သရဝဏ်(ပြည်) ရဲ့fb တွင်ရေးထားသောဆောင်းပါးလေးဖတ်လိုက်ရပါသည်။ ထိုဆောင်းပါးလေးမှာ စင်ကာပူမှကျောင်းသားလေးများ၏ မြန်မာပြည်လေ့လာရေးကို လိုက်ပါဆောင်ရွက်ရင်း တွေ့ကြုံရသောကိုယ်တွေ့အတွေ့အကြုံလေးကို ရေးထားခြင်းဖြစ်ပါသည်။ Crown education နှင့် အခြားနေရာများသို့ ရောက်သာအခါတွင် ထိုနေရာများတွင် သင်တန်းတက်နေသည့် မြန်မာကျောင်းသားများမှ စင်ကာပူမှ လူငယ်လေးများ အင်္ဂလိပ်လို မေးမြန်းသည်ကို သွက်လက်ချက်ချာစွာ ပြန်ဖြေဆိုကြပါသည်။ ဆရာသရဝဏ်ရဲ့အဓိကရည်ရွယ်ချက်မှာ ကျွန်တော်တို့မြန်မာတွေလည်း တော်ပါတယ်..ဆိုသည့် ဆိုလိုရင်း ဖြစ်ပါသည်။
ဆရာသရဝဏ်(ပြည်) ဆိုလိုသည့် စကားကို ကျွန်တော်တို့ မကြာခဏ အလုပ်ထဲတွင် ကြားမိကြပါသည်။ အထူးသဖြင့် နိုင်ငံခြားသားများနှင့် ဆက်ဆံလုပ်ကိုင်ရသော အလုပ်များထဲတွင် ကြားရပါသည်။ ထို့ပြင် တခါတရံ ဂျာနယ်နှင့် အင်တာနက်စာမျက်နှာများတွင်လည်း ဖတ်ရှုရတတ်ပါသည်။ NASA မှာ အလုပ်လုပ်တဲ့ဒေါက်တာဦးဘယ်သူ၊ မိုက်ကရိုဆော့မှာတော့ ဘယ်သူလေ၊ ဆီလီကွန်ဘယ်လီမှာလဲ မြန်မာတွေရှိတာပဲ။ ဒီစာမေးပွဲကို ကမ္ဘာ့အမှတ်အများဆုံးရရှိသူကတော့ မြန်မာနိုင်ငံမှ မောင်ဘယ်သူ၊ မဘယ်ဝါ… အစရှိသော စကားလုံးများ၊ စာပိုဒ်များစွာကို ဖတ်ဖူးကြပါလိမ့်မည်။
ကမ္ဘာပေါ်ရှိစစ်တမ်းထဲတွင် နောက်ဆုံးနေရာယူထားတတ်သောနိုင်ငံရှိ ကျွန်တော်တို့၏မျိုးချစ်စိတ်ကို ထင်ဟပ်ပြသောစကားများဖြစ်ပါလိမ့်မည်။ လာဘ်အစားဆုံးစာရင်းမှာ ဘယ်နိုင်ငံမြောက်၊ ကျန်းမာရေး၊ ပညာရေးအသုံးစရိတ်အနည်းဆုံးမှာ ဘယ်နိုင်ငံမြောက်၊ ကြွေးမှီတွေ တနင့်တပိုးထမ်းရထားတဲ့နိုင်ငံ… အစရှိသည့် မဆုံးနိုင်သောဂုဏ်တွေရှိတဲ့ နိုင်ငံသားတွေဟာ ဒီလောက်တော့ မျိုးချစ်စိတ်ကို ပြရမှာပါ။
ကျွန်တော်တို့တွေဟာ ပညာရေးစနစ်တွေ မကောင်းလို့ အခြားနိုင်ငံတွေလောက် လူတော်အရေအတွက်မများပါဘူး။ နိုင်ငံရေးအခြေအနေကြောင့် လူတော်တွေ နိုင်ငံခြားမှာအခြေချကုန်ကျပါပြီ။ အဲဒါဆိုရှိတဲ့လူတွေနဲ ဘယ်လိုလုပ်ကြမလဲ။ ဘာတွေပြုပြင်ပြီး အမှီလိုက်ကြမလဲ။ စနစ်ကြီးတစ်ခုကို ပြုပြင်ပြီးမှထွက်လာမယ့်လူတွေကို စောင့်ရတာကြာလွန်းပါတယ်။
အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော့်အမြင်လေးတွေကို တင်ပြလိုပါတယ်။ ကျွန်တော်တို့ စည်းလုံးကြဖို့ပါ။ ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး၊ အရာရာလုပ်ကိုင်မှုအစား ကိုယ့်အဖွဲ့အစည်းနဲ့ ပတ်ဝန်းကျင်ကို ငဲ့ဖို့ပါ။ စစ်အာဏာရှင်အောက်မှာ နှစ်ပေါင်းများစွာနေထိုင်မှုကြောင့် ကျွန်တော်တို့အဖွဲ့အစည်းထဲမှာ စည်းလုံးစွာ အလုပ်မလုပ်တတ်ကြဘူး။
အဖွဲ့ရဲ့ဂုဏ်သိက္ခာအစား ကိုယ့်အကျိုးအမြတ်ကို အရင်ဆုံးကြည့်ကြပါတယ်။
အဲဒါဟာလည်း တိုင်းပြည်ကိုတောင် ရောင်းစားခဲ့တဲ့ခေါင်းဆောင်တွေဆီမှ ကူးစက်ခဲ့တာဖြစ်ပါလိမ့်မယ်။ ကိုယ့်အတ္တနဲ့ မတိုက်ဆိုင်လျှင် အခြားလူက ဘယ်လောက်အရေအချင်းရှိရှိ သွားပုပ်လေလွင့်ပြောတတ်ပါတယ်။ နိုင်ငံခြားသားဟာ လူကြီးဆိုခဲ့ရင် သူလျှိုလုပ်ပြီး သတင်းရောင်းစားဖို့ လူတွေ တန်းစီနေပါတယ်။
သင်းကွဲကြတာ၊ ဂိုဏ်းခွဲကြတာ ယခုမှ မဟုတ်ပါဘူး။ အင်္ဂလိပ်ခေတ် သမိုင်းတွေ၊ ယခုခေတ်သမိုင်းတွေကို ဖတ်ကြည့်လို့ရပါတယ်။ ဘာဖြစ်လို့ခွဲကြ၊ ကွဲကြတာလဲ.. ကိုယ့်အတ္တအကျိုးစီးပွါးလေးကို ထိခိုက်လို့၊ ကိုယ့်အဖွဲ့အသေးလေးအကျိုးစီးပွါးအတွက် အဖွဲ့အကြီးကြီးထဲမှ ခွဲထွက်လိုက်တာပါ။
ဒီလိုလုပ်မှုတွေဟာ ကျွန်တော်တို့လူမျိုးတွေရဲ့အကျင့်စရိုက်တွေ ဖြစ်လာပါပြီ။ အဲဒီလို အကျင့်စရိုက်တွေကို နည်းအောင်ကြိုးစားပြီး၊ ကိုယ့်အတ္တကို ရှေ့တန်းမတင်ပဲ၊ လူမှန်နေရာမှန် ခေါင်းဆောင်ကို ရွေးချယ်လုပ်ကိုင်ကြဖို့ စဉ်းစားမိမယ်ဆိုရင် ယနေ့အဆင့်တစ်ခု တက်သွားပါပြီ။
တွေးမိသမျှလေးပါခင်ဗျာ။
( Zawgyi )
သရဝဏ္(ျပည္) ရဲ႕fb
တြင္ေရးထားေသာေဆာင္းပါးေလးဖတ္လိုက္ရပါသည္။ ထိုေဆာင္းပါးေလးမွာ စင္ကာပူမွေက်ာင္းသားေလးမ်ား၏
ျမန္မာျပည္ေလ႔လာေရးကို လိုက္ပါေဆာင္ရြက္ရင္း ေတြ႔ႀကံဳရေသာကိုယ္ေတြ႔အေတြ႔အႀကံဳေလးကို
ေရးထားျခင္းျဖစ္ပါသည္။ Crown education ႏွင္႔ အျခားေနရာမ်ားသို႔ ေရာက္သာအခါတြင္ ထိုေနရာမ်ားတြင္
သင္တန္းတက္ေနသည္႔ ျမန္မာေက်ာင္းသားမ်ားမွ စင္ကာပူမွ လူငယ္ေလးမ်ား အဂၤလိပ္လို ေမးျမန္းသည္ကို
သြက္လက္ခ်က္ခ်ာစြာ ျပန္ေျဖဆိုၾကပါသည္။ ဆရာသရဝဏ္ရဲ႕အဓိကရည္ရြယ္ခ်က္မွာ ကၽြန္ေတာ္တို႔ျမန္မာေတြလည္း
ေတာ္ပါတယ္..ဆိုသည္႔ ဆိုလိုရင္း ျဖစ္ပါသည္။
ဆရာသရဝဏ္(ျပည္) ဆိုလိုသည္႔ စကားကို ကၽြန္ေတာ္တို႔
မၾကာခဏ အလုပ္ထဲတြင္ ၾကားမိၾကပါသည္။ အထူးသျဖင္႔ ႏိုင္ငံျခားသားမ်ားႏွင္႔ ဆက္ဆံလုပ္ကိုင္ရေသာ
အလုပ္မ်ားထဲတြင္ ၾကားရပါသည္။ ထို႔ျပင္ တခါတရံ ဂ်ာနယ္ႏွင္႔ အင္တာနက္စာမ်က္ႏွာမ်ားတြင္လည္း
ဖတ္ရႈရတတ္ပါသည္။ NASA မွာ အလုပ္လုပ္တဲ႔ေဒါက္တာဦးဘယ္သူ၊ မိုက္ကရိုေဆာ႔မွာေတာ႔ ဘယ္သူေလ၊
ဆီလီကြန္ဘယ္လီမွာလဲ ျမန္မာေတြရိွတာပဲ။ ဒီစာေမးပြဲကို ကမာၻ႔အမွတ္အမ်ားဆုံးရရိွသူကေတာ႔
ျမန္မာႏိုင္ငံမွ ေမာင္ဘယ္သူ၊ မဘယ္ဝါ… အစရိွေသာ စကားလုံးမ်ား၊ စာပိုဒ္မ်ားစြာကို ဖတ္ဖူးၾကပါလိမ္႔မည္။
ကမာၻေပၚရိွစစ္တမ္းထဲတြင္ ေနာက္ဆုံးေနရာယူထားတတ္ေသာႏိုင္ငံရိွ
ကၽြန္ေတာ္တို႔၏မ်ဳိးခ်စ္စိတ္ကို ထင္ဟပ္ျပေသာစကားမ်ားျဖစ္ပါလိမ္႔မည္။ လာဘ္အစားဆုံးစာရင္းမွာ
ဘယ္ႏိုင္ငံေျမာက္၊ က်န္းမာေရး၊ ပညာေရးအသုံးစရိတ္အနည္းဆုံးမွာ ဘယ္ႏိုင္ငံေျမာက္၊ ေၾကြးမွီေတြ
တနင္႔တပိုးထမ္းရထားတဲ႔ႏိုင္ငံ… အစရိွသည္႔ မဆုံးႏိုင္ေသာဂုဏ္ေတြရိွတဲ႔ ႏိုင္ငံသားေတြဟာ
ဒီေလာက္ေတာ႔ မ်ဳိးခ်စ္စိတ္ကို ျပရမွာပါ။
ကၽြန္ေတာ္တို႔ေတြဟာ ပညာေရးစနစ္ေတြ မေကာင္းလို႔
အျခားႏိုင္ငံေတြေလာက္ လူေတာ္အေရအတြက္မမ်ားပါဘူး။ ႏိုင္ငံေရးအေျခအေနေၾကာင္႔ လူေတာ္ေတြ
ႏိုင္ငံျခားမွာအေျခခ်ကုန္က်ပါၿပီ။ အဲဒါဆိုရိွတဲ႔လူေတြနဲ ဘယ္လိုလုပ္ၾကမလဲ။ ဘာေတြျပဳျပင္ၿပီး
အမွီလိုက္ၾကမလဲ။ စနစ္ႀကီးတစ္ခုကို ျပဳျပင္ၿပီးမွထြက္လာမယ္႔လူေတြကို ေစာင္႔ရတာၾကာလြန္းပါတယ္။
အဲဒါနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္႔အျမင္ေလးေတြကို
တင္ျပလိုပါတယ္။ ကၽြန္ေတာ္တို႔ စည္းလုံးၾကဖို႔ပါ။ ကိုယ္႔အတၱကို ေရွ႕တန္းတင္ၿပီး၊ အရာရာလုပ္ကိုင္မႈအစား
ကိုယ္႔အဖြဲ႔အစည္းနဲ႔ ပတ္ဝန္းက်င္ကို ငဲ႔ဖို႔ပါ။ စစ္အာဏာရွင္ေအာက္မွာ ႏွစ္ေပါင္းမ်ားစြာေနထိုင္မႈေၾကာင္႔
ကၽြန္ေတာ္တို႔အဖြဲ႔အစည္းထဲမွာ စည္းလုံးစြာ အလုပ္မလုပ္တတ္ၾကဘူး။
အဖြဲ႔ရဲ႕ဂုဏ္သိကၡာအစား
ကိုယ္႔အက်ဳိးအျမတ္ကို အရင္ဆုံးၾကည္႔ၾကပါတယ္။
အဲဒါဟာလည္း တိုင္းျပည္ကိုေတာင္ ေရာင္းစားခဲ႔တဲ႔ေခါင္းေဆာင္ေတြဆီမွ
ကူးစက္ခဲ႔တာျဖစ္ပါလိမ္႔မယ္။ ကိုယ္႔အတၱနဲ႔ မတိုက္ဆုိင္လွ်င္ အျခားလူက ဘယ္ေလာက္အေရအခ်င္းရိွရိွ
သြားပုပ္ေလလြင္႔ေျပာတတ္ပါတယ္။ ႏိုင္ငံျခားသားဟာ လူႀကီးဆိုခဲ႔ရင္ သူလွ်ိဳလုပ္ၿပီး သတင္းေရာင္းစားဖို႔
လူေတြ တန္းစီေနပါတယ္။
သင္းကြဲၾကတာ၊ ဂုိဏ္းခြဲၾကတာ ယခုမွ မဟုတ္ပါဘူး။
အဂၤလိပ္ေခတ္ သမိုင္းေတြ၊ ယခုေခတ္သမိုင္းေတြကို ဖတ္ၾကည္႔လို႔ရပါတယ္။ ဘာျဖစ္လို႔ခြဲၾက၊
ကြဲၾကတာလဲ.. ကိုယ္႔အတၱအက်ဳိးစီးပြါးေလးကို ထိခိုက္လို႔၊ ကိုယ္႔အဖြဲ႔အေသးေလးအက်ဳိးစီးပြါးအတြက္
အဖြဲ႔အႀကီးႀကီးထဲမွ ခြဲထြက္လိုက္တာပါ။
ဒီလိုလုပ္မႈေတြဟာ ကၽြန္ေတာ္တို႔လူမ်ဳိးေတြရဲ႕အက်င္႔စရိုက္ေတြ
ျဖစ္လာပါၿပီ။ အဲဒီလို အက်င္႔စရိုက္ေတြကို နည္းေအာင္ႀကိဳးစားၿပီး၊ ကိုယ္႔အတၱကို ေရွ႕တန္းမတင္ပဲ၊
လူမွန္ေနရာမွန္ ေခါင္းေဆာင္ကို ေရြးခ်ယ္လုပ္ကိုင္ၾကဖို႔ စဥ္းစားမိမယ္ဆိုရင္ ယေန႔အဆင္႔တစ္ခု
တက္သြားပါၿပီ။
ေတြးမိသမွ်ေလးပါခင္ဗ်ာ။
No comments:
Post a Comment