Tuesday, February 25, 2014

ကျဆုံးမှာ မကြောက်ပါနဲ့



ဆုံးရှုံးမှုတိုင်းကို သတိမရမိသော်လည်း၊
မင်း ဆုံးရှူံးမှုပေါင်းများစွာ ကြုံခဲ့ဖူးပါပြီ။
ပထမဆုံးအကြိမ် လမ်းစလျှောက်ဖို့ကြိုးစားချိန်မှာ
တဖိုင်းဖိုင်း ချော်လဲခဲ့ဖူးပါပြီ။
ရေကူးတတ်ဖို့ ကြိုးစားခဲ့ချိန်မှာ ရေနစ်လုနီးနီဖြစ်ခဲ့ပါပြီ။
မဟုတ်ဘူးလားကွာ။
ဘတ်တံရိုက်ဖို့ကြိုးစားချိန်မှာ မင်းကို ဘောလုံးလာမှန်ခဲ့တယ် မဟုတ်လား။
မင်းပစ်လိုက်တဲ့ ဘောလုံးကို သူများတွေ ထိထိမိမိရိုက်နိုင်ခဲ့တယ် မဟုတ်လား။
နယူးယောက်မြို့မှာ အာအိတ်ခ်ျမာစီ စတိုးဆိုင်မဖွင့်နိုင်မှီ၊ သူ ၇ ကြိမ်ရှူံးနိမ့်ခဲ့ပါသေးတယ်။
အင်္ဂလိမ်ဝတ္ထုရေးဆရာဂျွန်ကာဆေး သူ့စာအုပ် ၅၆၄ အုပ်ကို မထုတ်ဝေမှီ၊ ၇၅၃ကြိမ် အငြင်းပယ်ခံခဲ့ရပါတယ်။
ဘေဘီရုဒ် ရိုက်ချက် ၁၃၃၀ကြိမ်ထိခဲ့သော်လည်း၊ ၇၁၄ ကြိမ် လွဲချော်ခဲ့ဖူးပါတယ်။
ရှူံးနိမ့်မှုအတွက် မကြောက်ပါနဲ့။
မကြိုးစားလိုက်လို့ အခွင့်အရေးတွေလွတ်သွားမှာကိုသာ စိုးရိမ်ပါ။

( Don’t be Afraid to Fail – Wall Street Journal  ကို ဘာသာပြန်ဆိုပါသည်။  )

No comments:

Post a Comment