Tuesday, February 25, 2014

အိမ်ပြေးလေးတို့ ခိုလှုံရာ -( ၁ )



        ရာသီဥတုသာယာတဲ့ည ၁၀ နာရီခန့်မှာ၊ နယူးယောက်မြို့အိမ်အိုကြီးတစ်လုံးမှ အဖိုးကြီှးတစ်ယောက် ထွက်လာပါတယ်။ ပြီးတော့ လုပ်နေကျအလုပ်အတွက် အပြင်ကိုထွက်ပါတယ်။ လရောင်ကို အမှီပြုပြီး ဆောင်ရွက်ပါတယ်။ အဖိုးကြီးဟယ်ရီအီဗါ ဂိုထောင်လွတ်တွေ၊ အခြားသောအမိုးအကာတွေအောက် ဟိုဟိုဒီဒီလျှောက်ကြည့်သွားပါတယ်။ ပိုက်ဆံပြတ်ပြီး၊ ဆာလောင်နေတဲ့အိမ်ယာမဲ့ ကောင်လေးတွေကို ရှာနေတာပါ။ 

          ဒီအလုပ်ကို ဒီလူကြီး နှစ်နှစ်ခြိုက်ခြိုက်လုပ်ခဲ့တာ နှစ်ပေါင်း ၅၀ ရှိပါပြီ။ သူ့အိမ်မှာ မိဘမဲ့ကောင်လေးတွေကို ထမင်းကျွေးတယ်။ အဝတ်ပေးတယ်။ နေစရာပေးပါတယ်။ အဲဒီလို ကယ်တင်ခဲ့တဲ့ကောင်လေး စုစုပေါင်း ၅၀၀၀၀ ခန့်ရှိသွားပါပြီ။ သူ ကောင်လေးတွေရဲ့အကျီအပေါက်အပြဲတွေ ဖါပေးတယ်။ ယုံကြည်မှုကိုပျိုးထောင်ပေးတယ်။ ကောင်လေးတွေကို အလုပ်ရှာပေးပြီး၊ ကမ္ဘာကြီးထဲကို ပြန်လွှတ်ပေးခဲ့ပါတယ်။ 

          လိမ္မာတဲ့ကောင်လေးများစွာ ဆရာဝန်၊ ရှေ့နေတွေဖြစ်ခဲ့ပါပြီ။ အဲဒီအထဲကကောင်လေးတစ်ယောက်ဆို သူရဲကောင်းမှတ်တမ်းဝင်ခဲ့ပါတယ်။ ကောင်လေးနာမည်က ဝီလီသွန်မဆင်အဖိုးကြီးအီဗါ ဝီလီကို တွေ့တဲ့အချိန်မှာ ဝီလီ ပန်းခြံထဲမှာ အိမ်နေတာပါ။ 

          ဝီလီကို အီဗါ အိမ်ကိုခေါ်သွားပြီး၊ အိမ်မဲ့ယာမဲ့တစ်ယောက်ရဲ့နှလုံးသား ထိခိုက်မှုတွေကို ပြုပြင်ပေးခဲ့ပါတယ်။ နောက်တော့ကောင်လေးကို စစ်တပ်ထဲဝင်သင့်တယ်လို့ အကြံပေးခဲ့ပါတယ်။ အီဗါ့ အကြံပေးချက်ကို ဝီလီလိုက်နာပြီး၊ စစ်တပ်ထဲကို ဝင်ခဲ့ပါတယ်။ စစ်တပ်ထဲဝင်တဲ့အခါ အိမ်လိပ်စာကို ကောင်လေးရဲ့နားခိုရာအိမ်ကြီးရဲ့လိပ်စာကို ပေးခဲ့ပါတယ်။ 

          စစ်တပ်ထဲကို ဝီလီ ဝင်ပြီး၊ သိပ်မကြာခင်မှာ ကျဆုံးခဲ့ပါတယ်။ သူ့ရဲ့တပ်စုလေး ဆုတ်ခွါတဲ့အချိန်မှာ သူ ကာကွယ်ပေးရင်း၊ စက်သေနတ်အောက်မှာကျဆုံးခဲ့ရပါတယ်။ စပိန်-အမေရိကန်စစ်ပွဲနောက်ပိုင်း ကွန်ဂရက်ကချီးမြှင့်တဲ့ဂုဏ်ပြုဆုတံဆိပ်ကိုရတဲ့ ပထမဆုံးကပ္ပလီလူမျိုးဖြစ်ခဲ့တယ်။ 

          အမေရိကားမှာ နှစ်တိုင်း အသက် ၁၆ နှစ်မှ ၂၁ နှစ်အရွယ်ကောင်လေး ၃၀၀၀၀ ခန့် လယ်တွေ၊ ရွာတွေမှာတဆင့် နယူးယောက်မြို့ကြီးကို ထွက်ပြေးလာတတ်ပါတယ်။ အဲဒီအထဲမှ ၁၀ရာခိုင်နှုန်းသော ကောင်လေးတွေဟာ ပိုက်ဆံပြတ်ပြီး၊ သွားစရာ၊ နေစရာ မရှိဖြစ်နေတတ်ပါတယ်။

          အခုလို ဒုက္ခရောက်နေတဲ့ကောင်လေးတွေကို အီဗါ သွားခေါ်ပါတယ်။ မေးခွန်းတွေ မမေးမြန်းပါဘူး။ ဘယ်သူ၊ ဘယ်ဝါရယ်လို့ မရွေးချယ်ပါဘူး။ 

          အီဗါမြင်သလို မြင်တတ်ခဲ့ရင်တော့ အင်မတန်းရိုးတဲ့ပြဿနာပါ။

“ပရိုတက်စတင့်ဘာသာဝင်ကောင်လေးရဲ့ဗိုက်နဲ့ ကက်သလစ်ဘာသာဝင်ကောင်လေးရဲ့ဗိုက် အတူတူပဲကွ။ ဂျူးလူမျိုးကောင်လေးနဲ့ ပရက်စ်ဘေးတီးယန်းလူမျိုးကောင်လေးရဲ့ကုတ်အကျီမှာပါတဲ့ ကြယ်သီးအရေအတွက်ချင်း အတူတူပဲကွ။”

          အီဗါ ပုံစံနဲ့ သူ့ကောင်လေးတွေပုံစံ သိပ်မကွာပါဘူး။ သူ့ပုံစံက ပိန်ပိန်ပါးပါး။ ခေါင်းမှာ ဆံပင်ဖြူတွေနဲ့။ အီဗါ လမ်းလျောက်ရင်း ခဏခဏ လမ်းမှာ နားတတ်ပါတယ်။ သူ့မှာ   ရှပ်အကျီကောင်းကောင်းနှစ်ထည်ထက် ပိုမရှိပါဘူး။ သူ့ဘဝတစ်ခုလုံးကို ယုံကြည်မှုတစ်ခုအပေါ် မယိုင်းမယိုင် လုံးဝပုံအပ်ထားပါတယ်။ အဲဒီယုံကြည်မှုက ကောင်းမွန်တဲ့အလုပ်ဟာ ကျဆုံးခြင်း မရှိနိုင်ဘူး။


        လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ကောင်လေးတစ်ယောက် အီဗါ့ထံ ငိုယိုပြီး လာပြောပါတယ်။ အလုပ်တစ်ခုရဖို့ ရှပ်အကျီတစ်ထည်ရှိရမယ်လို့ သူ့ကို ပြောပါတယ်။ ကောင်လေးပုခုံးကို သူ သိုင်းဖက်ထားလိုက်ပါတယ်။

“ငါမှာ မရှိတဲ့ဟာ မင်းကို ဘယ်လိုပေးရမှာလဲကွာ”

“ဒါပေမယ့် မင်းလိုချင်တဲ့ဟာ ရလိမ့်မယ်လို့ ငါ ကတိပေးနိုင်ပါတယ်” လို့ သူပြောလိုက်တယ်။

         ကောင်လေးကို ရှင်းပြဖို့ ကြိုးစားမနေပါဘူး။ သို့သော် မိနစ် ၃၀ အတွင်း တယ်လီဖုန်း မြည်သံကြားရပါတယ်။ အီဗါ တခါမှ မကြားဖူးတဲ့ ရှပ်အကျီထုတ်လုပ်သူတစ်ယောက် ဆက်သွယ်တာပါ။ အနာအနည်းငယ်ပါသောရှပ်အကျီအထည် ၁၂၀၀ကို အီဗါ အသုံးပြုလိုပါသလားဆိုပြီး မေးမြန်းလာပါတယ်။ 

       ဘုရား၊ သိကြားမတာလား ဆိုတာတော့ မပြောနိုင်ပါဘူး။ အခုလိုကိစ္စတွေ အမြဲလိုလို ဖြစ်နေပါတယ်။

No comments:

Post a Comment