Thursday, September 20, 2012

ကျွန်တော်ကြိုက်ခဲ့သော စာအုပ်များ(၃)-အဆက်(၁)



·အေး။  ။....မြန်မာနိုင်ငံမှာရော တခြားနိုင်ငံတွေမှာပါ လူဝင်စားကလေးငယ်တွေကို သိပံ္ပ နည်းကျလေ့လာခဲ့တဲ့ ဒေါက်တာ စတီဗင်ဆင်ရဲ့ သုတေသန စာအုပ်ထဲမှာ ကမ္မ၀ါဒနဲ့ ပတ်သက်တဲ့ အထောက်အထား တစ်စွန်းတစ်စကိုမှ မတွေ့ရ ဘူး။....
   တစ်ဖက်စွန်းရောက် ကမ္မ၀ါဒ ဟာ ထာဝရဘုရားဝါဒနဲ့ တူမနေဘူးလား။ ထာဝရ ဘုရားနေရာမှာ ကမ္မနိယာမကို အစားထိုးလိုက်သလို ဖြစ်မနေဘူးလား။ ထာဝရဘုရား ၀ါဒီတွေက ဘာမဆို ထာဝရဘုရားသခင်ရဲ့ အလိုတော်အတိုင်း ဖြစ်ရတယ်လို့ ဆိုကြသလို ကမ္မ၀ါဒီတွေကလည်း သတ္တတစ်ခုကံတစ်ခုလို့ ဆိုကြတာပဲ။ ဘုရားသခင်ရဲ့ အလိုတော်ကို မသိနိုင်ဘူးလို့ဆိုကြသလို ကံတရားရဲ့ဆန်းကြယ်ပုံကို မကြံစည်အပ်ဘူးလို့ ဆိုကြတာပဲ မဟုတ်လား။အဲ ..မတူတာ တစ်ခုတော့ရှိတယ်။ ကမ္မ၀ါဒရဲ့ မကောင်းမှု အပြစ်ဘေးတွေဟာ သိပ်ကြောက်စရာကောင်းတယ်။ ရှောင်လို့ မလွတ်နိုင်ဘူး။ ထာဝရဘုရားဝါဒီတွေလို ဆုတောင်းအသနားခံဖို့ ကယ်တင်ရှင်လည်းမရှိဘူး။.......
...စသည့် ရဲဝံ့သော ဝေဖန် ဆန်းစစ်ချက်များဖြင့် ဖြေဆို ထားပါတယ်။...
 ဆရာကြီးက အဆိုပါအဖြေများကို ဆဋ္ဌသံဃာဂါယနာ ပိဋကတ်တော်များမှ ယူထားကြောင်း ခြေခြေ မြစ်မြစ် ဖြေကြားထားပါတယ်။
....နိုင်ငံတစ်ခု သို့မဟုတ် လူမျိုးတစ်မျိုးရဲ့ ဆင်ခြင်ဥာဏ်နဲ့ ပတ်သက်လာရင် ပညာရေး၊ ကျန်းမာရေး ထက်တောင် ပိုပြီးအရေးကြီး ပါသေးတယ်။ ဆိုလိုတာက လူမျိုးတစ်မျိုးတိုးတက်ဖို့ဆိုတာ ကျန်းမာရေးဟာ အလွန်ကို အရေးကြီးတယ်။ ဒါပေမယ့် စဉ်းစားဆင်ခြင်ဥာဏ် မြင့်မားမှုအတွက်ဆိုရင် ပညာရေးက ပိုပြီးအရေးကြီးတာ အမှန်ပဲ။ သို့ပေမယ့် ပညာတတ်မှုနဲ့ ဆင်ခြင်ဥာဏ်ရှိမှုကိုလည်း ခွဲပြီး သိဖို့တော့ လိုသေးတယ်ထင်တယ် ကိုအောင်သင်းရေ့။ ပညာတတ်ပါတယ် ဆိုတဲ့ လူတိုင်းဟာ စဉ်းစားဆင်ခြင် ဥာဏ်ရှိပါတယ်လို့ ပြောဖို့တော့ အတော့်ကို ခက်တယ်နော်။...
   စဉ်းစားဆင်ခြင်ဥာဏ် ရင့်ကျက်မှ ပညာဥာဏ် ဗဟုသုတ ရှာမှီးမှုရော တခြားဘ၀ နယ်ပယ်မှာပါ အကောင်းအဆိုး၊ အကြောင်းအကျိုး ဝေဖန်နိုင်မှာပေါ့။ ဒါပေမယ့် အခုခေတ်ကြီးမှာ တွေ့နေရတာ ကြီးတစ်ခုကိုတော့ ကျွန်တော် အတော်လေးစိတ်ပျက်မိတယ် ကိုအောင်သင်းရယ်။

အေး။  ။ ကျောင်းသားတွေ ကျောင်းသင်္ခန်းစာ အားလုံးကို အလွတ်ကျက်နေကြတဲ့ ကိစ္စကြီးပေါ့ ကိုအောင်သင်းရဲ့။
အေး။  ။ ဟုတ်တာပေါ့ ကိုအောင်သင်းရဲ့။ အဲဒီလို အလွတ်လျှောက်ပြီး ကျက်မှတ်နေတာဟာ စဉ်းစားဆင်ခြင် ဥာဏ် ဖွံဖြိုးမှုနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဆိုတာလို ဖီလာဆန့်ကျင်ကြီးကို ဖြစ်နေတာ မဟုတ်လား။ ပညာရေးပါရဂူတို့ရဲ့ အလိုအားဖြင့် ဆရာက ကျောင်းသားကို မေးခွန်းတွေ ဆင့်ကာဆင့်ကာ မေးရင်း ကျောင်းသားမှာ သူ့ဟာသူ ဆင်ခြင်စဉ်းစားဥာဏ်သုံးပြီး သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို သိလာအောင် လုပ်ယူရမယ်လို့ ဆိုတယ်။ ဒီနည်းဟာ ဗုဒ္ဓဘုရားရှင်နဲ့ ရှေးဂရိ ပညာကျော် ဆော့ခရေးတီးရဲ့ ပညာသင်ပေးနည်းတွေပဲ။ ဘုရားရဲ့ဒေသနာတွေဖြစ်တဲ့ နိကာယ်သုတ္တန်တွေမှာဆိုရင် ဒီလိုနည်းမျိုးတွေ သုံးထားတာ အများကြီးကိုတွေ့နိုင်ပါတယ်။ ကိုအောင်သင်းလည်း သတိထားမိမှာပေါ့။...
   ..စသည်ဖြင့် ဖြေကြားထားပါတယ်။ နောက်ဆုံးအပိုင်းအဖြစ် မေးမြန်းမှုမှာ ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ စာအုပ်ဖြစ်သည်။ထိုစာအုပ်မှာ ကျွန်တော့် အမြင်အရ ဗုဒ္ဓဘာသာအားခြုံငုံကာ သုံးသပ်သလို၊ ဗုဒ္ဓခေတ်နောက်ခံ သမိုင်းကြောင်း။ ဗုဒ္ဓဘာသာ၏ အနှစ်သာရ အကြောင်းအရာများကို ရှာဖွေခြင်း။ အဓိပ္ပါယ် ဖွင့်လှစ်ခြင်း၊ အနောက်တိုင်း ပါဠိစာပေပညာရှင်၊ ဗုဒ္ဓစာပေပညာရှင်များ၏ အဆိုအမိန့်များကို ဖေါ်ပြကာ၊ နှိုင်းယှဉ်ခြင်းတို့ ပြုလုပ်ထားပါတယ်။
  အနောက်တိုင်း ပညာရှင်တို့၏ အဓိကဟာကွက်ကြီး တစ်ခုကိုလည်း ဆရာကြီးက ပြောကြားထားပါသေးတယ်။
အေး။  ။ ....သူတို့ လေ့လာမှုမှာ ကြီးမားတဲ့ တခြားဟာကွက်ကြီး တစ်ခုကတော့ ဗုဒ္ဓလက်ထက်က ရဟန်းသံဃာအကြောင်းကို လျစ်လျူရှုထားခြင်းပါပဲ။ ဗုဒ္ဓအလိုတော်ကျ ရဟန်းသံဃာရဲ့ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံကို မီးမောင်းထိုးပြထားတဲ့ ၀ိနည်းပိဋကတ်ဟာ သိပ်စိပ်ဝင်စားဖို့ကောင်းတယ် ကိုအောင်သင်းရဲ့။ ရဟန်းသံဃာတော်တို့ရဲ့ ဒီမိုကရေစီ ကျင့်သုံးမှု၊ လွတ်လပ်ပြီး တစ်သွေးတစ်သံတစ်မိန့် ဆိုတာမျိုးမရှိမှု၊ ရဟန်းနဲ့ လူတို့ရဲ့ တရားနဲ့အညီ အချင်းချင်း ဆက်ဆံမှု၊ ဗုဒ္ဓရဲ့ အံ့မခန်း စိတ်ဓာတ်မြင့်မြတ်မှု စသည်အားဖြင့် မှတ်သားကြည်ညိုစရာတွေ တစ်ပုံကြီးပါလာပါတယ် ကိုအောင်သင်းရဲ့။....
  စသည်ဖြင့် ဖြေကြားထားကာ နောက်ဆုံး ဆရာကြီးက တွေ့ဆုံခန်းကို ဒီလို အဆုံးသတ်ခဲ့ပါတယ်။
  ကဲ ဆရာရေ… ကျွန်တော်လည်းဆက်ပြီး မေးချင်တာတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ မမေးချင်တော့တဲ့ အကြောင်းတွေကလည်း အများကြီးပဲ။
အေး။  ။ ဟုတ်ပါ့ ကိုအောင်သင်းရေ။ ကိုအောင်သင်း မေးလာရင်တောင်မှ ကျွန်တော်ကလည်း မဖြေချင်တဲ့ အကြောင်းတွေက အများကြီးပဲ။။။။။။
  ထိုသို့ မေးမြန်းခန်းကို အဆုံးသတ်ထားခဲ့ပါသည်။
ဆရာဦးအောင်သင်းနောက်ထပ် မေးမြန်းထားသော သူမှာ သရုပ်ဆောင် ဆွေဇင်ထိုက် ဖြစ်ပြီး။ေ မးမြန်းမှုကို အသိငတ်တဲ့ အနုပညာသည် ဟု ခေါင်းစဉ် တပ်ထားခဲ့ပါသည်။

No comments:

Post a Comment