ကျွန်တော်
ရဟန်းနှစ်ဝါရသောအချိန်တွင် တိုက်ဖွိုက်အဖျားရောဂါဖြစ်ပွါးပါတယ်။ ထိုအချိန်တွင် ကျွန်တော်သည်
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းတွင် သီတင်းသုံးနေထိုင်ပါတယ်။ အဖျားရောဂါသည် ပြင်းထန်သည့်အတွက်
ဥဘွန်ရှိ ဒေသဆိုင်ရာဆေးရုံ၊ သံဃာဆောင်တွင် တက်ရောက်ကုသမှု ခံယူနေရပါသည်။ ၁၉၇၀ပြည့်နှစ်များအတွင်း
အခြေအနေအရ ဥဘွန်သည် တိုင်းပြည်၏ အဝေးလံအခေါင်အဖျားဆုံးနှင့် အဆင်းရဲဆုံးဒေသဖြစ်နေပါသည်။
ရောဂါကြောင့်
အလွန်အားနည်းနေသော ကျွန်တော့်လက်မောင်းတွင် ဂလူးကို့စ်ပုလင်းချိတ်ထားပါသည်။ ညနေ၆နာရီတွင်
ယောက်ျားသူနာပြုတစ်ယောက်အခန်းထဲမှ ထွက်သွားသည်ကို ကျွန်တော် သတိထားမိလိုက်ပါသည်။ နောက်ထပ်အချိန်နာရီဝက်ကုန်သွားသော်လည်း၊
သူနာပြုအစား ဝင်ရောက်မလာပါ။ ထို့ကြောင့် ကပ်လျှက်ကုတင်ရှိရဟန်းတော်အား အစားထိုးသူနာပြု
မရောက်သေးကြောင်းကို အဆောင်တာဝန်ရှိသူထံ အကြောင်းကြားရန် သင့်၊မသင့် မေးမြန်းစုံစမ်းမိပါသည်။
သံဃာဆောင်မှာ ညဖက်သူနာပြု တာဝန်ချထားခြင်းမရှိကြောင်း ကျွန်တော့်ကို ချက်ချင်းပြန်ပြောပြပါတယ်။
ရောဂါအခြေအနေက ညပိုင်းမှာ ရောဂါအခြေအနေပိုပြီးဆိုးလာတယ်ဆိုရင်တော့ ကံမကောင်းလို့ပါ။
အခုလိုနေထိုင်မကောင်းဖြစ်တဲ့အခြေအနေဟာ
တော်တော်ဆိုးတဲ့အခြေအနေဖြစ်နေပါပြီ။ အခုလိုကြားလိုက်ရတဲ့အခါ ကျွန်တော် တော်တော်ကြောက်လန့်မိပါတယ်။
ကျွဲတစ်ကောင်လိုသန်မာတဲ့သူနာပြုက
နောက်ထပ်လေးပတ်ကြာအောင် မနက်တိုင်း ကျွန်တော့် တင်ပါးကို ဆေးထိုးပေးပါတယ်။ အခုနေရာက
မဖွံ့ဖြိုးသေးသည့်တတိယနိုင်ငံက ဆင်းရဲသောပြည်သူ့ဆေးရုံတစ်ခုပါ။ အသုံးပြုသည့်အပ်တွေက
ထပ်ခါထပ်ခါ ပြုတ်ပြီးသုံးနေလို့ ထိပ်တုံးပါပြီ။ အပ်ကို အသားထဲဝင်ဖို့ လက်မောင်းအားသန်တဲ့
သူနာပြုက အားစိုက်ပြီး ထိုးသွင်းပါတယ်။ ရဟန်းတော်ဆိုတာ အဆိုးဝါးဆုံးအဖြစ်တွေ ရင်ဆိုင်နိုင်ဖို့
နှလုံးသွင်းထားပါတယ်။ သို့သော်လည်း ကျွန်တော့်တင်ပါးတွေက အဲဒီလောက်ခံနိုင်ရည်မရှိပါဘူး။
အဲဒီအချိန်မှာတော့ အလွန်နာကျင်လွန်းလို့ သူနာပြုကို မုန်းမိပါတယ်။
အဲဒီကာလတွေမှာ
နာကျင်မှု၊ အားငယ်မှုတွေနှင့် အရမ်းကို ဝမ်းနည်းစရာကောင်းတဲ့အချိန်တွေကို ဖြတ်သန်းနေခဲ့ရပါတယ်။
တစ်ရက်မှာတော့ ကျွန်တော့်ကို ကြည့်ရှုဖို့ ဆရာတော် Ajahn Chahn သံဃာဆောင်ကို လာရောက်ပါတယ်။
ငါ့ကို လာတွေ့တာလားဆိုပြီး၊ ကျွန်တော့်ကိုယ် ကျွန်တော် အထင်ကြီးမိပါတယ်။ ဆရာတော် စကားမပြောခင်အချိန်အထိ
ကျွန်တော် ဘဝင်လေဟပ်သလို ခံစားနေရပါတယ်။ တကယ်တော့ဆရာတော် စကားပြောတာ ကျွန်တော် တစ်ယောက်ထဲကို
မဟုတ်ပါဘူး။ ဆေးရုံမှာရှိတဲ့ သံဃာတိုင်းကို ပြောတာပါ။
“မင်းနေကောင်းရင်ကောင်း၊
မကောင်းရင်တော့ သေမှာဘဲ။” လို့ ဆရာတော်က ကျွန်တော့်ကို ပြောပါတယ်။
တစ်ခွန်းထဲပြောပြီ ပြန်သွားပါတယ်။
ကျွန်တော့်ရဲ့ဝမ်းသာပျော်ရွှင်မှုဟာ
ချက်ချင်းပြိုကွဲသွားပါတယ်။ ပိုဆိုးတဲ့အချက်ကတော့ ဆရာတော်ပြောတာမှန်ကန်လွန်းနေပါတယ်။
တကယ့်အမှန်တရားပါ။ ကျွန်တော့်အတွက် ရွေးချယ်စရာလမ်း(၂)သွယ်ဘဲ ရှိတာပါ။ ပြန်မကောင်းလာရင်တော့
သေရုံပါပဲ။ တနည်းစဉ်းစားကြည့်ရင်တော့ နေထိုင်မကောင်းလို့ခံစားနေရတာတွေ တချိန်မှာကုန်ဆုံးသွားရပါလိမ့်မယ်။
ရောဂါပျောက်ချင်ပျောက်၊ ဒါမှမဟုတ် ခံစားမှုကို မသိတော့အောင်သေဆုံးတာ သိပ်ကိုသေချာလွန်းပါတယ်။
ကျွန်တော် ရောဂါသက်သာပျောက်ကင်းလာပါတော့တယ်။
ဘယ်လောက်တောင်
ဥာဏ်အမျှော်အမြင်ကြီးမားသည့် ဆရာတော်လည်းဟု သိရှိလိုက်ရပါတော့တယ်။
( advice for when you are sick ကိုပြန်ဆိုပါသည်။ )
No comments:
Post a Comment