Fuzzy Logic ဆိုပြီး သင်္ချာပါမောက္ခဒေါက်တာခင်မောင်ဝင်း ရေးတဲ့ စာအုပ်လေးတစ်ခု ဖတ်ဖူးပါတယ်။ အဲဒီစာလုံးလေးကို မြန်မာလို ဘယ်လိုခေါ်လဲ ဆိုတာတော့ မမှတ်မိတော့ပါဘူး။
Fuzzy Logic theory ပေါ်လာတော့ သင်္ချာသမားတွေ တော်တော်နဲ့ လက်မခံကြပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ အစဉ်အလာ Logic မှာ " သုည" မဟုတ်ရင် "တစ်" ( 0 or 1 ) ပဲ။ ရှင်းတယ်။
ဒါပေမဲ့ Fuzzy Logic theory မှာတော့ "zero" or "one" အပြင် အဲဒီကြားထဲက တန်ဖိုးတွေကို ထည့်စဉ်းစားပါတယ်။
ဥပမာ.... 0,1/4,1/2,3/4,1
အဲဒါလေးဖတ်ပြီးတော့ ကျနော်ဆက်တွေးမိတယ်ဗျာ။ လောကနိယာမ အမှုကိစ္စတွေမှာ ဒီလောက် မရိုးရှင်းဘူး။ မကောင်းဘူး၊ ကောင်းတယ် ( သုည နဲ့ တစ် ) လို့ လွယ်လွယ်ရွေးလို့ မရတော့ဘူး။
ကောင်းတာက နည်းနည်း၊ မကောင်းတာ များများ၊ ဒါမှမဟုတ် အကောင်းအဆိုးမျှခြေ၊ ဒါမှမဟုတ် မကောင်းတာများများ၊ ကောင်းတာ နည်းနည်း.... စသည့် အချိုးပေါင်းများစွာ ရှိပါတယ်။
အဲဒီအပြင်ထပ်စဉ်းစားစရာ လိုတာကတော့ အကောင်းအဆိုးကို ဘယ်ပေတံနဲ့ တိုင်းမလဲ။ နောက်ခံသမိုင်းနဲ့လား၊ ခေတ်ပြိုင်အယူအဆနဲ့လား... အစရှိသည့် "လား" ပေါင်းများစွာ မေးခွန်းတွေလည်း ရှိနိုင်ပါတော့တယ်။
တော်တော်ရှုပ်တဲ့ ခေတ်ကြီးမှာ တိုင်းတာရလွယ်စေဖို့ လုံးဝ အကောင်း၊ လုံးဝအဆိုးထက် မကောင်း၊ မဆိုးတွေ ... အများဆုံးပါပဲလို့ ပြောပါရစေတော့...
အဲဒါကြောင့် အရမ်းကြိုက်တာပဲ "သဲသဲလှုပ်" ၊ လုံးဝကို မုန်း.. "ခါးခါးသီးသီး" အစား... သူနဲ့ကိုယ် ဘယ်လိုပေါင်းစပ်လို့ ရမလဲ စဉ်းစားရင်း ခရီးသွားကြရင်ဖြင့်တော့ ခရီးဖေါ်တွေ ဖြစ်ကြပါလိမ့်မယ်။
တစ်ဦး တစ်ယောက် ပြိုင်ဆိုင်ကြတယ့်ခေတ်မဟုတ်တော့တဲ့ ဒီခေတ်ကြီးမှာ ကုမ္ပဏီကြီးတွေ တစ်ခုနဲ့တစ်ခုပေါင်း၊ တစ်ယောက်အား၊ တစ်ယောက်ယူပြီး အပြိုင်အဆိုင် လုပ်နေကြတာကို ဖတ်ဖူးပါလိမ့်မယ်။
အများနဲ့ပူးပေါင်း အားယူလုပ်ကိုင်ကြတဲ့ ဒီခေတ်မှာဖြင့် တစ်ဦးနဲ့ တစ်ဦး အမြင်တူ ကြည်ဖြူစေဖို့ လုံးဝအကောင်း၊ လုံးဝအဆိုး စိတ်ဓါတ်တွေနဲ့တော့ သွားလို့ မဖြစ်တော့ပါဘူး။
ပူးပေါင်းလို့ရမယ့် ဘုံအကျိုးစီးပွါးကို ကြည့်ရင်း စိတ်ဓါတ်လေးတွေ ပြင်ကြပါအုံးစို့။
( တွေးမိတာလေး ရေးကြည့်တာပါ။ မည်သူ့ကိုမျှ မရည်ရွယ်ပါကြောင်း....)
( Zawgyi )
Fuzzy Logic ဆိုၿပီး သခ်ၤာပါေမာကၡေဒါက္တာခင္ေမာင္ဝင္း ေရးတဲ႔
စာအုပ္ေလးတစ္ခု ဖတ္ဖူးပါတယ္။ အဲဒီစာလုံးေလးကို ျမန္မာလို ဘယ္လိုေခၚလဲ ဆိုတာေတာ႔ မမွတ္မိေတာ႔ပါဘူး။
Fuzzy
Logic theory ေပၚလာေတာ႔ သခ်ၤာသမားေတြ ေတာ္ေတာ္နဲ႔ လက္မခံၾကပါဘူးတဲ႔။ ဘာေၾကာင္႔လဲဆိုေတာ႔
အစဥ္အလာ Logic မွာ " သုည" မဟုတ္ရင္ "တစ္" ( 0 or 1 )
ပဲ။ ရွင္းတယ္။
ဒါေပမဲ႔
Fuzzy Logic theory မွာေတာ႔ "zero" or "one" အျပင္ အဲဒီၾကားထဲက
တန္ဖိုးေတြကို ထည္႔စဥ္းစားပါတယ္။
ဥပမာ.... 0,1/4,1/2,3/4,1
အဲဒါေလးဖတ္ၿပီးေတာ႔
က်ေနာ္ဆက္ေတြးမိတယ္ဗ်ာ။ ေလာကနိယာမ အမႈကိစၥေတြမွာ ဒီေလာက္ မရိုးရွင္းဘူး။ မေကာင္းဘူး၊
ေကာင္းတယ္ ( သုည နဲ႔ တစ္ ) လို႔ လြယ္လြယ္ေရြးလို႔ မရေတာ႔ဘူး။
ေကာင္းတာက
နည္းနည္း၊ မေကာင္းတာ မ်ားမ်ား၊ ဒါမွမဟုတ္ အေကာင္းအဆိုးမွ်ေျခ၊ ဒါမွမဟုတ္ မေကာင္းတာမ်ားမ်ား၊
ေကာင္းတာ နည္းနည္း.... စသည္႔ အခ်ဳိးေပါင္းမ်ားစြာ ရိွပါတယ္။
အဲဒီအျပင္ထပ္စဥ္းစားစရာ
လိုတာကေတာ႔ အေကာင္းအဆိုးကို ဘယ္ေပတံနဲ႔ တိုင္းမလဲ။ ေနာက္ခံသမိုင္းနဲ႔လား၊ ေခတ္ၿပိဳင္အယူအဆနဲ႔လား...
အစရိွသည္႔ "လား" ေပါင္းမ်ားစြာ ေမးခြန္းေတြလည္း ရိွႏိုင္ပါေတာ႔တယ္။
ေတာ္ေတာ္ရႈပ္တဲ႔
ေခတ္ႀကီးမွာ တိုင္းတာရလြယ္ေစဖို႔ လုံးဝ အေကာင္း၊ လုံးဝအဆိုးထက္ မေကာင္း၊ မဆိုးေတြ
... အမ်ားဆုံးပါပဲလို႔ ေျပာပါရေစေတာ႔...
အဲဒါေၾကာင္႔
အရမ္းႀကိဳက္တာပဲ "သဲသဲလႈပ္" ၊ လုံးဝကို မုန္း.. "ခါးခါးသီးသီး" အစား... သူနဲ႔ကိုယ္ ဘယ္လိုေပါင္းစပ္လို႔ ရမလဲ စဥ္းစားရင္း
ခရီးသြားၾကရင္ျဖင္႔ေတာ႔ ခရီးေဖၚေတြ ျဖစ္ၾကပါလိမ္႔မယ္။
တစ္ဦး
တစ္ေယာက္ ၿပိဳင္ဆိုင္ၾကတယ္႔ေခတ္မဟုတ္ေတာ႔တဲ႔ ဒီေခတ္ႀကီးမွာ ကုမၸဏီႀကီးေတြ တစ္ခုနဲ႔တစ္ခုေပါင္း၊
တစ္ေယာက္အား၊ တစ္ေယာက္ယူၿပီး အၿပိဳင္အဆိုင္ လုပ္ေနၾကတာကို ဖတ္ဖူးပါလိမ္႔မယ္။
အမ်ားနဲ႔ပူးေပါင္း
အားယူလုပ္ကိုင္ၾကတဲ႔ ဒီေခတ္မွာျဖင္႔ တစ္ဦးနဲ႔ တစ္ဦး အျမင္တူ ၾကည္ျဖဴေစဖို႔ လုံးဝအေကာင္း၊
လုံးဝအဆိုး စိတ္ဓါတ္ေတြနဲ႔ေတာ႔ သြားလို႔ မျဖစ္ေတာ႔ပါဘူး။
ပူးေပါင္းလို႔ရမယ္႔
ဘုံအက်ဳိးစီးပြါးကို ၾကည္႔ရင္း စိတ္ဓါတ္ေလးေတြ ျပင္ၾကပါအုံးစို႔။
( ေတြးမိတာေလး ေရးၾကည္႔တာပါ။ မည္သူ႔ကိုမွ် မရည္ရြယ္ပါေၾကာင္း....)
No comments:
Post a Comment