“ချစ်ခင်ကြင်နာခြင်း” ကို လှပတဲ့ ခိုဖြူတစ်ကောင်လို့ ယူဆကြည့်လိုက်ပါ။
အဲဒီဆိုရင် “ဥာဏ်ပညာ” က ခိုဖြူရဲ့အတောင်ပံတွေပါ။ ဥာဏ်ပညာ မပါသော ကြင်နာသနားခြင်းသည်
လုံးဝအလုပ်မဖြစ်ပါ။
ကောင်းမှုလုပ်ဖို့
ကောင်လေးက စဉ်းစားပြီး၊ ရှုပ်ထွေးတဲ့ကားလမ်းကို ဖြတ်ကူးဖို့ အဖွါးကြီးကို ကူညီပေးပါတယ်။
ပြဿနာကတော့ အဖွါးကြီးက ကားလမ်းကို ကူးချင်သေးတာ မဟုတ်ပါဘူး။ အဲဒါကို ရှင်းပြဖို့ အဖွါးကြီးက
စိတ်ရှုပ်ထွေးနေပါတယ်။
ကျွန်တော်တို့ကမ္ဘာကြီးမှာ
“ကြင်နာသနားခြင်း” ကြောင့်ဖြစ်ရတဲ့ အမှီးအမှောက်မတည့်မှုတွေက အများကြီးပါ။ တခါတလေမှာ
အခြားလူတစ်ဦး လိုအပ်နေတာကို တွေးတောနိုင်တယ်လို့ ကျွန်တော်တို့ ယူဆကြပါတယ်။
မွေးရာပါအကြားအာရုံချို့တဲ့နေသောလူငယ်တစ်ယောက်သည်
မိဘနှစ်ပါးနှင့်အတူ ဆရာဝန်ထံသို့ ပုံမှန်ကျန်းမာရေးစစ်ဆေးဖို့ သွားပါတယ်။ ဆရာဝန်က ဝမ်းသာအားရနှင့်
မိဘနှစ်ဦးကို ဆေးပညာဂျာနယ်မှာ ဖတ်ရသောကုထုံးသစ်အကြောင်းကို ရှင်းပြပါတယ်။ ရိုးရှင်းပြီး၊
အကုန်အကျသိပ်မများသောခွဲစိတ်မှုသည် လုံးဝအောင်မြင်ရန်အတွက် ၁၀ ရာခိုင်နှုန်းရှိပါတယ်။
ဆရာဝန်က မိဘတွေကို ကုထုံးသစ်ကို စမ်းသပ်ချင်ပါသလားလို့ မေးပါတယ်။ မိဘတွေက စမ်းသပ်ကြည့်ပါမယ်လို့
ချက်ချင်းပြန်ဖြေကြပါတယ်။
လုံးဝအကောင်းပကတိအကြားအာရုံကို
ပြန်ရတဲ့ ၁၀ ရာခိုင်နှုန်းထဲမှာ ထိုလူငယ်လေးပါဝင်ပါတယ်။ လူငယ်က မိဘနှစ်ပါးနှင့် ဆရာဝန်ကို
အလွန်စိတ်ဆိုးပါတယ်။ သူ့ကို ဆေးစစ်နေချိန်မှာ သူတို့တိုင်ပင်ဆွေးနွေးတဲ့အကြောင်းအရာတွေကို
သူမကြားပါဘူး။ အကြားအာရုံကို လိုချင်ပါသလားလို့ ဘယ်သူကမှ သူ့ကို မမေးပါဘူး။ အခုတော့
မခံနိုင်လောက်အောင် အသံတွေကို သူ့ကို နှိပ်စက်နေပါတယ်လို့ ညည်းတွားနေရပါပြီ။ အသံတွေကို
လုံးဝမကြားချင်တော့လောက်အောင် ဖြစ်နေရတာပါ။
ဆရာဝန်နှင့်
မိဘနှစ်ပါးက လူတိုင်း အသံတွေကို ကြားချင်တယ်လို့ ယူဆကြပါတယ်။ ဒီဇာတ်လမ်းကို မဖတ်ရသေးမှီ
ကျွန်တော် ကိုယ်တိုင်လဲ အဲဒီလို ယူဆခဲ့တာပါ။ အကောင်းဆုံးဆိုတာကို ကျွန်တော်တို့ သိတယ်လို့
ထင်နေပါတယ်။
ဒီလိုယူဆချက်တွေနဲ့
ကြင်နာခြင်းကတော့ မိုက်မဲပြီး၊ အန္တရာယ်များလွန်းပါတယ်။ အဲဒီလိုကြင်နာခြင်းကြောင့် ကမ္ဘာကြီးမှာ
ဒုက္ခတွေအများကြီးဖြစ်နေပါတယ်။
(ဆရာတော် “Ajahn Brahm” ရဲ့ “the wings of compassion” ကို ဘာသာပြန်ခြင်း ဖြစ်ပါတယ်။
)
No comments:
Post a Comment