Sunday, October 12, 2014

အရာရာ မင်းပါကွယ်

ဒီနေ့ fb မှာ သတင်းလေးတစ်ခုကို ဖတ်လိုက်ရတယ်။ သတင်းကိုတင်တဲ့လူရဲ့ ဆိုလိုရင်းက မြန်မာနိုင်ငံကိုကြက်ခြေထောက်၊ ကြက်ခေါင်းတင်သွင်းခွင့်ပေးတဲ့ သတင်းကို ဝေဖန်ခြင်းပါ။ နိုင်ငံခြားမှာ ကြက်သားဝယ်ရင် ခြေထောက်၊ ခေါင်း မပါဘဲ ရောင်းကြကြောင်း၊ ခြေထောက်၊ ခေါင်း ထည့်ရောင်းရင် ရဲကိုတိုင်နိုင်ကြောင်း သူ့အတွေ့အကြုံကို ရေးသားထားပါတယ်။ မြန်မာပြည်ကို ခြေထောက်၊ ခေါင်း ( သူများနိုင်ငံမှာမစားဘဲလွင့်ပစ်တဲ့အစိတ်အပိုင်း)တွေ တွင်သွင်းခွင့်ပေးခြင်းဖြင့် နိုင်ငံသိက္ခာကျကြောင်း၊ ကိုယ်တိုင်ကျတော့ ကိုယ်လုံးစားပြီး၊  သူများကို ကြက်ခြေထောက်၊ ကြက်ခေါင်းစားခိုင်းခြင်း ဖြစ်ကြောင်းကို ဝေဖန်တဲ့သတင်းပါ။

အောက်မှာတွဲလျှက်ပါလာတာကတော့ ဂျာနယ်လို့ထင်ရတဲ့ သတင်းတိုလေးကို စကင်ဖတ်ထားတင်ထားပါတယ်။ သတင်းတိုလေးမှာ ဖေါ်ပြချက်ကတော့ မြန်မာနိုင်ငံမွေးမြူရေးအသင်းဒုဥက္ကဌမှ မြန်မာနိုင်ငံရှိကြက်သားဈေးသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဈေးကြီးပါတယ်။ ထို့ကြောင့်ဈေးပေါသော ကြက်ခြေထောက်၊ ကြက်ခေါင်း (သူများနိုင်ငံတွင် ဘေးထွက်ကုန်ပစ္စည်း ) ကို မြန်မာနိုင်ငံသို့ ဈေးသက်သာစွာ တင်သွင်းနိုင်ရန် ခွင့်ပြုခြင်းဆိုတာကို ပြောထားပါတယ်။ တင်သွင်းမည့်နိုင်ငံမှာလည်း ဥရောပနိုင်ငံတစ်ခုမှ ဖြစ်ပါတယ်။

     အဲဒီသတင်းလေးနဲ့ ပတ်သက်လို့ ကျွန်တော့်အတွေ့အကြုံအရ ပြောရရင် ဒုဥက္ကဌဒေါ်လှလှသိန်းရဲ့ ဆုံးဖြတ်ချက်မှန်ပါတယ်။ ကြက်သားကိုယ်လုံးသွင်းဖို့ ခွင့်ပြုတာ မဟုတ်ပါဘူး။ ကြက်သားကိုယ်လုံး သွင်းရင် မြန်မာနိုင်ငံမှ ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေ ထိခိုက်သွားမှာပေါ့။ ကြက်ခြံတွေမှာ ကြက်သားဈေးတွေကျလို့ အလုပ်ပြုတ်ကုန်မှာပါ။ တဖက်မှာလဲ အခြားနိုင်ငံနဲ့ယှဉ်ရင် ဈေးကြီးနေတဲ့ကြက်သားကို မစားနိုင်တဲ့ပြည်သူတွေ ကြက်ခြေထောက်၊ ကြက်ခေါင်းကို ဈေးသက်သာစွာ စားဖို့လုပ်တာပါ။

      မှန်တယ်လို့ ပြောရတာ ကျွန်တော့်အတွေ့အကြုံအရပါ။ ကျွန်တော် ကိုယ်တိုင်မွေးမြူရေးလုပ်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ ကြက်သားတွေ ဘာလို့ အခြားနိုင်ငံနဲ့ယှဉ်ရင် ဈေးကြီးပါသလဲ။

        အဖြေကတော့ ရှင်းရှင်းလေးပါ။ ကျွန်တော်တို့ အားလုံးဝယ်သုံးပြီး၊ ကြက်မွေးရလို့ပါ။ ကြက်က နိုင်ငံခြားမျိုး၊ မိဘ၊ ဘိုးဘွားအဆင့်လောက်ကြက်တွေကို နိုင်ငံခြားမှ တင်သွင်းပြီး၊ မြန်မာနိုင်ငံမှာ ပြန်သားဖေါက်ရောင်းကြပါတယ်။ မွေးမြူရေးသမားတွေက အဲဒီကြက်ပေါက်လေးတွေကို ဝယ်ပြီး၊ ကြီးအောင်မွေးရတာပါ။ အဲဒီကြက်အတွက် အစာကို အစာစပ်စက်ရုံတွေမှ ဝယ်ကျွေးရပါတယ်။ အဲဒီအစာထဲမှာပါတဲ့ငါးခြောက်၊ ပြောင်း ကတော့ ပြည်တွင်းထွက်ကုန်ပါ။ ပါဝင်တဲ့ဆေးဝါးတွေက နိုင်ငံခြားမှပါ။

          ခြုံပြောရရင်တော့ နိုင်ငံခြားမျိုးကြက်ပေါက်၊ နိုင်ငံခြားမှဆေး၊ နိုင်ငံခြားမှ မွေးမြူရေးကိရိယာ စတာတွေအားလုံးကို ဝယ်သုံးရတာပါ။ အဲဒီတော့ ဘယ်လိုလုပ်ပြီး၊ ဈေးနှုန်းချိုသာမလဲ။ ကိုယ့်နိုင်ငံထွက်ဆိုလို့ အစာကုန်ကြမ်းနဲ့ ကြက်တဲ ပဲပါတယ်။ 


       နိုင်ငံခြားမျိုးကြက်ကိုသာ စီးပွါးဖြစ်မွေးလို့ရပါတယ်။ ဒေသရင်းကြက်မျိုးတွေက အလုပ်မဖြစ်ပါဘူး။ အခုဆို မြေဈေးတွေ တက်လာတော့ ခြံတွေ ဈေးတက်လာပါတယ်။ 

       ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုအတွက် အစပိုင်းအရင်းအနှီးကို သက်သာအောင်လုပ်ပေးဖို့ဟာ အစိုးရတာဝန်ပါ။ အခြေခံအဆောက်အဦးတွေကို ဈေးသက်သာဖို့လုပ်ပေးရမှာပါ။ အဲဒါမှ ထုတ်လုပ်ရေးလုပ်ငန်းတွေ ကိုယ့်ပြည်တွင်းမှာ အခြေချနေရာရစေပြီး၊ ကိုယ့်လူမျိုးတွေ အလုပ်ရ၊ ထုတ်လုပ်တဲ့ ပစ္စည်းကို ဈေးချိုချိုနဲ့ သုံးနိုင်၊ နည်းပညာတွေ တတ်လာ..စတဲ့ အခြားကျွဲကူးရေပါ အခွင့်အလမ်းပေါင်းများစွာကို ရလာမှာပါ။ 

        အစိုးရကိုယ်တိုင်ရဲ့ စီမံခန့်ခွဲမှုအားနည်း၊ အရည်အချင်း မပြည့်ဝမှုကြောင့် ကုန်ထုတ်လုပ်မှုရင်းနှီးမြုပ်နှံမှုတွေကို ထင်သလောက် မဆွဲဆောင်နိုင်သေးပါဘူး။ အဲဒီလိုအခြေအနေကြောင့် ပြည်တွင်းမှာ ကြိုးစားထုတ်လုပ်ကြည့်ရင်လဲ ဈေးကြီးတော့ ဝယ်သုံးလိုက်တာမှ ဈေးသက်သာတယ် ဆိုတဲ့ အယူအဆဖြစ်လာပါတယ်။ 

        ဝယ်သုံးဖို့အတွက် နှစ်ပေါင်းများစွာမှ ရရှိနိုင်တဲ့ သယံဇာတရောင်းရပါတယ်။ အခုသတင်းအရဆိုရင် ကျွန်တော်တို့နိုင်ငံမှ ဆင်းရဲသားတွေ ကြက်ခြေထောက်၊ ကြက်ခေါင်းဝယ်စားဖို့ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံမှာ သွားအလုပ်လုပ်ရပါလိမ့်မယ်။ ကျွန်းသစ်နဲ့ ကျောက်စိမ်းတွေ ရောင်းရပါလိမ့်မယ်။ ဆိုလိုရင်းကတော့ ဟိုပစ္စည်းတွေ ဝင်လာဖို့ ဒီပစ္စည်းတွေ ရောင်းပြီး ငွေရှာရမယ်လို့ပြောချင်တာပါ။

        တင်းသွင်းဖို့ ခွင့်ပြုပေးတဲ့ မွေးမြူရေးအဖွဲ့ထက် ပိုပြီး အပြစ်တင်သင့်တာ ညံ့ဖျင်းပြီး၊ အရည်အချင်းမရှိတဲ့ အာဏာပိုင်အစိုးရပါ။


        ၁၉၉၇ ခုနှစ် ဝန်းကျင်မှာ သတင်းတစ်ခု ဖတ်ဖူးပါတယ်။ မလေးရှားနိုင်ငံမှ စီးပွါးရေးသမားတစ်ဦးမှ မြန်မာနိုင်ငံတွင် စက်ရုံဆောက်၊ SONY TV ကို  Under licenced နဲ့ ထုတ်လုပ်ဖို့ပါ။ စက်ရုံမဆောက်ဖြစ်ပါဘူး။ အကြောင်းကတော့ ထိုအချိန်ရှိ သွင်းကုန်၊ ထုတ်ကုန်ဥပဒေများကြောင့်ပါ။ မြန်မာနိုင်ငံထဲကို ၁၀၀၀ ကျပ်ဖိုး  Import  လုပ်ချင်ရင်၊ ၁၀၀၀ ကျပ်ဖို့ Export လုပ်ရမယ်လို့ ဆိုလိုပါတယ်။ အခု TV စက်ရုံအတွက် ကုန်ကြမ်းအပါအဝင်အားလုံးကို နိုင်ငံခြားမှ တင်သွင်းမှာပါ။ ဒါပေမဲ့ TV တွေကို မြန်မာနိုင်ငံအတွင်း ရောင်းချပေးမှာပါ။

        နိုင်ငံခြားသားက စက်ရုံဆောက်ပြီး ထုတ်ချင်ပေမဲ့ သူ မကျွမ်းကျင်တဲ့ Export မလုပ်ချင်ပါဘူး။ အဲဒီတော့ ကျွန်တော်တို့ စက်ရုံအတွက်မြေငှားခ၊ အလုပ်သမားတွေအတွက်အလုပ်အကိုင်၊ ဈေးသက်သာတဲ့TV ၊ နည်းပညာတွေ အားလုံးကို လက်လွှတ်လိုက်ရပါတော့တယ်။


        အားလုံးသောအရာရာအတွက် တာဝန်ရှိတာဟာ ကျွန်တော်တို့ရဲ့အာဏာပိုင် အစိုးရပါပဲ။

( Zawgyi )
ဒီေန႔ fb မွာ သတင္းေလးတစ္ခုကို ဖတ္လိုက္ရတယ္။ သတင္းကိုတင္တဲ႔လူရဲ႕ ဆိုလိုရင္းက ျမန္မာႏိုင္ငံကိုၾကက္ေျခေထာက္၊ ၾကက္ေခါင္းတင္သြင္းခြင္႔ေပးတဲ႔ သတင္းကို ေဝဖန္ျခင္းပါ။ ႏိုင္ငံျခားမွာ ၾကက္သားဝယ္ရင္ ေျခေထာက္၊ ေခါင္း မပါဘဲ ေရာင္းၾကေၾကာင္း၊ ေျခေထာက္၊ ေခါင္း ထည္႔ေရာင္းရင္ ရဲကိုတိုင္ႏိုင္ေၾကာင္း သူ႔အေတြ႔အႀကံဳကို ေရးသားထားပါတယ္။ ျမန္မာျပည္ကို ေျခေထာက္၊ ေခါင္း ( သူမ်ားႏိုင္ငံမွာမစားဘဲလြင္႔ပစ္တဲ႔အစိတ္အပိုင္း)ေတြ တြင္သြင္းခြင္႔ေပးျခင္းျဖင္႔ ႏိုင္ငံသိကၡာက်ေၾကာင္း၊ ကိုယ္တိုင္က်ေတာ႔ ကိုယ္လုံးစားၿပီး၊  သူမ်ားကို ၾကက္ေျခေထာက္၊ ၾကက္ေခါင္းစားခိုင္းျခင္း ျဖစ္ေၾကာင္းကို ေဝဖန္တဲ႔သတင္းပါ။

ေအာက္မွာတြဲလွ်က္ပါလာတာကေတာ႔ ဂ်ာနယ္လို႔ထင္ရတဲ႔ သတင္းတိုေလးကို စကင္ဖတ္ထားတင္ထားပါတယ္။ သတင္းတိုေလးမွာ ေဖၚျပခ်က္ကေတာ႔ ျမန္မာႏိုင္ငံေမြးျမဴေရးအသင္းဒုဥကၠဌမွ ျမန္မာႏိုင္ငံရိွၾကက္သားေစ်းသည္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင္႔ ႏႈိင္းယွဥ္လွ်င္ ေစ်းႀကီးပါတယ္။ ထို႔ေၾကာင္႔ေစ်းေပါေသာ ၾကက္ေျခေထာက္၊ ၾကက္ေခါင္း (သူမ်ားႏိုင္ငံတြင္ ေဘးထြက္ကုန္ပစၥည္း ) ကို ျမန္မာႏိုင္ငံသို႔ ေစ်းသက္သာစြာ တင္သြင္းႏိုင္ရန္ ခြင္႔ျပဳျခင္းဆိုတာကို ေျပာထားပါတယ္။ တင္သြင္းမည္႔ႏိုင္ငံမွာလည္း ဥေရာပႏိုင္ငံတစ္ခုမွ ျဖစ္ပါတယ္။

     အဲဒီသတင္းေလးနဲ႔ ပတ္သက္လို႔ ကၽြန္ေတာ္႔အေတြ႔အႀကံဳအရ ေျပာရရင္ ဒုဥကၠဌေဒၚလွလွသိန္းရဲ႕ ဆုံးျဖတ္ခ်က္မွန္ပါတယ္။ ၾကက္သားကိုယ္လုံးသြင္းဖုိ႔ ခြင္႔ျပဳတာ မဟုတ္ပါဘူး။ ၾကက္သားကိုယ္လုံး သြင္းရင္ ျမန္မာႏိုင္ငံမွ ၾကက္ေမြးျမဴေရးလုပ္ငန္းရွင္ေတြ ထိခိုက္သြားမွာေပါ႔။ ၾကက္ၿခံေတြမွာ ၾကက္သားေစ်းေတြက်လို႔ အလုပ္ျပဳတ္ကုန္မွာပါ။ တဖက္မွာလဲ အျခားႏိုင္ငံနဲ႔ယွဥ္ရင္ ေစ်းႀကီးေနတဲ႔ၾကက္သားကို မစားႏိုင္တဲ႔ျပည္သူေတြ ၾကက္ေျခေထာက္၊ ၾကက္ေခါင္းကို ေစ်းသက္သာစြာ စားဖို႔လုပ္တာပါ။

      မွန္တယ္လို႔ ေျပာရတာ ကၽြန္ေတာ္႔အေတြ႔အႀကံဳအရပါ။ ကၽြန္ေတာ္ ကိုယ္တိုင္ေမြးျမဴေရးလုပ္ခဲ႔ဖူးပါတယ္။ ျမန္မာႏိုင္ငံမွာ ၾကက္သားေတြ ဘာလို႔ အျခားႏိုင္ငံနဲ႔ယွဥ္ရင္ ေစ်းႀကီးပါသလဲ။

        အေျဖကေတာ႔ ရွင္းရွင္းေလးပါ။ ကၽြန္ေတာ္တို႔ အားလုံးဝယ္သုံးၿပီး၊ ၾကက္ေမြးရလို႔ပါ။ ၾကက္က ႏိုင္ငံျခားမ်ဳိး၊ မိဘ၊ ဘိုးဘြားအဆင္႔ေလာက္ၾကက္ေတြကို ႏိုင္ငံျခားမွ တင္သြင္းၿပီး၊ ျမန္မာႏိုင္ငံမွာ ျပန္သားေဖါက္ေရာင္းၾကပါတယ္။ ေမြးျမဴေရးသမားေတြက အဲဒီၾကက္ေပါက္ေလးေတြကို ဝယ္ၿပီး၊ ႀကီးေအာင္ေမြးရတာပါ။ အဲဒီၾကက္အတြက္ အစာကို အစာစပ္စက္ရုံေတြမွ ဝယ္ေကၽြးရပါတယ္။ အဲဒီအစာထဲမွာပါတဲ႔ငါးေျခာက္၊ ေျပာင္း ကေတာ႔ ျပည္တြင္းထြက္ကုန္ပါ။ ပါဝင္တဲ႔ေဆးဝါးေတြက ႏိုင္ငံျခားမွပါ။

          ၿခံဳေျပာရရင္ေတာ႔ ႏိုင္ငံျခားမ်ဳိးၾကက္ေပါက္၊ ႏိုင္ငံျခားမွေဆး၊ ႏိုင္ငံျခားမွ ေမြးျမဴေရးကိရိယာ စတာေတြအားလုံးကို ဝယ္သုံးရတာပါ။ အဲဒီေတာ႔ ဘယ္လိုလုပ္ၿပီး၊ ေစ်းႏႈန္းခ်ဳိသာမလဲ။ ကိုယ္႔ႏိုင္ငံထြက္ဆိုလို႔ အစာကုန္ၾကမ္းနဲ႔ ၾကက္တဲ ပဲပါတယ္။ 


       ႏိုင္ငံျခားမ်ဳိးၾကက္ကိုသာ စီးပြါးျဖစ္ေမြးလို႔ရပါတယ္။ ေဒသရင္းၾကက္မ်ဳိးေတြက အလုပ္မျဖစ္ပါဘူး။ အခုဆို ေျမေစ်းေတြ တက္လာေတာ႔ ၿခံေတြ ေစ်းတက္လာပါတယ္။ 

       ထုတ္လုပ္ေရးလုပ္ငန္းတစ္ခုအတြက္ အစပိုင္းအရင္းအႏွီးကို သက္သာေအာင္လုပ္ေပးဖို႔ဟာ အစိုးရတာဝန္ပါ။ အေျခခံအေဆာက္အဦးေတြကို ေစ်းသက္သာဖို႔လုပ္ေပးရမွာပါ။ အဲဒါမွ ထုတ္လုပ္ေရးလုပ္ငန္းေတြ ကိုယ္႔ျပည္တြင္းမွာ အေျခခ်ေနရာရေစၿပီး၊ ကိုယ္႔လူမ်ဳိးေတြ အလုပ္ရ၊ ထုတ္လုပ္တဲ႔ ပစၥည္းကို ေစ်းခ်ဳိခ်ဳိနဲ႔ သုံးႏိုင္၊ နည္းပညာေတြ တတ္လာ..စတဲ႔ အျခားကၽြဲကူးေရပါ အခြင္႔အလမ္းေပါင္းမ်ားစြာကို ရလာမွာပါ။ 

        အစိုးရကိုယ္တိုင္ရဲ႕ စီမံခန္႔ခြဲမႈအားနည္း၊ အရည္အခ်င္း မျပည္႔ဝမႈေၾကာင္႔ ကုန္ထုတ္လုပ္မႈရင္းႏွီးျမဳပ္ႏွံမႈေတြကို ထင္သေလာက္ မဆြဲေဆာင္ႏိုင္ေသးပါဘူး။ အဲဒီလိုအေျခအေနေၾကာင္႔ ျပည္တြင္းမွာ ႀကိဳးစားထုတ္လုပ္ၾကည္႔ရင္လဲ ေစ်းႀကီးေတာ႔ ဝယ္သုံးလိုက္တာမွ ေစ်းသက္သာတယ္ ဆိုတဲ႔ အယူအဆျဖစ္လာပါတယ္။ 

        ဝယ္သုံးဖုိ႔အတြက္ ႏွစ္ေပါင္းမ်ားစြာမွ ရရိွႏိုင္တဲ႔ သယံဇာတေရာင္းရပါတယ္။ အခုသတင္းအရဆိုရင္ ကၽြန္ေတာ္တို႔ႏိုင္ငံမွ ဆင္းရဲသားေတြ ၾကက္ေျခေထာက္၊ ၾကက္ေခါင္းဝယ္စားဖို႔ ထိုင္းႏိုင္ငံ၊ မေလးရွားႏိုင္ငံမွာ သြားအလုပ္လုပ္ရပါလိမ္႔မယ္။ ကၽြန္းသစ္နဲ႔ ေက်ာက္စိမ္းေတြ ေရာင္းရပါလိမ္႔မယ္။ ဆိုလိုရင္းကေတာ႔ ဟိုပစၥည္းေတြ ဝင္လာဖို႔ ဒီပစၥည္းေတြ ေရာင္းၿပီး ေငြရွာရမယ္လို႔ေျပာခ်င္တာပါ။

        တင္းသြင္းဖို႔ ခြင္႔ျပဳေပးတဲ႔ ေမြးျမဴေရးအဖြဲ႔ထက္ ပိုၿပီး အျပစ္တင္သင္႔တာ ညံ႔ဖ်င္းၿပီး၊ အရည္အခ်င္းမရိွတဲ႔ အာဏာပိုင္အစိုးရပါ။


        ၁၉၉၇ ခုႏွစ္ ဝန္းက်င္မွာ သတင္းတစ္ခု ဖတ္ဖူးပါတယ္။ မေလးရွားႏိုင္ငံမွ စီးပြါးေရးသမားတစ္ဦးမွ ျမန္မာႏိုင္ငံတြင္ စက္ရုံေဆာက္၊ SONY TV ကို  Under licenced နဲ႔ ထုတ္လုပ္ဖို႔ပါ။ စက္ရုံမေဆာက္ျဖစ္ပါဘူး။ အေၾကာင္းကေတာ႔ ထိုအခ်ိန္ရိွ သြင္းကုန္၊ ထုတ္ကုန္ဥပေဒမ်ားေၾကာင္႔ပါ။ ျမန္မာႏိုင္ငံထဲကို ၁၀၀၀ က်ပ္ဖိုး  Import  လုပ္ခ်င္ရင္၊ ၁၀၀၀ က်ပ္ဖို႔ Export လုပ္ရမယ္လို႔ ဆိုလိုပါတယ္။ အခု TV စက္ရုံအတြက္ ကုန္ၾကမ္းအပါအဝင္အားလုံးကို ႏိုင္ငံျခားမွ တင္သြင္းမွာပါ။ ဒါေပမဲ႔ TV ေတြကို ျမန္မာႏိုင္ငံအတြင္း ေရာင္းခ်ေပးမွာပါ။

        ႏိုင္ငံျခားသားက စက္ရုံေဆာက္ၿပီး ထုတ္ခ်င္ေပမဲ႔ သူ မကၽြမ္းက်င္တဲ႔ Export မလုပ္ခ်င္ပါဘူး။ အဲဒီေတာ႔ ကၽြန္ေတာ္တို႔ စက္ရုံအတြက္ေျမငွားခ၊ အလုပ္သမားေတြအတြက္အလုပ္အကိုင္၊ ေစ်းသက္သာတဲ႔TV ၊ နည္းပညာေတြ အားလုံးကို လက္လႊတ္လိုက္ရပါေတာ႔တယ္။


        အားလုံးေသာအရာရာအတြက္ တာဝန္ရိွတာဟာ ကၽြန္ေတာ္တို႔ရဲ႕အာဏာပိုင္ အစိုးရပါပဲ။

No comments:

Post a Comment