Tuesday, February 25, 2014

ဘာအရေးအကြီးဆုံးလဲ



      လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဆီယာတယ်မြို့မှာ အထူးအိုလံပစ်အားကစားပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်သူ ကိုးယောက်ရှိပါတယ်။ သူတို့အားလုံး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းသူတွေပါ။ ကိုက် ၁၀၀ ပြေးပွဲအတွက် အစမျဉ်းမှာ အားလုံး တန်းစီနေရာယူကြပါတယ်။ သေနတ်ဖေါက်ချိန်မှာ တာစထွက်ကြပါတယ်။ သူတို့တွေ အားကုန်အပြေးပြိုင်ကြတာမဟုတ်ပါဘူး။ ပြိုင်ပွဲဝင်ပြေးရတာပျော်လို့ ပြေးကြတာပါ။ အဆုံးအထိပြေးပြီး၊ အနိုင်ရကြပါမယ်ဆိုသည့် စိတ်နဲ့ပြေးကြတာပါ။

          လမ်းပေါ်ချော်လဲနေတဲ့ ကောင်လေးကလွှဲပြီး၊ အားလုံး စပြေးကြပါတယ်။ ကောင်လေး မြေကြီးပေါ်ကိုနှစ်ကြိမ်လောက်ချော်လဲပြီး၊ စငိုပါတော့တယ်။ ပြေးနေတဲ့ပြိုင်ပွဲဝင် ၈ ယောက် ကောင်လေး အော်ငိုသံကိုကြားသွားပါတယ်။ သူတို့ အရှိန်နှေးလိုက်ပြီး၊ ဆက်မပြေးတော့ပါဘူး။ ၈ယောက်လုံး နောက်ကိုပြန်ပြီး၊ ကောင်လေးဆီကို ပြန်လှည့်လာကြပါတယ်။ ဒုန်းရောဂါ ခံစားနေရတဲ့မိန်းကလေး ခါးကုန်းပြီး၊ ကောင်လေးကိုနမ်းလိုက်ပါတယ်။
“ကောင်းသွားမှာပါ၊ မောင်လေးရယ်”

          ထို့နောက်ပြိုင်ပွဲဝင် ၉ ယောက်လုံး၊ လက်ချင်းချိတ်ပြီး၊ ပန်းဝင်သည်အထိ အတူလျှောက်သွားကြပါတယ်။
          ပြိုင်ပွဲဝင်းအတွင်းရှိလူအားလုံးမတ်တပ်ရပ်ပြီး၊ ၁၀မိနစ်ကြာ လက်ခုပ်ဝိုင်းတီးကြပါတော့တယ်။

( What’s Really Important by Bob French  ကိုဘာသာပြန်ဆိုပါသည်။ )

No comments:

Post a Comment