Sunday, October 12, 2014

အလုပ်ထဲက သီလတရား

တစ်ခါတုန်းက ကျွန်တော့်သူငယ်ချင်း မျှဝေပေးတဲ့အတွေးလေးတစ်ခုကို တင်ပြလိုပါတယ်။ သူငယ်ချင်းက သင်္ဘောအင်ဂျင်နီယာတစ်ယောက်ပါ။ သူ့သင်္ဘောပေါ်မှာ တရုတ် စက် ၄ ( 4/E ) နှစ်ယောက်ရှိတယ်။ တယောက်က ဘာသာမဲ့၊ တယောက်ကတော့ ခရစ်ယာန်ဘာသာဝင်ပါ။ အဆင့်တူဆိုတော့ အလုပ်တွေကို ခွဲဝေလုပ်ကြတယ်။ ကျွန်တော့်သူငယ်ချင်းကတော့ သူ့တို့အပေါ်က အင်ဂျင်နီယာပါ။ အလုပ်တွေကိုစစ်ဆေးရတဲ့လူပါ။ 

တခါတော့စကားပြောဆိုကြရင်း ဘာသာမဲ့တရုတ် 4/E က ဒီလိုပြောပါတယ်။
“ငါ့မှာ ဘာသာမရှိဘူး။ ငါ အသက်ရှင်တယ်။ နေထိုင်စားသောက်တယ်။ အဲဒီအတွက်အလုပ်လုပ်ရတယ်။ ငါ့ကို အသက်ရှင်စားသောက်ဖို့ ဒီအလုပ်ကနေပြီး၊ ပိုက်ဆံပေးတယ်။ အဲဒီတော့ အလုပ်ကို ဂရုစိုက်ပြီးလုပ်ရမယ်။” လို့ပြောတယ်။

နောက် 4/E တစ်ယောက်ကတော့ ကျွန်တော့်သူငယ်ချင်းနဲ့တွေ့ရင် စကားတွေအရမ်းပြောတယ်။ သူပြောတဲ့စကားတွေက Bible အကြောင်းတွေချည်းပါတဲ့။ အလုပ်မှာလဲ သိပ်လက်ကြောမတင်းပါဘူး လို့ သူငယ်ချင်းက ပြောပါတယ်။ 

စကားချပ်အနေနဲ့ ခရစ်ယာန်ဘာသာကို ထိခိုက်ပြီးပြောနေတာ မဟုတ်ပါဘူး။ ဘယ်ဘာသာမှာမဆို ရှိနိုင်ကြတဲ့ အဖြစ်အပျက်ပါ။ ဦးတည်ချက်တွေ လွဲနေတာကို ပြောလိုတာပါ။ အတူတကွ အလုပ်လုပ်ကြစဉ်မှာ အလုပ်ကို ကြိုးစားဖို့ပဲ လိုပါတယ်။ မယောင်ရာဆီလူး ကိုယ်ရေးကိုယ်တာတွေ လျှောက်ပြောနေလို့ မရပါဘူး။

အခုလိုယဉ်ကျေးမှုမျိုး ကျွန်တော်တို့ တိုင်းပြည်မှာ တော်တော်ထွန်းကားနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ခြုံပြီးပြောရရင် အရည်အချင်းဦးစားပေးစနစ် မရှိတဲ့နိုင်ငံမို့လို့ပါ။ ကြိုးစားမှု၊ အရည်အချင်းတို့ကြောင့် ရာထူးရတယ်ဆိုတာထက်၊ အထက်လူကြီးကြောင့်ရတယ်လို့ ထင်နေကြတဲ့နိုင်ငံပါ။ အထက်ဖါး၊ အောက်ဖိတွေ အများစုပါ။ ဒီလိုလူတွေ နိုင်ငံခြားရောက်ပြီး အလုပ်လုပ်ကြတဲ့အခါ အရိုးစွဲအစဉ်အလာက ဇာတိပြလာပါတော့တယ်။ နိုင်ငံခြားသားကို ဖါးမယ်။ အထက်လူကြီးကို သူလျှိုလုပ်မယ်။ အချင်းချင်း နင်းမယ်။ နိုင်ငံခြားသားဆို သေမလောက်ကြောက်မယ်။ အစရှိသည်ဖြင့် မဆုံးနိုင်တဲ့ ကိစ္စတွေကို လုပ်တော့တာပါ။

တကယ်၍ နိုင်ငံခြားသားက အထက်လူကြီး၊ ကျန်တာက မြန်မာအများစုဆို ပိုပြီး ဆိုးဆိုးဝါးဝါးဇာတိပြတော့တာပါပဲ။ 

အလုပ်ကို ဂရုစိုက်တယ်ဆိုတာ နောက်ဆုံးမှာပါ။ အုပ်စုဖွဲ့၊ မနာလိုဂျောက်တွန်း၊ နောက်ကွယ်မှာ ပေါက်ကရလျှောက်ပြော..စသည့် မဆုံးနိုင်တဲ့လုပ်ရပ်တွေ လုပ်ပါတော့တယ်။ ကိုယ့်လူမျိုး အချင်းချင်း အပေါ်မှာပါ။ နိုင်ငံခြားသားကိုတော့ ကြောက်လိုက်တာတုန်လို့ပါ။

ဒီလိုဖြစ်စေတဲ့ အခြေခံအကြောင်းရင်း တခုက အာဏာရှင်စနစ်ကြောင့်လို့ ပြောလို့ရပါတယ်။ အခြားအချက်တစ်ခုကိုလဲ ကျွန်တော်စဉ်းစားမိပါတယ်။

ဗုဒ္ဓဘာသာမှာ ဆောက်တည်ရမဲ့သီလ (၂) မျိုးရှိပါတယ်။ တခုက စာရိတ္တသီလနှင့် ဝါရိတ္တသီလပါ။ စာရိတ္တသီလဆိုတာ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ၁၀ ပါးသီလ..စသည့်ဖြင့် မဖြစ်မနေစောင့်ထိန်းရမဲ့သီလပါ။ လူအနေနဲ့ ၅ ပါးသီလကို ကျိုးပေါက်ရင် အပြစ်ရှိတယ်လို့ တိုက်ရိုတ်ပြောပါတယ်။ တနည်းအားဖြင့် လူ့ယဉ်ကျေးမှုကို တည်တံ့စေဖို့ လောကပါလသီလပါ။ ဒီသီလကို စောင့်ထိန်းမှ လူ့အဖွဲ့အစည်း ရည်ရှည်တည်တံ့မယ်။ တစ်ဦးနဲ့တစ်ဦး ဆက်ဆံပေါင်းသင်း   စောင့်ထိန်းအပ်တဲ့ တရားပါ။

နောက်သီလကတော့ ဝါရိတ္တသီလပါ။ မစောင့်ထိန်းရင်လည်း အပြစ်မဖြစ်ဘူးလို့ ဆိုပါတယ်။ မိဘဝတ်၊ ဆရာဝတ်၊ တပည့်ဝတ်.. အစရှိသည့် သက်ဆိုင်ရာနေရာအလိုက် စောင့်ထိန်းသင့်သောသီလပါ။ ဝါရိတ္တသီလတွေကို ဗုဒ္ဓဘာသာမှာ တော်တော်ဖွင့်ဆိုထားပြီးပါပြီ။ လူမှုရေးနယ်ပယ်အလိုက် အတော်ပြည့်ပြည့်စုံစုံရှိပါတယ်။ လင်ဝတ်၊ မယားဝတ်..မှအစရှိပြီး၊ နိုင်ငံအကြီးအကဲတွေအတွက် နာယာကဂုဏ် အထိရှိပါတယ်။ ဒီသီလဟာတော့ မိမိရဲ့အလုပ်အကိုင်နဲ့လည်း ပတ်သက်တဲ့သီလလို့ပြောလို့ရပါတယ်။ ဒီဘက်ခေတ်ကုမ္ပဏီတွေမှာ ရာထူးနဲ့ လုပ်ပိုင်ခွင့်ကို သေသေချာချာပြဌာန်းဖို့ Duty and Responsibility ကို သီးသန့်ရေးထားပါတယ်။ ကိုယ့်ရဲ့တာဝန်ကို ပြဌာန်းချက်အတိုင်း ဆောင်ရွက်ခြင်းဟာ ဝါရိတ္တသီလကိုဆောက်တည်ခြင်းပါ။ 

ထိုသို့သောဝါရိတ္တသီလတရားကို မသိရှိ၊ မစောင့်ထိန်းပဲ ရေလိုက်လွှဲကြသောကြောင့် ရောရောယောင်ယောင်ဘဝနဲ့ ရှိခဲ့ကြတာကြာပါပြီ။ ရေသာများ၍ ငါးမတွေ့ဖြစ်ခဲ့ရတာ ကြာပါပြီဗျာ။

( Zawgyi )
တစ္ခါတုန္းက ကၽြန္ေတာ္႔သူငယ္ခ်င္း မွ်ေဝေပးတဲ႔အေတြးေလးတစ္ခုကို တင္ျပလိုပါတယ္။ သူငယ္ခ်င္းက သေဘၤာအင္ဂ်င္နီယာတစ္ေယာက္ပါ။ သူ႔သေဘၤာေပၚမွာ တရုတ္ စက္ ၄ ( 4/E ) ႏွစ္ေယာက္ရိွတယ္။ တေယာက္က ဘာသာမဲ႔၊ တေယာက္ကေတာ႔ ခရစ္ယာန္ဘာသာဝင္ပါ။ အဆင္႔တူဆိုေတာ႔ အလုပ္ေတြကို ခြဲေဝလုပ္ၾကတယ္။ ကၽြန္ေတာ္႔သူငယ္ခ်င္းကေတာ႔ သူ႔တို႔အေပၚက အင္ဂ်င္နီယာပါ။ အလုပ္ေတြကိုစစ္ေဆးရတဲ႔လူပါ။ 

တခါေတာ႔စကားေျပာဆိုၾကရင္း ဘာသာမဲ႔တရုတ္ 4/E က ဒီလိုေျပာပါတယ္။
“ငါ႔မွာ ဘာသာမရိွဘူး။ ငါ အသက္ရွင္တယ္။ ေနထိုင္စားေသာက္တယ္။ အဲဒီအတြက္အလုပ္လုပ္ရတယ္။ ငါ႔ကို အသက္ရွင္စားေသာက္ဖို႔ ဒီအလုပ္ကေနၿပီး၊ ပိုက္ဆံေပးတယ္။ အဲဒီေတာ႔ အလုပ္ကို ဂရုစိုက္ၿပီးလုပ္ရမယ္။” လို႔ေျပာတယ္။

ေနာက္ 4/E တစ္ေယာက္ကေတာ႔ ကၽြန္ေတာ္႔သူငယ္ခ်င္းနဲ႔ေတြ႔ရင္ စကားေတြအရမ္းေျပာတယ္။ သူေျပာတဲ႔စကားေတြက Bible အေၾကာင္းေတြခ်ည္းပါတဲ႔။ အလုပ္မွာလဲ သိပ္လက္ေၾကာမတင္းပါဘူး လို႔ သူငယ္ခ်င္းက ေျပာပါတယ္။ 

စကားခ်ပ္အေနနဲ႔ ခရစ္ယာန္ဘာသာကို ထိခိုက္ၿပီးေျပာေနတာ မဟုတ္ပါဘူး။ ဘယ္ဘာသာမွာမဆို ရိွႏိုင္ၾကတဲ႔ အျဖစ္အပ်က္ပါ။ ဦးတည္ခ်က္ေတြ လြဲေနတာကို ေျပာလိုတာပါ။ အတူတကြ အလုပ္လုပ္ၾကစဥ္မွာ အလုပ္ကို ႀကိဳးစားဖို႔ပဲ လိုပါတယ္။ မေယာင္ရာဆီလူး ကိုယ္ေရးကိုယ္တာေတြ ေလွ်ာက္ေျပာေနလို႔ မရပါဘူး။

အခုလိုယဥ္ေက်းမႈမ်ဳိး ကၽြန္ေတာ္တို႔ တိုင္းျပည္မွာ ေတာ္ေတာ္ထြန္းကားေနပါတယ္။ ဘာေၾကာင္႔လဲဆိုေတာ႔ ၿခံဳၿပီးေျပာရရင္ အရည္အခ်င္းဦးစားေပးစနစ္ မရိွတဲ႔ႏိုင္ငံမို႔လို႔ပါ။ ႀကိဳးစားမႈ၊ အရည္အခ်င္းတို႔ေၾကာင္႔ ရာထူးရတယ္ဆိုတာထက္၊ အထက္လူႀကီးေၾကာင္႔ရတယ္လို႔ ထင္ေနၾကတဲ႔ႏိုင္ငံပါ။ အထက္ဖါး၊ ေအာက္ဖိေတြ အမ်ားစုပါ။ ဒီလိုလူေတြ ႏိုင္ငံျခားေရာက္ၿပီး အလုပ္လုပ္ၾကတဲ႔အခါ အရိုးစြဲအစဥ္အလာက ဇာတိျပလာပါေတာ႔တယ္။ ႏိုင္ငံျခားသားကို ဖါးမယ္။ အထက္လူႀကီးကို သူလွ်ိဳလုပ္မယ္။ အခ်င္းခ်င္း နင္းမယ္။ ႏိုင္ငံျခားသားဆို ေသမေလာက္ေၾကာက္မယ္။ အစရိွသည္ျဖင္႔ မဆုံးႏိုင္တဲ႔ ကိစၥေတြကို လုပ္ေတာ႔တာပါ။

တကယ္၍ ႏိုင္ငံျခားသားက အထက္လူႀကီး၊ က်န္တာက ျမန္မာအမ်ားစုဆို ပိုၿပီး ဆိုးဆိုးဝါးဝါးဇာတိျပေတာ႔တာပါပဲ။ 

အလုပ္ကို ဂရုစိုက္တယ္ဆိုတာ ေနာက္ဆုံးမွာပါ။ အုပ္စုဖြဲ႔၊ မနာလိုေဂ်ာက္တြန္း၊ ေနာက္ကြယ္မွာ ေပါက္ကရေလွ်ာက္ေျပာ..စသည္႔ မဆုံးႏိုင္တဲ႔လုပ္ရပ္ေတြ လုပ္ပါေတာ႔တယ္။ ကိုယ္႔လူမ်ဳိး အခ်င္းခ်င္း အေပၚမွာပါ။ ႏိုင္ငံျခားသားကိုေတာ႔ ေၾကာက္လိုက္တာတုန္လို႔ပါ။

ဒီလိုျဖစ္ေစတဲ႔ အေျခခံအေၾကာင္းရင္း တခုက အာဏာရွင္စနစ္ေၾကာင္႔လို႔ ေျပာလို႔ရပါတယ္။ အျခားအခ်က္တစ္ခုကိုလဲ ကၽြန္ေတာ္စဥ္းစားမိပါတယ္။

ဗုဒၶဘာသာမွာ ေဆာက္တည္ရမဲ႔သီလ (၂) မ်ဳိးရိွပါတယ္။ တခုက စာရိတၱသီလႏွင္႔ ဝါရိတၱသီလပါ။ စာရိတၱသီလဆိုတာ ငါးပါးသီလ၊ ရွစ္ပါးသီလ၊ ၁၀ ပါးသီလ..စသည္႔ျဖင္႔ မျဖစ္မေနေစာင္႔ထိန္းရမဲ႔သီလပါ။ လူအေနနဲ႔ ၅ ပါးသီလကို က်ဳိးေပါက္ရင္ အျပစ္ရိွတယ္လို႔ တိုက္ရုိတ္ေျပာပါတယ္။ တနည္းအားျဖင္႔ လူ႔ယဥ္ေက်းမႈကို တည္တံ႔ေစဖို႔ ေလာကပါလသီလပါ။ ဒီသီလကို ေစာင္႔ထိန္းမွ လူ႔အဖြဲ႔အစည္း ရည္ရွည္တည္တံ႔မယ္။ တစ္ဦးနဲ႔တစ္ဦး ဆက္ဆံေပါင္းသင္း   ေစာင္႔ထိန္းအပ္တဲ႔ တရားပါ။

ေနာက္သီလကေတာ႔ ဝါရိတၱသီလပါ။ မေစာင္႔ထိန္းရင္လည္း အျပစ္မျဖစ္ဘူးလို႔ ဆိုပါတယ္။ မိဘဝတ္၊ ဆရာဝတ္၊ တပည္႔ဝတ္.. အစရိွသည္႔ သက္ဆိုင္ရာေနရာအလိုက္ ေစာင္႔ထိန္းသင္႔ေသာသီလပါ။ ဝါရိတၱသီလေတြကို ဗုဒၶဘာသာမွာ ေတာ္ေတာ္ဖြင္႔ဆိုထားၿပီးပါၿပီ။ လူမႈေရးနယ္ပယ္အလိုက္ အေတာ္ျပည္႔ျပည္႔စုံစုံရိွပါတယ္။ လင္ဝတ္၊ မယားဝတ္..မွအစရိွၿပီး၊ ႏိုင္ငံအႀကီးအကဲေတြအတြက္ နာယာကဂုဏ္ အထိရိွပါတယ္။ ဒီသီလဟာေတာ႔ မိမိရဲ႕အလုပ္အကိုင္နဲ႔လည္း ပတ္သက္တဲ႔သီလလို႔ေျပာလို႔ရပါတယ္။ ဒီဘက္ေခတ္ကုမၸဏီေတြမွာ ရာထူးနဲ႔ လုပ္ပိုင္ခြင္႔ကို ေသေသခ်ာခ်ာျပဌာန္းဖို႔ Duty and Responsibility ကို သီးသန္႔ေရးထားပါတယ္။ ကိုယ္႔ရဲ႕တာဝန္ကို ျပဌာန္းခ်က္အတိုင္း ေဆာင္ရြက္ျခင္းဟာ ဝါရိတၱသီလကိုေဆာက္တည္ျခင္းပါ။ 

ထိုသို႔ေသာဝါရိတၱသီလတရားကို မသိရိွ၊ မေစာင္႔ထိန္းပဲ ေရလိုက္လႊဲၾကေသာေၾကာင္႔ ေရာေရာေယာင္ေယာင္ဘဝနဲ႔ ရိွခဲ႔ၾကတာၾကာပါၿပီ။ ေရသာမ်ား၍ ငါးမေတြ႔ျဖစ္ခဲ႔ရတာ ၾကာပါၿပီဗ်ာ။

                                              

No comments:

Post a Comment