ဘုန်းတော်ကြီးသည် အုတ်ဂူဘေးတွင် ရွတ်ဖတ်ခြင်းကို အဆုံးသတ်နေပါသည်။
အသက် ၅၀ အရွယ်မိန်းမ၏ ယောက်ျား ၇၈နှစ်အရွယ်အဖိုးကြီးသည် ရုတ်တရက်အသံနက်ကြီးဖြင့် အော်လိုက်ပါသည်။
“အိုး…. ကိုယ် မင်းကို သိပ်…ချစ်တယ်….”
အဖိုးကြီး၏
ကျေကွဲစွာငိုညည်းသံကြီးသည် အသုဘအခမ်းအနား၏တည်ငြိမ်တိတ်ဆိတ်ခြင်းကို ဖျက်ဆီးလိုက်ပါသည်။
အုတ်ဂူဘေးတွင် ရပ်နေသောမိသားစုဝင်များနှင့် မိတ်ဆွေများသည် ရုတ်တရက်လန့်သွားပြီး၊ စိတ်ရှုပ်ထွေးသွားသည်။
အရွယ်ရောက်ပြီဖြစ်သောအဖိုးကြီး၏ သားသမီးများသည် မျက်နှာနီးမြန်းပြီး၊ အဖိုးကြီးကို
ရပ်တန့်အောင်ကြိုးစားကြပါတယ်။
“ကျမတို့ အဖေခံစားချက်ကို နားလည်တယ်အဖေ။ တိတ်ပါတော့အဖေ။”
ဘုန်းတော်ကြီးသည်
ဘုရားစာကို ဆက်ရွတ်နေပါသည်။ ရွတ်ဖတ်ပြီးသောအခါ မိသားစုကို အသုဘအခမ်းအနား၏နောက်ဆုံးပြီးဆုံးကြောင်းအထိမ်းအမှတ်အဖြစ်
အခေါင်းအပေါ်သို့ မြေခဲဖြင့်ပစ်ရန် ဖိတ်ခေါ်ပါသည်။
မိသားစုဝင်တိုင်းတစ်ယောက်ပြီး၊
တစ်ယောက် မြေခဲဖြင့်ပစ်ကြပါသည်။ အဖိုးကြီးကတော့ ချွင်းချက်ပါ။
“အိုး….ကိုယ်..မင်း…ကို သိပ်ချစ်တယ်ကွာ။” လို့ အဖိုးကြီး
ကျယ်လောင်စွာရေရွတ်လိုက်ပါတယ်။
အဖိုးကြီး၏သမီးနှင့်
သားနှစ်ယောက်တို့သည် အဖိုးကြီးကို တားမြစ်ရန်ကြိုးစားသော်လည်း၊ အဖိုးကြီးက “ကိုယ် မင်းကို
သိပ်ချစ်တယ်” လို့ ရေရွတ်နေတုန်းပါ။
အခု၊ အသုဘအခမ်းအနားတက်ရောက်သူတွေအားလုံး
အုတ်ဂူအနီးမှ ထွက်ခွါသွားနေကြပါပြီ။ အဖိုးကြီး ခေါင်းမာစွာဖြင့် ထွက်ခွါဖို့ ငြင်းဆန်နေပါတယ်။
အုတ်ဂူကိုစိုက်ကြည့်ပြီး၊ အဖိုးကြီးမတ်တပ်ရပ်နေပါတယ်။
“ကျုပ် ခင်ဗျားခံစားချက်ကိုနားလည်ပါတယ်ဗျာ။ ဒါပေမယ့် သွားဖို့အချိန်တန်ပြီ။
ကျုပ်တို့အားလုံး ဒီနေရာမှ ထွက်သွားပြီး၊ ဘဝမှာပြန်ရှင်သန်နေရမယ်လေဗျာ။”
“အိုး… ကိုယ်…မင်းကို သိပ်…ချစ်တယ်…” လို့နာနာကျည်းကျည်း
ပြောလိုက်ပါတယ်။
ဘုန်းတော်ကြီးကို အဖိုးကြီးက ဒီလိုပြန်ပြောပါတယ်။
“ခင်ဗျားနားမလည်ပါဘူးဗျာ။ အရင်တုန်းက တခါမှ သိပ်ချစ်တယ်လို့
မပြောလိုက်မိဘူးဗျာ။”
Hanoch McCarty,EdD
“လူသားများ၏ အကြီးမားဆုံးအားနည်းချက်မှာ
အခြားသူတစ်ဦးအား အသက်ရှင်နေစဉ်
သိပ်ချစ်ခင်ကြောင်းမပြောမိခြင်းပင်ဖြစ်သည်။”
O.A.Battista
( Oh, How I
Loved Her by Hanoch McCarty..from Chicken Soup for the Soul မှ ပြန်ဆိုခြင်း ဖြစ်ပါသည်။ )
No comments:
Post a Comment