Friday, October 10, 2014

“ကိုယ် ကိုယ်တိုင်ပဲ စလုပ်လိုက်ပါတော့”

   တစ်နေ့က ကျွန်တော့်ညီငယ်တစ်ဦးနှင့် အွန်လိုင်းတွင် ဟိုဟိုဒီဒီ စကားပြောဖြစ်သည်။ ကိုယ်ရေးကိုယ်တာစကားများ ပြောကြရင်း ဟိုရောက်ဒီရောက်ဖြစ်သွားပြီး ထုံးစံအတိုင်းမြန်မာပြည်နိုင်ငံရေးအကြောင်း၊ ရိုမာန်ဘော့စာအုပ်အကြောင်း၊ အွန်လိုင်းတွင် ယုတ်ရင်းကျမ်းတမ်းသည့် မှတ်ချက်များအကြောင်း စသည့်ဖြင့် ရောက်တတ်ရာရာ ပြောဆိုမိကြသည်။ 

        ထိုသို့ပြောဆိုကြရင်း သူပြောဆိုသောစကားများထဲတွင် ကျွန်တော်တော့ အဲဒါကိုအားမရပါဘူး။ ဒီလိုဖြစ်သင့်တာလေ။ ဒီလိုရေးထားတာတွေ မရှိဘူးနော်..စသည့် လိုအပ်ချက်များကို မကြာခဏပြောနေသည်ကို သတိထားမိလိုက်ပါသည်။ အင်း ဟုတ်ပေသားပဲဟု တွေးမိသည်မှ အပ ကိုယ်တိုင်လဲ ဘာမှ လုပ်လို့မရ။ ခေတ်ကာလနှင့်အညီ ထပ်မံဖြည့်ဆည်းခြင်း၊ တီးဖြတ်ခြင်းပြုလုပ်ရမည့် အရာတွေများစွာရှိနေမှန်းသတိရမိသည်။ 

        လိုအပ်ချက်ရှိနေမှန်းတော့သိလိုက်ရပြီ။ သို့သော်လည်း ထိုလိုအပ်ချက်ကို ဖြည့်ဆည်းမည့်သူရောက်မလာသေးပါ။ ထို့သို့သော ကွက်လပ်များ ကျွန်တော်တို့နိုင်ငံတွင် ထုနှင့်ထေး ဖြစ်နေပါပြီ။ ထိုကွက်လပ်များသည် တခါတရံတွင် မိမိကိုယ်တိုင်ဖြည့်ဆည်း၍ မရ၊ သက်ဆိုင်ရာကျွမ်းကျင်သည့် ပညာရှင်များ ပူးပေါင်းပြီး ဖန်တီးမှ ဖြစ်နိုင်မည်။ သို့သော်လည်း တချို့လိုအပ်ချက်များကို မိမိတတ်နိုင်သလောက် ဖြည့်ဆည်းနိုင်ပါသည်။ မိမိလိုအခြားသူများဖြည့်ဆည်းရင်း တတ်နိုင်သလောက် ကွက်လပ်များလျှော့နည်း သက်သာသွားပေလိမ့်မည်။

        စွယ်စုံကျမ်းကို အသစ်ဖြည့်စွက်တည်းဖြတ်ရန်မှာ သက်ဆိုင်ရာပညာရှင်များသာ တတ်နိုင်သောအလုပ်ဖြစ်ပါသည်။ သို့သော် နိုင်ငံခြားတွင် ပညာသင်ကြားသူကျောင်းသားတစ်ဦးသည် မိမိသွားခဲ့သောအဆင့်၊ သတိထားဖွယ်ရာအချက်များ စသည့်အတွေ့အကြုံများကို အခြားသူများကို ပြောပြလိုပါလျှင် ယနေ့ခေတ်အခြေအနေအရ အနည်းဆုံးဘလော့၊ ဖေ့ဘွတ် စသည်တို့မှ တဆင့် အတွေ့အကြုံလက်ဆင့်ကမ်းနိုင်ပေသည်။ သို့သော် ထိုကျောင်းသားသည် အတွေ့အကြုံလက်ဆင့်ကမ်းရန်အတွက် မိမိ၏အချိန်၊ လုပ်အား၊ ကြိုးစားမှုကို အသုံးပြုရပေမည်။ 

        ဟိုဟာလိုတယ်၊ ဒီဟာ မဟုတ်ဘူး ပြောနေကြမည့်အစား မိမိတို့ ကျင်လည်သောနယ်ပယ်၊ ပညာရပ်များနှင့် ပတ်သက်ပြီး လက်ဆင့်ကမ်းလျှင် အခြားသူတို့များစွာ အကျိုးရှိပေမည်။ အင်ဖေါ်မေးရှင်ခေတ်တွင် အသိတချက် နောက်ကျလျှင် များစွာအလှမ်းကွာဝေးသွားနိုင်သည်။ 

        Youtube တွင် ပညာလက်ဆင့်ကမ်းထားသော video များကို မြောက်များစွာ တွေ့နိုင်သည်။ ဥပမာအားဖြင့် Neck- tie လည်စည်း ဘယ်လိုစည်းမလဲ.. ဆိုသည့် စာသားရိုက်ထည့်လိုက်လျှင် လည်စည်း စည်းနည်းသင်ပေးသော video များစွာ တွေ့ပါလိမ့်မည်။ ထိုနည်းတူ အခြားသောနည်းလမ်းပေါင်းစုံကို မျှဝေပေးသည့် video များကို တွေ့ရပါလိမ့်မည်။ ထို video များကို အဖွဲ့အစည်းများမှ တင်ထားသလို၊ တစ်ဦးချင်းသမားများမှလည်း မိမိတို့သိထားသည်များကို မျှဝေပေးနေပါသည်။ ထိုသို့ မျှဝေခြင်းနည်းလမ်းဖြင့် မိမိတတ်ထားသောနည်းလမ်းတစ်ခုကို မျှဝေလျှင် မဖြစ်နိုင်ဘူးလား။ လိုအပ်နေမှန်း သိသောသူ၊ ထိုနည်းလမ်းကို တတ်ကျွမ်းသူသည် တတ်နိုင်သမျှ လုပ်သင့်ပါသည်။

        လွန်ခဲ့သော ၆ နှစ် ရနှစ်ခန့်က ဆရာဖေမြင့်၏ ဟောပြောပွဲတစ်ခုကို ကျွန်တော်သွားတတ်ပါသည်။ ထိုအချိန်တွင် ဆရာဖေမြင့်၏ “စာအုပ်ကမ္ဘာ” စာအုပ်ထွက်ပြီး သိပ်မကြာသေးမှီအချိန်ဖြစ်သည်။ ဆရာဖေမြင့်မှ “စာအုပ်ကမ္ဘာ” စာအုပ်ထဲမှ အခန်းများကို အဓိကဦးစားပေး၍ ဟောပြောသွားပါသည်။ ကမ္ဘာကို ပြောင်းလဲစေသည့်စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် အကျဉ်းချုပ် ဟောပြောသွားသည်။ ထို့နောက် စွယ်စုံကျမ်းကြီးကို နှစ်ခေါက်ပြီးအောင် ဖတ်သည့်အကြောင်းကိုလည်း ဟောပြောသွားခဲ့ပါသည်။ ဟောပြောပွဲပြီးနောက် မေးခွန်းများမေးနိုင်ကြောင်း ကြေညာပါသည်။ စာရွက်ကလေးများတွင် မေးခွန်းများရေး၍ မေးပြီး၊ ဆရာဖေမြင့်မှ ပြန်ဖြေပေးပါသည်။

        ထိုအချိန်တွင် ကျွန်တော်လည်း မေးခွန်းတစ်ခုကို မေးလိုက်ပါသည်။ ထိုမေးခွန်းမှာ “ဆရာခင်ဗျား၊ ကျွန်တော်သည် အင်္ဂလိပ်စာအုပ်များကို အတန်အသင့် ဖတ်ပါသည်။ ထိုအခါတွင် သတိပြုမိသောအချက်တစ်ခုမှ အင်္ဂလိပ်လိုရေးသားထားသော နည်းစနစ်သင်ကြားသည့်စာအုပ်များ အမြောက်အများရှိပါသည်။ ဥပမာအားဖြင့် “How to start your business, How to learn painting, How to learn music …” စသည့် စာအုပ်များကဲ့သို့ လုပ်ငန်းကိုင်ငန်း၊ အတတ်ပညာများကို မိမိကိုယ်တိုင် Self-study လေ့လာရန်ရေးထားသောစာအုပ်များ အဘယ်ကြောင့် ကျွန်တော်တို့ မြန်မာစာပေတွင် ရှားပါရပါသလဲ။”

        ဆရာဖေမြင့်မှ အချက် ၂ ချက်ဖြင့် ပြန်ဖြေပါသည်။ 
        
      ပထမအချက်မှ ကျွန်တော်တို့နိုင်ငံသည် ဆိုရှယ်လစ်စနစ်ဖြင့် ဖြတ်သန်းလာခဲ့သည်။ ထိုအခါတွင် ခေတ်စနစ်အရ အတတ်ပညာများနှင့်ပတ်သက်သည့်လုပ်ငန်းများ အားနည်းခဲ့ပါသည်။ ထို့ကြောင့် အတတ်ပညာဖြန့်ဖြူးသောစာအုပ်များ ရှားပါးခဲ့ရပါသည်။ 

       ဒုတိယအချက်မှာ ကျွန်တော်တို့စာရေးဆရာ အတော်များများသည် အတတ်ပညာတစ်ခုခုကို သီးသန့်ကျွမ်းကျင်သော ပညာရှင်များ မဟုတ်ကြပါ။ ယေဘုယျစာရေးသူများသာ ဖြစ်ကြပါသည်..ဟု ဖြေကြားခဲ့ပါသည်။ ထိုနောက် ဆရာဖေမြင့် ကျွန်တော့်ကို စကားတစ်ခွန်းထပ်ပြောလိုက်ပါသည်။
        “အဲဒီလိုအပ်ချက်ကို ခင်ဗျားသိနေပြီဆိုတော့ ခင်ဗျားကိုယ်တိုင် စပြီးဖြည့်ဖို့ ကြိုးစားပေါ့ဗျာ။”
                                                                      

( Zawgyi )

                 တစ္ေန႔က ကၽြန္ေတာ္႔ညီငယ္တစ္ဦးႏွင္႔ အြန္လိုင္းတြင္ ဟုိဟိုဒီဒီ စကားေျပာျဖစ္သည္။ ကိုယ္ေရးကိုယ္တာစကားမ်ား ေျပာၾကရင္း ဟိုေရာက္ဒီေရာက္ျဖစ္သြားၿပီး ထုံးစံအတိုင္းျမန္မာျပည္ႏိုင္ငံေရးအေၾကာင္း၊ ရိုမာန္ေဘာ႔စာအုပ္အေၾကာင္း၊ အြန္လိုင္းတြင္ ယုတ္ရင္းက်မ္းတမ္းသည္႔ မွတ္ခ်က္မ်ားအေၾကာင္း စသည္႔ျဖင္႔ ေရာက္္တတ္ရာရာ ေျပာဆိုမိၾကသည္။ 

        ထိုသို႔ေျပာဆိုၾကရင္း သူေျပာဆိုေသာစကားမ်ားထဲတြင္ ကၽြန္ေတာ္ေတာ႔ အဲဒါကိုအားမရပါဘူး။ ဒီလိုျဖစ္သင္႔တာေလ။ ဒီလိုေရးထားတာေတြ မရိွဘူးေနာ္..စသည္႔ လိုအပ္ခ်က္မ်ားကို မၾကာခဏေျပာေနသည္ကို သတိထားမိလိုက္ပါသည္။ အင္း ဟုတ္ေပသားပဲဟု ေတြးမိသည္မွ အပ ကိုယ္တိုင္လဲ ဘာမွ လုပ္လို႔မရ။ ေခတ္ကာလႏွင္႔အညီ ထပ္မံျဖည္႔ဆည္းျခင္း၊ တီးျဖတ္ျခင္းျပဳလုပ္ရမည္႔ အရာေတြမ်ားစြာရိွေနမွန္းသတိရမိသည္။ 

        လိုအပ္ခ်က္ရိွေနမွန္းေတာ႔သိလိုက္ရၿပီ။ သို႔ေသာ္လည္း ထိုလိုအပ္ခ်က္ကို ျဖည္႔ဆည္းမည္႔သူေရာက္မလာေသးပါ။ ထို႔သို႔ေသာ ကြက္လပ္မ်ား ကၽြန္ေတာ္တို႔ႏိုင္ငံတြင္ ထုႏွင္႔ေထး ျဖစ္ေနပါၿပီ။ ထိုကြက္လပ္မ်ားသည္ တခါတရံတြင္ မိမိကိုယ္တိုင္ျဖည္႔ဆည္း၍ မရ၊ သက္ဆိုင္ရာကၽြမ္းက်င္သည္႔ ပညာရွင္မ်ား ပူးေပါင္းၿပီး ဖန္တီးမွ ျဖစ္ႏိုင္မည္။ သို႔ေသာ္လည္း တခ်ဳိ႕လိုအပ္ခ်က္မ်ားကို မိမိတတ္ႏိုင္သေလာက္ ျဖည္႔ဆည္းႏိုင္ပါသည္။ မိမိလိုအျခားသူမ်ားျဖည္႔ဆည္းရင္း တတ္ႏိုင္သေလာက္ ကြက္လပ္မ်ားေလွ်ာ႔နည္း သက္သာသြားေပလိမ္႔မည္။

        စြယ္စုံက်မ္းကို အသစ္ျဖည္႔စြက္တည္းျဖတ္ရန္မွာ သက္ဆိုင္ရာပညာရွင္မ်ားသာ တတ္ႏိုင္ေသာအလုပ္ျဖစ္ပါသည္။ သို႔ေသာ္ ႏိုင္ငံျခားတြင္ ပညာသင္ၾကားသူေက်ာင္းသားတစ္ဦးသည္ မိမိသြားခဲ႔ေသာအဆင္႔၊ သတိထားဖြယ္ရာအခ်က္မ်ား စသည္႔အေတြ႔အႀကံဳမ်ားကို အျခားသူမ်ားကို ေျပာျပလိုပါလွ်င္ ယေန႔ေခတ္အေျခအေနအရ အနည္းဆုံးဘေလာ႔၊ ေဖ႔ဘြတ္ စသည္တို႔မွ တဆင္႔ အေတြ႔အႀကံဳလက္ဆင္႔ကမ္းႏိုင္ေပသည္။ သို႔ေသာ္ ထိုေက်ာင္းသားသည္ အေတြ႔အႀကံဳလက္ဆင္႔ကမ္းရန္အတြက္ မိမိ၏အခ်ိန္၊ လုပ္အား၊ ႀကိဳးစားမႈကို အသုံးျပဳရေပမည္။ 

        ဟိုဟာလိုတယ္၊ ဒီဟာ မဟုတ္ဘူး ေျပာေနၾကမည္႔အစား မိမိတို႔ က်င္လည္ေသာနယ္ပယ္၊ ပညာရပ္မ်ားႏွင္႔ ပတ္သက္ၿပီး လက္ဆင္႔ကမ္းလွ်င္ အျခားသူတို႔မ်ားစြာ အက်ဳိးရိွေပမည္။ အင္ေဖၚေမးရွင္ေခတ္တြင္ အသိတခ်က္ ေနာက္က်လွ်င္ မ်ားစြာအလွမ္းကြာေဝးသြားႏိုင္သည္။ 

        Youtube တြင္ ပညာလက္ဆင္႔ကမ္းထားေသာ video မ်ားကို ေျမာက္မ်ားစြာ ေတြ႔ႏိုင္သည္။ ဥပမာအားျဖင္႔ Neck- tie လည္စည္း ဘယ္လိုစည္းမလဲ.. ဆိုသည္႔ စာသားရိုက္ထည္႔လိုက္လွ်င္ လည္စည္း စည္းနည္းသင္ေပးေသာ video မ်ားစြာ ေတြ႔ပါလိမ္႔မည္။ ထိုနည္းတူ အျခားေသာနည္းလမ္းေပါင္းစုံကို မွ်ေဝေပးသည္႔ video မ်ားကို ေတြ႔ရပါလိမ္႔မည္။ ထို video မ်ားကို အဖြဲ႔အစည္းမ်ားမွ တင္ထားသလို၊ တစ္ဦးခ်င္းသမားမ်ားမွလည္း မိမိတို႔သိထားသည္မ်ားကို မွ်ေဝေပးေနပါသည္။ ထိုသို႔ မွ်ေဝျခင္းနည္းလမ္းျဖင္႔ မိမိတတ္ထားေသာနည္းလမ္းတစ္ခုကို မွ်ေဝလွ်င္ မျဖစ္ႏိုင္ဘူးလား။ လိုအပ္ေနမွန္း သိေသာသူ၊ ထိုနည္းလမ္းကို တတ္ကၽြမ္းသူသည္ တတ္ႏိုင္သမွ် လုပ္သင္႔ပါသည္။

        လြန္ခဲ႔ေသာ ၆ ႏွစ္ ရႏွစ္ခန္႔က ဆရာေဖျမင္႔၏ ေဟာေျပာပြဲတစ္ခုကို ကၽြန္ေတာ္သြားတတ္ပါသည္။ ထိုအခ်ိန္တြင္ ဆရာေဖျမင္႔၏ “စာအုပ္ကမာၻ” စာအုပ္ထြက္ၿပီး သိပ္မၾကာေသးမွီအခ်ိန္ျဖစ္သည္။ ဆရာေဖျမင္႔မွ “စာအုပ္ကမာၻ” စာအုပ္ထဲမွ အခန္းမ်ားကို အဓိကဦးစားေပး၍ ေဟာေျပာသြားပါသည္။ ကမာၻကို ေျပာင္းလဲေစသည္႔စာအုပ္မ်ားကို တစ္အုပ္ၿပီးတစ္အုပ္ အက်ဥ္းခ်ဳပ္ ေဟာေျပာသြားသည္။ ထို႔ေနာက္ စြယ္စုံက်မ္းႀကီးကို ႏွစ္ေခါက္ၿပီးေအာင္ ဖတ္သည္႔အေၾကာင္းကိုလည္း ေဟာေျပာသြားခဲ႔ပါသည္။ ေဟာေျပာပြဲၿပီးေနာက္ ေမးခြန္းမ်ားေမးႏိုင္ေၾကာင္း ေၾကညာပါသည္။ စာရြက္ကေလးမ်ားတြင္ ေမးခြန္းမ်ားေရး၍ ေမးၿပီး၊ ဆရာေဖျမင္႔မွ ျပန္ေျဖေပးပါသည္။

        ထိုအခ်ိန္တြင္ ကၽြန္ေတာ္လည္း ေမးခြန္းတစ္ခုကို ေမးလိုက္ပါသည္။ ထိုေမးခြန္းမွာ “ဆရာခင္ဗ်ား၊ ကၽြန္ေတာ္သည္ အဂၤလိပ္စာအုပ္မ်ားကို အတန္အသင္႔ ဖတ္ပါသည္။ ထိုအခါတြင္ သတိျပဳမိေသာအခ်က္တစ္ခုမွ အဂၤလိပ္လိုေရးသားထားေသာ နည္းစနစ္သင္ၾကားသည္႔စာအုပ္မ်ား အေျမာက္အမ်ားရိွပါသည္။ ဥပမာအားျဖင္႔ “How to start your business, How to learn painting, How to learn music …” စသည္႔ စာအုပ္မ်ားကဲ႔သို႔ လုပ္ငန္းကိုင္ငန္း၊ အတတ္ပညာမ်ားကို မိမိကိုယ္တိုင္ Self-study ေလ႔လာရန္ေရးထားေသာစာအုပ္မ်ား အဘယ္ေၾကာင္႔ ကၽြန္ေတာ္တို႔ ျမန္မာစာေပတြင္ ရွားပါရပါသလဲ။”

        ဆရာေဖျမင္႔မွ အခ်က္ ၂ ခ်က္ျဖင္႔ ျပန္ေျဖပါသည္။ 
        
      ပထမအခ်က္မွ ကၽြန္ေတာ္တို႔ႏိုင္ငံသည္ ဆိုရွယ္လစ္စနစ္ျဖင္႔ ျဖတ္သန္းလာခဲ႔သည္။ ထိုအခါတြင္ ေခတ္စနစ္အရ အတတ္ပညာမ်ားႏွင္႔ပတ္သက္သည္႔လုပ္ငန္းမ်ား အားနည္းခဲ႔ပါသည္။ ထို႔ေၾကာင္႔ အတတ္ပညာျဖန္႔ျဖဴးေသာစာအုပ္မ်ား ရွားပါးခဲ႔ရပါသည္။ 

       ဒုတိယအခ်က္မွာ ကၽြန္ေတာ္တို႔စာေရးဆရာ အေတာ္မ်ားမ်ားသည္ အတတ္ပညာတစ္ခုခုကို သီးသန္႔ကၽြမ္းက်င္ေသာ ပညာရွင္မ်ား မဟုတ္ၾကပါ။ ေယဘုယ်စာေရးသူမ်ားသာ ျဖစ္ၾကပါသည္..ဟု ေျဖၾကားခဲ႔ပါသည္။ ထိုေနာက္ ဆရာေဖျမင္႔ ကၽြန္ေတာ္႔ကို စကားတစ္ခြန္းထပ္ေျပာလိုက္ပါသည္။
        “အဲဒီလိုအပ္ခ်က္ကို ခင္ဗ်ားသိေနၿပီဆိုေတာ႔ ခင္ဗ်ားကိုယ္တိုင္ စၿပီးျဖည္႔ဖို႔ ႀကိဳးစားေပါ႔ဗ်ာ။”
                                                                      
       
       

No comments:

Post a Comment