္ခဲ႔ေသာႏွစ္ေပါင္း ၁၂၀၀ ခန္႔က ဒီေနရာကို ဘာေၾကာင္႔ လာတယ္..စသည္ စိတ္ကူးၾကပါသည္တဲ႔။ 

        ထို႔ေနာက္ နာမည္ေက်ာ္ စဖင္႔ရုပ္ထုႀကီးဆီသို႔လည္း သြားေရာက္ၾကပါသည္။ ထိုရုပ္ထုႀကီးမွာ ပိရမစ္မ်ား ႏွင္႔ မလွမ္းမကမ္းတြင္ ရိွပါသည္။ တကယ္ေတာ႔ ရုပ္ထုႀကီးမွာ ေျမႀကီးထဲတြင္ နစ္ေနျခင္း ျဖစ္သည္။ ေနာက္မွလူမ်ားက တူးေဖၚထားျခင္း ျဖစ္သည္။ ကၽြန္ေတာ္တို႔က ခ်ိဳင္႔ႀကီး၏ ႏႈတ္ခမ္းမွ လွမ္းၾကည္႔ရျခင္း ျဖစ္သည္။ ထိုရုပ္ထုႀကီး ရိွရာသို႔ သြားေရာက္ေသာ လမ္းရိွေသာ္လည္း ခရီးသြားမ်ားကို သြားေရာက္ခြင္႔မျပဳေပ။ ထိုရုပ္ထုႀကီး၏ ေရွ႕တြင္ ထိုင္ခုံမ်ား တန္းစီခ်ထားပါသည္။ မီးစလိုက္မ်ားလည္း ဆင္ကာ ရုပ္ထုႀကီးကို ထိုးထားပါသည္။ ရုပ္ထုႀကီး၏ ညဘက္ အလွအပကို ခံစားႏိုင္ရန္ လုပ္ထားျခင္းျဖစ္သည္ဟု ထင္မိပါသည္။

No comments:

Post a Comment