ဆရာအောင်သင်းက
သရုပ်ဆောင် ဆွေဇင်ထိုက်နှင့် တွေ့ဆုံမေးမြန်းမှုကို အသိငတ်တဲ့အနုပညာသည် ဟု
ခေါင်းစဉ်တပ် ခဲ့ပါသည်။
သင်း။
။ ညည်းဟာ ရွှေစင်ရုပ်ကိုရတဲ့ ရုပ်ရှင်မင်းသမီးဖြစ်နေပါလျှက်နဲ့ ဆိုလိုတာက အနုပညာနယ်ပယ်မှာ
အောင်မြင်ပြီးသူဖြစ်နေပါလျှက် ပညာရေးကိုလုံးဝ မျက်ခြည်အပြတ်မခံဘဲ လိုက်စားနေခဲ့တာက
ဘာကြောင့်လဲ။ ဘယ်လိုရည်ရွယ်ချက်လဲဆိုတာကို ပြောပြပေးနိုင်လား။
ဆွေ။
။ ….ဒါပေမဲ့နောက်ပိုင်းမှာ အတွေ့အကြုံအရရော၊ ကိုယ် သင်ကြားဆည်းပူးလာရတဲ့
ပညာတွေအရရော ကျတော့မှ ထူးချွန်တယ်ဆိုတာ မိမိကိုယ်ကိုသာမက မိမိပတ်ဝန်းကျင်ကိုပါ
တိုးတက်အောင်လုပ်နိုင်မှ တကယ်ထူးချွန်တာဖြစ်လာတယ် ဆိုတာကို သိလာတာကိုး ဆရာရဲ့။
ဆွေ။
။ကျွန်မအဖေက ပြောဖူးပါတယ် ကြီးပွားချင်ရင် ပညာ၊ အသိ၊ အမြင် ကျယ်ဝန်းရတယ်။ အဲဒီထက်
ပိုပြီး ငွေကြေးပါ ချမ်းသာချင်တယ်ဆိုရင်ဖြင့် စာရင်းအင်းကိစ္စ၊ ဥပဒေကိစ္စတွေပါ
နားလည်းထားရမယ်တဲ့။…..ကျွန်မတို့ အိမ်မှာ ငယ်ငယ်က ပြောကြဆိုကြတော့ ကျွန်မကပညာမှာ
‘ပုတိ’ မှာ ရောက်နေတယ် ဆိုပဲ။ ဒီတော့ ပညာမှာဖြင့် ထွန်းထွန်းပေါက်ပေါက်
မဖြစ်နိုင်ဘူး။ မကျော်စောနိုင်ဘူးပေါ့ ဆရာ။ ဒါပေမဲ့ ကျွန်မတို့ မောင်နှမအားလုံးမှာ
ကျွန်မဟာ စာမေးပွဲတွေကို အောင်ခဲ့နိုင်တာမို့ ကြိုးစားမှုကိုပဲ ကျွန်မ ယုံပါတယ်။
…ဒီလိုနဲ့
ဆွေဇင်ထိုက်က သူမရဲ့ပညာရေး ခရီးကြမ်းကို ဆက်ပြောပြပါတယ်။
ဆွေ။
။ လှုပ်လိုက်ရှားလိုက်ရတာကိုဖြင့် ပြောမနေနဲ့တော့ဆရာရေ့။ မနက်လင်းလာလိုက်တာနဲ့
တစ်ပြိုင်နက် ခင်ပွန်းသည်အတွက် လိုအပ်တာတွေ အကုန်ပြင်ဆင်ပေးရတယ်။ ဇနီးသည်ကိုး
ဆရာရဲ့။ နောက်ပြီး မိခင်တစ်ယောက်အနေနဲ့ ကလေးအတွက် လိုအပ်သမျှတွေကို ပြင်ဆင်ပေး။
ဆွေ။
။ ဘယ်လောက်များ လုပ်ခဲ့သလဲ ဆိုရင် ကျောင်းအားတဲ့နေ့များဆို မနက်ခုနှစ်နာရီ က
ဆယ့်တစ်နာရီအထိ တစ်ကား၊ ဆယ့်နှစ်နာရီ ကနေ ညနေ ခြောက်နာရီလောက်အထိ တစ်ကား၊ညနေ
ခုနှစ်နာရီလောက် ကနေ ည ဆယ့်တစ်နာရီ၊တစ်ခါတလေ ဆယ့်နှစ်နာရီလောက်အထိ တစ်ကား၊ လောဘက
လည်းရှိနေသေးတာကိုး။….ဆိုပြီးသူမရဲ့ကြိုးစားမှုများကို ပြောပြတယ်။
ထိုနောက် သူမတက်ခဲ့သော ဘွဲ့နှင့် ဒီပလိုများလက်မှတ်များကို ဆက်ပြောပြ ပါတယ်။ ၀ါဏိဇ္ဇဗေဒဘွဲ့၊
စာရင်းအင်း ဒီပလိုမာ၊ HGP၊ R.L ၊ပြင်သစ်ဘာသာ စကားသင်တန်း၊
ဗြိတိသျှကောင်စီကဖွင့်တဲ့ သင်တန်းတွေစတဲ့ သင်တန်းပေါင်းစုံပင်ဖြစ်တယ်။ ထိုခေတ်က
ယခုခေတ်လို သင်တန်းပေါင်းစုံတက်စရာ မလိုသည့်ခေတ်မှာပင် သရုပ်ဆောင် ဆွေဇင်ထိုက်သည်
ရသည့်အချိန်ကိုလုကာ အခက်အခဲများကြားမှ ဆက်လက် ဆည်းပူးခဲ့ပါသည်။ သူမကို
အခုလိုပညာကို တရှိုက်မက်မက် ဆည်းပူးလိုသည့်စိတ်ကို တွန်းအားပေးသည့်အချက်ကို သူမက ယခုလို
ဖြေကြားထားပါသည်။
ဆွေ။
။…..သေချာတာတစ်ခုကတော့ ကျွန်မ အသိအမြင် ကျယ်ဝန်းချင်တယ်။ နောက်ပြီး ကျွန်မ
သမီးလေးကို လည်း အသိအမြင် ကျယ်ကျယ်နဲ့ လမ်းညွှန်ပြီး ဦးဆောင်ဦးရွက်
လုပ်ပေးသွားချင်တယ်။ အဲဒါကတော့ဖြင့် ပဓာန တွန်းအားကြီးလို့ ပြောနိုင်ပါ လိမ့်မယ်။
အသိပညာ ကျယ်ဝန်းလာသည့် အတွက် ကောင်းကျိုးခံစားရပုံကို ယခုလို
ဆွေ။
။ကောင်းတာကတော့ ကျွန်မကိုယ်တိုင်ကလည်း အဖွဲ့အစည်းတွေမှာ ပါဝင်လုပ်ဆောင် နေရတော့
ပြောစရာ ဆွေးနွေးစရာ ကြုံလာပြီဆိုရင် အကျိုးအကြောင်းကျကျ စည်းကမ်းညီအောင်
ဘောင်ဝင်အောင် ပြောနိုင်ဆိုနိုင် လာတယ်။ အဲဒီလို ပြောတတ်တဲ့လူမျိုးတွေရဲ့
လူမျိုးတွေရဲ့ စကားကိုလည်း အလေးအနက်ထားပြီး ယူလာတတ်တယ်။ ဘာမှန်းညာမှန်းမသိ
စကားပြောရရင်ပြီးရော ဆိုတာမျိုးတွေကို ကြားနေရရင်လည်း စိတ်ပျက် လာတယ်။
မကောင်းတဲ့ဘက်လို့ ထင်တာတွေကတော့
ဆွေ။
။ …ကျွန်မ အိမ်ထောင်ကျစက အသက်ကငယ်သေးတယ်။ ကိုယ့်ပညာကလည်းဆယ်တန်းပဲ ရှိသေးတယ်
ကျွန်မခင်ပွန်းသည် ပြောတာကို အားလုံး ခေါင်းညိတ်နာခံ ခဲ့တာပါပဲ။ ဒါပေမယ့် တက္ကသိုလ်ကို
တက်ရင်း အသိပညာ ကလည်း ထိုက်သင့်သလောက် ကျယ်ဝန်းလာတယ်။ အရွယ်အားဖြင့်လည်း နည်းနည်းပိုပြီး
ရင့်ကျက်လာတယ် ဆိုပါတော့။ အဲဒီအခါမှာ ခင်ပွန်းသည်ရဲ့ ဆုံးဖြတ်ချက်ဟူသမျှကို
မည်းသည် ဖြစ်စေ၊ ဖြူသည် ဖြစ်စေ ခေါင်းညိတ်တာမျိုး မလုပ်နိုင်တော့ဘူး။ ကျွန်မက
သူ့ကို အကျိုးအကြောင်းနဲ့ ပြန်ပြောတာမျိုး ဖြစ်လာတာကို ပြောတာပါ။ အဲဒီလောက်ကစပြီး
အိမ်ထောင်ရေးမှာ ပြသနာပျိုးလာတာဆိုတော့ တစ်ဖက်ကလည်း မကောင်းဖူးလို့
ပြောရမလားမသိတော့ ပါဘူးဆရာ။
…..ပြန်လည်
ဖြေကြားရင်း အင်တာဗျူးကို အဆုံးသတ်ထားပါသည်။
No comments:
Post a Comment